← Chapters

အရှုံးကို ဝန်ခံခြင်း

Vol. 12 Ch. 230

အရှုံးကို ဝန်ခံခြင်း

Vol. 12 Ch. 230

ရွှေငှက်တောင်သည် ဘာမှမဖြစ်သေးသော်လည်း ကြယ် ၇ ပွင့် အစွယ် ကွေးကျားဘုရင်သည် ငိုချင်နေပြီဖြစ်သည်။ ပေထင်းဟွမ်သည် အလွန်အမင်း အရှက်ကင်းမဲ့လွန်းသည်။ သူသည် ကြယ် ၉ ပွင့်အရိပ်ငွေလရောင်ဝံပုလွေကို ကိုင်တွယ်ခဲ့သည်။ ငွေရောင်ဝံပုလွေ၏အရှိန်သည် အလွန်မြန်ဆန်သည်။ အဆင့်တူသည့် ကြယ်အဆင့်အခြေအနေတွင် ၎င်း၏တိုက်ခိုက်မှုစွမ်းအားသည် အစွယ်ကွေးကျားဘုရင်နှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့အကြားတွင် ကြယ် ၂ ခု ကွာခြားချက်ရှိသည်။

ကြယ် ၇ ပွင့်နှင့်အထက်ကြားမှ ခွန်အားကွာခြားမှုသည် ကြယ် ၂ ပွင့် တင်သာမကဘဲ ကောင်းကင်နှင့် မြေကြီးကွာခြားမှုလိုပင်။

အစွယ်ကွေးကျားဘုရင်သည် ညှဉ်းပန်းနှိပ်စက်ခံရသည့် အခြေအနေအား ကြိုမြင်နေပြီဖြစ်သည်။

ဒီလောက်ကြီးတဲ့အင်အားကွာခြားမှုမှာ ဒီတိုက်ပွဲကို ဘယ်လိုသွားတိုက် တော့မှာလဲ။

ဝိညာဉ်သားရဲမရှိသည့် ကောင်းကင်အဆင့်ဝိညာဉ်သခင်တစ်ဦးသည် ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ဆင်ထားသည့် ထိပ်ဆုံမြေကြီးအဆင့် ဝိညာဉ် သခင်ရှေ့တွင် အနိုင်ရနိုင်ခြေမည်မျှရှိသနည်း။

တုန်ဖန်းကျောက်သည် မတုံးအပေ။ ထိုအခိုက်အတန့်တွင် သူသည် ချူဖုန်းအား အကူအညီတောင်းသည့်အနေနှင့် သနားစဖွယ်ကြည့်လေသည်။ နှစ်တစ်သောင်း ရေခဲပြင်ကဲ့သို့အေးစက်သည့် ချူဖုန်းသည် တုန်ဖန်းကျောက်၏ နာကြည်းသည့်အကြည့်ကို မမြင်သလိုလုပ်နေသည်။

ပေထင်းဟွမ်သည် အေးစက်စွာတောက်ပနေသော သူမ၏ဓားပျော့ဖြင့် သူ့ကို ပိတ်ပင်ထားလိုက်သည်ကို တုန်ဖန်းကျောက်မြင်သောအခါ သူ့မျက်လုံး ထဲမှ အေးစက်မှုသည် ဓားပျော့ထက်ပင် ပိုအေးစက်လာသည်။ နှစ်ဦးနှစ်ဖက်ရှိ မှော်သားရဲများသည် တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဖြစ်ကာ နှစ်ဖက်လုံးသည် အလျှော့ပေးရန် ဆန္ဒမရှိကြပေ။ တုန်ဖန်းကျောက်သည် စိတ်ပိုင်းဖြတ်ကာ လက်မြှောက်ပြီး သူမကိုတားလိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူကာ သူ့ဘေးမှ သစ်ပင်ကြီးကို ထောက်ကိုင်လိုက်သည်။ သူသည် ပေထင်းဟွမ်အား စိုက်ကြည့်ကာ ပြောလိုက်သည် “ငါက ဒီကောင့်ကို မွန်မြတ်တဲ့သားရဲနဲ့ လဲဖို့ ဖမ်းတာလို့ထင်ရင်တော့ မင်း ငါ့ကိုအထင်လွဲနေပြီ”

“အထင်လွဲတယ်ဟုတ်လား” ဤလူသည် တုန်ဖန်းမိသားစုမှ ဟုတ်ရဲ့လား ဟု ပေထင်းဟွမ် သံသယဝင်မိသည်။ သူ ဘာလို့ သတ္တိနည်းရတာလဲ။ သို့သော် နတ်သားရဲရှိသည့် ကောင်းကင်အဆင့်ဝိညာဉ်သခင်အတွက် မွန်မြတ်သော သားရဲသည် အရေးပါလှသည်တော့မဟုတ်ပေ‌ “ချက်တာလား ပြုတ်တာလား ဆိုတာကိုစိတ်မဝင်စားဘူး အခု ငါ မင်းကိုသတ်ချင်တယ် မင်းသေရမယ်”

တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား ကြောက်လန့်တကြားကြည့် လေသည်။ ဒီကောင်က ငယ်ငယ်လေးနဲ့ ဘာလို့ဒီလောက်တောင် အညှာတာမဲ့ ရတာလဲ။ “ငါ့ကိုသတ်တော့ရော ဘာအကျိုးရှိမှာလဲ.. ငါ့သိုလှောင်လက်စွပ်ထဲ မှာ ဘာပိုက်ဆံမှမရှိဘူး.. ကြည့်ရတာ မင်းက လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက ဖြစ်မယ်.. မှော်သားရဲအုပ်ကြီးရှိတဲ့ ဝိညာဉ်သခင်တစ်ယောက်အတွက် ပိုက်ဆံ နည်းနည်းလောက်က ဘာတန်ဖိုးမှမရှိဘူး”

ထိုအချက်တွင် တုန်ဖန်းကျောက်သည် အစောက ပေထင်းဟွမ်အား မလွှတ်ပေးမိသည်ကို နောင်တရသွားသည်။ သူသည် ချူဖုန်းကိုဖမ်းပြီး ငွေလရောင်အင်ပါယာသို့ပြန်ပြီး မွန်မြတ်သောသားရဲနှင့် လဲချင်နေခြင်းမဟုတ် ပေ။ ဤအရာသည် လုံးဝပင် အထင်လွဲမှုကြီးဖြစ်သည်။ သူသာ ဤအကြောင်း ကြောင့် အသက်ဆုံးရှုံးလိုက်ရပါက ငြိမ်းချမ်းနိုင်မည်မဟုတ်ပေ။

ယခုကိစ္စများသည် ဤကဲ့သို့ဖြစ်လာရာ ပေထင်းဟွမ်သည် သူ့ကို တမင် ပစ်မှတ်ထားသည်ဟု သံသယမဝင်နိုင်တော့ပေ။ သူသည် တုန်ဖန်းမိသားစု၏ ပါရမီရှင်ဖြစ်သော်လည်း ပေထင်းဟွမ်၏ အရည်အချင်းသည်လည်း နိမ့်လှသည် မဟုတ်ပေ။ သူမသာ သူမ၏အရည်အချင်းတစ်ခုကိုထုတ်လိုက်လျှင် ဤတိုက် တွင် ရုန့်ရင်းဆန်ခတ်ဖြစ်မသွားစေဘူးလား။ ၁၄ နှစ်အရွယ် ဒြပ်စင်စွမ်းအင် ကျင့်ကြံနိုင်သည့် ထိပ်တန်းဝိညာဉ်သခင်ကြီးသည် မကြုံစဖူးထူးဆန်းလှကာ ကောင်းကင်အဆင့်တစ်ဝက်သို့ ရောက်နေပြီဟုပင်ပြောနိုင်သည်။

ဒီလိုလူထူးဆန်းက တုန်ဖန်းကျောက်ရဲ့မျက်နှာကို နင်းဖို့လိုသေးလို့လား။

သူထိုသို့ပြောလျှင် အရှက်ရမည့်သူမှာ ပေထင်းဟွမ်မဟုတ်ဘဲ တုန်ဖန်း ကျောက်သာဖြစ်သည်။

တုန်ဖန်းကျောက်သည် နောင်တများဖြင့်ပြည့်နေတုန်းပင်။ သူသည် ပေထင်းဟွမ် သူ့ကိုအလွတ်မပေးမည်ကို ကြောက်သည်။ ပေထင်းဟွမ်ကဲ့သို့ လူငယ်တစ်ဦးသည် ရည်ရွယ်ချက်ကောင်းကောင်းမရှိနိုင်ဟု ထင်သည်။ ဝိညာဉ် ခွဲတောင်တန်းကို လာရဲတဲ့သူက စိတ်ပျော့တဲ့သူဟုတ်ပါ့မလား။

ထို့အပြင် ပေထင်းဟွမ်၏မျက်လုံးထဲမှ အေးစက်သော လူသတ်ချင်သည့် အကြည့်ကိုမမြင်ရလောက်အောင် တုန်ဖန်းကျောက်သည် ကန်းနေခြင်းမဟုတ် ပေ။

တံတွေးမျိုချပြီး တုန်ဖန်းကျောက်သည် သူ့ကိုဆက်ပြီးဖျောင်းဖျလေ၏ “ဝိညာဉ်ခွဲတောင်တန်းမှာ လူတစ်ယောက်ကိုသတ်တာက ဖြစ်နေကျပဲ.. ငါ့ကို သတ်တာက ဘာအကျိုးမှမရှိဘဲ ထိခိုက်ရုံပဲဖြစ်လိမ့်မယ် အကြောင်းအရင်း တစ်ခုကြောင့် မျိုးနွယ်ကြီးလေးခုက အတူထွက်လာပြီး လူတစ်ရာကျော်ပါတဲ့ လေ့ကျင့်ရေးအသင်းနဲ့ ဝိညာဉ်ခွဲတောင်တန်းကိုလာကြတာ…”

***

All Chapters