← Chapters

ကောင်းကင်အဆင့်၊ မလှုပ်မယှက်ဖြစ်အောင် အရိုက်ခံရခြင်း

Vol. 12 Ch. 228

ကောင်းကင်အဆင့်၊ မလှုပ်မယှက်ဖြစ်အောင် အရိုက်ခံရခြင်း

Vol. 12 Ch. 228

“ကောင်စုတ်လေး ငါက မင်းလို ရုပ်ချောတဲ့ကောင်လေးမဟုတ်ဘူး.. ငါက မင်းလောက်မချောပါဘူး.. ငါ့ကိုပုံပျက်ပန်းပျက်ဖြစ်အောင် မင်းဘာလုပ်နိုင်မှာ လို့လဲ” တုန်ဖန်းကျောက်သည် ဒေါသတကြီးကျိန်ဆဲလေသည်။ သူသည် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့မည်ဖြစ်ရာ တုံ့ဆိုင်းခြင်းမရှိတော့ပေ။ သူသည် စိတ်ပိုင်းဖြတ်ထားကာ နဂါးသဲရွှေသတ္တုဖြင့်ပြုလုပ်ထားသည့် ဓားရှည် ထုတ်လိုက်သည်။ သူသည် မြေကြီးကိုခြေထောက်ဖြင့်ထောက်လိုက်သည်။ သူ၏တစ်ကိုယ်လုံးကို အပြာရောင်အဆီအနှစ်စွမ်းအင်အလွှာဖြင့် ဖုံးအုပ်လိုက် သည်။ သူ၏မြင့်မားသောအဆင့်ကို အားထားပြီ သူသည် ပေထင်းဟွမ်အား ပြင်းထန်စွာရိုက်ချလေသည်။

ပေထင်းဟွမ် ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်စဉ်က ချုံချီနှင့် တိုက်ခိုက် ရန် သူမ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပင် အသုံးပြုရဲသည်။ တုန်ဖန်းကျောက် ရဲ့ အဆင့်လောက်ကို သူမက ဘာလို့ကြောက်နေရမှာလဲ။ အပြာရောင် အဆီအနှစ်စွမ်းအင်သည် မြင့်တက်လာပြီး တုန်ဖန်းကျောက်ဆီသို့ အရှိန်ဖြင့် ပြေးဝင်လေသည်။

ရွှေရောင်နှင့်အနီရောင်၊ တောက်ပသောအရောင်နှစ်ရောင်သည် လေထဲ တွင် ထိပ်တိုက်တွေ့လေသည်။

ပေထင်းဟွမ်၏ခွန်အားသည် တုန်ဖန်းကျောက်ကို မယှဉ်နိုင်ပေ။ တုန်ဖန်းကျောက်ပြောသလိုပင် မြေကြီးအဆင့်နှင့် ကောင်းင်အဆင့်ကြားတွင် တစ်ကမ္ဘာကွာခြားနေသလိုပင်။ မဟုတ်လျှင် ပေထင်းဟွမ်သည် ဂူဟောက်၏ ပိတ်လှောင်ခြင်းကိုခံရပြီး မခုခံနိုင်လောက်သည်အထိ ဖြစ်မည်မဟုတ်ပေ။ သို့သော် ပေထင်းဟွမ်၏ခွန်အားသည် ဤချိန်တွင် အတော်တိုးတက်လာပြီဖြစ် သည်။ များပြားလှသောစစ်ပွဲအတွေ့အကြုံကိုပါ ထပ်ပေါင်းလိုက်လျှင် သူမသည် အတိတ်က ပေထင်းဟွမ်မဟုတ်တော့ပေ။ သူမသည် ကောင်းကင် အဆင့်ဝိညာဉ်သခင်နှင့်ပင် ခွန်အားယှဉ်နိုင်နေပြီဖြစ်သည်။

ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် တုန်ဖန်းကျောက်၏ ဓားရှည်ကို ခိုင်မာစွာ ပတ်ထား၏။ သူမပခုံးပေါ်ရှိ ချွန်ထက်သောလက်သည်းများသည် တုန်ဖန်းကျောက်၏ပခုံးကို အားပြင်းပြင်းဖြင့် ထိုးစိုက်လိုက်သည်။ နတ်သားရဲ ချပ်ဝတ်တန်ဆာ၏ အကာအကွယ်ရှိသည့်တိုင်အောင် အမှောင်အမျိုးအစား မှော်သားရဲသည် အလွန်အမင်းအားကောင်းလွန်းသည်။ ခေါင်းသုံးလုံးငရဲခွေးမှ အသွင်ပြောင်းထားသော အချွန်များသည် အလွန်ထက်လှသည်။ စွမ်းအား စုစုည်းမှုအောက်တွင် နတ်သားရဲချပ်ဝတ်တန်ဆာသည် ပေါက်မသွား သော်လည်း တုန်ဖန်းကျောက်သည် အရိုးထဲမှ နာကျင်မှုကိုခံစားလိုက်ရသည်။

တုန်ဖန်းကျောက်သည် နာကျင်မှုကို အံကြိတ်ခံကာ မျက်လုံးထဲတွင် ဒေါသများလှိမ့်တက်လာသည်။ သူသည် စိတ်ထဲမှ မကျိန်ဆဲဘဲမနေနိုင်ပေ။ ဤကောင်သည် အရှက်မဲ့ရုံသာမကဘဲ သူ့တစ်ကိုယ်လုံးမှာ ထောင်ချောက်များ ဖြင့်ပြည့်နေသည်။

သူကြိမ်းမောင်းခြင်း မဆုံးသေးခင်မှာပင် အနောက်မှ လေဟာပြင် စုတ်ပြဲသွားသံပေါ်လာပြီး အာကောင်းသောအင်အားတစ်ခုသည် သူ့ကို တိုက်ခိုက်လေသည်။

“ငလူး”

ပြောဖို့မလိုလောက်အောင်ပင် ပေထင်းဟွမ်၏ခါးမှ ရှည်လျားသော နွယ်ပင်များသည် တုန်ဖန်းကျောက်နှင့် ပေထင်းဟွမ်တို့အကြားတိုက်မိခြင်းကို အခွင့်ကောင်းယူကာ တုန်ဖန်းကျောက်၏အနောက်တွင် ပုန်းကွယ်နေ၏။ ဝိညာဉ်သားရဲများမှဖြစ်ပေါ်လာသည့် နွယ်ပင်များသည် လွတ်လွတ်လပ်လပ် အတိုးအလျှော့လုပ်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့သည် အတူစုရုံးပြီး တုန်ဖန်းကျောက်၏နောက်စေ့ကို မညှာမတာတိုက်ခိုက်လေသည်။ ကြယ် ၃ ပွင့် အပင်မှော်သားရဲ၏ တိုက်ခိုက်မှုတစ်ခုသာဖြစ်သော်လည်း ဦးခေါင်းသည် လူသားတစ်ယောက်၏ အားအပျော့ဆုံးနေရာဖြစ်သည်။ တုန်ဖန်းကျောက် သည် ထိုတိုက်ခိုက်မှုကြောင့် မသေနိုင်သော်လည်း နာကျင်သည်မှာတော့ မှန်ပင်။

ထင်ထားတဲ့အတိုင်း ဒီသခင်မှတော့ ဒီမှော်သားရဲပဲလာမှာပဲ။ ချောင်းမြောင်းတိုက်ခိုက်မှု အားလုံးနှင့်အတူ သူ၏အရှက်ကင်းမဲ့သည့် ထိပ်ဆုံး သို့ရောက်နေပြီဖြစ်သည်။

နွယ်ပင်များမှဖန်တီးထားသည့် ကြေးနီရောင်ခါးပတ်သည် နူးညံ့ပုံပေါ်ပြီ အနိုင်ကျင့်ရန်လွယ်ကူသည်။ ၎င်းသည် လေနှင့်အတူ ဝေ့ယမ်းပြီး ပေထင်းဟွမ် ၏ခါးကို တင့်တင့်တယ်တယ်ပင် ပတ်လိုက်သည်။ သို့သော် ရိုက်ချက်တစ်ချက် သည် ရိုးရှင်းစွာပင် ထိခိုက်ရှနာစေသည်။ သူသာ တုန်ဖန်းကျောက်၏ ကျောပြင်ကိုရိုက်လိုက်လျှင် နာကျင်မှုကို သေချာပေါက်ခံစားရလိမ့်မည်။ သို့သော် ဤအပင်အမျိုးအစားဝိညာဉ်သားရဲသည် ထက်ထက်မြက်မြက်ပင် ပစ်မှတ်၏ ဦခေါင်းကို အထူးရွေးချယ်ခဲ့သည်။

အုတ်ခဲနှင့်အရိုက်ခံလိုက်ရသည့်အလား တုန်ဖန်းကျောက်သည် စိတ်ထဲမှ ရွှေရောင်အလင်းတန်းကိုမြင်လိုက်ရကာ မျက်လုံးရှေ့၌ မရေမတွက်နိုင်သော ကြယ်များပင်ပွင့်သွားလေသည်။ ထို့အပြင် ပေထင်းဟွမ်သည် သူမ၏ တံတောင်ဆစ်ဖြင့် သူ့ရင်ဘတ်ကို ရိုက်ချရန် အခွင့်အရေးယူလိုက်သည်။ ခေါင်းသုံးလုံးငရဲခွေးပြောင်းထားသည့် လက်ပတ်သည် ပေထင်းဟွမ်၏ လက်တစ်ခုလုံးကို ရစ်ပတ်ထားသည်။ တုန်ဖန်းကျောက်သည် ကိုယ်တွင်းအင်္ဂါ များအားလုံး ကြေသွားသလိုခံစားလိုက်ရသည်။ ရင်ဘတ်ထဲမှသွေးများ ထွက်လာသည်။ သူ တောင့်မခံနိုင်တော့ပေ။ သူသည် ပါးစပ်ဖွင့်ဟကာ သွေးများကို အန်ချလိုက်သည်။ သူ့ခန္ဓာကိုယ်သည် နောက်ပြန်လွင့်သွားကာ နှစ်တစ်ထောင်သစ်ပင် ပင်စည်နှင့်ရိုက်မိလေသည်။

လူများစွာဝိုင်းထားသော နှစ်တစ်ထောင်ပင်စည်သည် ပေါက်ကွဲကာ ဘေးသို့ ပြန့်ကျဲသွားလေ၏။

အသက်လုနေရသဖြင့် တုန်ဖန်းကျောက်သည် တုံ့ပြန်ရန်အချိန်ပင် မရလိုက်ပေ။ သူ၏အသက်စာချုပ်နတ်သားရဲ ငှက်ကြီးသည် အလိုအလျောက် ပင် ချပ်ဝတ်တန်ဆာမှ ပြန်ပြောင်းကာ ၎င်း၏အားကောင်းသောခန္ဓာကိုယ်နှင့် သူ၏သခင်ကို ကာလေသည်။ ၎င်းသည် ပေထင်းဟွမ်အား မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။

***

All Chapters