← Chapters

သူမကို သားရဲနဲ့ ယှဉ်နေတာလား

Vol. 12 Ch. 226

သူမကို သားရဲနဲ့ ယှဉ်နေတာလား

Vol. 12 Ch. 226

ပေထင်းဟွမ်သည် ရယ်ကွဲလုမတတ်ပင်။ သူမသည် ခါးပင်ပြန်မမတ်နိုင် ပေ။ သူတစ်ကိုယ်လုံးသည် နီရဲနေကာ ခန္ဓာကိုယ်မှ အနီရောင်မြူခိုးများသည် မီးတောက်များကဲ့သို့ တောက်လောင်နေသည်။ လေပင်လျှင် သူမအနားသို့ မကပ်ရဲပေ။ အတန်ကြာအောင်ရယ်မောပြီးနောက် သူမသည် တုန်ဖန်းကျောက်အား လှောင်ရယ်သည့်အကြည့်ဖြင့် ငတုံးတစ်ယောက်လို ကြည့်လေသည် “ဟုတ်တယ် တုံးအတဲ့အတွက် တန်ရာတန်ကြေးတော့ပေးရ မှာပေါ့.. မင်းက ကောင်းကင်အဆင့်ဝိညာဉ်သခင်တစ်ယောက်အနေနဲ့ နတ်သားရဲတစ်ကောင်နဲ့ အဆင့်မြင့်ကြယ်မွန်မြတ်တဲ့သားရဲတစ်ကောင်ရှိတာ ကို ဟုတ်လှပြီထင်နေလား.. မင်းက မစွမ်းဆောင်နိုင်လို့လား”

သိုလောင်လက်ပတ်ထဲတွင် တစ်ချိန်လုံးငိုက်မြည်းနေသည့် သားရဲများ သည် မြက်ခင်းပြင်တွင် လူးလှိမ့်ပြီး ရယ်မောကြလေသည်။ သူတို့၏သခင်နှင့် သားရဲအရေအတွက်ကို လာယှဉ်ပြိုင်ရဲသည့် ငတုံးမှာ ဤကမ္ဘာတွင်ရှိလိမ့်မည် ဟု သူတို့ထင်မထားကြပေ။ တုန်ဖန်းကျောက်၏သတ္တိသည် ချီးကျူးထိုက်သည် ဟု ပြောရမည်။

“ငါက မစွမ်းဆောင်နိုင်တာမဟုတ်ဘူး.. ဒီတိုက်ကြီးမှာ ငါ့ကိုနိုင်တဲ့သူက သိပ်မများဘူး.. သေချာပေါက် မင်းလည်းပါမှာမဟုတ်ဘူး.. ကောင်းကင်အဆင့် ကိုဝင်နိုင်တဲ့သူကမှ ဒီတိုက်ကြီးမှာ သန်မာတဲ့အဆင့်ရောက်တယ်ဆိုတာ မင်း သိထားရမယ်.. ငါ့မှာ အားကောင်းတဲ့နတ်သားရဲနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ထပ်အဆင့်မြင့်မွန်မြတ်တဲ့သားရဲ တစ်ကောင်ရှိနေသေးတယ်.. နတ်သားရဲဖြစ်ဖြစ် မွန်မြတ်တဲ့သားရဲဖြစ်ဖြစ် မင်းရဲ့ကြယ်အဆင့်နဲ့ အတူတူပဲ.. ကြယ်အဆင့်တူတဲ့ မှော်သားရဲတွေရဲ့ အလုံးစုံခွန်အားက ခွန်အားမတူတဲ့ ဝိညာဉ်သခင်လက်ထဲမှာ မတူနိုင်ဘူးဆိုတာ မင်းသိထားရမယ်”

“ဟုတ်တယ် အဲလိုဆိုမှတော့ မင်းကိုနိုင်အောင်လို့ ကောင်းကင်နဲ့မြေကြီး ကွာခြားချက်ကို ညှိဖို့အတွက် ငါမှော်ားရဲအရေအတွက်ကို လိုက်ညှိပေးရမှာပေါ့”

ပေထင်းဟွမ်သည်ပြောပြီးသည်နှင့် သူရဲကောင်းဆန်ဆန် လက်ကို ဝှေ့ယမ်းလိုက်သည်။ လက်ပတ်ထဲတွင် လူးလှိမ့်နေသော မှော်သားရဲများသည် သူမဘေးတွင်ပေါ်လာသည်။ လျှပ်စီး၊ နွယ်ပင်လေး၊ အလင်းစီးကြောင်းနှင့် လင်းမိုတို့အားလုံးသည် သူမပတ်ပတ်လည်တွ၍်ပေါ်လာသည်။ သူတို့သည် ကိုယ်နေဟန်ထားထိန်းရန် အချိန်မမှီလိုက်သဖြင့် မြေပေါ်တွင် နှစ်ကြိမ်မျှ လှိမ့်ပြီးမှ သူမဘေးသို့ ခုန်သွားကြ၏။ နွယ်ပင်လေးတစ်ယောက်သာ သူမ၏ ပခုံးပေါ်သို့ တွယ်တက်ပြီး တုန်ဖန်းကျောက်အား အထင်း‌သေးစွာဖြင့် စိုက်ကြည့်လေသည်။

တုန်ဖန်းကျောက်သည် အဖြစ်အပျက်များကို နားမလည်သေးပေ။ ထို့အပြင် ပေထင်းဟွမ်တွင် ဆင့်ခေါ်သည့် သံချပ်ကာမရှိသလို ဤသားရဲများ သည် သားရဲနေရာမှထွက်လာခြင်းမဟုတ်ပေ။ မည်သည့်အချက်ပြမှုမှမရှိဘဲ မှော်သားရဲအများအပြားသည် ရုတ်တရက်ထွက်ပေါ်လာခြင်းပင်။ သူသည် အံ့ဩနေတုန်းမှာပင် နောက်စက္ကန့်ပိုင်းအတွင်း၌ လှပသောငွေရောင်ကြောင် လေး၊ ချစ်စရာကောင်းသောနှင်းဖြူရောင် မြွေပါ၊ သန့်စင်သောအလင်းဖြင့် တောက်ပနေသည့်မြင်းပေါက်နှင့် ကြမ်းတမ်းသည့် ခေါင်းသုံးလုံးခွေးတို့သည် ရုတ်တရက်ပေါ်လာသည်။ ငွေရောင်အလင်းလက်လာသည်နှင့် ထိုချစ်စရာ တိရစ္ဆာန်များသည် ရုတ်တရက် ဖြန့်ကျက်လိုက်သည်။

ငွေလရောင်ဝံပုလွေ၏အရိပ်၊ ရွှေရောင်မျက်လုံးနှင့်နတ်မြွေပါ၊ အလင်း မြင်းပျံနှင့် ခေါင်းသုံးလုံးငရဲခွေးတို့သည် ကြီးမားသောမွန်မြတ်သောသားရဲများ ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်ကို ကွယ်ပြီး နေကိုကာလိုက်၏။ သူတို့ ထုတ်လိုက်သည့် ထွက်သက်တိုင်းသည် လေဆင်နှာမောင်းကဲ့သို့ မြေပေါ်မှ မြက်ပင်နှင့်သစ်ရွက်များကို လွင့်သွားစေသည်။ ရက်စက်သောမျက်လုံးအစုံတို့ သည် တုန်ဖန်းကျောက်ဆီတွင် တည့်တည့်ကျရောက်နေကာ သူတို့၏မျက်လုံး များသည် ရူးလောက်စေသည့်တိုက်ပွဲအတွက် သန္နိဌာန်ချထားသလိုပင်။ မွန်မြတ်သောသားရဲလေးကောင်မှ ဖိအားများစုလာရာ တုန်ဖန်းကျောက်၏ ကျောပြင်သည် အေးစိမ့်မှုကို ခံစားလိုက်ရ၏။

ဒီအရူးကောင်က ဘယ်ကနေလာတာလဲ။

တုန်ဖန်းကျောက်၏မျက်လုံးများသည် ပြူးကျယ်လာသည်။ သူသည် အလှတရားကိုမြင်လိုက်ရခြင်းကြောင့်မဟုတ်ဘဲ ထိုမြင်ကွင်းသည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာကောင်းနေခြင်းကြောင့်ပင်။ ထိုကမ္ဘာ သည် အစစ်အမှန်မဟုတ်လို ခံစားလာရသည်။ ထိုမွန်မြတ်သောသားရဲများ အားလုံးသည် အတုဖြစ်သည်။ အတုတွေပဲ။ သူမြင်နေရတာတွေက မွန်မြတ်တဲ့ သားရဲအတုတွေပဲ။

မြေကြီးအဆင့်ဝိညာဉ်သားရဲတွင် နတ်သားရဲတစ်ကောင်နှင့် အဆင့်မြင့် ကြယ်မွန်မြတ်သောသားရဲတစ်ကောင်ရှိနေခြင်းကပင် ကောင်းကင်ကိုအံတု လောက်သည်အထိဖြစ်သည်။ တုန်ဖန်းကျောက်၏မျက်လုံးများ ပြူးကျယ်လာ သည်။ ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲ ငွေလရောင်အရိပ်ဝံပုလွေ၊ ကြယ် ၅ ပွင့် အလင်းအမျိုးအစားမွန်မြတ်သောသားရဲ မြင်းပျံနှင့် ကြယ် ၅ ပွင့်အမှောင် အမျိုးအစားမွန်မြတ်သောသားရဲ ခေါင်းသုံးလုံးငရဲခွေး… ရွှေရောင်မျက်လုံးနှင့် နတ်မြွေပါသည် ကြီးထွားဆဲဖြစ်သော်လည်း အရင်ကြဘ် ၉ ပွင့်မွန်မြတ်သော သားရဲသည် သူနှင့်ပေထင်းဟွမ်တို့အကြားမှာ ကွာဟချက်ကို ဖြည့်ပေးနိုင်၏။ ထပ်ပေါင်းပြောရလျှင် ထိုကောင်လေးတွင် ရှားပါးသည့် အလင်းအမျိုးအစား မွန်မြတ်သောသားရဲနှင့် အမှောင်အမျိုးအစားမွန်မြတ်သောသားရဲတို့ရှိနေ၏။

ဒီကောင်.. သူ့ကို ဘယ်လိုလုပ် အသက်ရှင်ခွင့်ပေးနိုင်တော့မလဲ။

ပေထင်းဟွမ်နောက်တွင် ချူဖုန်းသည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်ပေ။ သူ့မျက်နှာမှ ကြွက်သားမျာသည် တောင့်တင်းကာ နာကျင် လောက်တောင် တင်းရင်းနေသည်။ အမြဲတစေအေးစက်နေသော သူ့မျက်နှာ သည် ရယ်ဖွယ်ရာမျက်နှာထားဖြစ်၍နေသည်။

သူသည် ပေထင်းဟွမ်ကြောင့် အလွန်အမင်း ထိတ်လန့်မိ၏။

***

All Chapters