လှည့်လည်သွားလာသူ စခန်း
Vol. 12 Ch. 236
ပေထင်းဟွမ်၏မျက်လုံးများသည် ထိတ်လန့်နေသည်။ ချူဖုန်းကို ကျိန်ဆို ရန်မတောင်းဆိုရသည့် အကြောင်းရင်းမှာ ချူဖုန်းကဲ့သို့ မာနကြီးသူ တစ်ယောက်သည် ကျေးဇူးကန်းမည့်သူမဟုတ်ခြင်းကြောင့်ပင်။ သူမသည် သူ့ကို ဖိအားမပေးချင်ခဲ့ပေ။
သူ့ဂုဏ်သိက္ခာသည် သူမ၏လေးစားသမှုနှင့် ထိုက်တန်သည်။
ချူဖုန်း ပြောပြီးသည့်အခါတွင် ကောင်းကင်နှင့်မြေကြီး ဥပဒေ ဆင်းသက် လာသည်။ ပေထင်းဟွမ် တားရန် နောက်ကျသွားခဲ့သည်။
သို့သော် ပေထင်းဟွမ်သည် ပဋိပက္ခများမည့်လူမျိုးမဟုတ်ပေ။ သူမ၏ အေးစက်သောမျက်လုံးများသည် ချူဖုန်း၏ပြုံးစစဖြစ်နေသည့် မျက်နှာကို မြင် သောအခါ သူငယ်ချင်းအားကြည့်သည့် နွေးထွေးမှုမျိုးထွက်လာခဲ့သည်။ သူသည် အပေါင်းအဖော်မဟုတ်ဘဲ သူငယ်ချင်းဖြစ်သည် “ဟုတ်ပြီ အခုကစပြီး မင်းက ငါ့ညီအစ်ကိုပဲ.. မင်းသရုပ်မှန်က ဘာပဲဖြစ်ဖြစ် မင်းမှာ ဘယ်လောက် အားကောင်းတဲ့ရန်သူတွေ ဘယ်လောက်များများ ဂရုမစိုက်ဘူး.. ငါရှိနေရင် ဘယ်သူမှ မင်းကိုထိခိုက်အောင် မလုပ်စေရဘူး”
ငွေလရောင်အင်ပါဘာတစ်ခုပဲမလား။ သူမက စီရင်ချက်ဗိမာန်လိုမျိုး အားကော်ငးတဲ့ အဖွဲ့အစည်းကြီးကိုတောင် ပြစ်မှားခဲ့သေးတာပဲ။ ဘာတွေများ ကြောက်ဖို့လိုလို့လဲ။ သူမအပေါ် ယုံကြည်ပြီး အားကိုးတဲ့ ညီအစ်ကိုကိုတောင် မကာကွယ်နိုင်ရင် ဒီကမ္ဘာမှာ ဘာလို့ထိပ်ဆုံးအဆင့်ထိရောက်အောင်လုပ်ခွင့်ရှိ မှာလဲ။
တုန်ဖန်းကျောက်၏ ရင်များတုန်ယင်သွားသည်။ သူသည် ရှေ့မှလျှောက် နေသော ပိန်ပါးသည့်လူငယ်ကို အသာကြည့်လိုက်သည်။ သူမ၏ ရှည်လျား သည့် ဆံနွယ်ရှည်များသည် လေနှင့်အတူဝေ့ယမ်းကာ သူမ၏အနက်ရောင် ဝတ်စုံသည် လေအဝေ့တွင် လွင့်နေသည်။ သူမ၏ ရောင်ဝါသည် မယှဉ်နိုင် လောက်အောင် မောက်မာကာ သူမ၏ပြတ်သားမှုသည် ကြောက်ရွံ့မှုမရှိပေ။
တုန်ဖန်းကျောက်သည် ရှေ့သို့ခြေနှစ်လှမ်းတိုးကာ ပေထင်းဟွမ်အား အမှီလိုက်လေသည်။ သူသည် သူမနှင့် ပခုံးချင်းယှဉ်ရပ်ကာ သူရဲကောင်းဆန် သောအသံဖြင့် ပြောလေသည် “ဟုတ်တယ် ဘယ်လောက်ပဲအားကောင်းတဲ့ ရန်သူပဲဖြစ်ဖြစ် ငါတို့တွေသာ သူတို့ထက် သန်မာနေသရွေ့ သူတို့က အားနည်း နေမှာပဲ”
ချူဖုန်းသည် အေးစက်သောအသွင်အပြင်နှင့်ရှိနေတုန်းပင်။ သို့သော် သူ့လက်များသည် သူ့ခံစားချက်ကို သစ္စာဖောက်နေသည်။ သူ၏ လက်ချောင်း ငါးချောင်းသည် လက်သီးဆုပ်အဖြစ် တင်းတင်းဆုပ်ထားသည်။ သူသည် လက်သီးဆုပ်ကိုဖြည်လိုက် ပြန်ဆုပ်လိုက်လုပ်နေသည်။ ထိုအရာသည် သူ့စိတ် ထဲမှ ဒေါသများကို ဖြေဖျောက်ရန် အတွက်ဖြစ်သည်။
သူတို့သုံးယောက်သည် ဝိညာဉ်ခွဲမြစ်ဘေးတစ်လျှောက် နေ့တစ်ဝက်ခန့် လျှောက်ခဲ့ကြသည်။ သူတို့သည် ဝိညာဉ်ခွဲတောင်တန်း၏ အန္တရာယ်အများဆုံး အစွန်းပိုင်းသို့ ဝင်ခဲ့ကြသည်။ မမြင့်မားသောတောင်တန်းများသည် ကန်ကို ဝန်းပတ်ထားကာ အထဲတွင် လှည့်လည်သွားလာသူများ၏ စခန်းရှိသည်။
အဝေးကနေပင် ဆူညံသံများကို ကြားရသည်။ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းမြစ်၏ဆွဲဆောင်မှုသည် အမှန်တကယ်ပင် ကောင်းမွန်ကာ အနီးအနားရှိစခန်းများမှ စွန့်စားသူများကို ဆွဲဆောင်နိုင်လေသည်။ ပေထင်းဟွမ်နှင့် တခြားနှစ်ယောက်တို့သည် တိုးဝင်ခဲ့ကြသည်။ အထဲတွင် မြို့ တစ်မြို့အရွယ်အစားပင်ဖြစ်နေသည်။ သစ်သားဖြင့်ဆောက်လုပ်ထားသည့် ဆောက်အဦးများသည် ဘယ်ညာနှစ်တန်းရှိနေသည်။ ကြီးမားပြီး အခြေကျနေ ဆိုင်ခန်းများလည်းရှိသည်။ ဝင်ထွက်သွားလာနေသောလူများသည် အသက်ဝင် အောင် ပံ့ပိုးပေးနေသည်။
အလယ်တွင် နေရာအနှံ့ပြန့်ကျဲနေသည့် တဲများရှိသည်။ ၎င်းသည် လှည့်လည်သွားလာသူများ၏ ယာယီနေထိုင်ရာဖြစ်သည်။ ပစ္စည်းကောင်းများ ကို တံခါးရှေ့တွင်ျထားသည်။ ကြည့်လိုက်သည်နှင့် အခြေကိုမြင်ရနိုင်သည်။
ပေထင်းဟွမ်နှင့်တခြားနှစ်ယောက် ဝင်သွားသည်နှင့် လူများသည် တုန်ဖန်းကျောက်နှင့် ချူဖုန်းတို့ကို တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက် ကြသည်။ ထိုနှစ်ယောက်သည် ဤနေရာတွင် နှစ်ပေါင်းများစွာနေလာရာ ဤနေရာရှိလူများနှင့် အသိအကျွမ်းဖြစ်နေပုံပင်။
“သခင် ငါ ဒီတောထဲမှာ နေလာတာ နှစ်တွေအများကြီးရှိပြီ.. ဝိညာဉ်ခွဲ တောင်တန်းရဲ့အတွင်းပိုင်းအပြင် ငါမရင်းနှီးတဲ့နေရာဆိုတာ မရှိသလောက်ပဲ.. သခင် တစ်ခုခုလိုတာရှိရင် ငါ့ကိုခေါ်လိုက်ပါ” ချူဖုန်းသည် ပေထင်းဟွမ်၏ ဘေးသို့သွားကာ တီးတိုးပြောလေသည်။
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “ငါက လေ့ကျင့်ဖို့ဒီကိုလာတာလေ.. ဒါပေမဲ့ ဒီမှာခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်လို ပစ္စည်း ကောင်းမရှိမှတော့ ဘာလို့သွားမလုတာလဲ.. တခြားအပေါင်းအသင်းရှိသေးလို့ လား.. ရှိရင် အဖွဲ့ဖွဲ့ပြီး အတူသွားမယ်လေ”
ပေထင်းဟွမ်သည် ခေတ္တမျှရပ်ကာ အေးစက်စွာဖြင့် ပြောလေသည် “ငါ့ကို သခင်လို့မခေါ်နဲ့တော့ နောက်ဆိုရင် ငါ့နာမည် ဒါမှမဟုတ် ရှောင်ကျို့လို့ ခေါ်ပါ”
ချူဖုန်းသည် ပေထင်းဟွမ်၏ အလွန်တရာချောမောပြီး အေးစက်သည့် မျက်နှာကိုစိုက်ကြည့်နေသည်။ သို့သော် သူမ၏မျက်နှာပေါ်မှ အေးစက်သည့် အမူအရာကိုမမြင်ရပေ။ သူမ၏စကားများသည် အေးစက်သော်လည်း နောက်ကွယ်တွင် နွေးထွေးမှုရှိနေသေးသည်ကို သူ ခံစားမိသည်။
***