ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်မျိုး
Vol. 12 Ch. 229
နောက်တစ်ကြိမ် ပါးစပ်အပြည့်သွေးအန်ပြီးနောက် တုန်ဖန်းကျောက် သည် ကိုယ်တွင်းအင်္ဂါများအားလုံးကို အန်ထုတ်လိုက်ရသလားဟုပင် ထင်မိ၏။ သူ၏ရင်ဘတ်မှာ နာကျင်လွန်းသဖြင့် ၎င်း၏မူလအနေအထားအတိုင်း ပြန်မမတ်နိုင်ပေ။ တုန်ဖန်းကျောက်သည် သူ၏တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ ကို ပြန်ရုတ်သိမ်းကာ အစွမ်ကွေးကျားဘုရင်၏ကျောပြင်ကို အားပြုကာ ခက်ခက်ခဲခဲထရပ်လိုက်၏။
တစ်ဖက်တွင် ပေထင်းဟွမ်သည် မီးတောက်ချပ်ဝတ်တန်ဆာဝတ်ဆင် ထားကာ မီးတောက်ကဲ့သို့ပင် တောက်လောင်နေသည်။ သူမ၏နီရဲနေသော ဆံပင်များသည် လေအဝေ့တွင် ကခုန်နေကာ သူမ၏ကျော်ပြင်မှ ကြီးမားပြီး ခမ်းနားသော အတောင်ပံများသည် ဤတိုက်ပွဲတွင် အသုံးမဝင်လှပေ။ သို့သော် သူမသည် လွှမ်းမိုးလွန်းနေရာ ထွက်ပြေးရန်ပင် မတွေးပေ။ ထိုအခိုက်တွင် ထည်ဝါစွာရပ်နေသော ပေထင်းဟွမ်သည် သူ့ကို တောက်လောင်သောအကြည့် ဖြင့်ကြည့်လေသည်။ သူမ၏အေးစက်သော မျက်လုံးများတွင် အထင်သေး သော အကြည့်များလင်းလက်နေသည်။ သူမသည် နှုတ်ခမ်ကိုတင်းကြပ်စွာ တွန့်လိုက်ကာ လက်ထဲတွင် ငွေရောင်ဓားပျော့ကိုကိုင်ထားသည်။ သူမသည် အာဆူရာနတ်ဘုရားနှင့်တူကာ မထီမဲ့မြင်ပုံစံနှင့် အေးစက်နေသည်။
သူမသည် ဓားပျော့ကို ညင်သာစွာပင် ဝှေ့ယမ်းလိုက်သည်။ လုပ်နေကျ အတိုင်းဖြစ်နေသလို ထည်ဝါပြီး လွှမ်းမိုးနိုင်သည်။ တုန်ဖန်းကျောက်၏ရှေ့မှ လူငယ်သည် မောက်မာရန် အရည်အချင်းပြည့်မှီသည်။ ထိုအခိုက်တွင် တုန်ဖန်းကျောက်သည် ဤလူငယ်၏လက်ထဲတွင် သေရသည်မှာ ကြီးကျယ် သည့်ကိစ္စမဟုတ်သလိုခံစားရသည်။
ပြိုင်ဘက်ကင်းသည့် ပါရမီရှင်.. နှစ်ပေါင်းသောင်းချီတွင် တွေ့ရခဲသည့် ပြိုင်ဘက်ကင်းပါရမီရှင် ညအရှင်ပင်လျှင် မယှဉ်နိုင်ပေ။
“တခြားတိုက်ပွဲပုံစံပြောင်းမှာလား ဟင် ဟုတ်ပြီလေ… အဆုံးထိ အဖော်ပြုပေးရမှာပေါ့” ပေထင်းဟွမ်သည် တုန်ဖန်းကျောက်ရှေ့မှ နတ်သားရဲ နှင့် မွန်မြတ်သောသားရဲတို့ကို အထင်သေးစွာကြည့်လိုက်သည်။ သားရဲနှစ် ကောင်လုံးသည် သူမကို သတိရှိရှိဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံး ထဲမှ အမုန်းတရားများသည် ထင်ရှားလွန်းသည်။ သူတို့သည် ပေထင်းဟွမ်အား အသေအကြေတိုက်ခိုက်ရန် ဆုံးဖြတ်ပြီးဖြစ်လေသည်။
ဤကလေးသည် မဆိုးသည့်ပုံပင်။ သူသည် မှော်သားရဲများကို မည်သို့ ဆက်ဆံရမည်ကို ကောင်းစွာသိသည်။ သူ့အသက်နှင့်ဆိုင်လာသည့်အချိန်တွင် သူ၏မှော်သားရဲများသည် သူ့ကိုကာကွယ်ရန် အသက်ပင်စွန့်ချင်ကြသည်။
သို့သော် သူလွတ်မြောက်နိုင်သည်ဟု တွေးနေရန်ကိုသာ မျှော်လင့်ရ တော့သည်။
“ငါ့သခင်ကို ထိခိုက်ခွင့်ပြုမှာမဟုတ်ဘူး” ငှက်ကြီးသည် ခပ်မာမာပင် ပြောလေသည်။ ၎င်းသည် ဒေါသထွက်နေသောမျက်လုံးများဖြင့် ရှေ့တိုးကာ တုန်ဖန်းကျောက်အား ကာလိုက်သည်။
“မင်းကလား”
နတ်မိစ္ဆာနှင့်တူသော အသံထွက်ပေါ်လာသည်။ အပြင်းအထန်ဒဏ်ရာရ ပြီနောက် စိတ်ခွန်အား အားနည်းနေသည့် တုန်ဖန်းကျောက်သည် ဝိညာဉ်ပျက် သွားသလိုပင် ခံစားလိုက်ရသည်။ သူသည် ရန်ငြိုးကိုအဆုံးသတ်ရန် လက်မြှောက်မည်ပြုသည်။ နတ်သားရဲ၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို သူ့ရှေ့မှ ရွှေငှက်တောင်လင်းယုန်မှ ကာထားခြင်းကြောင့်သာမဟုတ်လျှင် သူ အသတ်ခံလိုက်ရနိုင်သည်။
အံ့ဩဖို့တော့ ကောင်းသားပဲ။
ပေထင်းဟွမ်၏ခန္ဓာကိုယ်တွင် အမြီးကိုးချောင်းမြေခွေးနှင့် လျှပ်စီးသည် ၎င်းတို့၏ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြလေသည်။ သူမ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ ထိုမှော်သားရဲနှစ်ကောင်သည် တုန်ဖန်းကျောက်၏ ငှက်အနှင့် ကျားအတို့ကို ကိုင်တွယ်ရန်အသုံးဝင်သည်။
မိုးကြိုသွားသည် သူမ၏အနောက်တွင် အတောင်ပံအနေနှင့် ရှိနေတုန်း ပင်။ ထို့အပြင် တုန်ဖန်းကျောက်သည် ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ် သည်။ အကယ်၍ သူသာ တောင်ပံမရှိဘဲ ကောင်းကင်မှ ထွက်ပြေးသွားလျှင် ပေထင်းဟွမ် မည်သူ့ဆီသွားငိုမည်နည်း။ ခေါင်းသုံးလုံးငရဲခွေးသည် ချပ်ဝတ် တန်ဆာအပြည့်ဖြစ်နေရာ ၎င်း၏ငွေရောင်ချပ်ဝတ်တန်ဆာသည် ပေထင်းဟွမ် အား ငွေရောင်နတ်ဘုရားနှင့်တူစေသည်။ ၎င်း၏အနက်ရောင်မွေးပွများသည် လေနှင့်အတူကခုန်နေကာ ၎င်း၏ခြေထောက်များသည် ငွေရောင်တိမ်တိုက် ပေါ်တွင် နင်းထား၏။ အလင်းစီးကြောင်းမှ ဖန်တီးထားသော စစ်ဖိနပ်များသည် အရှိန်မြှင့်ရာတွင် အသုံးဝင်သည်။ ငွေရောင်မြင်းပျံသည် အတောင်များရှိသည့် မွန်မြတ်သောားရဲဆိုသည်ကို သိလိုက်ရသည်။
ယခုအချိန်တွင် ပေထင်းဟွမ်၏ပခုံးပေါ်ရှိ နွယ်ပင်ပုံစံလက်သည်းတစ်ခုစီ တွင် ရှည်လျားသောကြေးနီပန်းဖွားသုံးခုရှိနေသည်။ တိုက်ပွဲအတွင်းတွင် တိုက်ခိုက်မှုသည် တိတ်ဆိတ်နေခဲ့သည်။
ပေထင်းဟွမ်၏ မှော်သားရဲများသည် အားကောင်းလွန်းကာ ကောင်းကင် ကိုပင် အံတုနိုင်သည်ဟု ပြော၍ရသည်။ တုန်ဖန်းကျောက်သည် ခေါင်းကိုက် လာသလိုပင်။ သည်တစ်ကြိမ်တွင် သူသည် ထောင်ချောက်အတွင်းမိသွားလေ ပြီ။ ဒီကမ္ဘာမှာ ပေထင်းဟွမ်လိုမျိုး အရှက်မဲ့ပြီး ပုံမှန်မဟုတ်တဲ့လူရှိနိုင်ရတာလဲ။
တုန်ဖန်းကျောက်၏ မှော်သားရဲနှစ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည့် ရွှေငှက်တောင်လင်းယုန်သည် အားကောင်းသော သားရဲပျံအမျိုးအစားဖြစ်၏။ သို့သော် ပျံသန်းခြင်းသည် ထွက်ပြေးရာတွင် အထူးအသုံးဝင်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရွှေငှက်တောင်လင်းယုံသည် မည်သို့ထွက်ပြေးရဲမည် နည်း။ ကောင်းကင်မီနှင့်ထပ်တူ အားကောင်းပြီး ဝိညာဉ်စွမ်းအားတိုက်ခိုက် နိုင်သည့် အမြီးကိုးချောင်းမြေခွေးနှင့် ရင်ဆိုင်ရာတွင် ရွှေငှက်တောင်လင်းယုန် သည် အနိုင်ရရန် အခွင့်အလမ်းမမြင့်မားပေ။ ကြယ်အဆင့်တူသော မှော်သားရဲ နှင့်ရင်ဆိုင်ရာတွင် မရှုံးလျှင် အလွန်ကံကောင်းနေခြင်းပင်။
***