ကံမကောင်းစွာနဲ့ပဲ သူမ သူ့ကို ပုံပျက်အောင် မလုပ်ခဲ့ဘူး
Vol. 12 Ch. 227
ပေထင်းဟွမ်သည် သစ်သားတုံးလိုတောင့်နေသည့် တုန်ဖန်းကျောက်ကို စိုက်ကြည့်နေသည်။ သူမသည် တုန်ဖန်းကျောက်၏မျက်လုံးထဲတွင် ထိတ်လန့် မှုအပြင် တခြားအရာကိုပင် မြင်နေရသည်။ ထိုအရာသည် ကြောက်ရွံ့ခြင်း တစ်စွန်းတစ်စပင်။ တုန်ဖန်းကျောက် တွက်ချက်နေသည်ကို သူမ သိသည်။ ပေထင်းဟွမ်သည် အလျင်အမြန်ပင် အော်လေသည် “လျှပ်စီး အလင်းစီးကြောင်း လင်းမိုနဲ့ နွယ်ပင်လေးတို့ ချပ်ဝတ်တန်ဆာတစ်ပိုင်းအဖြစ် ပြောင်းမယ်”
မှော်သားရဲများအားလုံးကို ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းပြီးသောခါ ပေထင်းဟွမ်သည် သူမ၏ချပ်ဝတ်တန်ဆာများကို ပြင်ဆင်သည်။ သူမသည် မျက်နှာကိုယ်ကာရန် အနီရောင်မျက်နှာဖုံးနှင့် ရွှေရောင်မျက်နှာဖုံးကိုဝတ်ဆင် လိုက်သည်။ သူမ၏တစ်မျက်နှာလုံးကို ကာရန် ရွှေရောင်မျက်မှန်တစ်စုံကို ဝတ်ဆင်လိုက်သလိုပင်။ သူမ၏ကျောပြင်တွင် အလွန်ခမ်းနားသည့် အနက် ရောင်တောင်ပံတစ်စုံထွက်လာသည်။ လျှပ်စီးသည် တောက်ပသောငွေရောင် စစ်ဖိနပ်ဖြစ်ပြောင်းကာ သူမ၏ ခြေသလုံးကို အဖြူရောင်တိမ်တိုက်များဖြင့် ရစ်ပတ်လိုက်သည်။ သူမလက်မောင်းပေါ်မှ ခေါင်းသုံးလုံးငရဲခွေးသည် လက်ကာအဖြစ်ပြောင်းလိုက်သည်။ ၎င်းသည် အလွန်ပင်ခိုင်ခံ့ပြီး ချွန်ထက်၏။ ရှည်လျားသောဖဲပြားနှစ်ကြိုးသည် သူမ၏ကြေးနီခါးပတ်မှ ခွဲထွက်ကာ ငွေရောင်ပုလဲလုံးနှစ်လုံးကို ဘေးနှစ်ဖက်တွင် အလှဆင်ထားသည်။ သူတို့သည် အလင်းမြင်းပျံမှ အသွင်ပြောင်းထားခြင်းဖြစ်သည်။
အလင်းမြင်းပျံသည် ကုသခြင်းအမျိုးအစားမှော်သားရဲဖြစ်သည်။ ၎င်း၏ ခွန်အားသည် တိုက်ခိုက်ရန်အတွ်မဟုတ်ဘဲ စစ်မြေပြင်တွင် ဝိညာည်သခင်၏ အသက်ကို ကာကွယ်ရန်ဖြစ်သည်။ ချပ်ဝတ်တန်ဆာကို အလှဆင်လိုက်သည် နှင့်အကောင်းဆုံးပြင်ဆင်ပြီးသွားလေပြီ။ ထို့အပြင် ရွှေရောင်မျက်လုံးမြွေပါ တွင် အားကောင်းသောစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းစွမ်းအားရှိသည်။ ၎င်းကို မျက်နှာဖုံးအဖြစ်ပြောင်းပြီးနောက်တွင် နွယ်ပင်လေးထက်ပင် ပိုသန်မာသွား၏။ နွယ်ပင်လေး၏ တိုက်ခိုက်မှုသည် ချုပ်တည်းမှုနှင့် အဆိပ်ဖြစ်သည်။ ၎င်းသည် ခါးပတ်အဖြစ်ပြောင်းပြီးနောက် ထိုပုံစံသည် စစ်မြေပြင်ရှိ သူမ၏လုပ်ဆောင် ချက်ကို လူအများကိုမျှော်လင့်စေသည်။
ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ပြီးနောက် ပေထင်းဟွမ်သည် တုန်ဖန်း ကျောက်တုံ့ပြန်လာမည်ကိုပင် မစောင့်နိုင်တော့ပေ။ သူမသည် ရုတ်တရက် ရှေ့တိုးပြီး တုန်ဖန်ကျောက်၏မျက်နှာကို ထိုးလိုက်သည်။
“ငလူး”
ပေထင်းဟွမ်၏အရှိန်သည် လျှပ်စီးလက်သလို မြန်ဆန်လှသည်။ တုန်ဖန်းကျောက်သည် သတိလွတ်သွား၏။ သူမထင်ထားသည်မှာ ဤကောင်လေးပေထင်းဟွမ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းနေသည်။ သူမ၏အင်္ကျီလက်ထဲတွင် မသန့်ရှင်းသောလှည့်ကွက် ပင်ရှိနေသည်။ ပေထင်းဟွမ်တွင် ပျံနိုင်သည့်ရှားပါးသောမျိုးအစား တိုက်ခိုက် ရေးချပ်ဝတ်တန်ဆာရှိကာ သူမ၏စစ်ဖိနပ်များသည် အရှိန်မြန်သည့် အမျိုးအစားဖြစ်သည်။ တုန်ဖန်းကျောက်သည် လက်တွေ့နှင့်ရင်ဆိုင်လိုက်ရ ကာ အားကုန်ထုတ်ပြီး သူမနှင့်တိုက်ခိုက်ရတော့မည်ဖြစ်သည်။
နှစ်တစ်ထောင်သက်တမ်းရှိလင်းယုန်သည် တခြားလင်းယု၏ မျက်လုံးကို ထိုးလိုက်ခြင်းပင်။
တုန်ဖန်းကျောက်သည် အလွန်ပင် စိတ်ဓာတ်ကျသွားသည်။ သူ့ကို အပြစ်တင်၍လည်းမရပေ။ ပေထင်းဟွမ်လိုလူမျိုးက ဒီကမ္ဘာမှာ ဘယ်လိုလုပ်ရှိ နိုင်ဦးမှာလဲ။ ဒီကောင်လေးက ၁၄ နှစ်ပဲရှိသေးတာဟုတ်တယ်မလား။ သူ့ ခွန်အားက ဝိညာဉ်ဂိုဏ်း ဒါမှမဟုတ် ဓားဂိုဏ်းကိုရောက်တဲ့အဆင့်လည်း မဟုတ်သေးဘူးလေ။ ထို့ကြောင့် သူသည် သူ၏အသွင်အပြင်ကို ထိန်းသိမ်းနိုင် မည်မဟုတ်ပေ။ ဤကောင်လေးသည် ငယ်ချင်ယောင်ဆောင်ထားသည့် အဘိုးကြီးတော့ သေချာပေါက်မဟုတ်ပေ။ သူ၏အသက်သည် စစ်မှန်လိမ့်မည်။ သူသည် ငယ်ရွယ်သေးသော်လည်း ထိပ်တန်းအဆင့်ဝိညာဉ်သခင်ကြီးသို့ ရောက်နေပြီဖြစ်သည်။ ဒါကြောက်ဖို့မကောင်းလွန်းဘူးလား။
ထပ်ပေါင်းပြောရလျှင် ဤကောင်လေးတွင် နတ်သားရဲတစ်ကောင်၊ မွန်မြတ်သောသားရဲငါးကောင်နှင့် ရှားပါးသောအပင်အမျိုးအစား ဝိညာဉ်သားရဲ ရှိသည်။
မယုံနိုင်ဆုံးအရာမှာ မြေကြီးအဆင့်ဝိညာဉ်သခင်သည် အပြာရောင် အဆီအနှစ်စွမ်းအင်ကို ကျင့်ကြံနိုင်သည်။
အာ.. တုန်ဖန်းကျောက်သည် ကောင်းကင်ကြီးကိုသာ ကျိန်ဆဲချင်တော့ သည်။ ကောင်းကင်ကြီးက ဘာလို့ဒီလောက်ကန်းရတာလဲ။ ဒီကောင်စုတ်က ဘယ်ကနေရောက်လာတာလဲ။
တုန်ဖန်းကျောက်သည် စိတ်ထဲမှ ဘိုးဘေး ၁၈ ဆက်ကို ကျိန်ဆဲအပြီး ပေထင်းဟွမ်၏ရိုက်ခြင်းကိုခံရပြီးမှ သတိပြန်ဝင်လာသည်။ ကောင်းကင်အဆင့် ဝိညာဉ်သခင်တစ်ဦးအနေနှင့် သူ၏ခံနိုင်စွမ်းမှာလည်း အလွန်အားကောင်း၏။ ပေထင်းဟွမ်သည် ထုံကျဉ်သွားသောလက်သီးကို ခါယမ်းကာ ဒေါသတကြီးဖြင့် ပြောလိုက်သည် “သေစမ်း မယုံနိုင်လောက်စရာခန္ဓာကိုယ်ပါလား ဒီကောင်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ငါမယုံဘူး”
တုန်ဖန်းကျောက်၏ခံစားချက်များသည် ပူဆွေးမှုနှင့်အတူ ဒေါသစိတ်ကို သာ ဖော်ပြနိုင်လေသည်။ သူ၏ မြန်ဆန်သောတုံ့ပြန်ချက်နှင့် ရှောင်ရှားလိုက် ခြင်းကြောင့်သာမဟုတ်လျှင် သူ့နှာတံမှာကျိုးသွားလောက်သည်။ ကောင်းကင် အဆင့်ဝိညာဉ်သခင်တစ်ယောက်အနေနှင့် သူသည် ပေထင်းဟွမ်ထက်ပင် တစ်ဆင့်မြင့်သည်။ မြေကြီးအဆင့်တိညာဉ်သခင်၏ ထိုးချက်ကြောင့် သူသည် စိတ်ဓာတ်ကျနေပြီဖြစ်သည်။ တစ်ဖက်လူသည် သူ ပုံပျက်ပန်းပျက်မဖြစ်သေး ဟုပင် စောဒကတက်နေသေးသည်။
***