နတ်အဆင့်ဆေး
Vol. 12 Ch. 233
ပေထင်းဟွမ်သည် လက်ပိုက်ကာ အေးစက်စွာရပ်နေသည်။ သူမသည် တုန်ဖန်းကျောက်ကို မျက်လုံးထောင့်မှကြည့်ကာ သစ္စာဆိုရန် လှုံ့ဆော်ခဲ့သည်။
ဤသည် စိတ်ကူးအတွေးသာဖြစ်မည်။ ဤအရာသည် ထင်ယောင်ထင် မှားသာဖြစ်မည်။ ကောလဟလများသည် ကြောက်ဖို့ကောင်းသည်။ တုန်ဖန်းကျောက်သည် တိတ်တိတ်လေး ညှို့ယူခံလိုက်ရသလိုပင်။ ပေထင်း မိသားစုမှ သခင်လေး ၉ သည် အမှိုက်ဟု သူ့ကို တစ်စုံတစ်ယောက်မှ လာပြော ပါက ထိုလူကို သေသည်အထိ အော်ပြောလိုက်မည်ဖြစ်သည် “လူတွေကို လာ လိမ်မနေနဲ့တော့”
“ကျွန်ုပ် တုန်ဖန်းကျောက်သည် ပေထင်းဟွမ်နဲ့ပတ်သက်ပြီး မည်သည့် သတင်းကိုမှ မပေါက်ကြားစေရပါဘူးဟု ကျိန်ဆိုပါတယ်.. ပေထင်းဟွမ် ဝိညာဉ်ခွဲတောင်ကြားမှာရှိနေတဲ့အတွင်း ကျွန်ုပ်တုန်ဖန်းကျောက်က သူ့ကို အကောင်းဆုံးကူညီပေးပါမယ်.. ချူဖုန်း ကောင်းကင်အဆင့်ဝိညာဉ်သခင် မဖြစ်ခင်ထိ ကျွန်ုပ်ဟာ သူ့ကို ငွေလရောင်အင်ပါယာရဲ့ရန်ကနေ ကာကွယ်ပြီး ဘေးကင်းအောင်လုပ်သွားပါမယ်.. ဒီသစ္စာကိုဖောက်ဖျက်ရင် အပြစ်ပေးခံရပါ စေ”
သူ စကားဆုံးသည်နှင့် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်း၏ ကြယ်ပုံစံ အဖွဲ့အစည်းသည် ကောင်းကင်သို့ထိုးတက်လာကာ ပြန်ဆင်းလာပြီး သူတို့ သုံးယောက်ကို လွှမ်းခြုံလိုက်လေသည်။ သစ္စာသည် သက်ရောက်မှုရှိသွားပြီဖြစ် သည်။
ပေထင်းဟွမ်သည် လက်ဖြန့်လိုက်သည်နှင့် အစိမ်းရောင်ဆေးလုံးသည် သူမလက်ထဲတွင်ပေါ်လာသည်။ ထိုဆေးကိုမကြည့်ဘဲ သူမသည် တုန်ဖန်းကျောက်ဆီသို့ ပစ်ပေးလိုက်သည်။
ဆေးအနံ့သည် လေအဝေ့တွင် လေနှင့်အတူပါလာသည်။ ထိုရနံ့သင်းသင်းပျောက်ကွယ်သွားသည်နှင့် လူအားလုံး၏ စိတ်ကိုလန်းဆန်း သွားစေသည်။ သူတို့အကြောများထဲမှ ဝိညာဉ်ချီသို့မဟုတ် အသက်ချီတို့သည် တဟုန်ထိုး ထိုးတက်ပြီး လျင်မြန်စွာ လည်ပတ်လေသည်။
တုန်ဖန်းကျောက်သည် လက်မြှောက်ကာ ဖမ်းယူလိုက်သည်။ သူ လက်ဖဝါးဖြန့်ပြီး ကြည့်လိုက်သည်။ ဤဆေးသည် အနံ့ကအစ ရိုးရှင်းမနေ သည်ကို သိသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူ၏လက်ဖဝါးတွင် ရှိနေသည်မှာ အဆင့် ၆ ဆေးဖြစ်လိမ့်မည်ဟု ထင်မထားပေ။ လုံးဝန်းသော ဆေးကို ရွှေရောင်အလင်းတန်းဖြင့် ဝန်းရံထားကာ ၎င်း၏ အဆင့်ကို ညွှန်ပြနေ သည်။
အဆင့် ၆ နတ်ဆေး..
လက်ရှိတွင် တိုက်ကြီး၌ အဆင့် ၆ ဆေးအနည်းငယ်သာရှိသေးသည်။ ရှိလျှင်တောင် မိသားစုမှဆင်းသက်လာသည့် တုန်လှုပ်ဖွယ်ရာ အိမ်၏ရတနာ ဟု သတ်မှတ်နိုင်သည်။ အဆင့် ၆ ဆေး၏ နောက်ဆုံးလေလံပွဲပင်လျှင် လွန်ခဲ့ သည့် နှစ် ၅၀ ကျော်ကဖြစ်သည်။ ထိုအချိန်မှစပြီး ဤကမ္ဘာတွင် အဆင့် ၆ ဆေး ရှိသည်ကို သိကြသော်လည်း မည်သူမှမမြင်ဖူးကြပေ။
“ဒါက..” တုန်ဖန်းကျောက်သည် အဆင့် ၆ ဆေးကိုကိုင်ကာ ပေထင်းဟွမ် အားကြည့်လေသည်။ သူသည် သူမ၏အပြုအမူများကို နားမလည်ပေ။ ပေထင်းဟွမ်သည် ဤကဲ့သို့ အဖိုးတန်ရတနာကို သူ့ကိုပေးလိမ့်မည်ဟု သူ မယုံပေ။
“မြန်မြန်စားလိုက်.. စားပြီးရင် မေးစရာရှိသေးတယ်” ပေထင်းဟွမ်သည် အေးစက်စွာ ပြောလိုက်သည်။ ဤတစ်ယောက်သည် လက်ရှိတွင် သူမ၏ တာဝန်ကို ပြီးဆုံးအောင်ကူညီပေးမည်ဖြစ်သဖြင့် သူမ၏ယာယီအပေါင်းအဖော် ဖြစ်သည်။
ပေထင်းဟွမ်သည် သူမ၏လူများကို ဘယ်သောအခါမှ တွက်ကပ်နေမည် မဟုတ်ပေ။
တုန်ဖန်းကျောက်၏ မျက်လုံးများသည် ထွက်ကျလုမတတ်ပင်။ ထိုအချိန် တွင် ချူဖုန်း၏စိတ်လှုပ်ရှားမှုသည် မည်သည့်နေရာမှ ရောက်လာသည်ကို နားလည်သွားသည်။ ဤလူငယ်သည် အေးစက်လေ ပို၍ကြောက်ဖို့ကောင်း လေဖြစ်သည်။
“မင်းလိုကောင်က ဘယ်ကနေလာလဲတော့မသိဘူး.. အဆင့် ၆ ဆေးက ဒီတိုက်မှာ ဘယ်လောက်တောင် တန်ဖိုးရှိပြီးရှားလဲဆိုတာသိရဲ့လား.. အဲဒါတွေ က အဆင့် ၆ ဝိညာဉ်သခင် ကျင့်ကြံသူတွေလိုနေတဲ့ဟာပဲ.. ဒီဆေးကို အနည်း ဆုံး ပတ္တမြား ကုဋေတစ်သောင်းနဲ့ရောင်းလို့ရတယ်”
“ဟင်” ပေထင်းဟွမ်၏ အံ့အားသင့်မှုသည် နောင်တအဖြစ်ပြောင်းသွား လေသည်။ ပတ္တမြား ကုဋေတစ်သောင်း.. အဲဒါအများကြီးပဲလေ။ လက်ရှိ သူမတွင် ပတ္တမြား သောင်းချီရှိသည်ကိုပင် ချမ်းသာလွန်းနေပြီဟု ထင်နေသည်။ ယန်ယဲ့နှင့်ယှဉ်လျှင် သူမသည် သူဖုန်းစားသာသာပင်။
ပေထင်းဟွမ်၏မျက်နှာအမူအရာကိုကြည့်ပြီး တုန်ဖန်းကျောက်သည် လန့်၍သေတော့မည်။ သူသည် ဝိညာဉ်ဆေးကိုဆုပ်ကိုင်ကာ ပြောလိုက်သည် “မင်း ငါ့ကိုပေးပြီးပြီနော် ပြန်ယူလို့မရဘူး.. မင်းက ပညာရှင်ပဲ.. မင်းစကားကို မင်းတည်ရမယ်”
သူသည် တစ်စုံတစ်ရာတွေးကာ ဆေးကိုမျိုချလိုက်သည်။ ပေထင်းဟွမ် သည် မည်မျှပင် အရှက်မဲ့စေကာမူ သူ့ဗိုက်ထဲမှ နှိုက်မထုတ်လောက်ဟု ထင်သည်။
ဆေးလုံးသည် သူ့လည်ချောင်းမှဆင်းသွားရာ အေးစိမ့်သောခံစားချက်ရ လေသည်။ ခန္ဓာကိုယ်အတွင်းမှ အကြောများအားလုံးသည် ရေနွေးထဲသို့ စိမ် လိုက်ရသကဲ့သို့ ခံစားရလေသည်။ ခန္ဓာကိုယ်ထဲမှ နာကျင်မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ အားကောင်းသောစွမ်းအားသည် ပြင်းထန်စွာ ပျက်စီး နေသော ခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေ သည်ကို ရှင်းလင်းစွာသိစေခဲ့သည်။
ထင်ထားတဲ့အတိုင်း နတ်အဆင့်ပဲ.. တကယ်ကို ကောင်းကင်ကိုအံတုနိုင် လောက်တယ်။
“ဟား ဟား နောက်ဆိုရင် ငါ နတ်အဆင့်ဆေးစားဖူးတယ်ဆိုတာကို သူများကို ကြွားလို့ရပြီ.. ဟားဟား ဒီတိုက်ပွဲမှာ ငါ့ကို ဆွဲသွင်းတဲ့အတွက် မင်းကို အပြစ်မတင်တော့ဘူး” တုန်ဖန်းကျောက်သည် မြေပေါ်မှ အားအပြည့်ဖြင့် ခုန်ကာ ပေထင်းဟွမ်၏ပခုံးကို ချစ်ခင်စွာပုတ်လိုက်သည် “ကောင်လေး သွားရအောင် နောက်တစ်နေရာက ဘယ်သွားမှာလဲ.. ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်က ခြင်္သေ့တောင်ကြောမှာရှိတာ.. အဲဒီကိုသွားမယ် ဆိုရင် လှည့်လည်သွားလာသူတွေရဲ့ စခန်းကိုဖြတ်သွားရလိမ့်မယ်.. ငါတို့အဖွဲ့ ကို အရင်စုပြီးမှ အဲဒီကိုသွားကြမလား”