← Chapters

သူ့နောက်ကို တစ်သက်လုံးလိုက်မည်ဟု သစ္စာဆိုခြင်း

Vol. 12 Ch. 235

သူ့နောက်ကို တစ်သက်လုံးလိုက်မည်ဟု သစ္စာဆိုခြင်း

Vol. 12 Ch. 235

တုန်ဖန်းကျောက်သည် ခေါင်းခါကာ စိတ်ရှည်ရှည်ဖြင့် ရှင်းပြလေသည် “ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို အဲသားရဲလေး လသား အရွယ်ရောက်မှ မျိုချလို့ရမှာ.. သားရဲလေး တစ်လပြည့်ဖို့ ၅ ရက်ပဲလိုတော့ တယ်.. အဲဒါကြောင့် ငါတို့က ၅ ရက်အတွင်းမှာ အဲဒီခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ကိုလုရမှာ”

“နတ်သားရဲဆီက လုရမယ့်အပြင် သားရဲမက သူ့ကလေးကို ကာကွယ် မှာပဲ…” ပေထင်းဟွမ်သည် မေးစေ့ကိုပွတ်နေသည်။ သူမသည် ထိုလူများ၏ အသိဉာဏ်ကို သံသယဝင်မိသည်။ အမျိုးသမီးတွေက ကြောက်ဖို့ကောင်းတဲ့ အပြင် မိခင်တစ်ယောက်ရဲ့ ပေါက်ကွဲနိုင်တဲ့စွမ်းအားက ကောင်းကင်ကိုတောင် အံတုနိုင်တယ်လို့ ပြောကြတာမဟုတ်ဘူးလား။ မည်သို့ပင်ဖြစ်စေ ပေထင်းဟွမ် တွင် ကလေးကိုကာကွယ်နေသည့် သားရဲမကိုတော့ ရန်စရန် သတ္တိမရှိပေ။

ထိုသတင်းများကိုကြားပြီးနောက် ပေထင်းဟွမ်သည် ငြိမ်ကျသွားကာ စဉ်းစားနေသည်ကို တုန်ဖန်းကျောက်မြင်သောအခါ သူမကို သတိပေးလိုက်၏။ ဒီလောက်ငယ်ငယ်လေးနဲ့ စိတ်ကရင့်ကျက်နေပြီ။ သူသည် သိသမျှပြောပြ၏ “သားရဲအမေကြီးက မွေးဖွားစဆိုတော့ အရမ်းအားနည်းနေသေးတယ်.. အဆင့် မြင့်သားရဲတွေလည်း ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို လုချင်လို့ ခြင်္သေ့မကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ခြင်္သေ့ဘုရင်တောင်ကြော ကို ဝင်သွားတဲ့လူက မြင်ခဲ့တယ်.. သားရဲမကြီးက မှော်သားရဲတွေကို အပြတ် ဖြဲလိုက်ပေမဲ့ ဒဏ်ရာအပြင်းအထန်ရသွားတယ်.. ခြင်္သေ့တောင်ကြောအနက် ထဲသို့ ဝင်သွားတဲ့လူက ထွက်လာပြီး ဒီသတင်းကိုလွှင့်တာပဲ.. အဲတော့မှ မိသားစုကြီးလေးခုက အမြန်လိုက်သွားကြတာပဲ”

“မိသးစုကြီးလေးခုကလူတွေက အခုဘယ်မှာလဲ” ပေထင်းဟွမ်သည် ခန္ဓာကိုယ်မှ မှော်သားရဲစစ်ဝတ်စုံများကို ချွတ်ကာ ကျို့ယန်နှင့် လျှပ်စီးကို သူမ ၏ လက်ပတ်ထဲသို့ထည့်လိုက်သည်။ သူမသည် ချူဖုန်းနှင့် တုန်ဖန်းကျောက်တို့ ခေါ်ရာ လှည့်လည်သွားလာသူများ၏ စခန်းဆီသို့လျှောက်လာခဲ့သည်။

သူမသည် သူမ၏အစ်ကိုကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ် သည်။ ဤခန္ဓာကိုယ်တွင် သူမ၏အစ်ကိုဖြစ်သူထားခဲ့သည့်‌‌ နွေးထွေးမှုသည် တစ်ခါမှမတွေ့ဖူးသော်လည်း သူ့ဆီသို့ အလိုလိုချဉ်းကပ်ချင်စိတ်ဖြစ်စေသည်။

“သူတို့တွေက လှည့်လည်သွားလာသူစခန်းမှာပဲ” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား အကဲခတ်ကာ သူမအနှောင့်အယှက်ဖြစ်စေမည့် မေးခွန်းကို ပေးလိုက်၏ “မင်းလည်း မိသားစုကြီးလေးခုကပဲလေ ဘယ်လိုလုပ် ငါ့နာမည်ကို မသိရတာလဲ”

ဝိညာဉ်သခင်မိသားစုကြီးလေးခုသည် မရင်းနှီးကြသော်လည်း တစ်ခြား မိသားစုမှ နာမည်ကြီးတချို့ကိုတော့ သိကြသည်။ သူသည် ပေထင်းဟွမ်ကိုသိ သော်လည်း ပေထင်းဟွမ်ကို သူ့ကို မသိနေသည်ဟုကြားစဉ်က တုန်ဖန်းကျောက်သည် သွေးပင်အန်ချင်မိသွားသည်။

“အဲဒါဘာဖြစ်လို့လဲ” ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကို ပွတ် လိုကသည် “ငါက ပေထင်းမိသားစုမှာ အသုံးမကျတဲ့သခင်လေး ၉ ဆိုတာကို မင်းလည်းသိသားပဲ.. ငါက အသက် ၄ ၅ နှစ်အရွယ်မှာပဲ မိသားစုကနေ နှင်ထုတ် ခံထားရတာ.. ငါက လော့ပေလိုမျိုး စွန့်ပစ်တဲ့နေရာမှာ ၁၀ နှစ်လောက်နေခဲ့ရ တာ.. အဲလိုမျိုး သီးသန့်နေရာမှာနေပြီးတော့ တုန်ဖန်းမိသားစုရဲ့ အကြီးဆုံး သခင်လေးအကြောင်းကို ဘယ်လိုသိမှာလဲ”

“မင်းကို နှင်ထုတ်တယ်ဟုတ်လား မင်းက နှင်ထုတ်ခံရတာလား.. မင်းကို အမှိုက်လို့ခေါ်ကြတာလား ဟားဟား ဘာလို့ ဒီလောက်ရယ်ဖို့‌ကောင်းနေတာ လဲ.. အဲဒီအဘိုးကြီးပေထင်းချင်းထျန်က အိုလာလို့လား.. သခင်လေး ၉ မင်း မျိုးရိုးကို တုန်ဖန်းလို့ပြောင်းမလား.. မင်းသာ ငါတို့တုန်ဖန်းမိသားစုကိုလာရင် ငါ့အစ်ကိုကြီး ဒါမှမဟုတ် ငါ့ကိုတောင် ကျော်နိုင်မယ့်ပါရမီရှင်ဖြစ်ဖို့ ငါ အာမခံ တယ်.. အနာဂတ်မိသားစုခေါင်းဆောင်နေရာက မင်းအတွက်ဖြစ်လာမှာပဲ” တုန်ဖမ်းကျောက်သည် သွေးအန်ပြီးသေလုမတတ်ပင်။ ပေထင်းမိသားစု၏ အသုံးမကျသော သခ်ငလေး ၉ သည် တုန်ဖန်းမိသားစု၏ ပါရမီရှင် တတိယ သခင်လေးကို အနိုင်ရခဲ့သည်။ သူမကိုယ်သူမ စိတ်မဆိုးဘူးလား။

ချူဖုန်းသည် ပေထင်းဟွမ်၏စကားများကို ကြားသောအခါ အတွေးထဲ နစ်သွားသလိုပင်။ သူသည် ခေါင်းငုံ့ထားသည်။ သို့သော် စိတ်ထဲတွင် သူနှင့် ကံဆိုးသည်မှာ တူညီသည်ဟု တွေးနေသည်။ သူသည် သူ့ကိုယ်ပိုင်အစွမ်းအစ ကို မှီခိုပြီး သန်မာအောင်လုပ်ရသည်။

“ချူဖုန်း.. အချိန်တစ်ခုလောက်တော့ ငါ့အကြောင်းကို ငါ့မိသားစုကို မသိစေချင်ဘူး.. ပြီးတော့ အပြင်မှာ ငါ့ရဲ့ရန်သူတွေအများကြီးပဲ.. ငါလည်း အရမ်းမသန်မာ‌သေးဘူး.. ငါ့သရုပ်မှန်ကို သူတို့ကိုမသိစေချင်ဘူး” ပေထင်းဟွမ် ပြောပြီးနောက် သူမ၏လျှို့ဝှက်ချက်ကို ဘာကြောင့် လျှို့ဝှက်စေချင်သလဲဆို သည့် အကြောင်းအရင်းကို ပြောပြသကဲ့သို့ တုန်ဖန်းကျောက်အား ကြည့်လိုက် သည်။

တုန်ဖန်းကျောက်သည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူမက ဘာလို့ ဒီလိုလုပ်ဖို့လိုမှာလဲ။ ချူဖုန်းက သူမကိုစွဲလမ်းနေပြီမဟုတ်ဘူးလား။ ဒီလိုနွံထဲ ချောက်ထဲကို ဘာလို့ သူ့ကိုပါဆွဲချနေတာလဲ။ တုန်ဖန်းကျောက်သည် အခက်တွေ့နေသည်။ သူသည် စိတ်ကိုမထိန်းချုပ်နိုင်တော့ပေ။

ချူဖုန်းသည် အလွန်ပါးနပ်သည်။ သူသည် လျှောက်နေသည့်ခြေလှမ်းများ ကို ရပ်ကာ ညာဘက်လက်ကိုမြှောက်လိုက်သည် “ကျွန်ုပ် ချူဖုန်းသည် ကျန်တဲ့ ဘဝမှာ သခင်ပေထင်းဟွမ်နောက်ကို လိုက်ပါ့မည်ဟု ကျိန်ဆိုပါသည်.. သခင်ပေထင်းဟွမ်ရဲ့ အမိန့်ကိုပဲနာခံပါမည်.. စကားကိုလည်းပြန်ရုတ်သိမ်းမည် မဟုတ်ပါ.. စကားဖောက်ဖျက်ခဲ့လျှင် ဒီဘဝကြီးဆုံးသွားပါစေ”

ဘဝဆုံးသွားပါစေဆိုတာ ဘာအဓိပ္ပာယ်ကြီးလဲ။ သူက ပြန်ဝင်စားဖို့ အခွင့်အရေးမရဘဲ ပြာဖြစ်သွားချင်တာလား။

All Chapters