ငါ့မှာ ပိုက်ဆံ မရှိရုံတင်ပါ
Vol. 12 Ch. 238
ပေထင်းဟွမ်သည် အံ့ဩမိသည်။ ပထမဆုံးအကြိမ်အနေနှင့် အေးစက်မှု မဟုတ်သည့် ဒုတိယမြောက်အမူရာဖြစ်သည့် အံ့ဩမှုကို ထုတ်ပြခြင်းဖြစ်၏။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည် “ဒီကထောပတ်ပေါင်မုန့်က ဘယ်လောက်လဲ”
သူမကို စနောက်ပြီးနောက် ချူဖုန်း၏မျက်နှာထားသည် ပိုပြေလျော့လာ သည်။ သို့သော် စခန်းတွင်းရှိ ကြေးစားများနှင့် စွန့်စားသူများသည် မှင်တက်နေ တုန်းပင်။ သူတို့သည် စိတ်ထဲတွင် ပဟေဠိဆန်နေတုန်းပင်။ ဒီခပ်မိုက်မိုက်နဲ့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူငယ်ချောချောလေးက ဘယ်သူလဲ။ ချူဖုန်း သည် အားလုံးအပေါ်တွင် အေးစက်သော်လည်း ဤလူငယ်အပေါ်တွင်တော့.. အလွန်နူးညံ့သည်။
“သာမန်ပေါင်မုန့်က ပတ္တမြား တစ်ရာတန်တယ်.. ထောပတ်နည်းနည်း ထပ်ထည့်မယ်ဆို ပတ္တမြား သုံးရာကနေ လေးရာထိရှိတယ်.. ထောပတ် နည်းနည်းပိုတာက ပိုပြီးဈေးကြီးတယ်.. ပတ္တမြားတစ်ထောင်ကျော်တဲ့ အမျိုးအစားတွေလည်းရှိသေးတယ်” ချူဖုန်း၏ အေးစက်သောမျက်လုံးတစ်စုံ သည် အနည်းငယ်ရယ်ကျဲကျဲဖြစ်နေသည်။ သူသည် တိုးညင်းသောအသံဖြင့် ပြောလိုက်၏ “ရှောင်ကျို့ မင်းမှာ ပိုက်ဆံမရှိရင် ငါ့မှာရှိတယ်နော်”
ပေထင်းဟွမ်သည် အတန်ကြာသည်အထိ အသက်မရှူနိုင်ပေ။ ပတ္တမြား တစ်သောင်းရှိသဖြင့် သူမကိုယ်သူမ သူဌေးမကြီးဟု ထင်ထားခဲ့သည်။ သူမ၏ စိတ်ထဲတွင် ယုံကြည်မှုများရှိနေတုန်းပင်။ တကယ်တော့ သူမသည် ပေါင်မုန့် ပင် မဝယ်နိုင်သည့် သူဆင်းရဲမလေးဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။
သူမသည် သားရဲထိန်းသခင်ကြီးဖြစ်သည်။ သူမသာ ဤအခြေအနေသို့ ရောက်သွားသည်ကို တခြားသူများသိလျှင် ခေါင်းငိုက်စိုက်ကျသည်အထိ ရယ်ကြလိမ့်မည်။
တုန်ဖန်းကျောက်သည် ပေထင်းဟွမ်ကိုခေါ်လိုက်သည် “ငါတို့ ဝိညာဉ်ခွဲ တောင်တန်းကိုဝင်ချင်ရင် အသွားအပြန် အနည်းဆုံး ၁၀ ရက်ကနေ ၁၅ ရက် တော့ကြာမှာပဲ.. ငါ့မှာ လတ်ဆတ်မှုကိုထိန်းထားနိုင်တဲ့ အထူးသိုလှောင် လက်စွပ်တစ်ကွင်းရှိတယ်.. တစ်ခါတည်း ပေါင်မုန့်အလုံးတစ်ရာနဲ့ ပင်လယ် နက်ရှိုင်းကျောက်စိမ်းပြာတစ်ခါတည်း ဝယ်ရအောင်.. ဝိညာဉ်ခွဲတောင်တန်း ကနေ ထွက်တာနဲ့ ဘယ်နေရာမဆိုသွားလို့ရတယ်”
ပေထင်းဟွမ်သည် စိတ်ထဲတွင် တွက်ချက်နေသည်။ သူမ၏ သောင်းချီ သော ပတ္တမြားသည် အများဆုံးမှ ပေါင်မုန့်တစ်ရာလောက်သာဝယ်နိုင်မည်။ ဖြစ်နိုင်သမျှ သေရည်အကြောင်းကို မေ့ထားသင့်သည်။ သူမ၏ သိုလှာင်နေရာ ထဲမှ သားရဲများများသည် ပေါင်မုန့်နှင့်သေရည်သောက်ရန် စောင့်ဆိုင်းနေသည် ကို တွေးမိသည်နှင့် သူမထက် ရှုံးနိမ့်သည့် သားရဲထိန်းသခင်ကြီးမရှိနိုင်လောက် ဟု ခံစားရသည်။
ဤကဲ့သို့ ထူးချွန်သည့် ပညာရှင်တစ်ဦးသည် ဤကဲ့သို့အခြေအနေမျိုး ကြုံရာသည်မှာ မကြုံစဖူးပင်။
“တုန်ဖန်းကျောက် မင်းမှာပိုက်ဆံဘယ်လောက်ရှိလဲ” ပေထင်းဟွမ်သည် ပေါင်မုန့်အလုံးတစ်ရာရရန် အလွန်သတိထားနေသည်။ ဒီလူက ဘယ်လောက် ချမ်းသာလဲ။ သူ့ကို ရန်စချင်လာသည်။
“သိပ်မများဘူး” တုန်ဖန်းကျောက်သည် ရှက်ရွံ့သွားသည်။ “မင်းထက် တော့နည်းမှာပဲ.. ငါပြောရမှာတောင်ရှက်တယ်.. ပတ္တမြားကုဋေတစ်ရာတောင် မပြည့်ဘူး”
“ကုဋေတစ်ရာလား” ပေထင်းဟွမ်သည် တအံ့တဩအော်လိုက်လေ၏။ သူမသည် နတ်အဆင့်ဆေးလုံးအတွက် တန်ရာတန်ကြေးအဖြစ် သူ၏ သိုလှောင်လက်စွပ်ထဲမှ ရှိသမျှကိုအပြောင် မသိမ်းမိသည်ကို နောင်တရမိ၏။ ချက်ချင်းဆိုသလိုပင် သူမ မခန့်စွာပြောလိုက်သည် “ဟုတ်ပြီ ဝိညာဉ်ခွဲတောင် ကြားမှာရှိတုန်း ငါ့ကုန်ကျစရိတ်ကို မင်းတာဝန်ယူလိုက်တော့”
တုန်ဖန်းကျောက်သည် အညစ်ခံလိုက်ရသလိုခံစားရလေသည်။ သူသည် မပြောသင့်သည့် စကားကို ပြောလိုက်မိသလိုခံစားရလေသည်။ သူသည် မယုံ နိုင်သေးပေ “မင်းမှာ ပိုက်ဆံမရှိဘူးလို့ မပြောနဲ့နော်”
ဘယ်သူယုံမှာလဲ။ ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ် မှော်သားရဲတွေ ဒီလောက် အများကြီးရှိမှာလဲ။ ပိုက်ဆံမရှိရင် အသက် ၁၄ နှစ်လောက်နဲ့ ကောင်းကင် အဆင့်တစ်ဝက်အထိရောက်နိုင်ပါ့မလား။ အနည်းဆုံးတော့ ဒီတိုက်ကြီးက ၉၉ ရာခိုင်နှုန်းလောက်က ပိုက်ဆံရှိမှ လေ့ကျင့်လို့ရမှာလေ။ ပေထင်းဟွမ်လို ပြိုင်ဘက်ကင်းပါရမီရှင်က ပိုက်ဆံမရှိဘူးတဲ့လား။
“ဟုတ်တယ် ထူးဆန်းလို့လား ငါ့မှာပိုက်ဆံမရှိရုံတင်ပါ” ပေထင်းဟွမ် သည် ပခုံးတွန့်လေသည် “ဘယ်လိုပဲဖြစ်ဖြစ် ငါ ဝိညာဉ်ခွဲတောင်တန်းမှာရှိနေ တုန်း မင်းငါ့ကိုကူညီဖို့ အစွမ်းကုန်လုပ်ပေးပါမယ်လို့ ကတိပေးပြီးသွားပြီ အဲထဲမှာ ဘဏ္ဍာရေးကိစ္စလည်းပါတယ်”
အမှားများလုပ်မိလိုက်လို့လား။ တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား နားမလည်တော့ပေ။ ဤကောင်လေးအား နားလည်အောင်လုပ်ရန်မှာ အသစ် အသစ်ဖြစ်သွားသလို ခံစားရသည်။ သူသည် သူထင်ထားသည်ထက်ပင် အရှက် ကင်းမဲ့နေသည်။
***