ပေထင်းမိသားစု၏အမှိုက်
Vol. 12 Ch. 232
ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်လိုက်သည် “ဟုတ်ပြီ မင်း အခြေနေနှစ်ခုကို သဘောတူရမယ်.. ပထမအချက်က ဘယ်အချိန် ဘယ်သူ့ကို မဆို ငါ့မှော်သားရဲတွေနဲ့ ငါ့အကြောင်းကို သတင်းမပျောက်ကြားစေရဘူး.. ဒုတိယတစ်ချက်က သူ အဖမ်းခံရရင် မင်း သတင်းရတာနဲ့ သူ့ကို တတ်နိုင်သမျှ ကယ်ရမယ်”
“ဘာ..”
ပထမတောင်းဆိုချက်သည် သဘောတူရန်လွယ်သည်ဟု တုန်ဖန်းကျောက်ခံစားရသည်။ တုန်ဖန်းကျောက် နားလည်နိုင်သည်။ ထို့အပြင် ပေထင်းဟွမ်၏ အရည်အချင်းသည် အလွန်ပင် ကောင်းလွန်းနေသည်။ သူမ၏ သတင်းသာပေါက်ကြားသွားကာ မည်သူပင်ဖြစ်စေ ဤတိုက်ကြီးကို အထိတ်တလန့်ဖြစ်သွားစေနိုင်သည်။ အဓိကအဖွဲ့အစည်းများသည် သူမဆီသို့ ချဉ်းကပ်ကာ သူမအား ခေါ်ယူရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြမည်ဖြစ် ၏။
သူမ ငြင်းဆန်လိုက်သည်နှင့် အဖွဲ့အစည်းအားလုံး နောက်မှလိုက်ခြင်းကို ခံရနိုင်သည်။ အဝေးကြီးထိ ရည်မှန်းထားသော ပညာရှင်တို့သည် တခြားသူများ ၏ ထိန်းချုပ်မှုကိုခံလိုစိတ်မရှိကြပေ။
ပေထင်းဟွမ်နှင့် သူမအနောက်မှ အင်အားစုမကြောက်လျှင်တောင် မလိုလားအပ်သည့် ပြဿနာများဖြစ်လာနိုင်သည်။ မိသားစုကြီးထဲမှ ပညာရှင် များသည် ကောင်းကင်အဆင့်သို့မရောက်မချင်း ၎င်းတို့၏အရည်အချင်းများကို ဖုံးကွယ်ရန်ကြိုးစားကြသည်။ သူတို့သည် ပါရမီရှင်များ စောစီးစွာသေဆုံးမည် ကို ကြောက်ကြခြင်းဖြစ်သည်။
တုန်ဖန်းကျောက်၏မိသားစုသည် သူ ကောင်းကင်အဆင့်သို့ရောက်ပြီးမှ လူသိခံခြင်းဖြစ်သည်။
တုန်ဖန်းကျောက်သည် ချူဖုန်းကိုညွှန်ပြလေသည် “ဒါဆို ငါ့ကျန်တဲ့ဘဝ မှာ ဒီကောင့်ရဲ့ကိုယ်ရံတော်ဖြစ်သွားရမှာမဟုတ်ဘူးလား.. ဒီကောင်က ငါ့ကို မုန်းနေတာကို မင်းလည်မြင်ရဲ့သားနဲ့”
ချူဖုန်းသည် တုန်ဖန်းကျောက်အား မထင်သလိုကြည့်ကာ မျက်လွှာပြန် ချသွားသည်။ သူ့မျက်လုံးထဲမှ အေးစက်မှုများသည် ဖြည်းဖြည်းချင်းအရည် ပျော်သွားနှင့်ပြီကို မည်သူမှ မသိလိုက်ကြပေ။ ပေထင်းဟွမ်သည် သူ့အား ကာကွယ်ရန် တုန်ဖန်းကျောက်အား ဖိအားပေးပြောခိုင်းလိမ့်မည်ဟု ထင်မထား ပေ။ တုန်ဖန်းကျောက်သည် ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ်သည်။ ကောင်းကင်အဆင့်ဝိညာဉ်သခင်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ချိုးဖောက်ခိုင်း နိုင်မှာလဲ။
ပေထင်းဟွမ်သည် နှာမှုတ်ပြီးပြောလိုက်သည် “မင်းက ကောင်းကင် အဆင့်ဝိညာဉ်သခင်ဖြစ်ပြီဆိုပြီး မင်းကိုယ်မင်း တော်လှပြီထင်မနေနဲ့.. သူက ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်နေပြီ.. မင်းတောင်မှ ကောင်းကင်အဆင့် ဝိညာဉ်သခင်ဖြစ်နိုင်သေးတာ သူလည်း တစ်နေ့ကျကောင်းကင်အဆင့်ဝိညာဉ် သခင်ဖြစ်မလာနိုင်ဘူးလား.. သူသာ ပညာရှင်အစစ်အမှန်ဖြစ်လာရင် သူ့ကိုယ် သူမကာကွယ်နိုင်ဘူးလို့ထင်နေလား”
ချူဖုန်းသည် ရုတ်တရက်ခေါင်းမော့ကာ ပေထင်းဟွမ်အား ကြည့်လေ သည်။ ပေထင်းဟွမ် တုန်ဖန်းကျောက်ကို ဖိအားပေးပြီး သူ့ကိုယ်ရံတော်ဖြစ်ခိုင်း သည်နှင့်ယှဉ်လျှင် ဤအခိုက်အတန့်တွင် ချူဖုန်းသည် ရင်ထဲထိမိသည်။
လူတစ်ဦးတစ်ယောက်၏ ယုံကြည်မှုကိုရခြင်းထက် ပိုဝမ်းမြောက်စရာ ကိစ္စမရှိတော့ပေ။ ပေထင်းဟွမ်သည် သူ့ကိုယုံကြည်ပေးကာ သေချာပေါက် သန်မာလာမည်ဟုလည်း တထစ်ချယုံပေးသည်။
ချုဖုန်းစိတ်ထဲတွင် ဆန္ဒတစ်ခုပေါ်ထွက်လာသည်။ ဤဘဝတွင် သူသည် သူမနောက်လိုက်ကာ သူမကိုကာကွယ်မည်။ ဤအခိုက်အတန့်ကာကွယ်ခြင်း သည် သူ့တစ်ဘဝလုံး သစ္စာရှိမှုနှင့်လဲလှယ်ရန် လုံလောက်သည်။
လူငယ်၏ အေးစက်သောနှလုံးသားသည် လူတစ်ယောက်ကြောင့် တိတ်ဆိတ်စွာ အရည်ပျော်နေသည်။
“ဟုတ်ပြီ ငါ ကျိန်ပါမယ်”
ပေထင်းဟွမ်၏ရောင်ဝါသည် ပြင်းထန်လာပြီး ညှိနှိုင်းရန် နေရာမရှိတော့ သည်ကိုမြင်သောအခါ တုန်ဖန်းကျောက်သည် ကံမကောင်းကြောင်းကို တိတ်ဆိတ်စွာဝန်ခံနေရတော့သည်။ သူ့လို ကောင်းကင်အဆင့်ဝိညာဉ်သခင် တစ်ယောက်သည် မြေကြီးအဆင့်ဝိညာဉ်သခင်ရှေ့တွင် အတင်းအကြပ် သစ္စာဆိုရလိမ့်မည်ဟုထင်မထားပေ။
မည်သို့ပင်ဖြစ်စေကာမူ တုန်ဖန်းကျောက်၏မျက်လုံးထဲတွင် ပေထင်းဟွမ်သည် ကောင်းကင်အဆင့်တစ်ဝက်ရောက်နေပြီဖြစ်သည်။
“ကျွန်ုပ် တုန်ဖန်းကျောက်သည် လျှို့ဝှက်ချက်ကိုမပေါက်ကြားစေရပါဟု ကျိန်ဆို…” သူ့ညာဘက်လက်ကိုမြှောက်ပြီး တုန်ဖန်းကျောက်သည် ကောင်းကင်အား အလေးအနက်ကြည့်ကာ လေးနက်စွာပင်ပြောလေသည်။ ထိုအခါမှပင် သူသည် ပေထင်းဟွမ်၏နာမည်ကို မသိသည်ကို မှတ်မိသွားသည် “အာ.. မင်းနာမည်ကဘာလဲ”
“ငါ့နာမည်က ပေထင်းဟွမ်လို့ ပြောပြီးပြီလေ” ပေထင်းဟွမ်သည် စိတ်မရှည်စွာပြောလိုက်သည်။
“ပေထင်းဟွမ်”
အော်ဟစ်မှုနှင့်အတူ မြေပေါ်မှမှော်သားရဲကောင်သည် ထခုန်မတတ်ပင် ဖြစ်သွားသည်။ တခြားမှော်သားရဲသုံးကောင်သည် နားမလည်နိုင်ဖြစ်နေသည်။ တုန်ဖန်းကျောက်၏ အသက်စာချုပ် နတ်သားရဲဖြစ်သည့် ရွှေငှက်တောင် လင်းယုန်သာလျှင် သခင်ဖြစ်သူ၏ အတွေးများကို နားလည်နိုင်သည်။ ၎င်းသည် တုန်ဖန်းကျောက်အား သနားစဖွယ်ကြည့်လေသည်။
“မင်းက တကယ်ကြီး ပေထင်းဟွမ်ပေါ့.. မင်းက ပေထင်းမိသားစုမှာ အသုံးမကျဘူးလို့… နာမည်ကြီးတာမဟုတ်ဘူးလား” တုန်ဖန်းကျောက်သည် နောက်ဆုံးစကားများကို သတိထာပြီးပြောနေရသည်။ ထိုသို့ပြောပြီးနောက် သူသည် လျှာကိုပြန်ကိုက်မိသည်။ အာချောင်လိုက်တာ။ ဒီကောင်လေးကို ဒေါသထွက်အောင် မလုပ်သင့်ဘူး။
***