← Chapters

အင်မော်တယ် သင်္ကေတများ *

Vol. 54 Ch. 746

အင်မော်တယ် သင်္ကေတများ *

Vol. 54 Ch. 746

(မသေမျိုးဟု အသုံးပြုထားခြင်းမှ အင်မော်တယ်ဟု ပြောင်းလဲသုံးစွဲသွားပါ့မယ်)

“ကျန့်ဝူရွှမ်းက အခု ပြန်ကောင်းသွားပြီ” ဝမ်ကျူက ပြောလိုက်သည်။

“ဒါပေမဲ့ ဒီမျိုးဆက်မှာတော့ ယှဉ်ပြိုင်မဲ့ ရည်ရွယ်ချက် မရှိတဲ့ပုံပဲ”

“ဒါက အဓိပ္ပာယ်တော့ ရှိပါတယ်။ သူက အချိန်အများကြီး ဆုံးရှုံးသွားတာဆိုတော့ တခြားသူတွေထက် နောက်ကောက်ကျန်နေခဲ့မှာပဲ။ ပြီးတော့ ပျက်စီးနေတဲ့ တာအိုနှလုံးသားကို ကုသဖို့က လွယ်မှာမဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းရော တစ်ခုခု ထူးခြားသေးလား ဒါမှမဟုတ် ကုန်သွယ်ရေးဗဟိုချက်က ငါတို့လူတွေနဲ့ တခြားကမ္ဘာအသိုက်အဝန်းတွေကရော ဘာထူးသေးလဲ”

“ဘာမှတော့ မထူးခြားပါဘူး။ လတ်တလော အရာအားလုံးက ငြိမ်းချမ်းနေပါတယ်။ အခု ကုန်သွယ်ရေးဗဟိုချက်မှာ ခိုင်ခိုင်မာမာ အခြေကုပ်ရယူနိုင်ထားတယ်။ ဒါပေမဲ့ တခြားအဖွဲ့တွေက ကျွန်မတို့ကို သိပ်ပြီးတော့ သဘောမကျတဲ့ပုံပဲ။ အဲဒါကြောင့် ကျွန်မတို့ရဲ့ အပြုအမူတွေကို ကန့်သတ်ထားတယ်”

“အဲဒါက ကိစ္စမရှိဘူး။ ခိုင်မာတဲ့ အခြေကုပ်မှုနဲ့ဆိုရင် ကစားပွဲတစ်ခုလုံးကို ပြောင်းပြန်လှန်ပြီးတော့ အတင်းအကြပ် သိမ်းပိုက်လို့ရတယ်” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီး သူ နောက်ဆုံးတစ်ခါ ပြောလိုက်သည်။

“တခြားကိစ္စ ရှိသေးလား”

“နောက်ဆုံးတစ်ခုက လွန်ခဲ့တဲ့ နှစ်၂သိန်းခန့်က ကောင်းချီးလက္ခဏာ ၃ခု ပေါ်ထွက်ခဲ့ဖူးပါတယ်။ တစ်ခုက မဟာအကြီးအကဲ ယန်းလီလင်းဆီက ဖြစ်ပြီးတော့ ကျန်တာတွေက တိမျိုးနွယ်နဲ့ မဟာအဆောင်မြို့တော်ကပါ”

“ထုံရို့ပင်းလား။ သူမက ဘာလုပ်လိုက်လို့လဲ”

“သူမက အင်မော်တယ်အဆောင်ကို ပြုလုပ်နိုင်ခဲ့တယ်” ကြည်လင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ဝမ်ဝေ့က လှမ်းကြည့်လိုက်သည့်အခါ ယန်းလီလင်းက ခန်းမအတွင်း ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။

“အဲဒါဆိုတော့ ကမ္ဘာအနှံ့မှာ အဆောင်သခင်တွေလည်း တူညီတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့”

ယန်းလီလင်းက ခေါင်းခါကာ

“မဟာအဆောင် မြို့တော်က ဒီအမှန်တရားကို လက်ခံဖို့ ငြင်းဆန်တယ်လေ။ သူတို့က ထုံရို့ပင်းကို ဒီသတင်း ထိန်းသိမ်းထားပြီးတော့ နောက်ဆုံးတိုက်ပွဲမှာ ထုတ်သုံးစေချင်တဲ့ပုံပဲ”

“အဲ့လိုလား” သူက ရေရွတ်လိုက်သည်။

“ဒီမျိုးဆက်က တကယ့်ကို ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ်ခေတ်ကာလပဲ။ ကျွမ်းကျင်အတတ်ပညာရှင်တွေ ခေတ်ကာလများစွာ လိုက်ရှာနေရတဲ့ အရာကို ပါရမီရှင်နှစ်ယောက်က ရရှိခဲ့တာပဲ”

“ဟုတ်တယ်”

“ဒါနဲ့ ဘာများဖြစ်လို့လဲ” ဝမ်ဝေ့က သူမအသံသည် ထူးထူးဆန်းဆန်း စိတ်ခံစားချက်မျိုး ပါဝင်နေသည့်အတွက် မေးလိုက်သည်။

“ကျွန်မက အင်မော်တယ်ဆေးလုံးကို ဖော်စပ်ဖို့ ဘိုးဘေးတွေဆီကနေ အင်မော်တယ်ချီနဲ့ ထူးကဲတဲ့ အစီအရင်ကို အသုံးပြုခဲ့တယ်။ ကျွန်မက ဖော်စပ်နည်းနဲ့ အံ့ဖွယ်သင်္ကေတတွေကို လုပ်ရပေမဲ့ အောင်မြင်မှုရဲ့ အဓိကအရေးပါဆုံးအချက်က အင်မော်တယ်ချီပဲ။ ကျွန်မရဲ့ နည်းလမ်းက အများလက်ခံထားတာတော့ မဟုတ်ဘူး။

အဲဒါကြောင့် လူထုကို ကြေညာပြီးတော့ ကုသိုလ် မစုဆောင်းနိုင်သေးဘူး။ ဒါပေမဲ့ ထုံရို့ပင်း အဲဒီအစီအရင်ကို မရယူနိုင်သင့်ဘူး။ သူမအတွက် အင်မော်တယ်ချီ စုဆောင်းပေးဖို့ ထာဝရအရှင်တစ်ယောက် ရှိတာက အင်မော်တယ်အဆင့် အဆောင်ကို ဖန်တီးဖို့ လုံလောက်မှာ မဟုတ်ဘူး”

ဝမ်ဝေ့က သူမအား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးသည့်နောက်တွင် ယန်းလီလင်း၏ ထူးထူးဆန်းဆန်း ခံစားချက်က အားကျမှုနှင့် ယှဉ်ပြိုင်လိုသည့် သဘာဝဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ ယန်းလီလင်းက ထုံရို့ပင်းဆီ မရှုံးနိမ့်လိုပေ။

“ကျွန်မတို့ရဲ့ သူလျှိုတွေက သူမ အင်မော်တယ်အဆောင် စမ်းသပ်ချက်ခံယူတုန်းက ပြန့်ကျဲသွားတဲ့ အငွေ့အသက်တွေကို စုဆောင်းထားတယ်” ယန်းလီလင်းက အဆောင်တစ်ခုကို ပေးကာ ပြောလိုက်သည်။

“ဒီနှစ်တွေထဲမှာ သူမက အဆောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို သုံးသပ်ခဲ့ပေမဲ့ အကိုကြီးရဲ့ အမြင်နဲ့ အတည်ပြုဖို့ လိုတယ်”

ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် အဆောင်မှ အငွေ့အသက်ကို ခံစားကြည့်လိုက်သည်။

“ဒါက ဧကရာဇ်အသုံးအဆောင်နဲ့ တူညီနေတဲ့ အငွေ့အသက် အနည်းငယ်ပဲ”

ထိုအရာက မှေးမှိန်နေသော်လည်း သူက အာရုံခံစားမိလေသည်။

“သူမရဲ့ နည်းလမ်းက ဧကရာဇ်အများစု အသုံးအဆောင် ဖန်တီးတဲ့ပုံစံနဲ့ ဆင်တူတယ်။ သူမက ဧကရာဇ်တစ်ပိုင်းအဆင့် အဆောင်ကို အင်မော်တယ်အဆင့် အဆောင်အဖြစ် ပြောင်းလဲဖို့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းရဲ့ စွမ်းအားကို မငှားယူခင် အဆောင်သားလောင်းကို လုပ်ခဲ့တာ”

“ကျွန်မလည်း အဲ့လိုပဲ တွေးမိတယ်” ယန်းလီလင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ထုံရို့ပင်းက တကယ်ကို ပါရမီရှင် တစ်ယောက်ပဲ” ဝမ်ဝေ့က လေးစားစွာပြောလိုက်သည်။ သူမက ဝူမင်ဆီမှ သူ့အတွေးအခေါ်တချို့ကို သင်ယူပြီးသည့်နောက်တွင် ပွင့်လင်းမြင်သာ အမြင်ကျယ်ကျယ် တွေးတောလာနိုင်သည်။ တခြားနည်းဖြင့် ဆိုရလျှင် သူမက ဤကမ္ဘာရှိ လူများ၏ ရိုးရိုးရှင်းရှင်း အတွေးအခေါ်များဖြင့် ကန့်သတ်ထားခြင်း မခံရပေ။

“သူမက ကျွန်မထက်တော့ မတော်ပါဘူး” ယန်းလီလင်းက ပြောလိုက်သည်။

“ဒါနဲ့ မင်းရဲ့ နည်းလမ်းကို အများလက်ခံနိုင်အောင် လုပ်နိုင်မဲ့ နည်းလမ်းကို စဉ်းစားပြီးသွားပြီလား”

“ဟုတ်” ယန်းလီလင်းက ပြောလိုက်သည်။

“ကျွန်မက အင်မော်တယ်သင်္ကေတတွေကို စတင်လေ့လာနေတာ။ အဲဒီသင်္ကေတတွေရဲ့ ရည်ရွယ်ချက်က ပင်ကိုချီကို အင်မော်တယ်ချီအဖြစ် ပြောင်းလဲပြီး ကျွမ်းကျင်အတတ်ပညာရှင်တွေ အကုန်လုံးက အင်မော်တယ်အဆင့် ပစ္စည်းတွေကို ဖန်တီးနိုင်အောင်လို့ပဲ”

“ရည်မှန်းချက်ကြီးလိုက်တာ” ဝမ်ဝေ့က အကြည့်များ တောက်ပလာကာ ပြောလိုက်၏။

“မျိုးဆက်တစ်ခုချင်းစီမှာ ဒီလိုအင်မော်တယ်သင်္ကေတကို လုပ်ဆောင်နိုင်တဲ့ ပါရမီရှင်က လူ ၅ယောက်ထက် နည်းပေမဲ့ ဒီလိုနည်းစနစ် ဖန်တီးထားမှုက မင်းကို တန့်ဘိုးဘေးဂုဏ်ပုဒ်ကိုတောင် ချီးမြှင့်ဖို့ လုံလောက်တယ်”

ဝမ်ဝေ့၏ သုံးသပ်မှုက မှားယွင်းနေသည်။ မျိုးဆက် ၅ ခုအတွင်း အင်မော်တယ်သင်္ကေတကို အသုံးပြုဖို့ ပါရမီရှင် ရှိသည့်သူက ကောင်းချီးသာ ဖြစ်လိမ့်မည်။ သို့သော်လည်း သူ့ခေတ်ကာလမူ ကြွယ်ဝကာ အမြင်ကျယ်သည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာ၏ ကံကြမ္မာက သိသိသာသာ တိုးမြင့်လာပြီး မျိုးဆက်တိုင်း ပါရမီရှင်များစွာ မွေးထုတ်ပေးလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူက ယန်းလီလင်း၏ တန်ဖိုးနှင့် ဂုဏ်ပုဒ် လက်ခံရရှိခြင်းအတွက် စွမ်းရည်နှင့် ပတ်သက်ပြီး မှန်ကန်နေခဲ့သည်။ သူမ၏ အင်မော်တယ်သင်္ကေတများက တန့်ယွမ်ဧကရာဇ် အံ့ဖွယ်သင်္ကေတ ဖန်တီးခြင်း၏ အောင်မြင်မှုထက် မလျော့ကြပေ။

“အရှင်းဆုံးပြောရရင် အင်မော်တယ်သင်္ကေတအတွက် ပိုပြီးတော့ မျှော်လင့်ချက် ထားထားတယ်” ယန်းလီလင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

“အိုး ပြောပါဦး” ဝမ်ဝေ့က မေးလိုက်၏။

“အင်မော်တယ် သင်္ကေတတွေကို အရင်းအမြစ်ချီနေရာနဲ့ သဟဇာတဖြစ်စေပြီးတော့ ဆေးလုံးကို လေ့ကျင့်ပေးဖို့ အင်မော်တယ်ချီကို ဆင့်ခေါ်နိုင်အောင် မျှော်လင့်ထားတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“အစ်ကိုကြီး ဘယ်လိုထင်လဲ။ အဲဒါက ဖြစ်နိုင်တယ်လို့ ထင်လား”

“ငါလည်း မသိဘူး” သူက သက်ပြင်းချကာ ပြောလိုက်၏။

“ဒိုင်မေးရှင်းအမြင့်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်က မဟာဧကရာဇ်ရဲ့ အကူအညီမရှိဘဲ ထာဝရအရှင် ဒါမှမဟုတ် တာအိုဘိုးဘေး ဖြစ်လာနိုင်မဲ့နည်းလမ်းကို ရှာနိုင်တယ်။ ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်မှာတော့ ကိစ္စတွေက မတူညီဘူး။ မင်းရဲ့ အင်မော်တယ်သင်္ကေတက အင်မော်တယ်ချီ ပါဝင်နေတော့ အစစ်အမှန် ကောင်းကင်တာအိုက ခွင့်ပြုပါ့မလားပဲ”

“ကျွန်မက အခွင့်အရေးတော့ ရှိတယ်မလား” ယန်းလီလင်းက ပြောလိုက်သည်။

“အစစ်အမှန် ကောင်းကင်တာအိုက လက်ရှိအခြေအနေကြောင့် ကန့်သတ်ချက်တော့ နည်းသွားပြီလေ။ ပြီးတော့ အသက်ရှည်လမ်းစဉ်ကမ္ဘာမှာ အင်မော်တယ် အရင်းအမြစ်ရှိတယ်လို့ ပြောဖူးတယ်လေ။ အဲဒါဆိုတော့ အင်မော်တယ်ချီက ဒိုင်မေးရှင်းအနိမ့်ကနေ တားဆီးခံရတာတော့ မဟုတ်ဘူးပဲ”

“အဲ့လိုဖြစ်လိမ့်မယ်လို့တော့ တစ်ခါမှ တွေးမကြည့်ဖူးဘူး။ တကယ်လို့ အခွင့်အရေး ရှိတယ်ဆိုရင်တော့ လုပ်ကြည့်ချင်တယ်”

“ကောင်းပြီ။ မင်းရဲ့ အရင် စမ်းသပ်ချက်တွေကို ပြဦး” ဝမ်ဝေ့က ပြောလိုက်သည်။ ယန်းလီလင်းက သတင်းအချက်အလက် ကူးပြောင်းရေးအဆောင်ကို ပေးလိုက်၏။

အင်မော်တယ် သင်္ကေတများ ပင်ကိုချီမှ အင်မော်တယ်ချီအဖြစ် ပြောင်းလဲထားသည့် လေ့လာရေးဖြစ်စဉ်က အထွေထွေသောင်းပြောင်းဧကရာဇ်၏ အစီအရင်ကြောင့် ချောမွေ့နေခြင်း ဖြစ်ပေသည်။

အောင်မြင်မှုအဆင့်နှင့် ဝေးကွာနေသေးသော်လည်း ကိစ္စများက ချောချောမွေ့မွေ့ဖြစ်နေ၏။ သို့သော်လည်း အရင်းအမြစ်ချီ နေရာနှင့် ပတ်သက်နေသည့် အခါတွင် တူညီသည်ဟု မပြောနိုင်ပေ။

“ပင်ကိုချီ လိုသေးလား” သူက မေးလိုက်သည်။

“မလိုတော့ဘူး။ ဘိုးဘေးတွေက ကျွန်မရဲ့ လေ့လာမှုအတွက် ထောက်ပံ့ပေးထားတယ်”

“အဲဒါဆို ကောင်းပြီ။ ဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ ငါတို့တွေ ဒီလေ့လာမှုကို ဆက်လုပ်နိုင်မလားဆိုတာကို အရင်းအမြစ်ချီနေရာကို စူးစမ်းရှာဖွေကြည့်ရမယ်”

“ကျွန်မလည်း အဲ့လိုပဲ တွေးထားတယ်”

“ဒါနဲ့ အလိုအလျောက် ဆေးပြင်းမီးဖိုကရော ဘယ်လိုလဲ”

“အခြေခံအနေနဲ့တော့ အောင်မြင်သွားပါပြီ” ယန်းလီလင်းက ပြန်ဖြေလိုက်သည်။

“ဆေးပြင်းမီးဖိုက အနိမ့်ဆုံး နက်နဲအဆင့်ကနေ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ဆေးလုံးကို ထုတ်လုပ်ပေးနိုင်တယ်။ အခု အင်မော်တယ် သင်္ကေတတွေကို လေ့လာနေတာဆိုတော့ ဆေးလုံးတွေကို မကြာခင် အင်မော်တယ်ဆေးလုံးအဖြစ် အဆင့်မြှင့်တင်ချင်တယ်”

“ကောင်းတယ်” ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက ယန်းလီလင်း၏ ပါရမီနှင့် အောင်မြင်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေမိ၏။ သူက ဆေးဝါးပါရမီရှင် တစ်ယောက်ဖြစ်သော်လည်း သူက ထိုအရာကို အရန်တာအိုအဖြစ်သာ ကျင့်ကြံထားခဲ့သည်။

ဆေးပြင်းမီးဖိုနဲ့ အင်မော်တယ်သင်္ကေတကနေ ကုသိုလ်နဲ့ဆိုရင် လီလင်းက အမေ့လိုမျိုး ကုသိုလ်ရွှေခန္ဓာကိုယ်ဖွဲ့စည်းနိုင်လိမ့်မယ်…

ဝမ်ဝေ့က ကုသိုလ်သက်သေပြ တာအိုနည်းလမ်းကို စဉ်းစားရင်း တွေးလိုက်သည်။

“ဒါနဲ့ မင်းအနေနဲ့ ပင်ကိုဆေးလုံးနည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်တာကို လက်မလျှော့သင့်ဘူး။ ပင်ကိုဆေးလုံးတွေက ဧကရာဇ်ဆေးလုံးနဲ့ ယှဉ်နိုင်တယ်လေ” သူက ထပ်ပြောလိုက်သည်။

သို့သော်လည်း ယန်းလီလင်းက ခေါင်းခါကာ

“အစ်ကိုကြီးက ဒီနည်းစနစ်ကို ဖန်တီးခဲ့တာဆိုတော့ အပြီးသတ်သင့်တယ်လေ။ ကုသိုလ်တွေက အစ်ကိုကြီး အတွက် အကျိုးအမြတ်ရှိစေမှာပါ”

သူမအနေဖြင့် ဝမ်ဝေ့က သူမအား ဤနည်းစနစ်ကို ပြီးမြောက်စေလိုသည်မှာ သူမ၏ အနာဂတ် ကျင့်ကြံရေးကို အာမခံပေးမည့် ကုသိုလ် ရရှိစေရန် ဖြစ်သည်။

သို့သော်လည်း သူမက ကုသိုလ် စုဆောင်းမည့် နည်းလမ်းရှားပါးမနေသည့်အတွက် သူ ကိုယ်တိုင်သာ အသုံးပြုသင့်ပေသည်။

“ကောင်းပြီ။ ငါလည်း ဆက်ပြီး အပျင်းကြီးနေလို့ မဖြစ်တော့ဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ လီကျွင်းက ဘယ်မှာလဲ”

သူက တစ်စုံတစ်ယောက်ကို စေလွှတ်ကာ ခေါ်ခိုင်းခဲ့သော်လည်း အခုထိ မရောက်ရှိသေးပေ။

“သူက သီးသန့်ကျင့်ကြံနေတာလား”

“သူက သူ့သားကို သွားတွေ့တယ်” ယန်းလီလင်းက ပြောလိုက်သည်။

“တိုက်ပွဲပြီးတဲ့အထိ သူတို့ကို စည်းပိတ်ထားချင်တယ်လို့ ထင်နေတာ”

“နောက်ဆုံးတိုက်ပွဲက အန္တရာယ်များတယ်ဆိုတာ့ ဘာမဆိုဖြစ်သွားနိုင်တယ်လေ။ အဲဒါကြောင့် သူက သူတို့ကို သွားပြီး တွေ့ထားတာ”

“အဲဒါလည်း မဆိုးပါဘူး” သူက ရေရွတ်လိုက်သည်။ ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် ဘာမဆိုဖြစ်ပျက်သွားနိုင်သည်။ ထို့ကြောင့် သူက ကောင်းကင်အလိုဆန္ဒကို သူ့လက်ထဲ ဆုပ်ကိုင်ပြီး မစုပ်ယူနိုင်သရွေ့ စိတ်အေးအေး မထားနိုင်ပေ။

“အားကျနေတာလား” ဝမ်ဝေ့က အပြုံးလေးဖြင့် မေးလိုက်သည်။

“ အနာပေါ် ဆားလာသိပ်နေတာလား” ယန်းလီလင်းက ပြန်လည်ချေပလိုက်၏။ သို့သော်လည်း ဝမ်ဝေ့က ရယ်မောလိုက်သည်။

“တကယ်လို့ အားကျနေတယ်ဆိုရင် ဧကရာဇ်ဖြစ်လာပြီးတဲ့နောက်မှာ ဂိုဏ်းရဲ့ ဧကရာဇ်ကလေးငယ်ကို မွေးဖွားပေးလိုက်ပေါ့”

ယန်းလီလင်းက ပိုမိုဆွံ့အသွားသည်။

“ကျွန်မတို့ရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ဆိုရင် ကလေးရှိဖို့က အတော်လေးခက်တယ်။ ဧကရာဇ် ဖြစ်ပြီးမှဆိုရင် ပြောဖို့တောင် မလိုတော့ဘူး”

“မစိုးရိမ်ပါနဲ့။ မင်းတို့ကို ကလေးရှိမဲ့ ကံကြမ္မာကို ချီးမြှင့်ပေးနိုင်တယ်။ တကယ်လို့ မင်းတို့တွေသာ မျိုးဆက် ပြောင်းလဲတဲ့အချိန် … အချိန်မှန် စီစဉ်နိုင်မယ်ဆိုရင် ရရှိနိုင်ချေမြင့်မားတယ်”

“အဲဒါ ဖြစ်နိုင်ပါ့မလား” ယန်းလီလင်းက မေးလိုက်၏။

“အောင်မြင်မှုကိုတော့ အာမ မခံနိုင်ပေမဲ့ အခုအခွင့်အရေးကိုတော့ တိုးမြှင့်ပေးနိုင်လောက်တယ်။” ဝမ်ဝေ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“အစ်ကိုကြီးက ကျွန်မထက်တောင် ပိုပြီးတော့ ပျော်ရွှင်နေတဲ့ပုံပဲ”

“ငါ့ရဲ့ အစီအစဉ်အရ ငါက တာအိုကို မကျော်လွန်မချင်း ကလေးယူမှာ မဟုတ်ဘူး။ တကယ်လို့ သမီးလေးဆိုရင်တော့ အလိုလိုက်ဖို့ ပြင်ထားတယ်။ တကယ်လို့ သား ဖြစ်နေရင်တော့ သူ့ကို အခက်ခဲဆုံး နည်းလမ်းတွေနဲ့ လေ့ကျင့်ပေးရမယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါဆိုတော့ သမီးလေးကို ဘယ်လိုအလိုလိုက်ရမလဲဆိုတာကို လေ့ကျင့်ဖို့ လိုတယ်လေ။ ပြီးတော့ ငါက အမြဲတမ်း အလိုလိုက်တဲ့ ဦးလေး ဖြစ်ချင်နေခဲ့တာ”

ယန်းလီလင်းက ဘာပြန်ပြောရမှန်းပင် မသိတော့ဘဲ နေရခက်သည့်အပြုံးဖြင့် ခေါင်းအသာယမ်းလိုက်တော့သည်။

***

All Chapters