← Chapters

အခန်း (၇၅၁) *

Vol. 54 Ch. 751

အခန်း (၇၅၁) *

Vol. 54 Ch. 751

ဝမ်ဝေ့က လောကသစ်ပင်ကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောပေ။ သူက သေရည်ထည့်ထားသည့် ဘူးသီးခွံခြောက်ကို ထုတ်လိုက်သည်။ ဘူးခွံပေါ်မှ စည်းတံဆိပ်ကို ဖယ်ရှားလိုက်သည်နှင့် သေရည်နံ့ပြင်းပြင်းက ပတ်ဝန်းကျင်တစ်ခုလုံးဆီ ပျံ့နှံ့သွားသည်။ ထိုသေရည်နံ့က ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကိုပင် ပြောင်းလဲသွားပြီး မူးဝေသွားသလိုမျိုး ကခုန်နေစေသည်။

ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ငုံ သောက်သုံးလိုက်ကာ သူ့စိတ်က လန်းဆန်းသွားသလို ခံစားလိုက်ရ၏။ ထို့အပြင် ထိုသေရည်၏ အရသာက နတ်သုဒ္ဓါအလား ဖြစ်သည်။ သူ့ခန္ဓာကိုယ်အနက် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု စီးဝင်သွားပြီး အာဟာရ ဖြည့်တင်းနေသလို ခံစားလိုက်ရသည်။

ကံဆိုးစွာဖြင့် သူ့ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကို တိုးမြှင့်ဖို့ မလုံလောက်ပေ။ သို့သော်လည်း သူက ထိုအရာကို ဂရုစိုက်မည့် စိတ်အခြေအနေ မဟုတ်သည့်အတွက် ဆက်လက် သောက်သုံးလိုက်၏။

ကျင့်ကြံရေးလောကရှိ သေရည်များကို အဖိုးထိုက်တန်သည်လားဟု ဆုံးဖြတ်ဖို့ နည်းလမ်းသုံးခု ရှိလေသည်။ ပါဝင်ပစ္စည်းများ၊ နည်းစနစ်နှင့် သက်တမ်းတို့ ဖြစ်သည်။ ဝမ်ဝေ့၏ သေရည်ကို အသုံးပြုသည့် နည်းလမ်းက ကောင်းမွန်သော်လည်း အကောင်းဆုံးဟု ပြောမရပေ။

ပါဝင်ပစ္စည်းများအတွက်မူ သူက တတ်နိုင်သမျှ အကောင်းဆုံး ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထား၏။ သို့သော်လည်း ဤသေရည်ကို ပို၍တန်ဖိုးရှိစေသည်မှာ သက်တမ်း ဖြစ်ပေသည်။ ဝမ်ဝေ့က အချိန်အစီအရင်ကို အသုံးပြုကာ သေရည်၏ သက်တမ်းကို တိုးမြှင့်ခဲ့သည်။ သေရည်က လူသားများကဲ့သို့ အချိန်စွမ်းအား တိုက်စားခံရမည်ကို စိုးရိမ်စရာ မလိုသည့်အတွက် သူက ထိပ်တန်းသေရည်ကို ပြုလုပ်နိုင်ခဲ့သည်။

သူက နှစ်သန်း ၅၀ကျော် ပြုလုပ်ထားသည့် သေရည်ကို သောက်သုံးနေခြင်း ဖြစ်၏။ ထိုသေရည်၏ တစ်ငုံက သူတော်စင်အဆင့် ကျင့်ကြံသူကိုပင် သူတို့၏ သက်တမ်းနှစ်ငါးသိန်းမကုန်ခင် အိပ်စက်သွားစေလိမ့်မည်။

ထိုအရာက အစစ်အမှန်အုပ်ချုပ်သူများနှင့် ဧကရာဇ်တစ်ပိုင်းအဆင့်များ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စွမ်းအားကို ဖြည့်တင်းပေးနိုင်သည်။ ပို၍အရေးကြီးသည်က တာအိုကို နားလည်ဖို့ အထောက်အကူ ဖြစ်၏။

ဝမ်ဝေ့က ခေါင်းအသာ ယမ်းလိုက်ပြီးသည့်နောက်တွင် ဆက်လက် သောက်သုံးလိုက်သည်။ သူက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သဘာဝခံနိုင်ရည်စွမ်းကို ဖယ်ရှားဖို့ ထိန်းချုပ်ခဲ့ပြီး သူ့ကိုယ်သူ မူးစေခဲ့သည်။

“ရှေးတုန်းက စိတ်ခံစားချက်တွေအားလုံး၊ ရန်ကြွေး၊ လောက အတက်အကျရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေအားလုံးကို ကျင့်ကြံသူတွေရဲ့ စိတ်ကို ညစ်နွမ်းစေတဲ့အရာတွေလို့ သတ်မှတ်ကြတယ်။

တာအိုဘာသာမှာ ကျင့်ကြံသူတွေက ဒီလောကီကိစ္စတွေအပေါ်မှာ တွယ်ငြိမှုကင်းတဲ့ စိတ်ထားမျိုးရှိသင့်တယ်လို့ ယုံကြည်ကြပြီးတော့ သူတို့က ကံအနှောင်အဖွဲ့တွေကနေ လွတ်မြောက်ဖို့ အားထုတ်ကြတယ်။ သူတို့ပြောစကားအရ လောကီရေးရာကိစ္စတွေကနေ လွတ်မြောက်သွားတာက ကျင့်ကြံရေးအတွက် အကောင်းဆုံးအခြေအနေ တစ်ခုဖြစ်ပြီးတော့ မသေနိုင်စွမ်းကို ရယူနိုင်တယ်။

ဒါပေမဲ့ တချို့စာသင်ကျောင်းတွေကတော့ ကျင့်ကြံသူတွေက သူတို့ လောကီအညစ်အကြေးတွေကနေ သူတို့ရဲ့ စိတ်နဲ့ နှလုံးသားကို လေ့ကျင့်ပေးနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အဲဒီစာသင်ကျောင်းတွေက လောကီရေးရာကိစ္စတွေနဲ့ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ခြင်းက စိတ်ရဲ့ ထွက်ပေါက်ကို ရယူနိုင်တယ်လို့ ယုံကြည်ထားကြပြန်တယ်”

ဝမ်ဝေ့က ခေတ္တမျှစဉ်းစားလိုက်ပြီးသည့်နောက်တွင် ထိုအတွေးအခေါ်က ရက်စက်ကာ လေ့ကျင့်ဖို့ မလွယ်ကူကြောင်းသိ၍ ခေါင်းအသာယမ်းလိုက်သည်။ ကမ္ဘာ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု၊ အတက်အကျ၊ ချစ်ခြင်းမေတ္တာနှင့် အမုန်းတရား အစရှိသည်တို့ကို တွေ့ကြုံခံစားပြီးသည့်နောက်တွင် လူတစ်ယောက်က သူတို့၏ စိတ်အခြေအနေကို ပြောင်းလဲကာ မည်သို့အလွယ်တကူ ဖြတ်တောက်နိုင်မည်နည်း။

“ပြီးတော့ အဲဒါက အေးစက်စက် သဘာဝရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ ဘာကွာခြားဦးမှာလဲ” သူက သေရည်တစ်ငုံ သောက်သုံးကာ ပြောလိုက်သည်။

“ဗုဒ္ဓဘာသာမှာတော့ ကံဆိုတာကို ယုံကြည်ပြီးတော့ သက်ရှိအားလုံးကို ကယ်တင်သင့်တယ်လို့ ဆိုတယ်။ အဲဒါဆိုတော့ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်က အဲဒီကိစ္စတွေမှာ လွှမ်းခြုံထားပြီးတော့ သူတို့ကိုယ်တိုင်အတွက် အသုံးပြုကြတယ်”

ဝမ်ဝေ့က ယုံကြည်မှုစွမ်းအားအကြောင်းကို တွေးမိသွား၏။

“ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ စာသင်တိုက်တချို့က ကံအနှောင်အဖွဲ့ လွတ်မြောက်မှုတွေကသာ ဉာဏ်အလင်းပွင့်မှုကို ရယူပြီး နိဗ္ဗာန်ကို ရယူနိုင်တယ်လို့ ယုံကြည်ကြတယ်ဆိုပြီး တာအိုဘာသာနဲ့ တူညီတဲ့အမြင်တွေ ရှိတယ်။ သူတို့က ရှားတော့ရှားတယ်”

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။

“ကံမြစ်ကြောင်းကို ဖန်တီးပြီးတဲ့နောက်မှာ ဒီသဘောတရားက ငါနဲ့ အကိုက်ညီဆုံးပဲ။ ဒါပေမဲ့ ငါက အဲဒီဘုန်းကြီးတွေနဲ့ ကွဲပြားတယ်။ ငါက သက်ရှိအားလုံးကို ကယ်တင်မဲ့ အလိုဆန္ဒ မရှိဘူး။ ငါက ငါ့ကိုယ်ငါ ကျင့်ကြံပြီးတော့ ကံကြမ္မာကို ကျော်လွန်ဖို့ နည်းလမ်းရှာမဲ့ စွမ်းအားကိုပဲ လိုချင်တာ။

ပြောရရင် အဲဒီဘုန်းကြီးတွေက ငါနဲ့တူနေတာလည်း ဖြစ်နေနိုင်တယ်။ တစ်ခုတည်းသော ကွဲပြားချက်က သူတို့ရဲ့ စိတ်နှလုံးသားက သန့်စင်ပြီးတော့ သက်ရှိအားလုံးအတွက် ကျင့်ကြံကြတာ။ ထူးကဲသာလွန်မှုကို ရောက်ရှိပြီးတဲ့နောက်မှာ အဲဒီဘုန်းကြီးတွေက လူသားတွေကို ကံအနှောင်အဖွဲ့နဲ့ သံသရာစက်ဝန်းကနေ လွတ်မြောက်ဖို့ သေချာပေါက် ကူညီပေးကြလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ ငါ သဘောကျမှပဲ လုပ်လိမ့်မယ်”

ဝမ်ဝေ့က သူ့ဉာဏ်အလင်းပွင့်မှုအခြေအနေကို အဆုံးသတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ကံနားလည်မှုအပေါ် ပိုမိုတိုးမြှင့်လာကြောင်း ခံစားမိလိုက်ပြီး သူ့ကံကြမ္မာတာအိုကလည်း နားလည်မှု တိုးမြှင့်လာသည်။ သူ့ကံကြမ္မာတာအို၏ ထူးကဲချက်တစ်ခုက တခြားသော တာအိုများ ဖြစ်သည့် (ကံ၊ ကံကောင်းမှု) တို့က သူ့ကံကြမ္မာနားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ခြင်းဖြစ်သလို အပြန်ပြန်အလှန်လှန် သဘော ဖြစ်ပေသည်။

ထို့အပြင် သူက ဝိညာဉ်တာအိုကို စိတ်ခံစားချက် ၇ပါးနှင့် လိုအင်ဆန္ဒ ၆ပါးတာအိုအပါအဝင် မြင့်မားသည့် အနေအထားသို့ ပြောင်းလဲနိုင်လိမ့်မည်။

“တာအိုအပေါ် ငါ့လက်ရှိနားလည်နိုင်စွမ်းက မဟာတာအိုအရင်းအမြစ်ရဲ့ ၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၆ ရာခိုင်နှုန်းအထိ ရောက်နိုင်တယ်။ ကံဆိုးတာက မဟာတာအိုက ကောင်းကင်အလိုဆန္ဒ မရရှိဘဲနဲ့ အရင်းအမြစ်ကို ထိန်းချုပ်ဖို့ နားလည်နိုင်ခွင့်ပြုမထားဘူး။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် ဒီကမ္ဘာရဲ့ စည်းမျဉ်းတွေက ငါ့လိုမျိုး ပါရမီရှင်တွေအတွက် လှောင်ချိုင့်တစ်ခုပဲ”

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးနောက် သေရည်ဘူးကို ပိုက်ကာ အိပ်ပျော်သွားသည်။ သူ့ကို ကာကွယ်ဖို့ အစီအရင်များက ပေါ်ထွက်လာကြ၏။ နောက်တစ်ရက် သူ နိုးထလာသည့်အခါ ယခင်ထက် စိတ်အခြေအနေ ပိုမိုကောင်းနေသည်။ ယခင်ဉာဏ်အလင်းပွင့်မှုက သူ့တာအိုကို တိုးမြှင့်စေခဲ့ပြီး သူ့ကိုယ်သူ ပိုမိုနားလည်အောင် ကူညီပေးခဲ့သည်။

ကံဆိုးစွာဖြင့် သူက ဝမ်းနည်းကာ စိတ်ဓာတ်ကျနေဆဲဖြစ်သည့်အတွက် နောက်၃ရက်ကြာ သေရည်သောက်သုံးကာ အိပ်စက်လိုက်ဖြင့် ကုန်ဆုံးခဲ့သည်။ နောက်ဆုံးတွင် သူက သူ့ကိုယ်သူ ပြန်လည်ချုပ်ထိန်းရတော့မည့်အချိန် ကျရောက်ကာ ခရီးလမ်း စတင်ရတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒါက ယာယီခွဲခွာမှုပါပဲ” သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် မြင့်မားနေသည့် လောကသစ်ပင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဧရာမကာလံဒေသံ အစီအရင်တစ်ခုကို တည်ဆောက်ပြီး သစ်ပင်ကို ကြီးထွားဖို့ ကူညီပေးလိုက်သည်။ သို့သော် ထိုအရာက မလုံလောက်သေးဘူးဟု ခံစားမိကာ တာအိုဘိုးဘေးတချို့နှင့် တတိယတန်းစား ဆန့်ကျင့်ကျင့်ကြံသူတချို့ကို ဆင့်ခေါ်ကာ အစီအရင်ကို ထိန်းချုပ်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်အထိ တိုးမြင့် လုပ်ဆောင်ပေးခဲ့သည်။

“နောက်နှစ်ရာချီပိုင်းအတွင်းမှာ မင်းက ဒီထက်ပိုပြီး ကြီးထွားလာလိမ့်မယ်” သူက ရေရွတ်လိုက်ပြီးသည့်နောက် သစ်ပင်ကို အသာပုတ်လိုက်သည်။ နောက်ဆုံးတွင် သူက ကောင်းကင်သစ်ပင်ရွာ၏ လူတချို့အတွက် အကျိုးကျေးဇူးတချို့ ချန်ထားခဲ့ပြီး ဂိုဏ်း၏ လူများအား ထိုရွာကို ဘာမှမဖြစ်စေရန် စောင့်ရှောက်ဖို့ မှာကြားခဲ့သည်။

သစ်ပင်ကို မမြင်ရတော့သည့်အတွက် လူများစွာ၏ တပ်မက်မှုကို မခံရသော်လည်း လူတချို့က ထိုအရာ၏ တည်ရှိမှုကို အမှတ်ရကာ ရယူဖို့ ကြံစည်နေမည်မှန်း သေချာနေမိသည်။

ရွာမှထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ဂိုဏ်းဆီ ပြန်မသွားပဲ နောက်ထပ်နေရာတစ်ခုဆီ ထွက်လာလိုက်သည်။

အခု ငါ့တာအိုနှလုံးသားကို ထပ်ပြီးတော့ လေ့ကျင့်ပေးပြီး အဖြေရှာရမဲ့အချိန်ပဲ…

ဝမ်ဝေ့က အနောက်ပိုင်းကျားဖြူကုန်းမြေဆီ ကူးသန်းလာလိုက်သည်။ အထူးသဖြင့် ကုန်းမြေ၏ အရှေ့မြောက်ပိုင်းတွင်ရှိသည့် မိစ္ဆာအပြစ်ပေးနယ်မြေသို့ ဖြစ်၏။ မကြာခင်သူက ဦးတည်ချက်သို့ ရောက်ရှိလာပြီး မြင်ကွင်းအဆုံး အဝါရောင် သဲကန္တာရသာ ရှိနေသည်။

ကျင့်ကြံသူများစွာက ထိုကန္တာရထဲ သွားလာကြ၏။ သူက ကျော်ကြားလွန်းလှသည့်အတွက် သူ့သွင်ပြင်က လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော်လည်း လူတချို့က ရေရွတ်ကာ သူ့ကို ကြည့်ရုံသာ ကြည့်သွားကြသည်။ ထို့ကြောင့် သူက ဂရုမစိုက်ပေ။

နှလုံးသားလမ်းစဉ် မေးမြန်းခြင်း…

ဝမ်ဝေ့က ထိုကန္တာရကို ကြည့်ကာ တွေးလိုက်မိသည်။ ထိုကုန်းမြေက အတုအယောင် ထာဝရဧကရာဇ်ဖြစ်သည့် စိတ်နှလုံးသားဧကရာဇ် ချန်ထားခဲ့သည့် အမွေအနှစ်တစ်ခု ဖြစ်ပေသည်။ သမိုင်းကြောင်းအရ သူက စိတ်တာအိုကို ကျင့်ကြံပြီး သူ့ အားကောင်းလှသည့် တာအိုနှလုံးသားနှင့် ထိုအရာကို အသုံးပြုကာ တိုက်ခိုက်နိုင်စွမ်းကြောင့် ကျော်ကြားလေသည်။ စိတ်နှလုံးသား ဧကရာဇ်က တခြားသူ၏ တာအိုနှလုံးသား၏ ဟာကွက်ကို ရှာကာ ဖျက်ဆီးပစ်နိုင်သည့် နှလုံးသားလမ်းစဉ် မေးမြန်းခြင်းဟူသော ကျင့်စဉ်တစ်မျိုး ရှိခဲ့သည်။

အမည်မသိ အကြောင်းအရင်းတချို့ကြောင့် စိတ်နှလုံးသားဧကရာဇ်သည် မိစ္ဆာကျင့်ကြံသူများကို အလွန်တရာ မုန်းတီးပြီး သူ့နာမည်ကျော် နည်းစနစ်ဖြင့် သူတို့၏ တာအိုနှလုံးသားများကို ဖျက်ဆီးကာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ဖိအားပေးခဲ့သည်။ မိစ္ဆာကျင့်ကြံသူများ၏ ရက်စက်ကာ မတည်ငြိမ်သည့် စိတ်သဘောထားများကြောင့် သူက သူတို့၏ သဘာဝရန်သူ ဖြစ်နေသည်။

ကံဆိုးစွာဖြင့် ဧကရာဇ်၏ နောက်ပိုင်းမျိုးဆက်က သူ့ကံကြွေးကြောင့် များစွာ ခံစားခဲ့ရသည်။ စိတ်နှလုံးသားဧကရာဇ်က နက်နဲစိတ်ဘုံကျောင်းဟု ခေါ်သည့် ဧကရာဇ်မျိုးနွယ်တစ်ခု ချန်ထားခဲ့သည်။ သို့သော်လည်း သူ တက်လှမ်းသွားပြီးသည့်နောက် သူမျိုးဆက်များက သူ့ကို မုန်းတီးသည့် မိစ္ဆာကျင့်ကြံသူများ၏ အတူတကွ ပူးပေါင်းကာ ဖျက်ဆီးမှုကို ခံလိုက်ရသည်။

နှလုံးသားလမ်းစဉ် မေးမြန်းခြင်းက နက်နဲစိတ်ဘုံကျောင်း၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး ထိုကျင့်ကြံသူများက ဖျက်ဆီးပစ်လိုကြသည်။ တိမျိုးနွယ်က ဝင်ရောက်စွက်ဖက်ကာ သူတို့အတွက် လိုချင်မိ၏။ ကံဆိုးစွာဖြင့် ကုန်းမြေအသီးသီးရှိ ဂိုဏ်းများက တိမျိုးနွယ် ပိုမိုအားကောင်းလာမည်ကို ခွင့်မပြုပဲ ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။

နောက်ဆုံးတွင် နှလုံးသားလမ်းစဉ် မေးမြန်းခြင်းက မည်သူမဆိုရယူနိုင်သည့် ပိုင်ရှင်မဲ့အရာတစ်ခု ဖြစ်လာခဲ့သည်။

ဒီကမ္ဘာရဲ့ ကျင့်ကြံသူတွေက တာအိုနှလုံးသားလမ်းစဉ်ကို ပိုပြီးယုံကြည်ကြတာပဲ။ မဟုတ်ရင် သူတို့က ဒီနယ်မြေအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလိမ့်မယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

အဖိုး ပြောတာကတော့ တိုက်ပွဲအပြီးတုန်းက သူ့တာအိုနှလုံးသားကို ဒီနေရာက အခြေငြိမ်သွားအောင် ကူညီပေးခဲ့တာတဲ့။ ငါ့အတွက် အကူအညီ ဖြစ်မလား ကြည့်ရအောင်…

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ထိုကန္တာရအတွင်း ဝင်ရောက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို မဲမှောင်ကာ ဗလာကျင်းနေသည့် နေရာတစ်ခုအတွင်း ရောက်ရှိနေသည်ကိုတွေ့လိုက်ရ၏။ သူ့ရှေ့တွင် သူ့တစ်ဘဝလုံး၏ မွေးဖွားသည်မှ လက်ရှိအနေအထားအထိ မှတ်ဉာဏ်များ ရှိနေသည်။ ဝမ်ဝေ့က သူ့စိတ်သည် ကြည်လင်သွားကာ အနှောင့်အယှက် ကင်းသွားကြောင်း ခံစားမိလိုက်သည်။ ထို့နောက် သူသည် အနက်ရှိုင်းဆုံးနှင့် အလျှို့ဝှက်ဆုံး အတွေးများကိုပင် ထိပ်တိုက် ရင်ဆိုင်နေရကြောင်း တွေ့ရှိသွားခဲ့သည်။

မသိစိတ်လား…

သူက သုံးသပ်လိုက်၏။

ကောင်းပြီ။ ဒီအရာက ငါ့ကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ကြည့်ရအောင်…

***

All Chapters