အတုံးတက ထိပ်ခေါင်
Vol. 12 Ch. 225
“ကြယ် ၇ ပွင့် မွန်မြတ်တဲ့သားရဲလား” ကောင်းကင်အဆင့်ဝိညာဉ်သခင် တစ်ယောက်အနေနှင့် တုန်ဖန်းကျောက်သည် လျှပ်စီး၏ခွန်အားကို အလွယ် တကူပင် အာရုံခံနိုင်သည်။
ပေထင်းဟွမ်၏ တခြားတစ်ဖက်တွင် အမြီးကိုးချောင်းမြေခွေးသည် မီးတောက်ကဲ့သို့ တောက်လောင်ကာ ၎င်း၏ ကြီးမားသောနတ်သားရဲပုံရိပ်ကို ထုတ်ဖော်ပြသလေသည်။ ၎င်း၏ ပတ္တမြားနှင့်တူသော မျက်လုံးများသည် ထူးဆန်းသော အနီရောင်များထွက်လျက်ရှိ၏။ မီတာအတော်တန်ရှည်လျား သော ၎င်း၏ အမွေးပွအမြီးများသည် နှစ်တစ်ထောင်သက်တမ်းရှိ ရှေးသစ်ပင် ကိုပင် အမြစ်မှဆွဲနှုတ်ပစ်နိုင်လောက်သည်အထိဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်မှ ထူထဲသောအနီရောင်မြူခိုးများ ပျောက်ကွယ်သွားသည်နှင့် အားကောင်းသော နတ်သားရဲဖိအားသည် ထိုနေရာ မြေပြင်ပေါ်ရှိ မှော်သားရဲများအားလုံးကို ပြားပြားဝပ်သွားစေသည်။
ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ လှပပြီးစူးရှသည့် အပြာရောင်ဒြပ်စင်စွမ်းအင် ဖြာထွက်လာပြီး မှော်သားရဲနှစ်ကောင်ကို လွှမ်းမိုးလိုက်သည်။ ပေထင်းဟွမ်ဆီ မှ အလင်းစီးကြောင်း နှစ်ကြောင်းထွက်ပေါ်လာသည်။
ထိုမြင်ကွင်းသည် တုန်ဖန်းကျောက်ကို ထိတ်လန့်စေသည်မှာ ထခုန်မတတ်ပင် “အပြာရောင်လား ဒြပ်စင်စွမ်းအင်လား ဒါဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သို့သော် သူ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မြေကြီးအဆင့်ဝိညာဉ် သခင်သည် ကောင်းကင်အဆင့်ဒြပ်စင်စွမ်းအားကို ကျင့်ကြံနိုင်နေခြင်းဖြစ်၏။ ပေထင်းဟွမ်၏တစ်ကိုယ်လုံးကို တောက်ပသော အနီရောင်ချပ်ဝတ်တန်ဆာ ဖြင့် ဖုံးအုပ်ထားသည်။ သူမ၏ရှည်လျားပြီး နီရဲနေသည့် ဆံပင်သည် လေနှင့် အတူ ကခုန်နေသည်။ သူမသည် နီရဲနေကာ နီရဲရဲမျက်လုံးတစ်စုံလည်း ကျောက်မျက်ရတနာနှင့်ပင် တူနေသည်။ သူမ၏တစ်ကိုယ်လုံးကို မီးလျှံများ ဖြင့် လွှမ်းခြုံထားသည်။ သူမ၏ခြေထောက်တွင် အနက်ရောင်တိမ်လျှပ်စီး တိုက်ခိုက်ရေးဖိနပ်သည် မြူခိုးမည်းနှင့်တူနေသည်။ အနီနှင့်အနက်တို့ ပေါင်းစပ်လိုက်သောခါ ပေထင်းဟွမ်သည် အလွန်ခန့်ညားနေသည်။
“ငလူး” တုန်ဖန်းကျောက်သည် မဆဲဘဲမနေနိုင်တော့ပေ။ ပေထင်းဟွမ် သည် သူ၏ပြိုင်ဘက်ဖြစ်သည်ကို ရှင်းလင်းစွာသိသော်လည်း တစ်ဖက်လူ၏ ခန့်ညားနေမှုကြောင့် ထိတ်လန့်နေသေးသည်။ ကံကောင်စွာပင် တုန်ဖန်းကျောက်သည် အရည်အချင်းရှိသည့် စစ်သည်ဖြစ်သည်။ သူသည် လျင်မြန်စွာပင် စိတ်ငြိမ်အောင်ပြုလုပ်ကာ ပေထင်းဟွမ်အား အထင်သေးစွာ ဖြင့် ကြည့်လေသည် “ကောင်စုတ်လေး မင်းက အရည်အချင်းတချို့တော့ရှိသား ပဲ.. အပြာရောင်ဒြပ်စင်စွမ်းအင် ကျင့်ကြံတာနဲ့တင် မင်း ထောင်လွှားထိုက်ပါပေ တယ်.. ဒါပေမဲ့ အဲဒါက အားနည်းတဲ့သူတွေရှေ့မှာပဲရမယ်.. ကြယ် ၇ ပွင့် မွန်မြတ်တဲ့သားရဲတစ်ကောင်လောက်နဲ့ မြေကြီးအဆင့်နဲ့ ကောင်းကင်အဆင့် တို့နီးစပ်နိုင်မယ်လို့ထင်မယ်ဆိုရင် မင်းက မဟုတ်တဲ့အမှားလုပ်မိတာပဲ”
တုန်ဖန်းကျောက်၏တစ်ကိုယ်လုံးမှ အပြာရောင်ဒြပ်စင်စွမ်းအား ထပ်မံ ထွက်လာသည်။ သူ ခေါ်လိုက်သည် “မုန်တိုင်း ချပ်ဝတ်တန်ဆာတစ်ပိုင်း ပြောင်းမယ်” ကြီးမားပြီးခမ်းနားသည့် အစွယ်ကွေးကျားဘုရင်သည် ပေထင်းဟွမ်ရှေ့တွင် ပေါ်လာပြန်သည်။ အပြာရောင်ဒြပ်စင်စွမ်းအားဖြင့် လွှမ်းခြုံထားကာ အစွယ်ကွေးကျားဘုရင်သည် တုန်ဖန်းကျောက်ပေါ်သို့ ဥက္ကာပျံကဲ့သို့ ခုန်အုပ်လိုက်သည်။
အစွမ်ကွေးကျားဘုရင်နှင့် မိုးကြိုးသွားတို့သည် ကြောင်အမျိုးအစား သတ္တဝါများဖြစ်ကြသည်။ သူတို့နှစ်ကောင်လုံးသည် မွန်မြတ်သောသားရဲများ ဖြစ်သောခါ သူတို့၏အလားအလာကို ဆုံးဖြတ်ရန်ခက်ခဲသည်။ ပိုရယ်ရသည်မှာ အစွမ်ကွေးကျားဘုရင်သည် မိုးကြိုးသွားကဲ့သို့ပင် ကြယ် ၇ ပွင့်မွန်မြတ်သော သားရဲဖြစ်သည်။
“လာနောက်နေတာလား” တုန်ဖန်းကျောက်သည် တမင်လုပ်ယူခြင်း မဟုတ်သည်ကို ပေထင်းဟွမ်ခံစားရသည်။ သူတို့နှစ်ယောက်လုံးတွင် ကြယ်အဆင့်တူသည့် မွန်မြတ်သောသားရဲတစ်ကောင်စီရှိကြသည်။ အစွယ် ကွေးကျားဘုရင်၏ တိုက်ခိုက်မှုစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းကာ ၎င်းသည် အဆင့်မြင့်ကြယ်သားရဲဖြစ်သည်။ ဒီတစ်ယောက်က တုန်ဖန်းမိသားစု ရဲ့ သခင်လေးများဖြစ်နေမလား။
“သေချာပေါက် ငါမမှားဘူး” တုန်ဖန်းကျောက်၏မျက်လုံးများနှင့် မျက်နှာ သည် လှောင်ရယ်ခြင်းများပြည့်နေသည်။ သူသည် ပေထင်းဟွမ်အား အေးစက် စွာကြည့်နေသည်။ “မင်းရဲ့ဦးနှောက်က တစ်ခုခုဖြစ်နေပါတယ်လို့ ငါ အရင် ကတည်းကပြောသားပဲ.. မင်းက တော်တော်တုံးတာပဲ.. မင်းမှာ နတ်သားရဲ ရှိတာနဲ့ပဲ ဟုတ်လှပြီထင်နေလား.. မင်းက သေချင်နေပြီလား.. ငါ့မှာ နတ်သားရဲ ရှိတာကို အကုန်လုံးသိကြတယ် ဒါပေမဲ့ ကြယ် ၇ ပွင့်မွန်မြတ်တဲ့သားရဲရှိတာကို တော့ ဘယ်သူမှမသိကြဘူး.. မင်းကို ကောင်းကောင်းဆက်ဆံပေးတယ်လို့ မှတ်လိုက်.. မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး ဒီနေ့ မင်းက ငါ့ကို ရန်စမှ တော့ ရန်စတဲ့တန်ရာတန်ကြေးကို ပေးဆပ်ရမယ်.. ဒီမှော်သားရဲတောမှာ တုံးအတဲ့သူတွေက အသက်မရှည်ကြဘူး.. မရေမတွက်နိုင်တဲ့လူတွေ နေ့တိုင်း သေနေကြတာ မင်းလည်း အဲစာရင်းထဲဝင်သွားတာပေါ့”
***