← Chapters

ရန်ကျောက်ကဲအပေါ်အမြင်ပြောင်းလဲသွားပြီ

Vol. 66 Ch. 931

ရန်ကျောက်ကဲအပေါ်အမြင်ပြောင်းလဲသွားပြီ

Vol. 66 Ch. 931

အခန်း (၉၃၁) ရန်ကျောက်ကဲအပေါ်အမြင်ပြောင်းလဲသွားပြီ

ကျန်းမော့ထံမှ အတည်ပြုချက်ရယူပြီးနောက် နုန်လီတောင်မှ ကျင့်ကြံသူများ နောက်ပြန်ဆုတ်သွားကြသည်။

ကျင်းထင်တောင်မှမုကျွင်းမျာ သူတို့၏ရန်သူဖြစ်ပြီး သူတို့ကြားတွင် မကြာခင်တိုက်ပွဲဖြစ်ပွားတော့မည်ဖြစ်လေရာ သူတို့က သေချာပေါက် သူ၏စကားများကို မယုံကြည်ချင်ကြပေ။

သို့ပေသိ ကျန်းမော့ထံမှ အဖြေက သူတို့အားလုံးကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့သည်။

ထိုက်စုယွမ်ကျွင်းက ဖိအားပေးသဖြင့် ရန်ကျောက်ကဲက သူတို့ကိုမသတ်ဘူးဆိုလျှင်တောင်မှ သူတို့တွင် ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ပေ။ သူတို့အနေဖြင့် ရန်ကျောက်ကဲ မျက်နှာသာပေးရန်အတွက် အခွင့်အရေးရရှိမည်မဟုတ်ဘဲ သူတို့အသက်မဆုးရှုံးစေရေးအတွက် ကူရာကယ်ရာမဲ့စွာ တွန်းလှန်ကြရမည်ဖြစ်သည်။

သို့သော် ယခုတော့ ထိုသူက သူတို့ကို ကြက်လေးငှက်လေးများပမာ ဖမ်းဆီးပြီးနောက် ထွက်ခွာသွားခဲ့ပေပြီ။

အဝေးမှအရာအားလုံးကိုတွေ့မြင်နေသည့် ကျင်းထင်တောင်မှ မုကျွင်းကိုမပြောနှင့် ၊ ရွှမ်လျိုကျောင်းတော်မှ သိုင်းကျင့်ကြံသူများက အနီးကပ်တွေ့မြင်ခဲ့ရသည်ပင်။

အထူးသဖြင့် သူတို့က ကလေးမလေး ကွမ်းယွိလော်နှင့် ငြင်းခုံနေကြစည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ကျောက်ကဲက သူတို့ကိုမျက်နှာဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။

နုန်လီတောင်မှ သိုင်းကျင့်ကြံသူများမှာ အရှက်ကွဲလွန်းသဖြင့် မြေကြီးထဲတွင်းတူးကာ ဝင်ချင်စိတ်ပင် ဖြစ်လာမိကြသည်။

ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေကြီးရှိရာနေရာသို့ ကွမ်းယွိလော်ကလှမ်းကြည့်ရင်း ကျန်းမော့ကို အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။

“ဆရာဦးလေး... ‘ရန်’သခင်လေး ဒီအတိုင်းဆက်လုပ်မယ်ဆိုရင် သူ့အတွက် တစ်ခုခုဖြစ်နိုင်သလား”

ကျန်းမော့က ခေါင်းခါယမ်းရင်း...

“မဖြစ်နိုင်ဘူး”

သူက ဆက်ပြောသည်။

“ဒီလူက မောက်မာပေမယ့် ဒေါသအလျှောက် စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်တော့ မဟုတ်ဘူး ၊ ပြီးတော့ သူက ရွက်လှေပေါ်အလျင်စလိုတက်သွားတာလည်း မဟုတ်ဘူးလေ”

ကွမ်းယွိလော်မှာ ကျန်းမော့ကို စူးစိုက်ကြည့်နေမိသည်။

ကျန်းမော့က...

“ဘာပဲဖြစ်ဖြစ် ပိုးသားဧကရာဇ်က မြောက်ဖေးတောင်ထွတ်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူပဲလေ”

ထိုက်စုယွမ်ကျွင်းက အရှေ့တောင်ထိပ်တန်းအရှင်သခင် ၊ ဖုထင်တို့နှင့် ဆက်ဆံရေးဆိုးရွားသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် သူမနှင့် ပိုးသားဧကရာဇ်တို့က ဆရာတစ်ယောက်တည်း၏တပည့်များမဟုတ်ကြသဖြင့် ဆက်ဆံရေးက သာမန်မဟုတ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စ သူမက နုန်လီတောင်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး မာနကြီးသူတစ်ယောက်ဖြစ်သည့်တိုင် အဖြစ်မှန်ကိုတော့ နားလည်နိုင်ဆဲ ဖြစ်၏။

ပိုးသားဧကရာဇ်က မြောက်ဖေးတောင်ထွတ်၏အရှင်သခင်ဖြစ်သလို အထက်ဘုံကမ္ဘာမှ ဧကရာဇ် (၅)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

ပိုးသားဧကရာဇ်၏ရပ်တည်ချက်သဘောထား မည်သို့ရှိမည်ကိုမပြသမီ ရန်ကျောက်ကဲအတွက် ခက်ခဲအောင်လုပ်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ရန်ကျောက်ကဲကို သူမက လွယ်လွယ်နှင့် အနိုင်ယူနိုင်မည်ဆိုပါက မိုးနှင့်မြေ၏ အတိုင်းအဆကိုမသိသော ၊ မောက်မာသည့်လူငယ်ကို သင်ခန်းစာပေးပြီး အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ဇနီး ၊ သူငယ်ချင်းဖြစ်သူကို ကူညီပေးမည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက ကိုင်တွယ်ရန်မလွယ်ကူကြောင်း သိလိုက်ရပြီးနောက် တောက်ယွိအနေဖြင့် သတိဖြင့်ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတော့ ပိုးသားဧကရာဇ်က ရန်ကျောက်ကဲနှင့် ရန်တိကို အမုန်းတရားမဲ့တာအိုနန်းတော်သို့ ဧည့်သည်တော်အဖြစ် ဖိတ်ကြားသည်ကို သူမ သိရှိခဲ့သည်။

ပိုးသားဧကရာဇ်က ရန်ကျောက်ကဲတို့သားအဖအပေါ် မည်သို့သဘောထားသည်ကို မသေချာသော်လည်း ပေါ့ပေါ့တန်တန်လုပ်ရမည့်ကိစ္စ မဟုတ်ပေ။

ထို့ပြင် ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြားမှတိုက်ပွဲသည်လည်း မကြာခင် စတင်တော့မည် ဖြစ်၏။ နောက်ဆက်တွဲပြဿနာများမဖြစ်စေရန်နှင့် ပိုးသားဧကရာဇ်ကို ကူညီရန်အတွက် တောက်ယွိက ဤနေရာတွင် ရှိနေခြင်းပင်။

အခြားအချိန် ၊ အခြားနေရာဆိုလျှင် တောက်ယွိ၏ဒေါသဖြင့်ဆိုလျှင် ရန်ကျောက်ကဲအပေါ် သတ်ဖြတ်လိုခြင်းမရှိသည့်တိုင် ရန်ကျောက်ကဲ သင်ခန်းစာတော့ ကောင်းကောင်းပေးမည် ဖြစ်သည်။

ယခုတော့ သူမအနေဖြင့် သည်းခံရုံသာ တတ်နိုင်သည်။

ကျန်းမော့က ကြာပန်းနီရွက်လှေဆီသို့ လှမ်းကြည့်ရင်း...

“ဒီလူငယ်က တကယ်မရိုးရှင်းဘူးပဲ”

ရန်ကျောက်ကဲ၏သိုင်းဂိုဏ်းဖြစ်သော ဝါဒ‌တောင်သည် တာအိုဝါဒ၏ အရှေ့ဘက်တောင်တန်းဖြစ်သော ‘ဝါဒတောင်’ အမည်ကို သုံးစွဲထားသည့်တိုင် မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒ တောင်ထွတ် (၅)ခုနှင့် မသက်ဆိုင်ကြောင်း လူတိုင်းသိရှိကြသည်။

‌အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာသောသိုင်းဂိုဏ်းများတွင် ဝါဒတောင်က နှစ်အနည်းငယ်အတွင်း တည်ငြိမ်စွာခြေကုပ်ယူနိုင်ခဲ့ပြီး အရှိန်အဟုန်ဖြင့် ကျော်ကြားလာသည့်တိုင် ဂိုဏ်းငယ်တစ်ခုမျှသာ ဖြစ်၏။

ဝါဒတေငာ်တွင် ထိပ်တန်းအရှင်သခင်အဆင့် ၊ ဧကရာဇ်အဆင့် ၊ အုပ်စိုးရှင်အဆင့် တန်ခိုးစွမ်းအားရှင်များ ရှိရန်မဆိုထားနှင့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ပင် မရှိခဲ့ပေ။

ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့ ၊ ရှန်လင်ကျီ ၊ တာအိုဆရာရှီနှင့် ဧကရာဇ်ရွှမ်ချန်တို့ ဝါဒတောင်တွင် သေဆုံးခဲ့ကြသော်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ပြင်ပမှ လူအများစုက ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူ၏အစွမ်းကြောင့်ဟုသာ ယုံကြည်ထင်မှတ်ထားကြသည်။

ဝါဒတောင်က နည်းပါးလှသည့်အင်အားဖြင့် ထိုရှေးဟောင်းရတနာပစ္စည်းများကို မည်သို့ကိုင်ဆောင်သည်ကို သူတို့အနေဖြင့် စူးစမ်းလိုစိတ်ရှိကြသော်လည်း ထိုဂိုဏ်း၏စွမ်းအားက တာရှည်ခံမည်ဟု မထင်ခဲ့ကြပေ။

ဝါဒတောင်သည် အသက် (၁၀)နှစ်အရွယ်ကလေးငယ်တစ်ယောက်က အဖိုးတန်ရတနာများကိုကိုင်ဆောင်ပြီး စျေးတန်းထဲလမ်းလျှောက်နေသည့်ပမာဖြစ်သည်ဟု လူအများက ရှုမြင်ကြသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ကာကွယ်ပေးထားသလို ပိုးသားဧကရာဇ်၏သဘောထားကလည်း မရှင်းလင်းသေးသဖြင့် သူတို့ကို မည်သူမှ ဒုက္ခမပေးသေးခြင်း ဖြစ်သည်။ မဟုတ်ပါက အချိန်ကြာမြင့်စွာကတည်းက ထိုရတနာပစ္စည်းများလုယူခံရနိုင်ဖွယ် ရှိသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့်မပတ်သက်ရန် သူ၏တပည့်များကို တင်းတင်းကျပ်ကျပ်အမိန့်ထုတ်ထားသည်။

သို့သော် ဤသည်က သူတို့အနေဖြင့် ဝါဒတောင်ကိုမဆန့်ကျင်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အခွင့်အရေးရပါက ဝါဒတောင်ကို တိုက်ခိုက်ရန် စိတ်ဝင်စားမည်မှာ သေချာသည်။ သူတို့အနေဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကို မယူသည့်တိုင် ဝါဒတောင်မှ အခြားသောရတနာပစ္စည်းများစွာကို ရယူနိုင်သည် မဟုတ်ပါလား။

အနောက်ပိုင်းထိပ်တန်းအဆက်အနွယ်များအနေဖြင့်လည်း ဖန်းယွင်ရှန်းက ကွမ်းယွိလော်ကို ကယ်တင်ခဲ့သဖြင့် ဝါဒတောင်ကို အနည်းငယ်လေးစားမိကြသော်လည်း သူတို့က ဝါဒတောင်နှင့် ရင်းနှီးသူများ မဟုတ်ကြပေ။

သူတို့မျက်လုံးထဲတွင် ဝါဒ‌တောင်ကို ထိုမျှလောက် အလေးသာမည်ဟု ထင်မှတ်မထားကြပေ။

သို့သော် ယနေ့ ရန်ကျောက်ကဲနှင့်တွေ့ဆုံပြီးနောက် သူတို့၏မူလအထင်အမြင်များ တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကို မျက်မြင်တွေ့ရှိပြီးသည့်နောက် သူတို့အနေဖြင့် ခြားနားသောအလင်းရောင်ကို သူ့ထံတွင် တွေ့မြင်လိုက်ကြသည်။

ကျန်းမော့က မနီးမဝေးတွင်ရှိနေသည့် မုကျွင်းကို လှမ်းကြည့်လိုက်သည်။

မုကျွင်းက သူ့အကြည့်ကိုခံစားမိသော်လည်း စကားမဆိုဘဲ ကြာပန်းနီရွက်လှေဆီသို့သာ လှမ်းကြည့်လိုက်သည်။

နုန်လီတောင်အဆက်အနွယ်များက သာမန်အဆင့်နိမ့်သိုင်းကျင့်ကြံသူများ မဟုတ်ကြပေ။

ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာ (၁၀)စောင်မှ ဗလာနယ်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူများဖြစ်ကြသည်။

သူတို့က ထာဝရညမိုးကြိုးစွမ်းအားကို မသိရှိကြသော်လည်း နတ်ဘုရားသိမြင်ခြင်းအဆင့် တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

မုကျွင်းက အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်ဖြစ်သလို ကျင်းထင်တောင်မှ တပည့်ရင်းလည်း ဖြစ်သည်။

သူ့အနေဖြင့် ယခုရောက်ရှိနေသည့် နုန်လီတောင်သိုင်းသမားများအားလုံးကို အနိုင်ယူရန် မခက်ခဲသော်လည်း ရန်ကျောက်ကဲကဲ့သို့ တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်ရန်မှာ ခက်ခဲပေမည်။

ခုခံခြင်း၊ အနိုင်ယူခြင်း၊ သတ်ဖြတ်ခြင်း၊ အသက်ရှင်လျက်ဖမ်းဆီးခြင်း။

ဤအချက်များက ကြီးစဉ်ငယ်လိုက်ပြုလုပ်ရန်ခက်ခဲသည့်အလုပ်များ ဖြစ်၏။

မုကျွင်းသည်ပင် ရန်ကျောက်ကဲကိုရင်ဆိုင်ရပါက မည်သို့ ရုန်းထွက်ရမည်ကို တွေးတောမရနိုင်ပေ။

ခဏမျှစဉ်းစားပြီးနောက် သူတစ်ချက်ပြုံးလိုက်ရင်း ထိုအကြောင်းကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

သို့တိုင် မည်သို့မှမတတ်နိုင်စွာ ရန်ကျောက်ကဲနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည်မှာ ဘယ်လောက်ပင်ကြာသေးသည်လဲဟုတွေးမိပြီး မှင်တက်ရပြန်သည်။

ရန်ကျောက်ကဲကတော့ ရွက်လှေအောက်မှလူများ မည်သို့တွေးတောနေကြသည်ကို အရေးမစိုက်ပေ။

ကြာပန်းနီရွက်လှေထက်သို့ရောက်လာပြီးနောက် မြောက်ဖေးတောင်ထွတ်မှတပည့်က ခန်းဆောင်တစ်ခုဆီသို့ လိုက်ပါပို့ဆောင်ပေးသည်။

ထိုခန်းဆောင်ကြီးအတွင်းမှ ပရိဘောဂများက ထူးထူးခြားခြား ကြီးကျယ်ခမ်းနားလွန်းလှသည်။

ရန်ကျောက်ကဲ မျက်ခုံတစ်ချက်ပင့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အထက်ဘုံကမ္ဘာမှာပင် မျိုးသုဉ်းလုနီးပါးဖြစ်နေသော အဖိုးတန်ရှားပါးရတနာပစ္စည်းများကို တွေ့လိုက်ရသည်။

ပိုးသားဧကရာဇ်က ကောင်းမွန်သောဘဝနေထိုင်ခြင်းကို နှစ်သက်သဘောကျသည်မှာ အမှန်တကယ် ချဲ့ကားခြင်း မဟုတ်ပေ။

သို့သော် ယခု ခန်းမထဲတွင်ရှိနေသူက မိန်းမပျိုတစ်ယောက်ဖြစ်သည်။

သူမပုံစံက အသက် (၂၀) (၃၀) ဝန်းကျင်ဖြစ်ပြီး မိန်းမပျိုတစ်ယောက်၏ အလှဆုံးအရွယ်ဖြစ်သည်။

သူမ၏အလှတရားကလည်း တကယ့်ကိုရှားပါးသည့်အလှတရားမျိုးဖြစ်သော်လည်း သူမ၏မျက်ခုံးများတွင်တော့ မာနထောင်လွှားမှုများကို တွေ့မြင်နိုင်ပေ၏။

ယခုတော့ သူမမျက်နှာက ပြုံးနေခြင်းမရှိသလို ဖော်ရွေနှစ်လိုဟန်လည်းမရှိပေ။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ရန်ကျောက်ကဲ ထိုက်စုယွမ်ကျွင်းကို နှုတ်ဆက်ပါတယ်”

သူ့အရှေ့မှမိန်းမပျိုက မြောက်ဖေးတောင်ထွတ် ၊ ကြည်လင်စမ်းချောင်းကျောက်ဂူအိမ်တော်မှ ထိုက်စုယွမ်ကျွင်း ‘တောက်ယွိ’ ပင် ဖြစ်သည်။

တောက်ယွိက ရန်ကျောက်ကဲကို အကဲခတ်လိုက်ပြီး ခဏအကြာတွင်မှ...

“ဒါက ထာဝရညမိုးကြိုးတန်ခိုးစွမ်းအားတင် မဟုတ်ဘူး”

သူမက ရုတ်တရက်ပြောလိုက်သည်။

“ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ဖြစ်နိုင်တယ်”

“ပြီးတော့ ယွိချင်အဆက်အနွယ်ရဲ့ မူလကောင်းကင်ကျမ်းစာ (၁၀)စောင်က ထာဝရအလင်းကောင်းကင်ကျမ်းစာ”

“နောက်ထပ် သိုင်းပညာတစ်ခုရှိသေးတယ် ၊ သိပ်တော့မသေချာပေမယ့်... အဲဒါက မဟာကပ်ဘေးကြီးအတွင်း ပျောက်ကွယ်သွားခဲ့တဲ့ အမှောင်လရိပ်ဆေးလုံးကျမ်းနဲ့ဆင်တူတယ်”

“ပြီးတော့...”

တောက်ယွိက မျက်မှောင်ကြုတ်ရင်း...

“အထဲမှာပေါင်းစပ်ထားတဲ့ ဗလာနယ်ရဲ့နက်နဲမှုတွေကိုပြသတဲ့ အမြင့်ဆုံးအဆင့် သိုင်းပညာတစ်ခုရှိနေတယ် ၊ မဟုတ်လို့ရှိရင်... ဗလာနယ်ကောင်းကင်ကျမ်းစာကိုကျင့်ကြံထားတဲ့ နုန်လီတောင်က အဆက်အနွယ်တွေကို တပြိုင်နက်တည်း ဘယ်လိုလုပ်ထိန်းချုပ်နိုင်မှာလဲ ၊ ဒါပေမဲ့ ဒါက အများကြီးထည့်သွင်းထားတာမဟုတ်တာကတစ်ကြောင်း ၊ မင်းက ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတာကတစ်ကြောင်းဖြစ်လို့ ငါ မပိုင်းခြားနိုင်ဘူး”

ရန်ကျောက်ကဲက တောက်ယွိ၏မျက်ဝန်းများကို အေးဆေးစွာပင်ရင်ဆိုင်လိုက်ပြီး သူမစကားကို ဆုံးအောင်နားထောင်ပြီးမှ ပြုံးလိုက်သည်။

“သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာရဲ့ သဘောတရားအနှစ်သာရနည်းနည်းပါးပါးကို ပေါင်းစပ်ထားတာပါ”

သူမက ဖြည်းညင်းစွာခေါင်းညိတ်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ၇န်ကျောက်ကဲကိုကြည့်လိုက်သည်။

“သိုင်းပညာများစွာရဲ့ အနှစ်သာရတွေကိုပေါင်းစည်းထားပြီး ပေါင်းစည်းမှုကလည်း ရှင်းလင်းပြတ်သားတယ် ၊ ဒါပေမဲ့ ပေါင်းစည်းတဲ့ပုံစံက ရိုးရှင်းခြင်းမရှိဘဲ နက်နဲလွန်းတယ်”

သူမက ဆက်ပြောသည်။

“ရန်ကျောက်ကဲ... မင်းက မောက်မာမယ်ဆိုရင်လည်း မောက်မာသင့်ပါတယ်လေ...”

All Chapters