အဓိကပါဝင်ပစ္စည်းနှင့် ယောက်ျား ရွေးချယ်ခြင်း *
Vol. 54 Ch. 750
ဝူဟုန်က အခြေအနေကို သုံးသပ်ဖို့ ကြိုးစားနေရင်း အဓိကမှတ်ဉာဏ်များကို ပြန်လည်ကြည့်လိုက်သည်။ သူမက ဒိုင်မေးရှင်းအနိမ့်ကို ကိုယ်ပွား မစေလွှတ်ခဲ့ပေ။ ပြောရလျှင် သူမက ထိုသို့ မလုပ်ဆောင်နိုင်ပေ။ အစွဲကင်းတစ်ပိုင်း အဆင့်များနှင့် လူအိုကြီးငရဲလိုမျိုး လူကသာ ဒိုင်မေးရှင်းအနိမ့်အပေါ် ဤမျှ လွှမ်းမိုးမှု ရှိနိုင်သည်။
သူမက တူညီတဲ့ တည်ရှိမှုရှိတဲ့ ငါဆိုတာ သိသာတယ်…
ဝူဟုန်က ထိုသူသည် သူမနှင့် ရုပ်တူသည့် ဖြစ်နိုင်ချေကို ဖယ်ရှားခဲ့သည်။
ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်။ ပထမတစ်ခုက တစ်ယောက်ယောက်က ဒီကိုယ်ပွားကို စေလွှတ်ပြီးတော့ တစ်စုံတစ်ခု ကြံစည်နေတာ။ ဒုတိယတစ်ခုက ငါ့ရဲ့အနာဂတ်ကိုယ်က ဒီကိုယ်ပွားကို စေလွှတ်လိုက်တာ။ ဒါပေမဲ့ စံပြတွေကတောင် လူအိုကြီးငရဲရဲ့ နည်းလမ်းကို မသုံးမချင်း ဒီလိုမျိုးမလုပ်ဆောင်နိုင်ဘူး။ အဲဒါဆိုတော့ အနာဂတ်ငါက အစွဲကင်းတစ်ပိုင်းအဆင့်လား…
ဝူဟုန်က သူမသည် စိတ်လှုပ်ရှားမလာဘဲ ကိစ္စများသည် ပိုမိုရှုပ်ထွေးလာသည်ဟုသာ ခံစားမိသည်။ ထို့နောက် ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို တွေးမိသွား၏။
မဟုတ်သေးဘူး။ ဒါက ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ရုံလောက် ရိုးရှင်းမနေဘူး။ တစ်ယောက်ယောက်က ကမ္ဘာဦးအချိန်စက်ဝန်းကို ပြောင်းလဲနေတာပဲ…
အကြွင်းမဲ့တားမြစ်ချက်နှင့် ပတ်သက်ပြီး သူမ၏ မှတ်ဉာဏ်များက ဝေဝါးကာ တချို့တစ်ဝက် ပျောက်ဆုံးနေသော်လည်း သူမက ထိတ်လန့်ဖွယ် အမှန်တရားတစ်ခုကို ရှာတွေ့ခဲ့ကြောင်း အမှတ်ရနေသည်။ တစ်စုံတစ်ယောက်က ကမ္ဘာဦးအချိန်စက်ဝန်းကို အတင်းအကြပ် ပြောင်းလဲကောင်း ပြောင်းလဲပစ်နိုင်ကြောင်း သိခဲ့ရသည်။
ဝူဟုန်က အဆောင်တစ်ရွက်ကို ထုတ်ကာ မေတ္တယျဆီ စကားလှမ်းပို့ပြီး အချိန်စက်ဝန်းကို ပြောင်းလဲနိုင်စွမ်းရှိလားဟု မေးမြန်းခဲ့သည်။
[အင်း။ ငါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ကမ္ဘာဦးအချိန်စက်ဝန်းကို ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲတွေက တခြားဟွင်သွမ်းကမ္ဘာတွေ ဒါမှမဟုတ် ကမ္ဘာဦးဟွင်သွမ်းတစ်ခုလုံးအပေါ်မှာ သက်ရောက်မှု ရှိလာစေမယ်ဆိုရင်တော့ အချိန်မြစ်ကြောင်းဆီက တန်ပြန်သက်ရောက်မှုက ငါ့ကို ချက်ချင်း သေသွားစေလိမ့်မယ်]
ဝူဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး အစွဲကင်းတစ်ပိုင်းအဆင့်၏ စွမ်းအားကို အံ့အားသင့်နေမိသည်။ ထို့နောက် သူမက အရေးကြီးသည့် တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်၏။
ငါ့ကိုယ်ပွားရဲ့ ရည်ရွယ်ချက်က ဒီကံကြမ္မာပါတဲ့ ချစ်ရသူကို အဘက်ဘက်ကနေ ပဲ့ကိုင်ပြီးတော့ သူ့လမ်းကြောင်းပိုမိုချောမွေ့ပြီး ကောင်းမွန်စေအောင် လုပ်ပေးနေသလိုပဲ။ ဒါပေမဲ့ အဲဒီချစ်သူရဲ့ ကံကြမ္မာက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို သက်ရောက်မှုဖြစ်စေဖို့ လုံလောက်နေတယ်…
သူမက ထိုသူသည် တားမြစ်ချက်များစွာနှင့် ပတ်သက်နေပြီး လမင်းခုနစ်စင်း၏ ခေတ်ကာလကိုပင် အဆုံးသတ်ပစ်မည့် သူ့ကံကြမ္မာကိုပင် အမှတ်ရလိုက်သည်။
အဲဒါဆိုတော့ ဒီကိုယ်ပွားကို ဘယ်သူပဲ စေလွှတ်လွှတ် အစွဲကင်းတစ်ပိုင်းအဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားမျိုး ရှိတာသေချာတယ်…
ဝူဟုန်က အကြွင်းမဲ့တားမြစ်ချက်မှ သင်ယူခဲ့ရသည့် အရေးကြီးသည့် သတင်းအချက်အလက်ကို အမှတ်ရသွားသည်။
ဟွင်သွမ်းစကြဝဠာထဲက လူနှစ်ဦးကသာ စကြဝဠာမှ အစစ်အမှန် လွတ်မြောက်သွားသည်…
အဲဒီထဲက တစ်ယောက်လား ဒါမှမဟုတ် တခြားတစ်ခုခုလား…
သူမက မှတ်ဉာဏ်များကို သုံးသပ်ကာ ဝမ်ဝေ့နှင့် ကိုယ်ပွားတို့၏ စကားဝိုင်းကို အသေအချာ အလေးအနက်ထားလိုက်သည်။
သူတို့နဲ့ မဟာတာအိုကြားက တိုက်ပွဲလား။ စကြဝဠာကို စစ်တုရင်ခုံအဖြစ် အသုံးပြုပြီးတော့ သက်ရှိအားလုံးကို နယ်ရုပ်အဖြစ် သဘောထားတယ်။ ဒါက နောက်ထပ် ဖြစ်နိုင်ချေတစ်ခုပဲ…
ဝူဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားလိုက်သည်။
ငါက နယ်ရုပ်တစ်ရုပ် ဖြစ်လာတာလား။ မဟုတ်သေးဘူး။ သူ့ရဲ့ ကောက်ချက်ချမှုတွေအရဆိုရင် ငါတို့တွေ ကစားသမား ဖြစ်နေနိုင်တယ်…
သူမက အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရှိသွားလျှင်ပင် နယ်ရုပ်တစ်ရုပ်ဖြစ်နေကြောင်း သဘောပေါက်သွား၍ ခေါင်းအသာယမ်းလိုက်သည်။
ထူးကဲသာလွန်မှု… ငါက အဲဒီအဆင့်ကို မရောက်ရင် နယ်ရုပ်တစ်ရုပ်အဖြစ် အမြဲတမ်း ကျန်ရှိနေလိမ့်မယ်…
ဝူဟုန်က အသက်ပြင်းပြင်း ရှူလိုက်၏။ လက်ရှိသတင်းအချက်အလက်ဖြင့် သူမ၏ အနာဂတ်က တောက်ပသော်လည်း အခက်အခဲများ ပြည့်နှက်နေကြောင်း သိလိုက်သည်။ သို့သော်လည်း အနာဂတ်က တသတ်မှတ်တည်း မဟုတ်ကြောင်း နားလည်လေသည်။
သူမ၏ အနာဂတ် အောင်မြင်မှုများက သမိုင်းကြောင်းကို လုံးဝကွဲပြားသည့် အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်လိုက်ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူမက သူမ အောင်မြင်မှုသည် အာမခံထားလိမ့်မည်ဟူသော စိတ်သဘောထားမျိုး မရှိပေ။
အဓိက သတင်းအချက်အလက်တွေက စည်းပိတ်ခံထားရတာ နှမြောစရာပဲ…
ဝူဟုန်က စဉ်းစားလိုက်သည်။ ထို့နောက် သူမက တစ်စုံတစ်ခုအပေါ် အာရုံစိုက်ထားလိုက်၏။
“ပြီးပြည့်စုံမှု အုတ်မြစ်” သူမက ရေရွတ်လိုက်ပြီးသည့်နောက်တွင် ထိုကျင့်စဉ်ကို ဖတ်ရှုလိုက်သည်။
“ဒါက ငါ ဖန်တီးမဲ့ ကျင့်စဉ်နဲ့ တကယ်တူတယ်”
ကျင့်ကြံသူတစ်ယောက် ဖန်တီးထားသည့် မန္တန်၊ ကျင့်စဉ် သို့မဟုတ် ကျမ်းများက သူတို့၏ ကိုယ်ပိုင်အမှတ်အသား ရှိကြသည်။ တူညီသည့်ကျင့်စဉ်ကို ပြုလုပ်သည့် အမွှာကပင် သူတို့၏ အမှတ်အသားအပေါ် မူတည်၍ အနည်းငယ် ကွဲပြားချက်ရှိလိမ့်မည်။
တစ်ခုတည်းသော ပြဿနာက အလင်းမဲ့အမှန်တရားပဲ…
ဝူဟုန်က သူမကို သတ်ပစ်နိုင်သည့် တားမြစ်ချက်နှင့် ဆက်နွယ်ဖို့ စွန့်စားမှုမျိုးကို မလုပ်လိုပေ။
နောက်ထပ် နည်းလမ်းတစ်ခုက အလင်းမဲ့အမှန်တရားလိုမျိုး အန္တရာယ်များနေတဲ့ တားမြစ်နယ်မြေတွေဆိုတော့ ပြဿနာပဲ…
ပြီးတော့ ငါက အဲဒီတားမြစ်နယ်မြေတွေထဲမှာ တစ်ဘဝလုံး မကုန်ဆုံးသရွေ့ မဟာတာအိုရဲ့ အမျက်ဒေါသကို အသက်ရှင်နိုင်မှာမဟုတ်ဘူး…
အလင်းမဲ့အမှန်တရားက ထိုကျင့်စဉ်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။ ပြောရလျှင် မဟာတာအို၏ အမျက်ဒေါသမှ ကျင့်ကြံသူအားလုံးကို ကာကွယ်ပေးနိုင်၍ ဖြစ်သည်။
ဒီကျင့်စဉ်အတွင်း ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကြောင့် ခေါင်းကိုက်ရမှာကို ထည့်မပြောရသေးဘူး…
သူမက စာရင်းကို ကြည့်ကာ ပြုံးလိုက်သည်။
ပြီးပြည့်စုံမှုအနှစ်သာရပါဝင်နေသည့် ရှားပါးမိုးမြေ ပစ္စည်းတစ်ခု…
လူများစွာက သေမျိုးနှင့် မသေမျိုးပြီးပြည့်စုံမှုကို လေ့လာဖို့ ကြိုးစားသူများက ထိုအရာအပေါ် အစွဲကြီးကြသည်။ သို့သော်လည်း ထိုအရာက ရှားပါးရုံသာမက မဟာတာအို ဖန်တီးထားသည့် စမ်းသပ်မှုကို အောင်မြင်ဖို့ လိုအပ်သည်။
နောက်ထပ် ရှားပါးအရင်းအမြစ်တစ်ခုက မဟာတာအိုသွေး ဖြစ်၏။ ဟွင်သွမ်းစကြဝဠာ သမိုင်းကြောင်းတစ်လျှောက် မဟာတာအိုမျက်လုံးဆီမှ သွေး ၆ ကြိမ်သာ ကျခဲ့ဖူးသည်။ ဤနေ့ရက်အထိ မည်သူကမှ အကြောင်းအရင်းကို မသိကြပေ။ သို့သော် ဖြစ်ပျက်ခဲ့သည့် တစ်ကြိမ်တိုင်းတွင် စံပြများ၊ မကောင်းဆိုးဝါး နတ်ဘုရားများ၊ တာအိုအုပ်ချုပ်သူများနှင့် အင်မော်တယ်ဘုရင်များ သန်းချီကာ သေဆုံးကြရသည့် တိုက်ပွဲ ရှိသည်။
အဓိကပါဝင်ပစ္စည်းက ဗဟိုအရင်းအမြစ် ဟွင်သွမ်းကမ္ဘာရဲ့ ကောင်းကင်တာအိုမျိုးစေ့ပဲ…
ဝူဟုန်က ဗဟိုအရင်းအမြစ်ဟွင်သွမ်းကမ္ဘာဟူသော စကားလုံးကြောင့် အနည်းငယ် ဆွံ့အမိသွားသည်။ ထိုစကားလုံးက လူများစွာ သံသယရှိနေသည့် လျှို့ဝှက်ချက်အသစ်တစ်ခု ဖြစ်ကာ အကြွင်းမဲ့တားမြစ်ချက်အပြီးမှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာဦးဟွင်သွမ်းအတွင်း အရင်းအမြစ်ဟွင်သွမ်းကမ္ဘာအဆင့်အလိုက် ခွဲခြားထားသည်။ တချို့က စံပြတစ်ယောက်သာ မွေးထုတ်ပေးနိုင်ပြီး တချို့ကမူ အရေအတွက် တစ်ရာ ကန့်သတ်ချက် ရှိသည်။ တချို့ကမူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကဲ့သို့ အရေအတွက် ကန့်သတ်ချက်မရှိပေ။
သို့သော်လည်း ဗဟိုအရင်းအမြစ်ဟွင်သွမ်းကမ္ဘာ၏ တကယ့်လျှို့ဝှက်ချက်ကမူ ကန့်သတ်မဲ့ စံပြအရေအတွက် မဟုတ်ဘဲ သူတို့ကောင်းကင်တာအိုသည် အစွဲကင်းတစ်ပိုင်းအဆင့် စွမ်းအားရှိနေသည့်အချက်သာ ဖြစ်ပေသည်။ ထိုအရာကို စုပ်ယူခြင်းဖြင့် ကျင့်ကြံသူက ထိုအဆင့်ကျင့်ကြံသူက အန္တိမသဟဇာတလိုမျိုး ထိုအဆင့်ကို ရောက်ရှိနိုင်သည်။
ဟွင်သွမ်းစကြဝဠာတစ်လျှောက် ဗဟိုအရင်းအမြစ် ဟွင်သွမ်းကမ္ဘာ ၃၈၀၀ သာရှိပြီး အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် သူတို့က လူများစွာယှဉ်ပြိုင်ရသည့် အာလူးပူပူများ ဖြစ်လာခဲ့သည်။ လူအများစုက ကောင်းကင်တာအိုကို စုပ်ယူဖို့ သင့်တော်သည့် နည်းလမ်း မရှိကြပေ။
ငါ မှတ်မိထားသလောက် မျိုးစေ့ကို ရယူနိုင်မဲ့ နည်းလမ်းနှစ်ခု ရှိတယ်။ ကောင်းကင်တာအိုကို အတင်းအကြပ် လွှမ်းမိုးနိုင်ဖို့ ဒါမှမဟုတ် ကုသိုလ်အမြောက်အများ သုံးပြီးတော့ လဲလှယ်ဖို့…
ဝူဟုန်က ထိုကျင့်စဉ်ကို ကျင့်ကြံဖို့ လိုအပ်သည့် အရင်းအမြစ်နှင့် ပတ်သက်ပြီး အမှန်တကယ် ဆွံ့အနေမိ၏။ အဓိကပါဝင်ပစ္စည်းသုံးခုက ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာထက်ပင် ပိုမိုအဖိုးတန်ကာ ရှားပါးလှသည်။ ပို၍အရေးကြီးသည်က အရန်ပစ္စည်းများပင် ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာလောက် ရှားပါးနေ၏။
ကောင်းပြီ။ ဒါကို နောက်ဆုတ်ထားလိုက်တာပေါ့…
ဝူဟုန်က ဆုံးဖြတ်လိုက်သည်။
သူမက အလင်းမဲ့အမှန်တရားသည် ပါဝင်ပစ္စည်းများကို တိုက်ရိုက်ချီးမြှင့်နိုင်သည့်အတွက် ထိုနေရာသည် ဤကျင့်စဉ်ကို ကျင့်ကြံဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ကောက်ချက်ချထားခဲ့သော်လည်း စွန့်စားမှုက ကြီးမားလှသည်။
ဝူဟုန်က သူ့မှတ်ဉာဏ်များကို ပြန်လည်တွေးတောရင်း ဝမ်ဝေ့အပေါ် အာရုံစိုက်ထားလိုက်၏။ သူမက သူ မည်သို့သော လူသားမျိုး ဖြစ်ကြောင်း သိလိုသည်။ သူ့အကျင့်စရိုက်၊ သူ့အကြိုက်နှင့် မနှစ်သက်တာမျိုး အစရှိသဖြင့်ကို အကုန်သိချင်သည်။
သူ့ကြည့်ရတာ ပေါင်းသင်းလွယ်မဲ့ပုံပဲ…
သူမက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ တွေးလိုက်သည်။ သူမက ရဲတင်းသည့် လူမျိုးကို မလိုချင်ပေ။
ဆွဲဆောင်မှုရှိတယ်၊ ဉာဏ်များတယ်၊ ဉာဏ်ကောင်းတယ်၊ အမြင်ကျယ်တယ်၊ ပြီးတော့ ကောင်းကောင်းစဉ်းစားတတ်တယ်…
သူမ၏ ဘဝက ဤသို့သောလူမျိုးနှင့် ရှိနေပါက ပိုမိုစိတ်လှုပ်ရှားမည်ဖြစ်၍ ခေါင်းညိတ်လိုက်သည်။
“ရုပ်ရည်ချောမောမှုနဲ့ ပါရမီကလည်း စံနှုန်းထက်တောင် ကျော်လွန်တယ်။ ချမ်းသာမှုအတွက်ကတော့ အင်း … သူက ဒိုင်မေးရှင်းအနိမ့်အတွက်တော့ ချမ်းသာတယ်ဆိုပေမဲ့ ပိုပြီးချမ်းသာနိုင်မဲ့ အလားအလာ ရှိတယ်” ဝူဟုန်က ဝမ်ဝေ့သည် သူမသဘောကျသည့် အချက်များနှင့် ကိုက်ညီနေသည့်အတွက် ရေရွတ်လိုက်သည်။
“ကုတင်ပေါ်က လုပ်ဆောင်ချက်ကို စစ်ဆေးကြည့်ရအောင်”
သူမက သူတို့နှီးနှောသည့် မှတ်ဉာဏ်များကို အာရုံစိုက်ထားလိုက်သည်။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် အတွေ့အကြုံများကို သိပ္ပံပညာရှင်က အချက်အလက်များကို လေ့လာကြည့်ရှုနေသလိုမျိုး သေချာကြည့်နေသည်။
မဟာနည်းစနစ်တွေ၊ သူက ဘယ်လိုလုပ်ရမယ်ဆိုတာကို ကောင်းကောင်း သိနေတာပဲ။ သူက ငါ မတွေးဖူးတဲ့ အတွေးအခေါ်အသစ်တွေကိုလည်း စူးစမ်းရှာဖွေရတာ သဘောကျတယ်။ အင်း အဲဒါက သမိုင်းမတိုင်မီ ကမ္ဘာရဲ့ သူ့ဇစ်မြစ်ကြောင့် ဖြစ်မယ်တူတယ်…
အင်း အဲဒါက အပိုဆုလာဘ်ပဲ…
ဝူဟုန်က ကုတင်ပေါ်ရှိ သူမ၏ ဘဝသည် သူ့ကိုသာ ရွေးချယ်လိုက်ပါက စိတ်လှုပ်ရှားဖို့ ကောင်းကြောင်း မြင်နေရသည်။ သို့သော်လည်း မကြာခင် သူမက မျက်မှောင်ကြုတ်လိုက်၏။
“သူ့သက်လုံကတော့ ငါ့စံနှုန်း မမှီသေးဘူး” သူမက သူ့လုပ်ဆောင်ချက်ကို ကြည့်နေရင်း ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ခွန်အားနဲ့ အသားဂိတ်ပေါက်ကို ဖွင့်ပြီးတဲ့နောက်မှာတော့ ပြောင်းလဲသွားမှာပါ”
မိနစ် ၃၀ ကြာမြင့်ပြီးသည့်နောက်တွင် ဝူဟုန်က သူမ၏ ပြန်လည်သုံးသပ်မှုကို အဆုံးသတ်လိုက်၏။
“ခြုံငုံပြောရရင်တော့ ငါတို့တွေက အရမ်းကို သင့်တော်တဲ့ပုံပဲ။ ဒါပေမဲ့ နောက်တွေ့ဆုံမှု မတိုင်ခင် အရာအများကြီး ပြောင်းလဲသွားနိုင်တယ်။ အဲဒါဆိုတော့ စောင့်ကြည့်တာ ကောင်းမယ်”
ဝူဟုန်က သူမ၏ ကျင့်ကြံရေးဖျာမှ မတ်တပ်ရပ်လိုက်ပြီး ဆံပင်ကို ဝမ်ဝေ့နှင့် ဆင်တူသည့် ခဲဖြူရောင်အဖြစ် ပြောင်းလဲလိုက်သည်။
“ကောင်းပြီ။ အရင်ဆုံး သူမနဲ့ အရင်ဖြေရှင်းကြတာပေါ့” သူမက နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်၏။ ထို့နောက် ဓားဧကရီ ရှိရာဆီ ရောက်ရှိလာသည်။
“တစ်ခုခု ပြောစရာ မရှိဘူးလား”
“ဘာကိုပြောတာလဲ” ဓားဧကရီက အနည်းငယ် အံ့အားသင့်သွားစွာ မေးလိုက်သည်။
“ကျွန်မရဲ့ ကံကြမ္မာလက်တွဲဖော်က အစ်မရဲ့ မျိုးဆက်ဆိုတာကို မသိဘူးလို့ ပြောရင် ယုံမယ်လို့တော့ မထင်နဲ့နော်”
“ငါက ဘယ်လိုလုပ် သိမှာလဲ” ယန်းအိုက်က ရယ်ချင်သည့်စိတ်ကို ဖုံးကွယ်မထားပေ။
“မေတ္တယျရော ပါနေတာလား”
“မင်း ဘယ်လိုထင်လဲ”
ဝူဟုန်က အံကြိတ်ကာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ယန်းအိုက်က အားပါးတရ ရယ်မောလိုက်၏။
“တကယ်ကို ရယ်ဖို့ကောင်းတယ်။ နောင်အနာဂတ်ကျရင် ငါ့ကို ဘိုးဘေးလို့ခေါ်ဖို့ မမေ့နဲ့နော်။ ဘာပဲဖြစ်ဖြစ် ဝါစဉ်ကို လေးစားရမယ်လေ”
ဧကရာဇ်အဆင့်အပြီးတွင် ကျင့်ကြံသူများက အသက်အရွယ်အရ ဝါစဉ်ကို မဆုံးဖြတ်ကြတော့ဘဲ အင်အားအရသာ ဆုံးဖြတ်ကြသည်။ သူတို့က နှစ်ထရီလီယံများစွာ နေထိုင်ကြသည့် မသေမျိုးသက်ရှိများ မဟုတ်ပါလော။
ထို့အပြင် မိသားစုတွင် မသေမျိုး မျိုးဆက်များစွာ ရှိနေသည့်အခါ မျိုးဆက်၏ ဝါစဉ်ကို ဂရုစိုက်ဖို့ အသုံးမဝင်တော့ပေ။
ဝူဟုန်က အန္တရာယ်များသည့် အကြည့်မျိုးဖြင့် ကြည့်လာ၍
“ဘာလုပ်မလို့လဲ” ယန်းအိုက်က စိုးရိမ်စွာ မေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်မ အစ်မကို ဆိုးဆိုးရွားရွားအခြေအနေထိ ရိုက်ပြီးတော့ မှတ်တမ်းတင်ထားရမယ်”
“တုံးအအ အရာတွေ မလုပ်နဲ့နော်” ဓားဧကရီက သူမလက်ရှိအခြေအနေဖြင့် မခုခံနိုင်မှန်းသိ၍ သတိပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ဒီမှတ်တမ်းတွေက အစ်မသာ ကျွန်မကို ဘိုးဘေးလို့ အတင်းအကြပ် ဖိအားမပေးသရွေ့ လူအများကြား ထွက်ပေါ်မလာစေရဘူး” ဝူဟုန်က ညင်ညင်သာသာ ပြုံးရင်း ရှေ့တိုးလာသည်။
“ရှောင်ဝူ၊ ဟုန်အာ … ငါ လုပ်ပေးခဲ့တာတွေကို သတိရဦးလေ။ မင်းက ငါ့ရဲ့ ညီမလိုပဲလေ” သူမ၏ အသံက တောင်းဆိုနေလေ၏။
“ကျွန်မ သိတယ်လေ။ အဲဒါကြောင့်မလို့ နာကျင်မှု မခံစားရအောင် စည်းပိတ်ပေးထားမယ်”
“ကျစ် သတ္တိရှိရင် မေတ္တယျနဲ့ပါ သွားပြီးဖြေရှင်းလိုက်လေ”
“စိတ်မပူနဲ့ သူမလည်း အချိန်တန် တစ်ရက်ကျရင် အလှည့်ရောက်လာမှာ”
ဝူဟုန်က အချိန်မဖြုန်းတော့ဘဲ ကျားသစ်က သားကောင်ကို ခုန်အုပ်သည့်အလား တစ်ဖက်လူအပေါ် ခုန်အုပ်လိုက်၏။
***