ပေါင်မုန့်တစ်လုံး၏ဈေးနှုန်း
Vol. 12 Ch. 237
စခန်းအစွန်အဖျားတွင် မည်သည့်အတားအဆီးမှမရှိပေ။ ဤကဲ့သို့နေရာ မျိုးတွင် မှော်သားရဲများ တိုက်ခိုက်လာပါက ခြံစည်းရိုးမှာ မည်မျှပင်မြင့်စေကာ မူ အသုံးမဝင်ပေ။ သို့သော် အုပ်စုလိုက်နေတတ်သော အဆင့်နိမ့်မှော်သားရဲများ ကို တားနိုင်သည့် နှစ်မီတာအမြင့်ရှိသည့် ကျောက်တုံးကြီးများကို စခန်းဝင်ပေါက်တွင် ပုံထားသည်။
သို့သော် ဤနေရာသည် မှော်သားရဲတောအတွင်းရှိ စွန့်စားသူများ၏ ယာယီအိမ်ဖြစ်သည်။ မှော်သားရဲတစ်ကောင် တိုက်ခိုက်သည်နှင့် စခန်းတွင်းရှိ ကြေးစားများ သို့မဟုတ် စွန့်စားသူများသည် အတူတကွစုစည်းကာ မှော်သားရဲ များ နင်းချေလို့မရအောင် ကာကွယ်ကြသည်။
ပေထင်းဟွမသည် လှည့်ပတ်ကြည့်သော်လည်း မျိုးနွယ်ကြီးလေးခုမှ မည်သူ့ကိုမှမမြင်ရပေ။ စခန်းတစ်ခုလုံးတွင် ဝိညာဉ်သခင်အဆင့်သို့ရောက်ခါစ အဆင့်မြင့်ကြယ် အဆင့် ၂ ရှိသော ပညာရှင်များနှင့် ဓားသမားများသာရှိသည်။ ရံဖန်ရံခါတွင် အဆင့် ၃ ပညာရှင်များကို တွေ့ရသည်။ ချူဖုန်းကဲ့သို့ ကြယ် ၇ ပွင့်ဝိညာဉ်သခင်သည် ဤနေရာတွင် ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာနေနိုင်ခြင်းဖြစ်သည်။
သူတို့သုံးယောက်သည် စခန်းဝင်ပေါက်မှ ဝင်ခဲ့လိုက်ကြသည်။ သူတို့မှာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ချောမောသောလူငယ်၊ ခြိုးခြံတတ်သည့် ရောင်ဝါထွက်နေသည့် အပြာရောင်စစ်ဝတ်စုံကို ချပ်ရပ်စွာဝတ်ဆင်ထားသော ခန့်ညားသည့်လူငယ်နှင့် သစ်ကြုတ်နှင့်တူပြီး ပြောင်မြောက်သည့် ချပ်ဝတ် တန်ဆာတတ်ဆင်ထားသည့် အေးစက်သော လူချောလေးတို့ဖြစ်ကြသည်။ သူတို့သုံးယောက် စခန်းတွင်ပေါ်လာသည့် အခိုက်အတန့်တွင် အားလုံး၏ အာရုံ ကိုဖမ်းစားလိုက်ကြသည်။ စခန်းအတွင်းတွင် ဆူညံစွာပြောဆိုနေကြသူတို့ အားလုံးရပ်သွားကြသည်။ သူတို့သုံးယောက်သည် ရာနှင့်ချီသောတဲများကိုပင် ဖြတ်မလျှောက်ရသေးပေ။
“တုန်ဖန်းကျောက်ပဲ”
“သခင်ချူဖုန်း သခင်ချူဖုန်းက ဘာလို့ပြန်လာတာလဲ.. သူက အချိန်တစ် ခုလောက် ဝိညာဉ်ခွဲတောင်ကြားကနေ ထွက်သွားတာမဟုတ်ဘူးလား.. သူ ဘာလို့ ဒီလောက်မြန်မြန်ပြန်လာတာလဲ”
သူတို့သုံးယောက်သည် အားလုံး၏ဆွေးနွေးချက်များကို လျစ်လျူရှုလိုက် သည်။ သူတို့ရှေ့သို့လျှောက်ရင်းနှင့် တုန်ဖန်းကျောက်သည် စခန်းကို ပေထင်းဟွမ်အား မိတ်ဆက်ပေးနေသည်။ “ဒါက လှည့်လည်သွားလာသူတွေရဲ့ စခန်းပဲ.. ဝိညာဉ်ခွဲတောင်တန်းတစ်လျှောက် ဒီလိုစခန်းတွေအများကြီးပဲရှိတယ် ဒါကအကြီးဆုံးပဲ.. စွန့်စားသူ ဒါမှမဟုတ် ဘက်ပေါင်းစုံကအဖွဲ့တွေက သူတို့ရဲ့ ကျန်းမာရေးကုဖို့နဲ့ သတင်းတွေမေးတာတို့ ရောင်းဝယ်တာတို့လုပ်ဖို့အတွက် အခြေခံအားဖြင့် အနီးအနားက စခန်းတွေကို ရွေးလေ့ရှိတယ် ဒီမှာ ဧရိယာက လေးခုရှိတယ်.. မင်းတစ်ခုခုလိုရင် ဒီမှာဝယ်လို့ရတယ်.. လက်နက်၊ သာမန်ဆေး၊ အဝတ်အစား၊ တဲအစရှိသဖြင့်ပေါ့”
အဝေးမှနေ၍ ပေါင်မုန့်အနံ့သည် လွင့်ပျံလာရာ ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်၏ ဗိုက်ကို အသံများပင်မြည်သွားစေသည်။ သူမသည် တံတွေးမျို ချကာ လက်မြှောက်ပြီးညွှန်ပြရင်း ပြောလိုက်သည် “အဲဒီကိုသွားကြည့်ရအောင်”
“ဟားဟား” အူလိုက်သည်းလိုက်ရယ်သံ ထွက်ပေါ်လာသည်။ တုန်ဖန်းကျောက်သည် ရှက်ရွံ့ခဲလှသည့် ပေထင်းဟွမ်ကိုရိုက်လိုက်သည် “ငါ မင်းကိုရယ်တာမဟုတ်ဘူး.. ငါ့ကိုယ်ငါရယ်တာ.. ငါ ဒီကိုပထမဆုံးလာတုန်းက တောထဲမှာ သုံးလလောက် ပတ်သွားနေခဲ့တာလေ.. ငါ နေ့တိုင်းမှော်သားရဲတွေ ကိုစားနေရလို့ သေတောင်သေချင်ခဲ့တာ.. ငါ ဒီကိုလာတော့ မင်းလိုပဲ.. ငါ အရမ်း ဗိုက်ဆာနေခဲ့တာ.. ငါ ထောပတ်ပေါင်မုန့် ၁၀ လုံးတောင်းပြီး တစ်ခါတည်း အကုန်စားလိုက်တာပဲ.. ဒါပေမဲ့ ဘာအရသာမှမရဘူး… နောက်ဆုံးတော့ ဘာဖြစ်သွားတယ်ထင်လဲ”
ကောင်းသည့်ကိစ္စမဟုတ်နိုင်သည်ကို ပေထင်းဟွမ် တွေးပြီးသားပင်။ သူမသည် နှာခေါင်းရှုတ်ကာ ခေါင်းကိုအေးစက်စွာခါပြီး ပြောလိုက်သည် “မသိဘူး”
“ဟားဟား မင်းတောင် မမှန်းတတ်ဘူးမလား” တုန်ဖန်းကျောက်သည် ဂုဏ်ယူနေသည်။ သူ ပေထင်းဟွမ်ကို အကြပ်ရိုက်အောင် လုပ်နိုင်သည့်အချိန် လည်းရှိသေးသည်။ “သေချာပေါက်ပဲပေါ့ ငါ့မှာရှင်းစရာပိုက်ဆံမရှိဘူး.. ငါက မှော်သားရဲတောကို အဲတုန်းကမှ ဝင်ဖူးတာဆိုတော့ ပတ္တမြား တစ်သောင်းပဲယူ လာခဲ့တာ.. ငါက အဆင့်မြင့်ထောပတ်ပေါင်မုန့် ၁၀ လုံးကို တစ်ခါတည်းစားပြီး ပင်လယ်နက်ရှိုင်းကျောက်စိမ်းပြာကို တောင်းခဲ့သေးတယ်.. ငါ့မှာ ရှင်းစရာ ပိုက်ဆံလုံလုံလောက်လောက်လည်းမရှိဘူး.. အဲဒီကုန်သည်ကိုလည်း ငါ မတိုက်ခိုက်ရဲတော့ ပြေးခဲ့ရတာ.. သူဌေးက ငါ့ကို ၁၀ ရက်ကျော်အောင်ကို လိုက်ခဲ့တာ.. သူလည်း ငါ့နောက်လိုက်ရတာ ပန်းသွားမှပဲ အချိန်တစ်ခုလောက် လွှတ်ပေးလိုက်တော့တာပဲ”
“ပေါင်မုန့်တစ်လုံးက အဲလောက်တောင် ဈေးကြီးလို့လား” ပေထင်းဟွမ် သည် ခံစားချက်မကောင်းတော့ပေ။ ပင်လယ်နက်ရှိုင်းပြာတစ်ခွက်သည် နက်ပြာညှို့ယူလောက် ဈေးမကြီးသော်လည်း ပတ္တမြား တစ်သောင်းတော့ ကျော်မည်မထင်ပေ။
“ငွေလရောင်မြို့မှာ ငွေဒင်္ဂါးတစ်ပြားဆို သာမန်ပေါင်မုန့် ၁၅ လုံး အလုံး ၂၀ ဝယ်လို့ရတယ်.. သေရည်ကတော့ ပိုဈေးကြီးတာပေါ့.. ပြီးတော့ ဒီက ပေါင်မုန့်ကို မုန့်ဖုတ်ဆရာလုပ်တာပဲ.. သေရည်ကတော့ သယ်ဖို့မလွယ်ဘူး.. ဒီမှာ ပင်လယ်နက်ရှိုင်းပြာတစ်ခွက်ကို ပတ္တမြား တစ်သိန်းပေးရတယ်”
ဤဈေးသည် ဈေးကြီးသည်ဟုပင် ပြောမရတော့ပေ။ ဤသည်မှာ အတင်းအကျပ်တောင်းယူခြင်းပင်။
***