← Chapters

သတင်းများ

Vol. 54 Ch. 745

သတင်းများ

Vol. 54 Ch. 745

ဝမ်ဝေ့က ထျန်းဝေ တောင်ထိပ်ဆီ ပျံသန်းလာပြီးသည့်နောက် ဝမ်ကျူကို စောင့်ဆိုင်းနေသည်။ သူက အလင်းမဲ့အမှန်တရားအကြောင်းနှင့်အတူ ဝူဟုန်နှင့် စကားဝိုင်းအကြောင်းကို ပြန်လည်တွေးတောလိုက်၏။

ဟွင်သွမ်းစကြဝဠာတစ်လျှောက် ပါရမီရှင်များစွာ ရှိပြီး သူ့လိုလူမျိုးလည်း အပါအဝင်ဖြစ်ကာ နယ်ရှင်၊ စံပြဝိညာဉ်နှင့် မွေးဖွားလာသည့်သူများ၊ နဝမအဆုံးစွန်အုတ်မြစ်ကို ကျင့်ကြံထားနိုင်သည့်သူများ သို့မဟုတ် ထိုသုံးခုလုံး ပေါင်းစပ်ထားသည့်သူပင် ရှိနေနိုင်သည်။

သူ့တွင် ရှိထားသည့် တခြားသူများထက် အရေးသာချက်သုံးခုမှာ လတ်တလောလေးက ဒဿမသာလွန်အုတ်မြစ်၊ သူ့စိတ်စွမ်းအားနှင့် နောက်ထပ်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာမြေ၏ ဗဟုသုတများသာ ဖြစ်ပေသည်။

ဒဿမသာလွန်အုတ်မြစ်က ကောင်းကင်ဘုံအဆင့်မရောက်ခင်အထိ ငါ့ကို အကူအညီပေးနိုင်လောက်တယ်။ ငါ့ရဲ့ စိတ်စွမ်းအားနဲ့ စည်းပိတ်ခံထားရတဲ့ ဝိညာဉ်စွမ်းအားက စံပြအဆင့်မရောက်ခင်အထိ အကူအညီဖြစ်လိမ့်မယ်။ နောက်ဆုံးတော့ ငါ့ရဲ့ အကြီးမားဆုံး အရေးသာချက်က ကမ္ဘာမြေပဲ…

ဝမ်ဝေ့က ဇာတ်လိုက်များစွာသည် ထူးကဲသာလွန်မှုကို ရယူသည့်ဇာတ်ကြောင်းများစွာကို ဖတ်ဖူးသည့်အတွက် သူတို့ကို ကိုးကားချက်အနေနှင့် အသုံးပြုနိုင်လေသည်။ ထိုနည်းလမ်းများက အဓိပ္ပာယ်မရှိကာ စိတ်ကူးယဉ်သက်သက် ဖြစ်နေနိုင်သော်လည်း ကိစ္စမရှိပေ။

ကျင့်ကြံရေးစွမ်းအားက လူများကို စိတ်ကူးယဉ်မှုမှ လက်တွေ့ဖြစ်လာနိုင်သလို အဓိပ္ပာယ်မရှိသည့် အရာများလည်း အစစ်အမှန် ဖြစ်လာခွင့်ပြုထားသည်။ ထို့ကြောင့် စံပြအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူက ထိုအဓိပ္ပာယ် မရှိသည့် အစီအစဉ်များကို တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်နိုင်သည်။ သူက သူတို့ကို စမ်းသပ်ဖို့ အဆုံးမဲ့သက်တမ်းရှိထားသည့် မသေမျိုးတစ်ယောက် ဖြစ်လာလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူ့ကမ္ဘာမြေအရေးသာချက်က တသတ်မှတ်တည်းတော့ မဟုတ်ပေ။ အကြောင်းမှာ သူ့လိုလူမျိုး ရှိနေနိုင်သည်။ ပထမဦးစွာ တရုတ်ပြည်၏ ပထမဆုံးဧကရာဇ်ဖြစ်သူ ချင်တိုင်းပြည်၏ အုပ်ချုပ်သူ ချင်ရှစ်ဟွမ် ဖြစ်နိုင်ချေရှိသည့် လူသားဧကရာဇ်လည်း ရှိသည်။

ထို့အပြင် ဝမ်ဝေ့က ဟုန်ကျွင်း ပြန်လည်အသက်သွင်းသည့်သူများက သူ တစ်ယောက်တည်း မဟုတ်နိုင်ကြောင်း ယုံကြည်ထားသည်။ ပို၍ဆိုးရွားသည်က သူ့ဖြစ်ရပ်သည် မတော်တဆဖြစ်သလို ထိုသူ၏ နဂိုမူလအစီအစဉ် ဖြစ်မနေနိုင်ခြင်းပင် ရှိ၏။

အဲဒါကြောင့် အလင်းမဲ့အမှန်တရားရဲ့ အန္တရာယ်က ထူးကဲသာလွန်မှုရဲ့ အခွင့်အရေးကို တိုးမြှင့်ပေးဖို့ ထိုက်တန်လား…

ထိုက်တန်တယ်…

ဝမ်ဝေ့က စဉ်းစားလိုက်သည်။

ပြီးတော့ အန္တရာယ်မရှိတာလည်း ဖြစ်နေနိုင်တယ်…

အလင်းမဲ့အမှန်တရားကို အသုံးပြုမည့်အတွေးက သူမ၏ စိတ်ထဲ အကြောင်းအရင်းမရှိ ပေါ်ထွက်လာမည် မဟုတ်ပေ။

အဲဒါဆိုတော့ အနာဂတ် ငါ ဒါမှမဟုတ် အနာဂတ် သူမက ကာလံဒေသံကို ဖြတ်ကျော်ပြီး သတင်းအချက်အလက် ပို့လိုက်နိုင်ချေရှိတယ်…

သူက တွေးလိုက်မိသည်။

ငါ့ရဲ့ အနာဂတ်ရန်သူက အချိန်ကို ဖြတ်သန်းပြီး ငါ့ကို အကွက်ကျကျ စီစဉ်ထားနိုင်ချေလည်း ရှိတယ်။ ဒါပေမဲ့ တကယ်လို့ ငါ့အနာဂတ်ကိုယ်က ဒီနည်းလမ်းမျိုးကို မတားဆီးနိုင်ဘူးဆိုရင် သူက အလကားကောင်ပဲ…

ဝမ်ဝေ့က ရုတ်တရက် ညည်းတွားလိုက်သည်။ သူ့အနာဂတ်ကိုယ်က သူ့လက်ရှိကိုယ်ကို စီမံနေသည်ကို သဘောမကျပေ။ အကယ်၍ သူသာ စွမ်းအားရှိပါက အနာဂတ်ကိုယ်ကို ဆန့်ကျင်မိလိမ့်မည်။

“ရှေးလူကြီးတွေပြောတဲ့ အားနည်းချက်ဆိုတာ အပြစ်ကြွေးဆိုတာက အလိမ်အညာ မဟုတ်ဘူးပဲ” သူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။ ထို့နောက် သူ့ငယ်ရွယ်စဉ်ကိုယ်က ပုန်ကန်ချင်နေကြောင်း သဘောပေါက်သွားသည့်အခါ အနာဂတ်ကိုယ်က ဆွံ့အသွားလိမ့်မည်ကို သဘောပေါက်သွားလိမ့်၏။ သူက ထိုအခြေအနေကို တွေးပြီးသည့်နောက်တွင် စိတ်အခြေအနေ တိုးတက်လာသည်။

ဝမ်ကျူက နောက်ကျနေတာပဲ။ တစ်ခုခုများဖြစ်လို့လား…

သူက အချိန်ကို ကြည့်ကာ တွေးလိုက်သည်။ သူမက အကူအညီ မတောင်းသည့်အတွက် အသေးစားကိစ္စသာ ဖြစ်နေနိုင်၏။ ထို့ကြောင့် ဝမ်ဝေ့က သူ့ဒဿမသာလွန်အုတ်မြစ်ကို လေ့လာဖို့ အချိန် သုံးလိုက်သည်။ သူက မဖော်ထုတ်ရသေးသည့် လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေသလို ခံစားရ၏။

တစ်ရက်ကျရင် ဧကဒဿမအုတ်မြစ်နဲ့ ဒွာရသမအကြွင်းမဲ့အုတ်မြစ်တို့ပါ ရှိမလားမသိဘူး။ နာမည်တွေအတိုင်းဆိုရင်တော့ ကြိုးစားမှုတချို့တော့ လိုလိမ့်မယ်…

သူက ထိုအုတ်မြစ်နှစ်ခုသည် သေမျိုးတစ်ယောက်အား ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်တို့၏ အင်အားကို ရှိဖို့ လိုအပ်ကြောင်း ကောက်ချက်ချမိသည်။ ထိုအရာက ကြောက်မက်ဖွယ်ကောင်းသောကြောင့် မဖြစ်နိုင်ချေလည်း ရှိပေသည်။

ကြည့်ရတာ ဧကဒဿမအုတ်မြစ်က ဒုတိယတန်းစား ဧကရာဇ်အင်အားကို လိုအပ်ပြီးတော့ ဒွာရသမအကြွင်းမဲ့အုတ်မြစ်ကတော့ ပထမတန်းစားစွမ်းအားကို လိုလောက်တယ်…

တကယ်လို့ ၁၃ဆင့်မြောက် သာလွန်မှုအုတ်မြစ်ရှိနေမယ်ဆိုရင် ထာဝရအဆင့်စွမ်းအားကို လိုအပ်လောက်တယ်…

ဝမ်ဝေ့က ထိုလိုအပ်ချက်များသည် မဖြစ်နိုင်လွန်းသည့်အတွက် ခေါင်းအသာယမ်းလိုက်သည်။ အထူးသဖြင့် အဆင့်တစ်ခုချင်းစီ ကွာဟချက်ကို သိထားသည့်အခါတွင် ဖြစ်၏။ သူ့အနေဖြင့် သေမျိုးတစ်ယောက်သည် ထိုလိုအပ်ချက်များကို ပြည့်မှီဖို့ မည်သို့လုပ်ဆောင်ရကြောင်း မတွေးကြည့်နိုင်ပေ။

သူ့အတွက်မူ …

သူက ထိုအုတ်မြစ်များကို လက်မလျှော့ခင် ခေတ္တမျှ စဉ်းစားကြည့်ရုံမျှသာ ဖြစ်သည်။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် နှစ်ငါးရာမျှသာ ကျန်ရှိတော့၏။ ထို့အပြင် သူက သူ့ဒဿမသာလွန်အုတ်မြစ်နှင့် ပျောက်ဆုံးနေသည့် ဆက်နွယ်မှုကို ရှာမတွေ့သေးပေ။ ထို့ကြောင့် မြင့်မားသည့်အဆင့်များကို ရယူဖို့ ပြောစရာမလိုတော့ပေ။ ထို့ကြောင့် သူက ခေါင်းအသာယမ်းကာ ထိုအတွေးများကို ဖယ်ရှားလိုက်၏။

ဝမ်ဝေ့က လက်ဝှေ့ကာ ကံကြမ္မာနန်းဆောင်ကို ဖော်ထုတ်လိုက်သည်။ ထူးဆန်းသည်က ၉ခု မဟုတ်ဘဲ ၁၀ခု ဖြစ်နေလေ၏။ ကံဆိုးစွာဖြင့် နောက်ဆုံးတစ်ခုက ကြည်လင်နေကာ အပြည့်အဝ မဖွဲ့စည်းလာသေးပေ။

အရင်တုန်းက တာအိုကို သက်သေပြပြီးတဲ့အချိန်မှာ ကံကြမ္မာနန်းဆောင်က အသုံးမဝင်လာတော့ဘူးလို့ ထင်လာခဲ့မိတာ။ အခု သူတို့ကို အသုံးပြုပြီး ထူးကဲတဲ့ နည်းစနစ်တချို့ကို ဖန်တီးနိုင်မလားဆိုတာပဲ သိချင်မိတာ … ဒါပေမဲ့ ဆယ်ခုမြောက်ကို မြင်ပြီးတဲ့နောက်မှာ ငါ့အလိုလိုသိစိတ်က နောင်အနာဂတ်မှာ ဒါက အရမ်းကို အရေးပါလာလိမ့်မယ်လို့ ပြောပြနေတယ်…

သူ့အလိုလိုသိစိတ်က အထူးသဖြင့် စံပြအဆင့် ရောက်ရှိပြီး ၁၂ခုမြောက် နန်းဆောင်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် တစ်စုံတစ်ခုဖြစ်ပျက်လာပြီး ထိုကံကြမ္မာနန်းဆောင်၏ အစစ်အမှန် တောက်ပမှုက ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောပြနေ၏။

“ဂိုဏ်းချုပ် နောက်ကျသွားတာ တောင်းပန်ပါတယ်”

ဝမ်ဝေ့က သူ့ကံကြမ္မာနန်းဆောင်ကို သိမ်းဆည်းလိုက်ပြီးသည့်နောက် ဒူးထောက်နေသည့် ဝမ်ကျူအား ကြည့်လိုက်သည်။

“ထပါ”

“ကျေးဇူးတင်ပါတယ်”

“ဘာတွေဖြစ်နေလို့လဲ”

“သစ္စာဖောက်တွေက ဂိုဏ်းကို ကျူးကျော်ဖို့ ဆေးဝါးပညာရှင်အရေအတွက်ကို တိုးမြှင့်ဖို့ ကြိုးစားနေကြတာ။ ကျွန်မက သူတို့လူတွေကို နှိမ်နင်းနေတာပါ”

“သတင်းအချက်အလက်တစ်ခုခု ရခဲ့သေးလား ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဖမ်းမိခဲ့သေးလား”

“ကံဆိုးတာက ဘာမှမရခဲ့ဘူး။ ကျွန်မ သူတို့ကို ဖမ်းဆီးနိုင်တော့မဲ့ဆဲဆဲဆိုရင် အကုန်လုံးက သတ်သေသွားကြတယ်”

“ငါသိပြီ။ အခု အဲ့ကိစ္စကို ထားလိုက်ပါတော့။ ဒါနဲ့ ငါ သီးသန့်ကျင့်ကြံနေတုန်း မင်းရဲ့ အင်အား အပြောင်းအလဲ ရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“မရှိပါဘူး။ ကျွန်မက ထိပ်သီးပွင့်ချပ် ၇လွှာတိုက်ပွဲစွမ်းအားကို ထိန်းထားနိုင်ပါတယ်” ဝမ်ကျူက ရှင်းပြလိုက်သည်။

“ဒါပေမဲ့ ကျွန်မရဲ့ စွမ်းအား တာအိုဘိုးဘေးအဆင့် ရောက်နိုင်တဲ့ သီးသန့်အနေအထားတချို့တော့ ဝင်ရောက်နိုင်တယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအနေအထားက ကြာကြာမခံနိုင်ဘဲနဲ့ နောက်ပိုင်းမှာ ခန္ဓာကိုယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တယ်”

“ထင်ထားတဲ့အတိုင်း ကောင်းကင်တာအိုနဲ့ မဟာတာအိုတို့က ဒီနည်းစနစ်ကို သိပ်သဘောမကျဘူးပဲ” ဝမ်ဝေ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်လေ…

ထို့နောက် သူက ဝမ်ကျူကို မေးလိုက်သည်။

“အခု အရင်နှစ်နှစ်သိန်းအတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပါဦး”

“ဟုတ်ကဲ့။ ပထမဦးဆုံး ဂိုဏ်းချုပ် သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားပြီးပြီးချင်းလောက်မှာ တာအိုသင်္ချိုင်းမြေက ပျောက်ကွယ်သွားတယ်”

ဝမ်ဝေ့က ထိုသတင်းကို အမှတ်ရသွားသည့်အတွက် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက တိထျန်း၊ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနှင့် ဖြေရှင်းနေသည့်အတွက် များများစားစား အာရုံမစိုက်မိပေ။

“အဲဒီပျောက်ကွယ်သွားမှုရဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့ ဒီလောက်နှစ်တွေကြာတဲ့အထိ ဘာမှမတွေ့ရသေးပါဘူး”

“ကိစ္စမရှိဘူး။ တခြားအရာရော ရှိသေးလား” ဝမ်ဝေ့က သူ ဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် သူတို့ကို အချိန်မရွေးရှာနိုင်သည့်အတွက် ထိုကြွက်များကို ဂရုမစိုက်ပေ။

“မူလသင်္ကေတနန်းဆောင်က ဝူမင်က ဝင်ခွင့်အမှတ်အသားပြားရှိတဲ့ လူတစ်ယောက်ကို အမဲလိုက်ခဲ့တယ်။ သူကတော့ နောက်ဆုံးတိုက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိပဲနဲ့ ကျွန်မတို့ရဲ့ မဟာမိတ် ဖြစ်လာချင်တယ်ဆိုတဲ့ အရိပ်အယောင်တော့ ပြခဲ့တယ်။ ကျွန်မတို့တွေ သုံးသပ်ကြည့်သလောက် သူ အမှန်အတိုင်းပြောနေတဲ့ ၇၀ ရာခိုင်နှုန်း ရှိနိုင်ချေရှိပြီးတော့ လိမ်ညာပြီးတော့ သစ္စာဖောက်နိုင်ချေက ၃၀ရာခိုင်နှုန်းရှိတယ်”

“ငါ သိပြီ။ ဆက်ပြော”

“စည်းပိတ်ခံကောင်းကင်ရွေးချယ်ခံအများစုကလည်း နိုးထလာပြီးတော့ ဝင်ခွင့်အမှတ်အသားပြားရှိတဲ့ အားနည်းသူတွေကို အမဲလိုက်နေကြတယ်”

“အဲဒီအလကားကောင်တွေကတော့ ငါ သူတို့ကို အလကား ကယ်လိုက်ပြီးတော့ ကံကြွေးထားမိတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

သူက အဝေးတစ်နေရာကိုကြည့်ကာ ပျောက်ဆုံးနေသည့် ကံကြိုးမျှင်များကို အာရုံခံစားမိလိုက်သည်။ သူ့လက်အဝှေ့တွင် ထိုကံကြိုးမျှင်များကို ထိုလူများ၏ မျိုးဆက်၊ မိသားစုနှင့် ချစ်မြတ်နိုးရသည့်အပေါ် ထားရှိလိုက်သည်။ တစ်ကိုယ်တည်းသမား ဖြစ်နေသူအတွက်မူ သူ တာအိုကို သက်သေပြပြီး ပိုအားကောင်းလာပြီးသည့်နောက် သူတို့၏ အင်အားစုကို အကြွေးဆပ်ခိုင်းဖို့ ကြံစည်ထား၏။

“တခြားဘာရှိသေးလဲ”

“ကျွန်မတို့တွေ ဒီကမ္ဘာရဲ့ အလောင်းရောင်းဝယ်ရေး ဂိုဏ်းခွဲကို ကျူးကျော်ဝင်ရောက်နိုင်ခဲ့ပါပြီ”

“အဲဒါဆိုတော့ ဘယ်လိုဖြစ်သွားလဲ” ဝမ်ဝေ့က မေးမြန်းလိုက်၏။ ဝမ်ကျူက ဝမ်ဝေ့နှင့် ခန္ဓာကိုယ်အသစ် လိုချင်နေသည့် ယွီကျူးတို့ကြားမှ ပဋိပက္ခကို အသုံးချကာ အလောင်းရောင်းဝယ်ရေးဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဖရိုဖရဲဖြစ်နေစဉ်အတွင်း သူက ဂိုဏ်းကို ကျူးကျော်ဖို့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့၏။

“ကောင်းတယ်” ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားပြီး ဝမ်ကျူက ဤမျှစွမ်းဆောင်ရည် ကောင်းလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“ဘာဆုလာဘ် လိုချင်လဲ”

“ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုက လုံလောက်နေပါပြီ” ဝမ်ကျူက စိတ်ရင်းစိတ်မှန်ဖြင့် ပြောလိုက်သည်။ ဂိုဏ်းချုပ်၏ အရိပ်တစ်ယောက်အနေဖြင့် သူမက အရင်းအမြစ် လိုအပ်ချက်မရှိပေ။ သို့သော်လည်း သူမ၏ ဆောင်ရွက်ပုံသည် ကျေနပ်ဖွယ် မကောင်းမည်ကိုသာ စိုးရိမ်နေမိခဲ့သည်။ ထို့ကြောင့် ထိုချီးကျူးစကားများဖြင့်ပင် ပျော်ရွှင်နေပြီ ဖြစ်၏။

“မင်း အဲ့လိုပြောတယ်ဆိုမှတော့ ထားလိုက်ပါ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ထပ်မပြောတော့ပေ။

“နောက်ထပ် တစ်ခုရှိသေးလား။ ဒါက အဆုံးသတ်လား”

“မဟုတ်ဘူး။ ယခင်နှစ်ပိုင်းအတွင်း အရေးကြီးဆုံး ဖြစ်ရပ်က ဖုန်းဟွမ်က ထိုက်ယီနက်နဲမုခ်ရဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူတို့က ဖုန်းဟွမ်ရဲ့ နောက်တက်မဲ့ ခေါင်းဆောင်အဖြစ် အဆင့်အတန်းကို ဖယ်ရှားလိုက်ပြီးတော့ အမဲလိုက်နေကြတယ်။ အဲဒီဖြစ်ရပ်က ကမ္ဘာတစ်ခုလုံးကို မသေမျိုးအဆင့် ပုဂ္ဂိုလ်တွေနဲ့ ဆန့်ကျင်ကျင့်ကြံသူတချို့က ဖုန်းဟွမ်နဲ့အတူ ဂိုဏ်းကို သစ္စာဖောက်သွားတော့ တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့တယ်လေ”

“အဲဒါဆိုတော့ အဆုံးသတ်မှာ သူ့ကို ရှာတွေ့သွားတယ်ပေါ့” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ငါတို့ရဲ့ အခြေအနေကရော ဘယ်လိုလဲ”

“ထိုက်ယီနက်နဲမုခ်က ကျွန်မတို့ရဲ့ အဆင့်မြင့် သူလျှိုအများစုကို တွေ့ပြီးတော့ သတ်လိုက်ပါတယ်။ လူတချို့ကပဲ လွတ်မြောက်သွားတယ်”

“အဲဒီဖုန်းဟွမ်က တကယ်ကို အလကားပဲ” ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူ့လူများကြောင့်သာ ဖုန်းဟွမ်က စောစောစီးစီး ရှာမတွေ့သွားခြင်း ဖြစ်၏။ သို့သော် ယခုတွင် သူ့ဆောင်ရွက်ချက်များက အလကားဖြစ်သွားဟန်ဖြစ်ပေါ်သည်။

“ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ငါ့ကံကြွေးကို ပြန်လည်ပေးဆပ်ပြီးသွားပြီ” သူက ထပ်ပြောလိုက်သည်။

“အထဲမှာ ငါတို့လူတွေ ရှိသေးလား”

“ဟုတ်ကဲ့။ ဒါပေမဲ့ လူတချို့ပဲ ကျန်ပါတော့တယ်”

“အဲဒါ လုံလောက်တာထက် ပိုတယ်။ ဖုန်းဟွမ်ကရော ဘာဖြစ်သွားလဲ”

“သူက ပျောက်ကွယ်သွားပြီးတော့ ဘယ်သူကမှ သူ့ကို ရှာမတွေ့ကြဘူး” ဝမ်ကျူက ပြန်ဖြေလိုက်၏။

“ကျွန်မ မှန်းဆရသလောက် သူက အနောက်ပိုင်းသန့်စင်ကောင်းချီးနယ်မြေမှာ ပုန်းနေတယ်လို့ ထင်တယ်။ ဂိုဏ်းချုပ် သူ့ကို ဆက်သွယ်ချင်လား”

“မလိုဘူးထားလိုက်။ လက်ရှိအခြေအနေမှာ ငါတို့လိုအပ်တာထက် သူက ငါတို့ကို ပိုလိုအပ်နေနိုင်တယ်”

***

All Chapters