← Chapters

ဝိညာဉ်သခင်မျိုးနွယ်ကြီးလေးခု

Vol. 12 Ch. 240

ဝိညာဉ်သခင်မျိုးနွယ်ကြီးလေးခု

Vol. 12 Ch. 240

ယီနာသည် ထင်ယောင်ထင်မှားဖြစ်သွားသလိုပင် ခံစားလိုက်ရသည်။ ၎င်းသည် ရေခဲတုံးလူချောလေးဟု လူသိများသည် ချူဖုန်းဖြစ်သည်။ သူ၏ မျက်နှာသည် ကမ္ဘာပေါ်ရှိ အချောဆုံးရေခဲပန်းပုဖြစ်သည်။ လှည့်လည်သွားလာ သူ စခန်းတွင် သူ့ကိုလေးစားသည့် မိန်းကလေးအများအပြားရှိသည်။ သို့သော် သူသည် တစ်ယောက်ကိုမှ မစဉ်းစားခဲ့ပေ။ သူ့အဖွဲ့သားမှလွဲပြီး တခြားသူများ နှင့် စကားမပြောခဲ့ပေ။

ဒါပေမဲ့ ခုနက ယီနာဘာမြင်လိုက်မိတာလဲ။ ချူဖုန်းသည် အမှန်တကယ် ပင် လူငယ်ပုံစံပေါက်နေသည်။ သူ့မျက်လုံးထဲမှ အပြုံးသည် ပထမဆုံးရေခဲနှင့် နှင်းအရည်ပျော်သကဲ့သို့ဖြစ်ပြီး သူ၏ချမ်းသာမှုကိုပါ သူမကိုပေးမည့်သဘောရှိ သည်။ “ရှောင်ကျို့ ငါ ဝိညာဉ်ခွဲတောင်တန်းမှာ နှစ်တွေအများကြီး နေခဲ့တာ.. လက်ထဲမှာ နည်းနည်းစုမိထားတယ် ငါ့ပိုက်ဆံသုံးပါ”

ဤကမ္ဘာကြီးသည် အနည်းငယ်ဆန်းကြယ်သည်။ ယီနာသည် မူးမေ့ပြီး မြေကြီးပေါ်သို့ လဲကျမတတ်ပင်။ သူမသည် ပေထင်းဟွမ်အား ခိုးကြည့်မိသည်။ ဒီလူငယ်က ဘာတွေများထူးခြားနေလို့လဲ။

“သခင် ကျွန်မ ရှင့်ကိုဘယ်လို ခေါ်ရမလဲမသိဘူး” ၎င်းသည် လေအဝေ့ တွင်ပြောင်းလဲတတ်သည့် အရောင်းအဝယ်သမား၏ အလိုလိုသိစိတ်ဖြစ်သည်။ ယီနာသည် ပြုံးပြီး ပေထင်းဟွမ်အား ဦးစွာမေးလေသည်။

“ငါ့သခင်ရဲ့နာမည်က မင်းသိချင်တိုင်းမေးရမယ့်ဟာမဟုတ်ဘူး” ချူဖုန်း ၏မျက်နှာသည် အေးစက်နေသည်။ သူမပြုံးသော်လည်း သူ့မျက်နှာအမူအရာ သည် အလွန်တင်းမာနေသည်။ သူ၏အကြည့်သည် စူးရှနေကာ တစ်ကိုယ်လုံးမှ အေးစက်သောရောင်ဝါခပ်ဖျော့ဖျော့ထွက်ပြီး လူများကို ခြေသုံးလှမ်းခန့် နောက်ဆုတ်သွားစေသည်။

“သခင်ဟုတ်လား” ယီနာသည် နောက်သို့ဆုတ်သွားမိသည်။ ချူဖုန်း၏ ခြိမ်းခြောက်မှုနှင့်ယှဉ်လျှင် ယီနာသည် ချူဖုန်း ပေထင်းဟွမ်ကို ခေါ်ဝေါ်သည့် အခေါ်အဝေါ်ကို ထိတ်လန့်သွားခြင်းပင်။ လှည့်လည်သွားလာသူစခန်းသည် ချူဖုန်း၏နောက်ခံကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သူ၏စကားများ၊ အပြုအမူ များနှင့် အမူအကျင့်များအရ သူသည် တော်ဝင်မိသားစုမှ မွေးဖွားလာခြင်းဖြစ် မည်။ သူ့ဘေးမှ ကိုယ်ရံတော်သည် အဆင့်မြင့်ကြယ် ၃ ပွင့်ရှိလိမ့်မည်ဟု သူမ ခန့်မှန်းမိသသည်။

မင်းမျိုးမင်းနွယ်နောက်ခံရှိတဲ့ သခင်လေးက ခစားနေတဲ့သခင်က ဘယ်လိုလူမျိုးဖြစ်မလဲ။ ယီနာသည် သူမ၏စိတ်များ အလုပ်မလုပ်တော့သလို ခံစားလိုက်ရသည်။

ယီနာသည် အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ်အား အရိုအသေပြု လိုက်သည် “သခင် ခုနက ကျွန်မကန်းသွားပါတယ်.. အပြစ်လုပ်မိရင် တောင်းပန်ပါတယ်”

ဤလူသည် ပွင့်လင်းသည်။ သို့သော် ပေထင်းဟွမ်သည် ဤကဲ့သို့ အရေးမပါသည့် ယင်ကောင်ကို အရေးတယူမလုပ်ပေ။ သူမသည် ခွင့်လွှတ်ရန် ကိုပင် မတွေးပေ။

ပေထင်းဟွမ်သည် သူမကို မျက်စိထောင့်မှကြည့်လိုက်သည်။ သူမသည် တောငန်းကဲ့သို့ အေးစက်ကာ ယီနာအား အသာခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာထားသည် သက်ရှိများအားလုံးကို အထင်သေးသည့် နတ်ဘုရား လိုပင်။ ထိုအခိုက်အတန့်တွင် ယီနာသည် အသက်ကိုအခြေခံပြီး အကဲဖြတ်မိ သည့်အတွက် နောင်တရမိလေသည်။ ဒီတိုက်မှာ အသက်ငယ်တဲ့ပါရမီရှင်တွေ က နည်းတယ်လေ။

တုန်းဖန်းကျောက်နဲ့ ချူဖုန်းလိုမျိုး ဂုဏ်မောက်ပြီး တသီးတခြားနေတတ် တဲ့လူမျိုးနဲ့ ခရီးအတူသွားနိုင်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ် အထင်သေးမိ တာလဲ။

ကံကောင်းစွာပင် ထိုလူငယ်သည် အရေးတယူမရှိခဲ့ပေ။ ယီနာသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ရှေ့မှလမ်းပြလေသည်။ သူမသည် ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ ပေထင်းဟွမ်အား ကြည့်နေသေးသည်။ သူမသည် တုန်ဖန်းကျောက်နှင့် ချူဖုန်းတို့ကို အရင်ကထက်ပင် ပိုလေးစားလာ သည်။

ကန့်လန့်ကာပွင့်လာသည်။ သူတို့သုံးယောက် တံခါးတွင်ပေါ်လာသည်ကို ကြည့်ပြီး မူလကဆူညံသံများသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ အားလုံးသည် ခေါင်းလှည့်ကာ တံခါးဆီသို့ကြည့်ကြသည်။ အနက်ရောင်ဝတ် ထားသည့် အေးစက်ပြီး မောက်မာသောလူငယ်၊ အပြာရောင်ဝတ်ထားသည့် နူးညံ့ပြီးမျိုးရိုးမြင့်လူငယ်နှင့် စစ်နတ်ဘုရားကဲ့သို့ ပြောင်မြောက်သည့် ချပ်ဝတ် တန်ဆာဝတ်ဆင်ထားသည့် ရေခဲတုံးလူငယ်တို့ သုံးဘောက်သည် အားလုံးကို မှင်တက်သွားစေသည်။

ပေထင်းဟွမ်၏ မျက်လုံးသည် တစ်နေရာလုံးကို အကဲခတ်လိုက်သည်။ ပြတင်းပေါက်ဘေးရှိစားပွဲတွင် အရောင်အသွေးစုံပြီး ထူးခြားသည့် ဝိညာဉ် သခင်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် အမျိုးသမီး လေးဦးရှိသည်။ သူတို့ကိုကြည့်ရုံနှင့် ဖိနှိပ်ခြင်းကိုခံစားရစေသည့် သူတို့၏ခန္ဓာကိုယ်မှ ထူထဲသောရောင်ဝါသည် သူတို့လေးယောက်၏ ထူးခြားမှု ကို ညွှန်ပြနေသည်။ သူတို့လေးယောက်ဆီမှ ဝတ်ရုံအရောင်များသည် တစ်ချိန် တည်းပေါ်ပေါက်လာသည်။ သူတို့သည် ပုံမှန်မဟုတ်ကာ အဖွဲ့အစည်းလေးခု ဖြစ်သည့် နဂါးပြာ၊ ကျားဖြူ၊ ဟင်္သာပဒါးငှက်နှင့် လိပ်မည်းတို့ကို ကိုယ်စားပြုနေသည်။

ခန်းမတစ်ခုလုံးတွင် အသက် ၂၀ ဝန်းကျင်ရှိ ယောက်ျားပျို၊မိန်းမပျိုများ ရာချီအထက်ရှိသည်။ သူတို့သည် တူညီသောဝတ်ရုံရှည်မျာကိုဝတ်ဆင်ထား ကာ အရောင်လေးရောင်ခွဲခြားထားသည်။ သူတို့သည် အဝတ်အစားအရောင် အတိုင်းထိုင်နေကြကာ သူတို့၏ခန္ဓာကိုယ်သည် အဆင့်အတန်း၏ ဂုဏ်သိက္ခာ ကိုတပြိုင်နက်ဖော်ပြနေသည်။

***

All Chapters