မြေခွေးထက်တောင် ပိုကောက်ကျစ်သေးတယ်
Vol. 12 Ch. 231
“ငါ့ကိုခြိမ်းခြောက်နေတာလား” အေးစက်သောအလင်းသည် ပေထင်းဟွမ်၏မျက်လုံးထဲတွင် လက်သွားသည်နှင့် လက်ထဲမှဓားပျော့ကို မြှောက်လိုက်သည်။ သူမကို မိသားစုကြီးလေးခုနဲ့ ခြိမ်းခြောက်နေတာလား။ သူက အသက်ရှင်နေရတာ ငြီးငွေ့နေသလိုပဲ။ တုန်ဖန်းကျောက်သည် ထက်မြက်သောလူတစ်ယောက်ဖြစ်သည်။ သို့သော် သူမကို ငတုံးတစ်ယောက် ဟု ခေါ်ဝေါ်ခဲ့သည်။ မူလကမှေးမှိန်နေသော ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ လူသတ်ချင်သည့် အရိပ်အယောင်များသည် ယခုအခါအလွန်ပင်းထန်ပြီး ထင်သာမြင်သာရှိလာသည်။
“မဟုတ်ဘူး အဲလိုမဟုတ်ဘူး” တုန်ဖန်းကျောက်သည် ထိတ်လန့်သွား သည်။ သူသည် ပေထင်းဟွမ်ဆီမှ သန်မာသော လူသတ်မည့်ရောင်ဝါကိုမြင် လိုက်ရသောအခါ ထိတ်လန့်သွားသည်။ ဒီကောင်လေးက လူဘယ်နယောက်ကို သတ်ဦးမှာလဲ။ သူ တကယ်ပဲ သတ်တော့မှာလား။
တုန်ဖန်းကျောက်သည် အလျင်အမြန်ပင် လက်ကိုဝေ့ယမ်းလိုက်သည် “မင်း ဝိညာဉ်ခွဲတောင်တန်းကို လာရတဲ့အကြောင်းအရင်းကို ငါပြောနေတာပါ.. မင်းရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါ မင်းကိုကူညီနိုင်တယ်.. ဒီတစ်ခေါက် မျိုးနွယ်ကြီးလေးခုက လူတွေလည်းအများကြီးလာကြတယ် အနည်းဆုံးတော့ တုန်ဖန်းမိသားစုက လေ့ကျင့်ရေးအဖွဲ့ကို ဖျောင်းဖျပြီး မင်းကိုကူညီပေးနိုင် တယ်.. မင်းက ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်အတွက် လာ တယ်ဆိုရင်တောင် ငါတို့တုန်ဖန်းမိသားစုကရရင် မင်းကိုတစ်ဝက်ပေးပါ့မယ်”
တုန်ဖန်းကျောက်သည် အမှန်တကယ်ပင် ပေထင်းဟွမ်ကို ကြောက်နေ ခြင်းပင်။ သူမ၏အညှာတာမဲ့မှုနှင့် ပြတ်သားမှုသည် သူမ၏ အသက်အရွယ်နှင့် ပင်မလိုက်ပေ။ သူမသည် တစ်နှစ်အတွင်းတွင် ကောင်းကင်အဆင့်သို့တက်နိုင် ကြောင်းကို သူ ကြိုမြင်နေရသည်။ ထိုအချိန်ကျလျှင် ကောင်းကင်အဆင့် ၁၅ နှစ်အရွယ်ကောင်လေးသည် တိုက်ကြီးတွင် မုန်တိုင်းဖြင့်မွှေဦးမည်ဖြစ်သည်။ ဤကောင်လေးသည် စောစီးစွာသေဆုံးမည်မဟုတ်ပေ။ သူသည် အနာဂတ်၌ ထိပ်တန်းနေရာတွင် သေချာပေါက်ရှိမည်ဖြစ်သည်။ တုန်ဖန်းမိသားစု၏ ပါရမီ ရှင်တစ်ယောက်အနေနှင့် သူသည် ပေထင်းဟွမ်နှင့် ကြိုတင်မိတ်ဖွဲ့ထားရမည်။
ပေထင်းဟွမ်၏မျက်လုံများ ခုန်တက်သွားသည်။ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်လား.. အဲဒါကဘာလဲ။ သို့သော် မျိုးနွယ်ကြီးလေးခုမှ အတူတကွလှုပ်ရှားနေသည်ကို ကြည့်ရလျှင် ထိုအရာသည် အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ရမည်။ သူမ ဝိညာဉ်ခွဲတောင်တန်းသို့ လာရသည်မှာ အထွတ်အမြတ်သားရဲနှင့်မတွေ့ရဘဲ ဤမျှကောင်းမွန်သောပစ္စည်းနှင့်တွေ့ရ လိမ့်မည်ဟုထင်မထားပေ။
ပေထင်းဟွမ်သည် မျက်တောင်ပင်မခတ်ခဲ့ပေ။ သူမသည် တုန်ဖန်းကျောက်ဆက်ပြောရန် မျက်လုံးဖြင့်အချက်ပြလိုက်သည်။
တုန်ဖန်းကျောက်သည် ဖိအားအများအပြားအောက်တွင်ရှိနေသည်။ သူသည် စိတ်ထဲမှ အကြိမ်ပေါင်းရာချီအောင် အမေတမိသည်။ ဒီကောင်လေးက တကယ်ကြီး ၁၄ နှစ်ပဲရှိသေးတာပဲ။ ဘယ်လိုလုပ် မြေခွေးထက်တောင် ကောက်ကျစ်နေတာလဲ။ သူသည် နှစ်ပေါင်းရာချီအောင် နေလာခဲ့သော အဘိုး ကြီးများထက်ပင် ကိုင်တွယ်ရခက်သေးသည်။ သူ၏ပါးစပ်မှာခြောက်လာပြီး ရင်ဘတ်မှာ အလွန်အမင်းနာကျင်လာသည်။ သို့သော် ပေထင်းဟွမ်၏အတွေး ကိုတော့ လုံးဝနားမလည်ပေ။
သူမသည် သူ့ကမ်းလှမ်းချက်များကို စောင့်နေတုန်းပင်။
“သူ” တုန်ဖန်းကျောက်သည် ချူဖုန်းကိုညွှန်ပြပြီး စိတ်ပိုင်းဖြတ်ထားသည့် ပေထင်းဟွမ်ကို ပြောလိုက်သည် “ငါ ဝိညာဉ်ခွဲတောင်တန်းမှာရှိနေသရွေ့ သူ့ကို ဘယ်သူမှ မဖမ်းရအောင်နဲ့ ဘယ်သူမှ ငွေလရောင်အင်ပါယာကို ခေါ်မသွားရ အောင်လုပ်ပေးမယ်”
ဤနေရာတွင် ချူဖုန်းရှိနေသည်ကို ပေထင်းဟွမ်သည် မေ့လုနီးပါးပင်။ သူမသည် ရုတ်တရက်ထုတ်ပြောလိုက်သည် “အဲဒါက ဘယ်လိုလုပ် ငါ့ပြဿနာ ဖြစ်မှာလဲ” သို့သော် သူမ၏အကြည့်သည် ချူဖုန်း၏အေးစက်သောမျက်လုံးများ နှင့် ဆုံသွားသောခါ နူးညံ့သောရွှန်းလဲ့ခြင်းများ ပေါ်ပေါက်လာသည်။ သူ့မျက်လုံးထဲမှ မလိုလားမှုနှင့် မာန်မာနကို မြင်သောအခါ ပေထင်းဟွမ်သည် ပြောခါနီးစကားများကို ပြန်မျိုချလိုက်သည်။
ဘယ်သူက ပိုက်ဆံမရှိဘဲနေနိုင်လို့လဲ။
စိတ်ပျက်အားငယ်စရာများ၊ ဘေးဒုက္ခကျရောက်ခ့ခြင်းများ၊ အရှက်ကွဲမှု များကို သည်းခံရခြင်းများ၊ အတောင်ပံကျိုးပြီး သူတို့၏နှလုံးသားထဲမှ ခံနိုင်ရည် ရှိမှုများကို ဖုံးကွယ်ရလေလေ အနာဂတ်အောင်မြင်မှုကို မှန်းဆ၍မရလေလေ ဖြစ်သည်။
သူသည် ယခင်ဘဝ၌ဖြစ်စေ ယခုဘဝတွင်ဖြစ်စေ အရင်လိုဖြစ်တုန်းပင်။
သေချာပေါက်ပဲပေါ့ ပေထင်းဟွမ်သည် သူမ၏ကြိုးစားအားထုတ်မှုကို တွန့်တိုနေမည်မဟုတ်ပေ။ နောက်ဆုံးတွင် တုန်ဖန်းကျောက်သည် စည်းရုံးပြီး သူမ၏အကြိုက်ကိုရသွားလေသည်။
သူမခန္ဓာကိုယ်မှ လူသတ်မည့်အရိပ်အယောင်သည် ပျောက်ကွယ်သွား ကာ လက်ထဲမှဓားပျော့လည်း အောက်ကျသွားသည်။ သူမနှင့် တုန်ဖန်းကျောက်အကြားတွင် အမုန်းတရားမရှိတော့ပေ။ တုန်ဖန်းကျောက်ကို စိတ်တိုပြီး သူများကိစ္စကိုဝင်ပါသည်မှာလည်း သူမပင်ဖြစ်သည်။ အရေးအကြီး ဆုံးမှာ တုန်ဖန်းကျောက်သည် စိတ်တိုစရာကောင်းသည့်လူမဟုတ်ပေ။ အစမှ အဆုံးထိ သူသည် သူမကိုသတ်ချင်နေခြင်းမဟုတ်ပေ။ သူသည် သူမကို သင်ခန်းစာပေးချင်ရုံသာဖြစ်သည်။
ပေထင်းဟွမ်ကသာ သူ့ကို အစကပင် ရန်စနေခြင်းဖြစ်သည်။
***