← Chapters

အပိုင်း(၅၅၇)

Vol. 38 Ch. 557

အပိုင်း(၅၅၇)

Vol. 38 Ch. 557

ရှစ်ဖုန့်အား ရတနာလေးခုအကြောင်းကိုပြောပြပြီး

နောက်တွင် ရှစ်ဖုန့်၏အကြည့်တို့က စားပွဲပေါ်သို့ကျရောက်ပြီးဖြစ်သည်ကို ရှစ်ကျင်းရွှိုက်သတိထားမိလိုက်သည်။  ရှစ်ဖုန့်၏ အမူအယာအားကြည့်၍  ရှစ်ကျင်းရွှိုက်က သူ၏လက်အတွင်းမှ ရွှေရောင်ယပ်တောင်အား “ဝှစ်ရှ်”ဟူသောအသံနှင့်အတူ ဖွင့်လိုက်သည်။ သူကရွှေရောင်ယပ်တောင်အား ဝေ့ယမ်း၍ ရှစ်ဖုန့်အားပြုံးကာထပ်မံပြောလိုက်သည်။

“ညီလေးရှစ်.. ဒီပစ္စည်းတွေနဲ့ပက်သက်ပြီးမင်းကျေနပ်နဲ့လား”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက် ရှစ်ဖုန်က သူ၏ခေါင်းအားအနည်းငယ်မော့လိုက်ပြီး ရှစ်ကျင်းရွှိုက်ကိုကြည့်၍ ပြုံးလိုက်သည်။သူကခေါင်းညိမ့်ပြီး ထူးမခြားနားစွာပြန်ဖြေလိုက်၏။

“မဆိုးပါဘူး”

“ဟားဟား”

ရှစ်ဖုန့်၏ ထူးခြားမှုမရှိသော အမူအယာနှင့်လေသံတို့အားကြားရမြင်ရသောအခါတွင်  ရှစ်ကျင်းရွှိုက်က ကျယ်လောင်စွာရယ်မောပြီးပြောလိုက်သည်။

“မဆိုးတာမဟုတ်ဘူး…ဒီပစ္စည်းလေးခုက ငါ့ရဲ့ရတနာတစ်ထောင်စံအိမ်မှာ ဆယ်ဘီလီယံတောင်းမယ်ဆိုရင်တော်လွန်မဲ့အရာတွေမဟုတ်ဘူး.. ဒါပေမဲ့..ညီလေးရှစ်က ဒီပစ္စည်းတွေကိုလိုနေပြီး ညီလေးရှစ်မှာလည်းကမ္ဘာဦးကျောက်တုံးကသုံးဘီလီယံလောက်ပဲကျန်တော့တာကြောင့် ကျန်တဲ့ ကမ္ဘာဦးကျောက်တုံးတွေကို ငါ့အိပ်ထဲကပဲစိုက်ထုတ်ပေးပါ့မယ်”

“ကျေးဇူးအများကြီးတင်ပါတယ်”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားကျေးဇူးတင်စကားဆိုလိုက်သည်။ ရှစ်ကျင်းရွှိုက်ပြောသည်မှာ မှန်သည်ဖြစ်သည်။ဤပစ္စည်းများအတွက်ကမ္ဘာဦးကျောက်တုံး ဆယ်ဘီလီလံက မလွန်ချေ။ ဤအထွတ်အထိပ်ရတနာများအားလေလံတင်ခဲ့လျှင် မြင်းမားသောဈေးနှုန်းတစ်ခုအား

ခေါ်နိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏ကျေးဇူးတင်စကားအားကြားရသောအခါတွင် ရှစ်ကျင်းရွှိုက်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“မင်းနဲ့ငါနဲ့ကညီအကိုတွေပဲ ပြီးတော့မင်းကငါ့အသက်ကို အကြိမ်များစွာကယ်တင်ခဲ့တယ်.. ကျေးဇူးတင်စကားပြောတာကနည်းနည်းသူစိမ်းဆန်လွန်းပါတယ်”

“ဘာပဲဖြစ်ပါစေ .. ဒါကို အနာဂတ်မှာဒီသခင်လေးမှတ်ထားမယ်.အကယ်၍အနာဂတ်မှာမင်းတစ်ခုခုလိုအပ်ရင် ဒီကျောက်စိမ်းပြားကိုခွဲလိုက်ပါ..

မင်းဘယ်မှာပဲရှိနေပါစေ .. ဒီသခင်လေးသေချာပေါက်မင်းကိုလာရှာမယ်”

ရှစ်ဖုန့်က စကားပြောရင်း သူ၏ဝိညာဉ်အမှတ်အသားရိုက်နှိပ်ထားသည့်ကျောက်စိမ်းပြားတစ်ခုကိုရှစ်ကျင်းရွှိုက်အားလွှဲပေးလိုက်သည်။

“ကောင်းတယ်. အကယ်၍ အနာဂတ်မှာ ညီလေးရှစ်အကူအညီကိုငါလိုခဲ့ရင် ငါတုန့်ဆိုင်းမနေဘဲမင်းကိုရှာမယ်”

ရှစ်ကျင်းရွှိုက်က အပြုံးတစ်ခုဖြင့်ပြောလိုက်ပြီး  ရှစ်ဖုန့်လက်ထဲမှ ကျောက်စိမ်းပြားကိုလွှဲယူလိုက်သည်။

ရှစ်ကျင်းရွှိုက်ကျောက်စိမ်းပြားအား သူ၏သိုလှောင်လက်စွပ်အတွင်း

ထည့်လိုက်ပြီးနောက် ရှစ်ဖုန့်အားထပ်မံပြောလိုက်သည်။

“ထျန်းလျန်အင်ပါယာကိုသိုင်းပြိုင်ပွဲအတွက်  ကျင့်ကြံသူတွေအများကြီးလာတယ်လို့ငါကြားထားတယ်.. ပြိုင်ပွဲက အခုကနေဆိုငါးရက်လိုသေးတယ်.. တစ်ယောက်ချင်းသာ အနိုင်ယူရမယ်ဆိုရင်ဘယ်လောက်ကြာမလဲဆိုတာကိုငါတို့မသိနိုင်ဘူး”

“ထျန်းလျန်အင်ပါယာဧကရာဇ်မင်းလန်ယွမ်ကတော့ ပြိုင်ပွဲစင်မြင့်တစ်ရာကိုဆောက်လုပ်ဖို့ အမိန့်ထုတ်ပြန်ထားပြီးပြီ..ပြိုင်ပွဲကို

တစ်ခါတည်းကျင်းပပြီးတော့အဆင့်

တွေသတ်မှတ်မယ်. ချန်ပီယံတစ်ယောက်တည်းက

သာထျန်းလျန်အင်ပါယာရဲ့နံပါတ်

တစ်အလှလေးမင်းသမီးလင်လုံရဲ့ ကြင်ယာတော်ဖြစ်နိုင်လိမ့်မယ်”

“ဒီနေ့ကသိုင်းပြိုင်ပွဲအတွက်စာရင်းသွင်းတဲ့နေ့ပဲ.. အခုမင်းမှာအချိန်အများကြီးမရှိတာငါတွေ့ရတာကြောင့် ငါတစ်ယောက်ယောက်ကိုမင်းအတွက်စာ

ရင်းသွင်းပေးဖို့အမိန့်ပေးပေးမယ်”

ရှစ်ကျင်းရွှိုက်၏စကားအားကြားပြီး

နောက်ရှစ်ဖုန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

“အင်း.. ဒီသခင်လေးမင်းကိုပဲဒုက္ခပေးရအုံးမှာပဲ..”

ထို့နောက်ရှစ်ဖုန့်ကထပ်ပြောသည်။

“နောက်တစ်ခု .ဒီသခင်လေးဆေးရည်ပုံးတစ်ပုံးလိုတယ်.. ဒီကျောက်စိမ်းပြားထဲမှာ လိုအပ်တဲ့ဆေးရည်တွေကိုစာရင်းလုပ်ပေးထားတယ်..ဒီဆေးတွေကတော့မင်းအ

တွက်ရှာရလွယ်ကူလောက်မှာပါ”

စကားပြောပြီးနောက် ရှစ်ဖုန့်က သူ၏ဝိညာဉ်အသိခပ်နှိပ်ထားသော ကျောက်စိမ်းပြားတစ်ခုအား ရှစ်ကျင်းရွှိုက်ကိုလွှဲပေးလိုက်သည်။

ရှစ်ကျင်းရွှိုက်က ကျောက်စိမ်းပြားအားယူလိုက်ပြီး သူ၏နဖူးပေါ်၌ထားလိုက်ကာ ရှစ်ဖုန့်၏ဝိညာဉ်အသိအားဖတ်လိုက်သည်။ဖတ်ရှုပြီးနောက် ရှစ်ကျင်းရွှိုက်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒါကပြဿနာတစ်ခုမဟုတ်ဘူး. ငါမင်းအတွက်မကြာခင်ရှာပေးမယ်”

“ကောင်းတယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။  သူရှစ်ကျင်းရွှိုက်အားလွှဲပေးလိုက်သော ကျောက်စိမ်းပြားအတွင်း၌ ရေးထိုးထား သော ဆေးအမယ်များမှာ ရှစ်ဖုန့်၏ခန္ဓာကိုယ်ခွန်အားအားတိုးမြှင့်ပေးနိုင်သည့်အဆင့်နိမ့်ဆေးများဖြစ်သည်။ ရှစ်ဖုန့်ကဤဆေးအမယ်များအား နောက်ဆက်တွဲအနေဖြင့်အသုံးပြုလိုခြင်းဖြစ်၏။အဓိကဆေးအမယ်မှာ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်ဖြစ်သော သွေးသားမြက်ပင်ဖြစ်သည်။

သွေးသားမြက်ပင်၏ဆေးဂုဏ်သတ္တိများအား စုပ်ယူပြီးနောက်သူ၏ ကာယခွန်အားက ကြယ်လေးပွင့်အင်ပါယာနယ်ပယ်မှ ဘိုးဘေးနယ်ပယ်အဆင့်ထိကို တိုးမြှင့်လာလိမ့်မည်ဟု ရှစ်ဖုန့်ယုံကြည်သည်။

“အစေခံ”

ထို့နောက် ရှစ်ကျင်းရွှိုက်က ညင်သာစွာခေါ်လိုက်သည်။  ထို့နောက်လှပသောအမျိုးသမီးအစေခံတစ်ဦးက အခန်းတံခါးအားဖွင့်၍ ဝင်လာသည်။

ပေါ့ပါးသောခြေလှမ်းများနှင့်အတူ ရှစ်ကျင်းရွှိုက်၏ဘေးသို့ဖြည်းညှင်းစွာလျှာက်လှမ်းလာ၏။ ထို့နောက်ဦးညွှတ်လိုက်ပြီး ရှစ်ကျင်းရွှိုက်အား ညင်သာပျော့ပြောင်းစွာပြောလိုက်သည်။

“ဟုတ်ကဲ့ သခင်လေး”

ထို့နောက်ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်လိုအပ်သောဆေးအမယ်များပါဝင်သည့် ကျောက်စိမ်းပြားကို အစေခံမလေးထံသို့ လွှဲပေးလိုက်ပြီး  ပြောလိုက်သည်။

“ကျောက်စိမ်းပြားထဲမှာပါတဲ့ဆေးအမယ်တွေအတို်ငး ဆေးရည်ပုံးတစ်ခုလုပ်ပြီးတော့ ဒီအခန်းထဲကို ရွှေ့လာဖို့ တစ်ယောက်ယောက်ကိုအမိန့်ပေးလိုက်ပါ”

“ဟုတ်ကဲ့”

အစေခံမိန်းကလေးကနောက်တစ်ကြိမ်

နူးညံ့ပျော့ပြောင်းစွာ တုန့်ပြန်လိုက်သည်။ ရှစ်ကျင်းရွှိုက်ထံမှကျောက်စိမ်းပြားအား သူမက လက်နှစ်ဖက်ဖြင့် လက်ခံလိုက်၏။ ထို့နောက် အခန်းအပြင်သို့ ရောက်တံခါင်းကိုမပိတ်ခင်အထိ ဖြည်းဖြည်းချင်းပြန်လည်ထွက်ခွာသွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ကမ္ဘာဦးကျောက်တုံးအားလုံးအား သိုလှောင်လက်စွပ်တစ်ကွင်းအတွင်း

သို့လွှဲပြောင်းလိုက်သည်။ သိုလှောင်လက်စွပ်အားရှစ်ကျင်းရွှိုက်

ထံသို့လွှဲပေးပြီး ပြောလိုက်သည်။

“ဒီမှာကမ္ဘာဦးကျောက်တုံးသုံးဘီလီယံကျော်”

“ကောင်းပြီ”

ရှစ်ကျင်းရွှိုက်က ခေါင်းညိမ့်လိုက်သည်။ သူကပြုံးလိုက်ပြီး ရှစ်ဖုန့်၏လက်အတွင်းမှ ကမ္ဘာဦးကျောက်တုံးတို့အား ယူလိုက်၏။ မရေတွက်တော့ဘဲ ရှစ်ဖုန့်လွှဲပေးသောသိုလှောင်လက်စွပ်အားသူ၏သိုလှောင်လက်စွပ်အတွင်းသို့သာမန်ကာလျှံကာပစ်ထည့်လိုက်သည်။

ထို့နောက်ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားသိချင်စိတ်တို့ဖြင့်ကြည့်ပြီးမေးလိုက်သည်။

“ညီလေးရှစ် ဒီသိုင်းပြိုင်ပွဲမှာ သတို့သားလောင်းဖြစ်ဖို့ မင်းဘယ်လောက်ထိကိုယ့်ကိုယ်ကိုယ်

ယုံကြည်ချက်ရှိလဲ”

ရှစ်ကျင်းရွှိုက်၏ မေးခွန်းအားကြားရသောအခါတွင်   ရှစ်ဖုန့်က တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

“တစ်ရာရာခိုင်နှုန်း”

“ဒါက…”

ရှစ်ဖုန့်၏  အဖြေအားကြားရပြီးနောက်  ရှစ်ကျင်းရွှိုက်ခဏ ကြက်သေသေသွားသည်။ ထို့နောက်သူကပြောလိုက်သည်။

“မင်းကကိုယ့်ကိုယ်ကိုယ်အရမ်းယုံကြည်ချက်လွန်နေတာပဲ..အဲ့တာမပြောနဲ့အုံး ကျိရှောင်းက အခုမဟာသူတော်စင်နယ်ပယ် ထဲဝင်ရောက်ပြီးနေပြီ.. အကယ်၍မင်းသာ ဒီလူနဲ့တွေ့ရင် သူကမင်းအတွက်သေချာပေါက်အား

ကောင်းတဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မယ်”

“အဲ့တာအပြင်ကို ကမ္ဘာအနှံ့က ကျွမ်းကျင်သူတွေပါရမီရှင်တွေအများကြီးရှိသေးတယ်..ကျိရှောင်းထက်ပိုသန်မာတဲ့

တစ်စုံတစ်ယောက်ပေါ်လာဖို့ကလည်း မြင့်မားတဲ့ဖြစ်နိုင်ချေတစ်ခုပဲ. ပြီးတော့ အရှေ့ပိုင်းဒေသကြီးနဲ့နံပါတ်တစ်အလှလေးဆိုတာကပဲတော်တော်လေးကိုစွဲဆောင်

ဖို့လုံလောက်နေပြီ.. ကောလဟာလတွေအရ ဧကရာဇ် ရှောင်ယောင်တောင်ပေါ်လာမယ်လို့ကြားတယ်”

“အကယ်၍ မိုရှောင်ယောင်သာလာခဲ့ရင် ဒီသခင်လေးရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်က ပိုပြီးတောင် ကြီးမားအုံးမယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။အကယ်၍မိုရှောင်ယောင်သာတကယ်လာခဲ့လျှင် ရှစ်ဖုန့် ပြိုင်ပွဲဝင်ပြိုင်ရန်ပင်လိုမည်မဟုတ်ချေ။ ထိုငမွှေထိုးအား ပြိုင်ဘက်များကိုတစ်ယောက်ပြီးတစ်ယောက်အနိုင်ယူရန်သူတောင်းဆိုလိုက်ရုံသာဖြစ်သည်။

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက်၏ မျက်နှာထက်၌ စိတ်ရှုပ်ထွေးမှုတို့ဖြင့်ပြည့်နှက်သွားသည်။သူကမေးလိုက်၏။

“ဟမ်..မင်းဒါဘာကိုဆိုလိုတာလဲ. ညီလေးရှစ်က ဧကရာဇ်ရှောင်ယောင်ကိုသိနေတာများဖြစ်နိုင်မလား. ပြီးတော့ မင်းအတွက် ဧကရာဇ်ရှောင်ယောင်ကိုတောင်တိုက်ခိုက်ခိုင်းနိုင်တယ်လား.. ဒါက…မဖြစ်နိုင်..”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီး ရှစ်ကျင်းရွှိုက်ကိုပြောလိုက်သည်။

“ဒီသခင်လေး မိုရှောင်ယောင်ကိုသိတယ်”

ထို့နောက်ရှစ်ကျင်းရွှိုက်ရုတ်တရက်တစ်စုံတစ်ခုအားတွေးမိပြီးပြောလိုက်သည်။

“ညီလေးရှစ်ရဲ့သိုင်းပညာကယင်ဓာတ်အခြေပြုဆိုတာကိုငါအမှတ်ရမိတယ်.. အတိတ်တုံးကငရဲဘုံကိုးခုဧကရာဇ်ကျိုး

ယိုလိုမျိုး သိုင်းပညာ၊ကာယခန္ဓာနဲ့ ၊ဝိညာဉ်တို့ကိုကျင့်ကြံတယ်.. ညီလေးရှစ်ရဲ့ သိုင်းပညာက ယခင်ဧကရာဇ်ကျိုးယိုဖန်တီးခဲ့တဲ့ငရဲဘုံကိုးခု သိုင်းပညာရပ်များဖြစ်နေနိုင်မလား..ညီလေးရှစ်က ကျိုးယို မျိုးဆက်ထဲကတစ်ယောက်ပဲလား.. ညီလေးရှစ်နဲ့ ဧကရာဇ်ရှောင်ယောင်နဲ့က ဆရာတပည့်တွေများလား”

အဆုံးသတ်တွင် ရှစ်ကျင်းရွှိုက်မှာသူ့စကားနှင့်သူ အလန့်တကြားဖြစ်နေမိသည်။ ယခင်နံပါတ်တစ်ကျွမ်းကျင်သူ ဧကရာဇ်ကျိုးယို၏အမွှေအနှစ်အားရရှိပြီး ဧကရာဇ်ကျိုးယို၏အထွတ်အထပ်သိုင်းပညာရပ်ငရဲဘုံကိုးခု သိုင်းပညာအား  ကျင့်ကြံနိုင်ဖို့ဆိုသည်မှာ ကျင့်ကြံသူပေါင်းများစွာတောင့်တနေသောအရာဖြစ်သည်။

ဧကရဇ်ရှောင်ယောင် ၏တပည့်ဖြစ်လာပြီး လေများတိမ်တိုက်များကဲ့သို့နယ်ပယ်မျိုးသို့ရောက်နိုင်ရန်လည်းပါဝင်သည်။

ရှစ်ကျင်းရွှိုက်ခန့်မှန်းချက်က မှန်သည်ဖြစ်သည်။ ရှစ်ဖုန့်နှင့်မိုရှောင်ယောင်တို့ကတကယ့်ကိုဆရာတပည့်များဖြစ်သည်။ သို့သော် ရှစ်ကျင်းရွှိုက်ခန့်မှန်းချက်ကမှားနေပြန်သည်။ ရှစ်ဖုန့်က ဧကရာဇ်မိုရှောင်ယောင်၏တပည့်မဟုတ်ဘဲ ၎င်းအား သိုင်းပညာလမ်းစဉ်ကိုသင်ကြားပေးခဲ့

သောဆရာဖြစ်သည်။

ရှစ်ဖုန့်က ဧကရာဇ်ရှောင်ယောင်၏တပည့်ဖြစ်ကြောင်းကို တွေးမိသောအခါတွင်ရှစ်ကျင်းရွှိုက်တစ်ယောက်  အံ့အားသင့်မှုတို့နှင့်အလန့်တကြားဖြစ်မိသည်။ အကယ်၍ ရှစ်ဖုန့်ကသာ ဧကရာဇ်ရှောင်ယောင်၏ ဆရာဖြစ်သည်ဆိုလျှင် မည်ကဲ့သို့သောအမူအယာများ

သူဖြစ်နေပါမည်နည်း။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters