← Chapters

မှော်သားရဲများ၏တိုက်ပွဲ

Vol. 12 Ch. 224

မှော်သားရဲများ၏တိုက်ပွဲ

Vol. 12 Ch. 224

“နတ်သားရဲလား”

မှော်သားရဲနှစ်ကောင်သည် လူသားစကားပြောနေကြရာ ထိုနေရာရှိနေ သော လူအားလုံး ကြားသည်မှာ သဘာဝပင်။ တစ်ဖက်နှင့်တစ်ဖက်တွင် နတ်သားရဲရှိနေလိမ့်မည်ဟု ပေထင်းဟွမ်နှင့် တုန်ဖန်းကျောက်တို့ ထင်မထား ကြပေ။ ဤတိုက်ပွဲသည် အနည်းငယ်ခက်ခဲသည်။ ဤပြဿနာကိုဖြစ်စေသော ချူဖုန်းပင်လျှင် လေးလံစွာသက်ပြင်းချမိသည်။ ပေထင်းဟွမ်တွင် နတ်သားရဲ ရှိလျှင် တော်သေးသည်။ အနည်းဆုံးတော့ သူမ အသက်ဆုံးရှုံးရမည်မဟုတ် ပေ။

တုန်ဖန်းကျောက်တွင်လည်း နတ်သားရဲရှိလိမ့်မည်ဟု သူ ထင်မထားပေ။ သို့သော် ထူးဆန်းလှသည်တော့မဟုတ်ပေ။ ထို့အပြင် သူသည် မျိုးနွယ်ကြီး လေးခုမှဖြစ်ကာ နှစ်ပေါင်းသောင်းချီတည်ရှိလာသော ဝိညာဉ်သခင်မျိုးနွယ်မှ ဖြစ်လေသည်။ သူတို့တွင် ဤကဲ့သို့ ကြွယ်ဝမှုပင်မရှိလျှင် ဤတိုက်ကြီးတွင် မည်သို့လွှမ်းမိုးနိုင်တော့မည်နည်း။

ပေထင်းဟွမ်သည် တုန်ဖန်းကျောက်ဆိုသည်ကို မကြားဖူးပေ။ သို့သော် ဤကဲ့သို့အရင်းအမြစ်ကောင်းကောင်း ပိုင်ဆိုင်နေသည်မှာ တော်ဝင်မိသားစုမှ ဖြစ်နိုင်သည်။ အနည်းဆုံးတော့ သူသည် တိုက်ရိုက်ဆက်ခံသူဖြစ်နိုင်သည်။

ပေထင်းဟွမ် စဉ်းစားနေစဉ်တွင် တုန်ဖန်းကျောက်သည်လည်း အနည်း ငယ်တုံ့ဆိုင်းနေသည်။ ဒီကောင်လေးမှာ တကယ်ကြီး နတ်သားရဲရှိနေတာပဲ။ အစောကထိ သူသည် ပေထင်းဟွမ်၏ သရုပ်မှန်ကို မဖော်ထုတ်နိုင်ပေ။ သူသည် လည်း လေ့ကျင့်ရေးဆင်းလာသည့် မျိုးနွယ်ကြီးလေးခုမှ တပည့်တစ်ယောက် ဖြစ်နိုင်သည်။ သို့သော် သူသည် မျိုးနွယ်ကြီးလေးခုမှလူ မဖြစ်နိုင်သည်ကိုလည်း သေချာနေသည်။ သူသည် သည်တစ်ခေါက် မိသားစုကြီးလေးခုမှ လေ့ကျင့်ရေး အသင်းများကို မြင်ခဲ့သည်။ ပေထင်းဟွမ်ကဲ့သို့ လူမရှိပေ။

သူသည် နတ်သားရဲပိုင်ဆိုင်ကာ မိသားစုကြီးတစ်ခု၏ တပည့်ဖြစ်သည်။ ထို့ကြောင့် ထောင်လွှားနေခြင်းပင်။ မိသားစုကြီးလေးခု၏ နေရာကို မျက်စိကျ နေသည့် မိသားစုကြီးအများအပြားရှိသည်။ သူသည် သူတို့ကို ရန်စရန် ချိင့်ချိန် နေခြင်းဖြစ်သည်။

စဉ်းစားကြည့်ဦးလေ နတ်သားရဲရှိနေတာကို ငွေလရောင်အင်ပါယာက ချီးမြင့်တဲ့ မွန်မြတ်တဲ့သားရဲကို ဘယ်သူဂရုစိုက်နေဦးမှာလဲ။ တုန်ဖန်းကျောက် ပင်လျှင် ငွေလရောင်အင်ပါယာ၏ မွန်မြတ်သောသားရဲကို စိတ်ဝင်စားမည် မဟုတ်ပေ။

စဉ်းစားလေလေ တုန်ဖန်းကျောက်သည် ဒေါသထွက်လေဖြစ်သည်။ သူသည် ပေထင်းဟွမ်အားစိုက်ကြည့်ကာ ကြမ်းကြုတ်စွာပြောလိုက်သည် “ဟင်း အဲဒါကြောင့် မင်းက ထောင်လွှားနေတာကိုး.. မင်းမှာ နတ်သားရဲရှိနေ တာပဲ.. ဒါပေမဲ့ ကောင်လေး အဲဒီနတ်သားရဲလောက်နဲ့ မင်း ငါ့ကို နိုင်နိုင်မယ်လို့ ထင်ရင် မှားသွားပြီ.. ပြီးတော့ နတ်သားရဲနှစ်ကောင်ရဲ့ ခွန်အားကိုပြိုင်တဲ့နေရာ မှာ အနိုင်အရှုံးက ဝိညာဉ်သခင်ရဲ့ခွန်အားပေါ်မှာ မူတည်တယ်”

ထိုအချက်တွင် တုန်ဖန်းကျောက် အော်လေသည် “ရွှေငှက်တောင် ချပ်ဝတ်တန်ဆာအပြည့်အဖြစ် ပြောင်းလိုက်”

တုန်ဖန်းကျောက် လက်ဝေ့ယမ်လိုက်သည်နှင့် စူးရှပြီးအေးစက်သော အပြာရောင်ဒြပ်စင်စွမ်းအင်အလင်းသည် သူ့ခန္ဓာကိုယ်မှ စီးထွက်လာပြီး ငှက်ကြီး၏ တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ ရွှေရောင်အလင်းသည် တုန်ဖန်းကျောက်၏ခန္ဓာကိုယ်ဆီသို့ စီးဆင်းသွား၏။ ပြောင်မြောက်ပြီး ခန့်ညား လှသည့် ရွှေရောင်ချပ်ဝတ်တန်ဆာသည် တုန်ဖန်းကျောက်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။ နတ်သားရဲ၏ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ မူလအရောင် သည် မယှဉ်နိုင်လောက်အောင်ပင် လှပသည်။ တစ်ကိုယ်လုံးအပြင် တုန်ဖန်းကျောက်၏ ဆံပင်များ၊ မျက်အိမ် မျက်ခုံးများသည် ရွှေရောင်အဖြစ် ပြောင်းသွားကြသည်။ သူသည် တောက်ပနေသော ရွှေရောင်စစ်နတ်ဘုရားနှင့် တူနေသည်။

“ဟုတ်တယ်” ပေထင်းဟွမ်သည် တုန်ဖန်းကျောက်၏စကားများကို အထူးသဘောတူသဖြင့် ခေါင်းညိတ်လိုက်၏ “ခွန်အားတူတဲ့ နတ်သားရဲတွေ ကြားမှာ နိုင်ဖို့ သော့ချက်က ဝိညာဉ်သခင်ရဲ့အဆင့်နဲ့ဆိုင်နေတာတော့ အမှန်ပဲ ဒါပေမဲ့ မြေကြီးအဆင့်ဝိညာဉ်သခင်တွေက ကောင်းကင်အဆင့်ဝိညာဉ်သခင် တွေကိုမနိုင်နိုင်ဘူးလို့ ဘယ်သူပြောလဲ.. မနိုင်ဘူးဆိုရင်တောင် ဒီကွာခြားချက် ကိုညှိဖို့ တခြားနည်းလမ်းတွေရှိတယ်”

ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် ခန့်ညားစွာဖြင့် လက်ကို ဝေ့ယမ်းလိုက်သည် “ကျို့ယန် ချပ်ဝတ်တန်ဆာအပြည့်ပြောင်းမယ် လျှပ်စီး ချပ်ဝတ်တန်ဆာတစ်ပိုင်းပြောင်းမယ်”

ကိုယ်ခံပညာခွန်အားအပြင် အရှိန်နှင့်ပတ်သက်ပြီး စိုးရိမ်နေသည့် ပေထင်းဟွမ်သည် ကောင်းကင်အဆင့်ရှိ ဝိညာဉ်သခင်ကို တိုက်ခိုက်ရာတွင် သူမ၏ အမြန်နှုန်းကို ကန့်သတ်ချက်အထိမြှင့်တက်ရန် တုံ့ဆိုင်းနေမည်မဟုတ် ပေ။ သူမသည် ကောင်းကင်အဆင့်ဝိညာဉ်သခင်၏ အားကောင်းသော တိုက်ခိုက်မှုကို ခုခံရန် အမြီးကိုးချောင်းမီးမြေခွေးကို တစ်ကိုယ်လုံးအပြည့် ချပ်ဝတ်တန်ဆာကိုရွေးချယ်ခဲ့ကာ မွန်မြတ်သောသားရဲများအကြားတွင် အရှိန် အမြန်ဆုံးဖြစ်သည့် သစ်တတ်ကျားချပ်ဝတ်တန်ဆာသုံးရန် မိုးကြိုးသွားကို စစ်ဖိနပ်အဖြစ် ပြောင်းခိုင်းခဲ့သည်။

သူမ၏ဆင့်ခေါ်မှုအောက်တွင် ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်လေသည်။ အနက်ရောင်မှော်ားရဲသည် ပေထင်းဟွမ်ဘေးတွင် ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်သည် ကြီးကြီးလာပြီး ငွေရောင်အလင်းသည် ပျောက်ကွယ်သွားလေသည်။ အားကောင်းသော သစ်တတ်ကျားသည် အားလုံးရှေ့တွင်ပေါ်လာသည်။ ၎င်း၏ အသွင်ပြောင်း ထားသောခန္ဓာကိုယ်သည် အားကောင်းသော ခွန်အားပါဝင်သည်။ ၎င်း၏ ရွှေရောင်အစက်အပျောက်ဖောက်ထားသည့် အနက်ရောင်မွေးများသည် တောထဲမှ မနက်ခင်းလေအဝှေ့တွင် ကြီးမားစွာလှိမ့်တက်လာ၏။

***

All Chapters