ဘာလို့ ပိုက်ဆံမလောက်တာလဲ *
Vol. 12 Ch. 239
“ဘာလို့ပိုက်ဆံမလောက်တာလဲ” တုန်ဖန်းကျောက်သည် လမ်းပျောက် သွားသလို သူ့ကိုယ်သူ ရေရွတ်မိသည်။ လူကိုယ်တိုင်ညှဉ်းပန်းခံရပြီးနောက် သူ့ပိုက်ဆံအိတ်ပါ နှိပ်စက်ခံနေရပြီ။ သူ ဘာလို့ဒီလောက်တောင် ကံဆိုးရတာ လဲ။
ပေထင်းဟွမ်သည် ဘာမှမပြောခဲ့ပေ။ သူမ၏မျက်လုံးများသည် ဘေးနှစ် ဖက်ရှိ ဆိုင်များအပေါ်၌သာ ကျရောက်နေသည်။ ဤနေရာသည် ရိုးရှင်းပြီး အရိုင်းသက်သက်သာဖြစ်သော်လည်း ပစ္စည်းအမျိုးမျိုးသည် မျက်စိကိုဖမ်းစား နိုင်သည်။ အဆင့်အမျိုးမျိုးရှိသည့် မှော်အမြုတေများ၊ မှော်သားရဲများ၏ အဖိုးတန်အမွေးများ၊ ချွန်ထက်သောလက်သည်းများနှင့် လက်နက်သန့်စင်ရာ တွင်သုံးသည် အရိုးများ၊ သန္ဓေပြောင်းမှော်သားရဲသွေး၊ အမြစ်အစရှိသဖြင့် ရှိသည်။ ကျင့်ကြံသူများ၏ ကျင့်စဉ်ခွန်အားနှင့် အဆင့်တက်ရာတွင် အထောက် အကူပြုသည့် ဝိညာဉ်သစ်သီးများလည်းရှိသည်။ ထို့ကြောင့်ပင် ဤနေရာကို လုယက်သည့် ကျွမ်းကျင်သူများလည်းရှိသည်။ ဝိညာဉ်သစ်သီးအမျိုးအစားများ ကိုကြည့်ပြီး ပေထင်းဟွမ်သည် လုယက်ချင်လာသည်။
သူမကို ဘယ်သူက ဆင်းရဲခိုင်းလို့လဲ။
“သခင်တုန်ဖန်းကျောက် ခင်ဗျားကို ရှာနေတာကြာပြီ”
လန်းဆန်းမှုအပြည့်နှင့် အသံတစ်သံထွက်လာသည်။ သူ့ရှေ့တွင် အနီရောင်ပိတ်ပါးဝတ်ဆင်ထားသည့် လန်းဆန်းသည့်မိန်းမပျိုတစ်ဦးသည် ပြေးပြီး တုန်ဖန်းကျောက်အား လေးစားမှု၊ စွဲလမ်းမှုအပြည့်ဖြင့် ကြည့်လေ၏။
“ယီနာ.. ငါ့ကိုဘာလို့ရှာတာလဲ” တုန်ဖန်းကျောက်၏အပြုံးသည် စစ်မှန် သည်။ ၎င်း၏မြင့်မြတ်သော ပြောဆိုပြုမူပုံသည် ထင်ရှားလှကာ စကားလုံးများ သည် ပညာသားပါလှသည်။
ယီနာ၏မျက်လုံးများထဲတွင် စိတ်ပျက်မှုများပေါ်လာပြီး သူမ၏မျက်လွှာ များကို အသာချသွားသည် “ဒီလိုပါ တုန်ဖန်းကျောက်.. တုန်ဖန်းမိသားစုက ကျွန်မတို့ဆိုင်မှာပါ.. သခင်တုန်ဖန်းကျန့်က အပြင်မှာရှင့်ကိုစောင့်ပြီးတွေ့တာနဲ့ လာပြောဖို့ ပြောထးလို့ပါ”
တုန်ဖန်းကျောက်သည် ယီနာ၏မျက်လုံးထဲမှ ပြောင်းလဲမှုကို သတိမထား မိပုံပင်။ သူမ၏မျက်နှာတွင် နွေးထွေးပြီး ခပ်တန်းတန်းဖြစ်သော မျက်နှာထား ရှိနေတုန်းပင်။ သူသည် ခေါင်းညိတ်ပြီး ပေထင်းဟွမ်အား လှည့်ပြောလေသည် “ငါတို့တွေ ဘာလို့အတူမသွားရမှာလဲ.. ယီနာရဲ့ဆိုင်မှာလည်း ပေါင်မုန့်နဲ့ သေရည်ရောင်းတာပဲ.. အဲဒီမှာ ပစ္စည်းဝယ်လို့ရတယ်”
ယီနာ၏နွေဦးကဲ့သို့ ကြည်လင်သောမျက်လုံးများတွင် ပျော်ရွှင်မှုနှင့် ကျေနပ်မှုများပေါ်လာသည်။ သူမ ပြုံးပြီး ပေထင်းဟွမ်နှင့်ချူဖုန်းတို့ကို ဖိတ် လိုက်သည် “သခင်လေးနဲ့ သခင်ချူဖုန်းတို့ ကျွန်မတို့ဆိုင်မှာက အရသာ အကောင်းဆုံးပေါင်မုန့်နဲ့ အပြင်းဆုံးသေရည်ကို အနည်းဆုံးဈေးနဲ့ ရောင်းပေးပါ တယ်.. စိတ်မပူကြပါနဲ့ တုန်ဖန်းကျောက်မျက်နှာထောက်ပြီး ကျွန်မက တခြား မကောင်းတဲ့စိတ်နဲ့လှည့်စားမှာမဟုတ်ပါဘူး”
ပေထင်းဟွမ်သည် တုန်ဖန်းကျောက်ကို မျက်စိထောင့်မှကြည့်လိုက်၏၊။ ဒီကောင်က မိန်းကလေးတွေနဲ့ အရောဝင်တဲ့နေရာမှာ တကယ်တော်တာပဲ။ သူသည် မိန်းကလေးများကို မော်ကြည့်အောင်လုပ်နိုင်သည် “မိန်းကလေးယီနာ အဆင်ပြေသလိုလုပ်ပါ.. ကျွန်တော်က တုန်ဖန်းကျောက်ရဲ့ ညီအစ်ကိုကောင်း ပါ သူကကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပေးပါမယ်လို့ ကတိပေးထား တော့ ခင်ဗျားကျွန်တော့်ကိုလိမ်မှာကို စိတ်မပူပါဘူး”
မှော်သားရဲတောမှာက ဘယ်သူကများ ဒီလောက်ရိုးရှင်းမှာလဲ။
ထင်ထားသည့်အတိုင်းပင် ယီနာ၏မျက်လုံးထဲတွင် စိတ်ပျက်မှုများ ဖြတ်ပြေးသွားသည်။ သူမသည် ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်အား လျစ်လျူရှုကာ ချူဖုန်းကိုသာခေါ်သွားလေသည်။ သူမသည် ဆိုင်သို့သွားရာ လမ်းတွင် တုန်ဖန်းကျောက်နှင့် ရယ်ရယ်မောမောပင် စကားပြောသွားလေ၏။
သူမ ပေထင်းဟွမ်အား “သခင်လေး” ဟုခေါ်ဝေါ်သည်မှာ ပေထင်းဟွမ် အားမလေးစားခြင်းပင်။ ဤတိုက်ကြီးတွင် တိုက်ခိုက်ရေးပညာရှင်များသည် ပေထင်းဟွမ်ကို အနည်းဆုံး “သခင်” ဟုခေါ်ဝေါ်ရမည်။ သူမသည် ပေထင်းဟွမ်ကို ၁၄ နှစ်အရွယ်ကလေးဟု မြင်နေပုံပင်။ ဤလောက်ငယ်ရွယ် နေသည်မှာ အများဆုံးမှ အဆင့်နိမ့်ကြယ်ဓားသခင်အဆင့်လောက်သာရှိမည်။ သူသည် လှည့်လည်သွားလာသူစခန်း၏ အောက်ခြေအဆင့်သာဖြစမည်။ ဤကဲ့သို့ ခွန်အားရှိသည့်လူများသည် ဘယ်တုန်းကမှ ချမ်းသာခြင်းမရှိခဲ့သဖြင့် သူမ၏ ခမ်းနားမှုနှင့်မထိုက်တန်ပေ။
ဟုတ်ပါသည်။ တုန်ဖန်းကျောက်သည် ပေထင်းဟွမ်၏ စရိတ်အားလုံးကို ရှင်းပေးခဲ့သည်။ ဤနေရာသည် အင်ပါယာမြို့တော်ကဲ့သို့ နေရာမျိုးမဟုတ်ပေ။ မသန်မာသူသည် ပေါင်မုန့်တစ်ဖဲ့ပင်မရနိုင်ပေ။
“ရှောင်ကျို့ ယီနာရဲ့ဆိုင်မှာ လတ်ဆတ်မှုကိုထိန်းနိုင်တဲ့ သိုလှောင် လက်စွပ်လည်းရှိတယ်.. ခဏနေရင် မင်းအတွက်ဝယ်ပြီး ပေါင်မုန့်အလုံး တစ် ထောင်လောက်ဖြည့်ပေးမယ်” တုန်ဖန်းကျောက်သည် ယီနာအားပြောရင်းနှင့် ခြေနှစ်လှမ်းဆုတ်လာသည်။ သူသည် ပေထင်းဟွမ်အား ဆွဲပြီး နွေးထွေးစွာ ပြောလေသည်။
ယီနာသည် မှင်တက်သွားသည်။ တုန်ဖန်းကျောက် တခြားတစ်ယောက်ကို နူးညံ့စွာဆက်ဆံပုံကိုမမြင်ဖူးပေ။ ဟုတ်သည် သူသည် ထိုကောင်လေးကို နူးညံ့စွာဆက်ဆံနေသည်။ သူသည် တရင်းတနှီးလေသံဖြင့်ပြောပြီး အလွန်ပင် သဘောထားကြီးနေသည်။ သူ့ပါးစပ်ဟလိုက်သည်နှင့် လတ်ဆတ်မှုထိန်းနိုင် သည့် သိုလှောင်လက်စွပ်အကြောင်းပြောနေသည်။ ထောင်ချီသော ပေါင်မုန့်လုံး များကိုပါတွဲဖက်လိုက်သေးသည်။ အဲဒါဘယ်လောက်တန်လိုက်လဲ။
***