← Chapters

ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်

Vol. 12 Ch. 234

ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်

Vol. 12 Ch. 234

ပေထင်းဟွမ်၏ ဖန်လုံးနှင့်တူသောမျက်လုံးနက်များသည် လှည့်လာ၏။ သူမသည် နှာခေါင်းကိုထိကာ ပြောလိုက်သည် “အဲလိုပြောမှပဲ ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ဆိုတာ ဘာကြီးလဲ”

“မင်း တကယ်ကြီးမသိဘူးလား” တုန်ဖန်းကျောက်သည် နောင်တများ ဖြင့် ပြည့်သွားသည်။ သူ ဘာလို့ဒီလောက်တောင် ကံဆိုးရတာလဲ။ ဒီလောက် အရေးကြီးတဲ့သတင်းကို ဒီကောင်လေးကို ဘာလို့ပြောမိရတာလဲ။ ဤကောင်လေး၏ ခွန်အားသည်မဆိုးလှပေ။ သူ၏အရှက်မဲ့သည့် စရိုက်နှင့် တွဲဖက်လိုက်သောအခါ ပညာရှင်ဟု တွေးနိုင်သည်။ တကယ်ဆို သူသည် တစ်စုံတစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်ခြင်းပင်။ အကယ်၍ သူသာ ပါဝင်ခဲ့လျှင် တခြားသူသည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ် ကို ရနိုင်မည်လား။

ထားလိုက်ပါတော့… ဤကောင်လေး သူ့ကို နတ်အဆင့်ဆေးပေးသည် ကို ကြည့်ရသည်မှာ ဤကလေးသည် စိတ်အနှောင့်အယှက်ဖြစ်လောက်သည် အထိ မရိုးသားခြင်းတော့မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တုန်ဖန်းကျောက်သည် သူ့ကို ဝမ်းမြောက်သောမျက်လုံးများဖြင့် ကြည့်လေ သည်။

တုန်ဖန်းကျောက်သည် စိတ်ထဲမှ ညည်းညူလိုက်သည်။ သို့သော် သူ သိသမျှကို စိတ်ရှည်စွာ ရှင်းပြသည် “တကဘ်တော့ ငါလည်း အများကြီးမသိပါ ဘူး.. ငါ ကောင်းကင်အဆင့်ကို ဝင်ကတည်းက ဒီဝိညာဉ်ခွဲတောင်ကြားကို လာခဲ့တာပဲ.. ဒီတစ်ခေါက် မိသားစုရဲ့ လေ့ကျင့်ရေးအဖွဲ့နဲ့တွေ့ပြီးမှ နည်းနည်း သိလာတာ.. အဲလူတစ်ဘောက်က ဝိညာဉ်ခွဲတောင်တန်းက ခြင်္သေ့ဘုရင်ရဲ့ တောင်ကြောကို မတော်တဆဝင်မိသွားပြီး ခြင်္သေ့ဘုရင်တောင်ကြောရဲ့သခင် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်က ကလေးမွေးတာကို မြင်ခဲ့ တာ.. ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်က သန္ဓေပြောင်း နတ်သားရဲပဲ.. ကလေးမွေးတဲ့အချိန် ခရမ်းရောင်မီးတောက်အရင်းအမြစ်ရှိနေ မှာက ၁ ရာခိုင်နှုန်းပဲရှိတယ်.. ခရမ်းရောင်မီးတောက်အရင်းအမြစ်က ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့ဘုရင်ရဲ့ သားအိမ်မှာ သန္ဓေသားကို ပြုစုပျိုးထောင်ပြီး သန့်စင်တဲ့စွမ်းအားပါတယ်”

ထိုစကားများကိုကြားပြီးနောက် ပေထင်းဟွမ် နားလည်သွားသည်။ မိသားစုကြီးလေးခုမှ လူများသည် သည်တစ်ခေါက် ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်အတွက် လာခြင်းဖြစ်သည်။ နတ်သားရဲများ၏ သွေးမှရသောအရာများသည် ကောင်းကင်ရတနာများထက်ပင် အဖိုးတန်၏။

ပေထင်းဟွမ် အလုံးစုံနားမလည်သေးသည်ကိုကြည့်ပြီး ဝိညာဉ်ခွဲတောင် တန်းတွင် လှည့်လည်သွားလာခဲ့သော ချူဖန်းသည် တိုးညင်းသောအသံဖြင့် ပြောလေသည် “ဒီလိုပါလာတဲ့စွမ်းအားမျိုးက ကြီးပေမဲ့ အရမ်းလည်းနူးညံ့တယ် ပြီးတော့ အဲဒါကမိခင်သားရဲက သူ့ရဲ့မျိုးဆက်တွေအတွက် ပြင်ဆင်ထားတာပဲ.. သားရဲပေါက်လေးက စွမ်းအားကိုရမယ်ဆိုရင် မွေးကင်းစအဆင့်ကို တစ်ခါတည်းကျော်သွားပြီး ကြီးထွားတဲ့အဆင့်ကို မြန်မြန်ရောက်နိုင်စေတယ်”

တုန်ဖန်းကျောက်သည် ထိတ်လန့်သွားသည်။ သူသည် ချူဖုန်းကို စိုက် ကြည့်ပြီး သုံးသပ်နေသည်။ ချူဖုန်း သိထားတာ ဒါလား။ တကယ်ကြီးလား။ ဒီကောင်က နှစ်တစ်သောင်း ရေခဲတုံးကြီးမဟုတ်ဘူးလား။ ဒီလိုနူးနူးညံ့ညံ့ပုံစံ လည်းရှိသေးတာလား။ တစ်ခုခုများလွဲနေတာလား။ ငွေလရောင်အင်ပါယာက မိန်းကလေးတွေသာ သိသွားလို့ကတော့… တုန်ဖန်းကျောက်သည် သူတို့ နှလုံးသားများ ယမ်းခါနေသံကို ကြားယောင်နေသလိုပင်။

ပေထင်းဟွမ်သည် သူတို့ကိစ္စကို ဝင်စွက်ဖက်ခဲ့သဖြင့် ချူဖုန်းသည် ပေထင်းဟွမ်ကို တစ်မူထူးပြီးကြည့်မည်မဟုတ်ပေ။ သူသည် ချူဖုန်း အနှီးဝတ် ကတည်းက သိလာသည်။ သူသည် ချူဖုန်း၏စရိုက်ကို ကောင်းစွာသိသည်။ ဒါကတကယ်ကြီး လူတွေကြားက “မြင်မြင်ချင်းအချစ်” ဆိုတာလား။

ထိုသို့တွေးပြီး တုန်ဖန်းကျောက်သည် ပေထင်းဟွမ်ကို ကိုးကွယ်လုနီးပါး အကြည့်ဖြင့် ကြည့်လေသည်။ ဤလူသည် ကြမ်းတမ်းသောခွန်အား သို့မဟုတ် ပျော့ပျောင်းသော ခွန်အားဖြင့် ကောင်းကင်ကိုအံတုနိုင်သည်။

ပေထင်းဟွမ်၏မျက်လုံးများသည် ချက်ချင်း တောက်လာသည်။ ၎င်းသည် ဖြူစင်သောစွမ်းအင်ဖြစ်ကာ အလွန်ပင်နူးညံ့သည်။ မျိုးနွယ်ကြီးလေး ခုမှ ဝိညာဉ်သခင်များသည် ၎င်းကိုလုဘူပြီးနောက် စွမ်းအင်ကိုတိုက်ရိုက်ဝါးမျို ရန် ပြင်ဆင်ထားပုံရသည်။ သို့သော်.. ပေထင်းဟွမ် သိချင်သေးသည် “အဲဒါက သားရဲလေးရဲ့အစားအစာပဲ.. ငါတို့အမြန်သွားရင် အဲဒီမွေးကင်းစသားရဲပေါက် လေးက မျိုလိုက်မှာမဟုတ်ူဘးလား”

ကောင်းကင်ကိုအံတုနိုင်သည့်အရာကို လူသားများ လာလုတဲ့အထိ အဲဒီ သားရဲလေးကစောင့်ပါ့မလား။

ထိုသားပေါက်မှာ တုံးအလျှင်တောင် သူ၏မိခင်သည် တုံးအမည်မဟုတ် ပေ။

တုန်ဖန်းကျောက်သည် ‌ပေထင်းဟွမ် မည်သည့်နေရာမှလာသည်ကို စိတ်ရင်းဖြင့် သံသယဝင်မိသည်။ ယုတ္တိကျကျပြောရလျှင် မိသားစုကြီး၏ ဆက်ခံသူများကို ငယ်စဉ်ကတည်းကပင် နည်းပြများက သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ မှော်သားရဲများ၏ ရိုးရှင်းပြီး အခြေခံကျသောအသိများကို ထိုအထူး နည်းပြများက သင်ပြီးသားဖြစ်လိမ့်မည်။

***

All Chapters