← Chapters

ကံကြမ္မာမျိုးစေ့

Vol. 54 Ch. 755

ကံကြမ္မာမျိုးစေ့

Vol. 54 Ch. 755

ဝမ်ဝေ့က သူ မွေးဖွားသည်မှ သေဆုံးသည်အထိ ဖြစ်ရပ်အားလုံးမှ မှတ်ဉာဏ်များကို ကြည့်ရှုလိုက်ပြီး အရေးကြီးသည့်အရာ တစ်စုံတစ်ခု ပျောက်ဆုံးနေလားဟု အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။ နှမြောစရာကောင်းလှသည်က သူ့အနေနှင့် ဘာမှမတွေ့ခဲ့ရပေ။

သူက မျက်မှောင်ကြုတ်လိုက်သည်။

ငါ့ရဲ့ စည်းပိတ်ခံထားရတဲ့ မှတ်ဉာဏ်တွေနဲ့ တစ်ခုခုများ ဖြစ်နေတာလား…

သူက အာကာပြင်အက်ကြောင်း သူ့ကို ဝါးမျိုသွားပြီးသည့်နောက်တွင် လေဟာနယ်နှင့် တူသည့် အာကာပြင်အတွင်း ဝင်ရောက်သွားသည့် မှတ်ဉာဏ်များကို ကြည့်လိုက်သည်။ သူက ဝိညာဉ်စွမ်းအား အားလုံး ပါဝင်နေသည့်အရာနှင့် တူညီသည့် စည်းတံဆိပ်တစ်ခုကို မြင်လိုက်ရသည်။

ဒီမှတ်ဉာဏ်တွေက ကျင့်ကြံရေးလောကမှာရှိတဲ့ ငါ့အချိန်တွေထက်တောင် ပိုပြီးတော့များပြားနေသေးတယ်…

သူက ထိုစည်းတံဆိပ်ကို ဖယ်ရှားရမည်လားဟု စဉ်းစားလိုက်မိသည်။ သူ့လက်ရှိဝိညာဉ်နှင့် စွမ်းအားတို့ဖြင့် ပြဿနာ မဟုတ်ပေ။

မဖြစ်သေးဘူး။ ဆက်စောင့်ကြည့်ရအောင်…

မှတ်ဉာဏ်များက ကျယ်ပြန့်လွန်းပြီး ခေတ်ကာလများစွာ ကြာမြင့်သည့်အတွက် သုံးသပ်ဖို့ အချိန်များစွာ လိုအပ်ပေသည်။ ထို့အပြင် သူက သူ့စိတ်စွမ်းအား မည်သို့ရယူခဲ့ကြောင်း မြင်တွေ့လိုသည်။ ထိုအခါ ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူလာလိမ့်မည်။ သို့သော်လည်း ထိုဖြစ်စဉ်က နှေးကွေးပြီး ကြာရှည်လွန်းလှသည်။ သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင် ပြီးမြောက်မည်လား မသေချာပေ။

ထို့ကြောင့် ဝမ်ဝေ့က ကမ္ဘာမြေမှ မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုပြီး အသေးစိတ် အချက်အလက်အပေါ် အာရုံစိုက်ထားလိုက်သည်။ သူ့မှတ်ဉာဏ်များက လက်ရှိ သူ့အပေါ် လွှမ်းမိုးမှုရှိလားဟု သိချင်မိ၏။

ငါက ဒီကမ္ဘာမှာ ဘယ်လောက်ပဲ ကြာကြာနေခဲ့နေခဲ့ ငါ့ရဲ့ ကမ္ဘာမြေမှတ်ဉာဏ်တွေက ပင်မအကျင့်စရိုက်တစ်ခု ဖြစ်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ငါ့အတွေ့အကြုံတွေရဲ့ လွှမ်းမိုးမှုကို ခံရပေမဲ့ အကျင့်စရိုက်တွေနဲ့ အတွေးအခေါ်တွေကတော့ ယခင်ကအတိုင်း အတူတူ ကျန်ရှိနေတုန်းပဲ။

အဲဒါဆိုတော့ ကမ္ဘာမြေက မှတ်ဉာဏ်တွေက ငါ့အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိနေလဲ…

ဝမ်ဝေ့က ထိုမှတ်ဉာဏ်များကို ကြည့်ရှုရင်း ကမ္ဘာမြေသည် သူ့ကျင့်ကြံရေးခရီးလမ်းအပေါ် မည်မျှလွှမ်းမိုးမှုရှိနေကြောင်း အာရုံစိုက်ထားလိုက်သည်။ ထိုဖြစ်စဉ်အတွင်း သူက ယခင် သတိမထားမိခဲ့သည့် လွှမ်းမိုးမှုအများအပြားကို မြင်ခဲ့ရသည်။

ဝူဟုန်က တချို့စံပြတွေမှာ သူတို့ရဲ့ စိတ်နဲ့ တာအိုနှလုံးသားကို လွှမ်းမိုးထားတဲ့ ဖိနှိပ်ခံမှတ်ဉာဏ်တွေ ရှိတယ်လို့ ပြောဖူးတယ်။ တချို့က ဒါတွေ ဖြစ်မလာအောင် ကာကွယ်ဖို့ ပယ်ဖျက်လိုက်တာမျိုး ဒါမှမဟုတ် စည်းတံဆိပ်ချထားတာမျိုးတွေ လုပ်ထားကြတယ်။

ကြည့်ရတာ သူမက ငါ့အခြေအနေကို မြင်ခဲ့ပြီးသား ဖြစ်လောက်တယ်…

သူက အတိတ်အတွေ့အကြုံများက လက်ရှိကိုယ်အပေါ် မည်မျှလွှမ်းမိုးကြောင်း သုံးသပ်ရင်း တွေးလိုက်မိသည်။

ငါက ကမ္ဘာမြေက အတွေးအခေါ်တွေ အများကြီးကို အသုံးပြုခဲ့ပေမဲ့ ဒီဘဝနဲ့ ဆက်နွယ်မှုမရှိတော့ အတိတ်နဲ့ ကံဆက်နွယ်မှုကို ဖြတ်တောက်လိုက်သလိုမျိုး အတွေ့အကြုံအဖြစ်ပဲ မှတ်ယူထားခဲ့တယ်…

ဝမ်ဝေ့က သူ့အတိတ်ဘဝကို သူ့အတိတ်ဘဝဟုသာ သတ်မှတ်ထားသည်။ သူ့ကျင့်ကြံဆင့်သေချာသည့် အဆင့်သို့ ရောက်ရှိသွားသည့် တစ်ရက်ကျ ပြန်လည်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားသည့် နောင်တတချို့မှအပ သူသည် ကမ္ဘာမြေမှ အတွေ့အကြုံများကို အနည်းငယ်သာ ဂရုစိုက်၏။ သူ့အပေါ် ကြီးကြီးမားမားလွှမ်းမိုးမှုရှိလိမ့်မည်ဟု ထင်မထားပေ။

ကမ္ဘာမြေကို ထိန်းချုပ်ဖို့ စွဲလမ်းမှုအတွက်မူ…

သေမျိုးတဖန် မတိုင်ခင်က သူသည် ထိုအရာကို စွဲလမ်းမှုဟု မခံစားမိခဲ့ပေ။ ထိုအရာက ကျင့်ကြံရေးလောကသို့ ရောက်လာပြီးသည့်နောက်တွင် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသည့် ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ချက် တစ်ခုဟုသာ ထင်ခဲ့မိ၏။ သေမျိုးတဖန်ကို ကြုံတွေ့ခံစားပြီးမှသာ ကံကြမ္မာအပေါ် ထိန်းချုပ်လိုသည့် ဆန္ဒသည် မူမမှန်ကြောင်း သဘောပေါက်ကာ အကြောင်းအရင်းကို ရှာဖွေလိုခဲ့သည်။

ကမ္ဘာမြေမှာ ပတ်ဝန်းကျင်ရဲ့ အနှောင်အဖွဲ့မရှိ လွတ်မြောက်ချင်တာက ငါ့ရဲ့ ဆန္ဒလား ဒါမှမဟုတ် အဲဒါထက် ပိုနေသေးလား…

သူက သူ့မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ဘာမှမတွေ့ခဲ့ရပေ။

ငါ့ရဲ့ စည်းပိတ်ထားတဲ့ မှတ်ဉာဏ်တွေကို တကယ်ကြီး ပြန်ကြည့်ရမှာလား။ မဖြစ်သေးဘူး။ ဒါက ရှာဖို့ အချိန်အများကြီး ကုန်လိမ့်မယ်။ ငါ့မှာ နည်းလမ်းကောင်းရှိတယ်…

သူ့ခေါင်းအထက် ကံကြမ္မာမြစ်ကြောင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ သူ လိုချင်သည့် အမှန်တရားကို ရှာဖွေလိုက်သည်။ ဝမ်ဝေ့၏ စိတ်က အဖြူရောင်နှင့် ငွေရောင်ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် မြစ်ကြောင်းအတွင်း ကူးသန်းသွားလာနေပြီး စကြဝဠာအတွင်း အခေါက်ခေါက်အပြန်ပြန် သွားလာနေသည်။ သူက သူ လိုချင်သည့်အမှန်တရားကို ရှာဖွေနေသော်လည်း မအောင်မြင်ပေ။ သို့သော် သူက လက်မလျှော့ပေ။ သူက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုတို့ကို အဆုံးစွန်အထိ တွန်းပို့ခဲ့၏။

ဂျွတ်

သူ့တာအိုသစ်ပင်က အက်လာပြီး မျက်လုံး၊ ပါးစပ်၊ နားနှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။ သူ့ဆံပင်က လူအိုကြီးတစ်ယောက်လိုမျိုး မီးခိုးရောင် ပြောင်းလဲသွားသော်လည်း သူက ဂရုမစိုက်ပေ။ ဝမ်ဝေ့က သူ လိုချင်သည့်အဖြေကို ရဖို့ ကံကြမ္မာမြစ်ကြောင်းမှတဆင့် ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

ဘန်း

သူက ကန့်သတ်ချက် ရောက်ရှိတော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲ သတင်းအချက်အလက် အမြောက်အများ ဝင်ရောက်လာလေ၏။

သတင်းအချက်အလက်များက သူ့စိတ်ထဲ ဝင်ရောက်လာသည်။ ကံကြမ္မာမျိုးစေ့ဆိုသည်မှာ စည်းမျဉ်းများနှင့် အနှောင်အဖွဲ့များ၏ ကန့်သတ်မှုကို သဘောမကျသည့် လူများ ဖြစ်ကြသည်။ ထိုသူများက လွတ်လပ်ခွင့်ကို လိုလားကြ၏။ ကံကြမ္မာမျိုးစေ့အများစုက အစစ်အမှန် မိစ္ဆာများ ဖြစ်သော်လည်း အစစ်အမှန်မိစ္ဆာတိုင်းကမူ ကံကြမ္မာမျိုးစေ့ မဟုတ်ပေ။

နောက်ထပ် တားမြစ်ချက်တစ်ခုပဲ…

ဝမ်ဝေ့က ယခုအခါ တားမြစ်ချက် ၅ခု သို့မဟုတ် ၆ခုမြောက်လောက် ဖြစ်နေသည့်အတွက် ထုံထိုင်းနေပြီ ဖြစ်သည်။ သူက အရေးကြီးသည့် သတင်းအချက်အလက်ကိုသာ အာရုံစိုက်လိုက်၏။

ကံကြမ္မာမျိုးစေ့၊ ကံကြမ္မာမြစ်ကြောင်းကို ဘာလို့ ထိန်းချုပ်ဖို့ လိုတာလဲ…

ဘန်း

သူက သူ့အတွေးကို အဆုံးမသတ်နိုင်ခင် ကံကြမ္မာမြစ်ကြောင်း၏ ပုံရိပ်က ရုတ်ချည်းဆိုသလို တကယ့်အစစ်အမှန်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သတ်ဖြတ်ငွေ့အပြည့်ဖြင့် အသံကျယ်ကျယ်တစ်ခုကို ကြားလိုက်ရသည်။

“ပါမွှားလေး ကံကြမ္မာမြစ်ကြောင်းက ငါ့အကြည့်ကနေ မျိုးစေ့တွေကို ကာကွယ်ပေးထားတာ။ မင်းက အမှန်တရားကို ရှာဖွေရဲလောက်အောင် တုံးအနေတာပဲ”

ဝမ်ဝေ့က ထိုအသံကို ကြားသည့်အခါ ရုတ်ချည်းဆိုသလို သူက မလှုပ်ရှားနိုင်တော့ဘဲ သူ့အတွေးများပင် နှေးကွေးသွားကြောင်း တွေ့ရှိလိုက်ရသည်။

ကျစ်

သူက အမှန်တကယ် ပြဿနာဖြစ်နိုင်ကြောင်း သိလိုက်၍ ကျိန်ဆဲလိုက်သည်။ ထို့အပြင် သူက ယခုအခါ သူ့ကို ကာကွယ်ပေးမည့် ဇနီးလည်း မရှိတော့ပေ။ ဝမ်ဝေ့က စိတ်တည်တည်ငြိမ်ငြိမ် ထားလိုက်သည်။ သူ့အလိုလိုသိစိတ်က ဝူဟုန် ရှိနေလျှင်ပင် ကူကယ်ရာမဲ့မည် ဖြစ်ကြောင်း ပြောပြနေ၏။

ထို့နောက် သူက ခဲရင့်ရောင် ဆံပင်၊ အနက်ရောင် မျက်ဝန်းနှင့် ဆံပင်တိုတို ရှိထားပြီး ခန့်ညားချောမောသည့် အမျိုးသားတစ်ဦးက ကံကြမ္မာမြစ်ကြောင်းအတွင်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသားက ပုလ္လင်ပေါ်တွင် ထိုင်နေပြီး အသင်္ချေသက်ရှိအားလုံးကို ငုံ့ကြည့်နေသည့် မာန်မာနမျိုး ထုတ်လွှတ်နေသည်။

ထိုအမျိုးသားက ဝမ်ဝေ့အား ကံကြမ္မာမြစ်ကြောင်းမှ ကြည့်လိုက်သည်။ ဝမ်ဝေ့၏ စိတ်ထဲ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခု ဝင်ရောက်လာပြီး သူ့ဝိညာဉ်ကိုပင် ပြိုလဲလုမတတ် ဖြစ်သွားစေသည်။ သူ့စိတ်စွမ်းအားကပင် ထိုအမျိုးသား၏ အကြည့်ရှေ့တွင် အသုံးမဝင်ကြောင်း ခံစားမိလိုက်၏။

ဒါက တကယ့် စွမ်းအားအစစ်အမှန်လား…

သူက တည်တည်ငြိမ်ငြိမ် တွေးလိုက်မိသည်။ လက်ရှိအခြေအနေတွင် သူက မည်မျှအင်အားမဲ့ကြောင်း သဘောပေါက်သွား၏။ သူ့အသိဉာဏ်၊ ဉာဏ်များမှုနှင့် စွမ်းအား အားလုံးက ထိုသူရှေ့တွင် အသုံးမဝင်ပေ။

သူ့စိတ်က အလုပ်လုပ်ကာ နည်းလမ်းကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူ့တွေးခေါ်နှုန်းကပင် သိသိသာသာ လျော့ကျလာကာ စကားတစ်လုံး ပြီးဆုံးဖို့အတွက် နှစ်သန်းချီကြာမြင့်နေသလိုမျိုး ခံစားနေရသည်။

စိတ်ပျက်ဖွယ်ကောင်းပြီးတော့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပဲ…

သူက သုံးသပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက လက်မလျှော့ဘဲ တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေ၏။

“မင်းကိုး” ထိုအမျိုးသားက ပြောလာသည်။ သူ့အသံက အကြောက်တရား၊ ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေ၏။ ယွမ်ခေတ်ကာလသန်းပေါင်းများစွာ အလှုပ်အခတ်မရှိ တည်ငြိမ်နေသည့် မျက်ဝန်းက ရုတ်ချည်းဆိုသလို ထိန်းချုပ်မရနိုင်သည့် စိတ်ခံစားချက်မျိုး ပြသလာသည်။

သူက ဝမ်ဝေ့ကို အံကြိတ်လျက် ကြည့်လိုက်သည်။ ထို့နောက် သရော်ကာ ထွက်ခွာသွား၏။ ကံကြမ္မာမြစ်ကြောင်းကလည်း ဘယ်သောအခါမှ မတည်ရှိဖူးသည့်အလား ပျောက်ကွယ်သွားသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။ သူ့စိတ်က ပုံမှန် ပြန်ဖြစ်သွားသည်။

ဒီလူက ငါ့ကို သိနေတာလား။ မဟုတ်သေးဘူး။ အနာဂတ်ငါကို သိတာ ဖြစ်လောက်တယ်…

သူက သုံးသပ်လိုက်၏။

နောက်ဆုံးတော့ ငါ့အနာဂတ်ကိုယ်က ထူးကဲသာလွန်မှုကို ရောက်ရှိသွားတာအမှန်ပဲ။ အနည်းဆုံးတော့ မေတ္တယျနဲ့ အန္တိမသဟဇာတလိုမျိုး အစွဲကင်းတစ်ပိုင်းအဆင့်ကို ရောက်သွားပြီ…

ထိုလူက မဟာတာအိုနှင့် တူညီသည့် ခံစားချက်မျိုး ပေးစွမ်းပြီး မြင့်မြတ်ကာ ကြီးကျယ်လှသည်။ သူ့အရှိန်အဝါက မဟာတာအိုမျက်လုံးနှင့် မတူညီသော်လည်း သူတို့၏ အနှစ်သာရကမူ အတူတူသာ ဖြစ်၏။ ထို့ကြောင့် ထိုသူက စံပြတစ်ယောက်၏ စွမ်းအားကို ကျော်လွန်နေကြောင်း သံသယ မဖြစ်မိပေ။

ထူးကဲသာလွန်မှု … ဒါကသာ ကာလံဒေသံအနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်မှာ…

သူက ထိုသူသည် သူ့ကို အဘယ်ကြောင့် သိနေမှန်း သုံးသပ်မိလိုက်သည်။

ဒီလူက ငါ့ကို ဘာလို့ သတ်မသွားတာလဲ…

ထိုအရာတွင် ဖြစ်နိုင်ချေ အများကြီး ရှိ၏။ သို့သော် ဖြစ်နိုင်ဆုံးက သူက မသတ်နိုင်၍ ဖြစ်သည်။ သူ့အနာဂတ်ကိုယ်က ဝင်ရောက်စွက်ဖက်နိုင်လေသည်။

စံပြတွေက အတိတ်ကို သွားပြီးတော့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေကို တာအိုသက်သေမပြခင် အချိန်ပြန်သွားပြီး သတ်နိုင်တယ်။ အဲဒါကြောင့် သူတို့က တခြားစံပြတွေနဲ့ အတူတူပဲ။

စံပြတွေကြားက တိုက်ပွဲက သူတို့ရဲ့ အတိတ်ကိုယ်ကို ကာကွယ်ရမဲ့ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်…

ဝမ်ဝေ့က သူ့စံပြအနာဂတ်ကိုယ်သည် လက်ရှိ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေသည့် ကံကြမ္မာမြစ်ကြောင်းမှလာဖို့ ကြိုးစားနေသည့် ရန်သူများစွာကို တိုက်ထုတ်နေရကြောင်း စိတ်ကူးကြည့်မိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။

နောင်အနာဂတ်ကျရင် ငါက ကောင်းကင်ဘုံအဆင့်နဲ့ စံပြတွေနဲ့ တိုက်ခိုက်ဖို့ စွမ်းအားရှိလောက်တယ်။ ဒါပေမဲ့ ငါ့ရဲ့ဇစ်မြစ်ကို မထုတ်ဖော်သင့်ဘူး…

သူက စံပြတစ်ယောက်ကို အနိုင်ယူနိုင်လျှင်ပင် ထိုသူက အတိတ်ကို ပြန်သွားကာ သူ့ကို သတ်နိုင်လေသည်။ သို့သော် သူက ကောင်းကင်ဘုံအဆင့်သာ ဖြစ်နေသည့်အတွက် အင်အားမဲ့နေလိမ့်မည်။ သူက အချိန်တာအိုကို ထိန်းချုပ်နိုင်သည့်အတွက် သူ့ကိုယ်သူ အချိန်တစ်ခုမျှ ကာကွယ်နိုင်မည်ဖြစ်သော်လည်း သူက မစွန့်စားလိုပေ။

ထို့ကြောင့် သူ့ကိုယ်သူ သတိကြီးကြီးထားဖို့သာ မှတ်ထားလိုက်သည်။

အခု ပိုပြီးအရေးကြီးတဲ့အရာတွေကို အာရုံစိုက်ဖို့လိုတယ်။ စံပြတွေက အတိတ်အပေါ် ဘယ်လောက်လွှမ်းမိုးမှုရှိတယ်ဆိုတာ ကန့်သတ်ချက်တော့ ရှိရမယ်…

သူက ဆက်လက် သုံးသပ်လိုက်၏။

ဒါပေမဲ့ အစွဲကင်းတစ်ပိုင်းအဆင့်တွေက အဲ့လိုကန့်သတ်ချက်မျိုး ရှိချင်မှ ရှိလိမ့်မယ်…

သူ့စိတ်က မြန်မြန်ဆန်ဆန် အလုပ်လုပ်လာ၏။

ဒီလူက လက်ရှိ ကံကြမ္မာစီရင်သူ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် ကံကြမ္မာမြစ်ကြောင်း ဒါမှမဟုတ် မဟာတာအိုက သူ့ကို မကျေနပ်ပဲနဲ့ သူ့နေရာကို အစားထိုးဖို့ ကြံစည်နေတယ်။ အဲဒါဆိုတော့ သူက သူ့နေရာကို ကာကွယ်ဖို့ ကံကြမ္မာမျိုးစေ့ အားလုံးကို သုတ်သင်ပစ်ချင်တာပဲ…

အဲဒါဆိုတော့ ကံကြမ္မာမြစ်ကြောင်းက သူ့ကို ဘာလို့ အစားထိုးချင်တာလဲ။ သူက တစ်ခုခု လုပ်မိလို့လား။ အကြွင်းမဲ့တားမြစ်ချက်နဲ့ ဆက်နွယ်မှုရှိနေတာလား…

သူ့စိတ်ထဲ ဖြစ်နိုင်ချေများစွာကို တွက်ချက်ကြည့်သော်လည်း သတင်းအချက်အလက် လိုအပ်နေမှုကြောင့် မည်သည့်အရာကိုမှ ကောက်ချက်မချနိုင်ပေ။

ငါက အဖြေတချို့ ရယူချင်ရုံဆိုပေမဲ့ နောက်ထပ် မေးခွန်းအများကြီး ထွက်လာခဲ့ပြီ။ တကယ်လို့ ငါ့အနာဂတ်ကိုယ်က အစွဲကင်းတစ်ပိုင်းအဆင့်ကို တက်လှမ်းသွားရင် သူက ကံကြမ္မာမြစ်ကြောင်းကို ဘာလို့မထိန်းချုပ်ရတာလဲ…

ဝမ်ဝေ့က အကြောင်းအရင်းကို သဘောပေါက်သွားကာ ရပ်တန့်သွား၏။ သူက ကံကြမ္မာမျိုးစေ့၏ တည်ရှိမှုကို တွေ့ရှိသွားပြီဖြစ်ကာ မြစ်ကြောင်းကို ထိန်းချုပ်ဖို့ ငြင်းဆန်မိလောက်သည်။ သူ လိုချင်သည်က အမှန်တကယ် လွတ်မြောက်မှု ဖြစ်၏။ ထို့ကြောင့် သူက မွေးဖွားစဉ်ကတည်းက အကွက်ကျကျ စီစဉ်ထားသည့် ကံကြမ္မာမြစ်ကြောင်းကို စက်ဆုပ်မိလိမ့်မည်။

အဲဒါဆိုတော့ ကံကြမ္မာမြစ်ကြောင်းကို ထိန်းချုပ်မဲ့အစား…

သူက မျက်မှောင်ကြုတ်ကာ ထူးကဲသာလွန်မှုလမ်းစဉ်အတွက် စတင် စီမံလိုက်သည်။

သူ့တွင် အကြမ်းဖျင်း အတွေးအခေါ်များသာ ရှိထားပြီး အခိုင်အမာအစီအစဉ် မရှိသေးသော်လည်း ဟွင်သွမ်းစကြဝဠာအတွင်း သက်ရှိ ၉၉ရာခိုင်နှုန်းကျော် ရှိပေသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူက ကံကြမ္မာမျိုးစေ့ ဖြစ်ကြောင်း ရှာတွေ့ပြီးသည့်နောက်တွင် သူ့တာအိုနှလုံးသားက ပြီးပြည့်စုံသွားကြောင်း တွေ့လိုက်ရသည်။ သူက ဆိုးဆိုးရွားရွားအခြေအနေကို ကြည့်ပြီးသည့်နောက် မကြာခင် အကြီးအကဲတန့်ဆီ သွားရောက်တွေ့ဆုံရမည်ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် သူက ဂိုဏ်းဆီ ပြန်ဖို့ပြင်ဆင်လိုက်၏။ သို့သော် သူက ရုတ်ချည်း ရပ်တန့်သွားသည်။

မဟုတ်သေးဘူး။ ကိစ္စတွေက အပေါ်ယံ မြင်ရသလောက် မရိုးရှင်းဘူး…

တစ်စုံတစ်ခုက သူ့အား ကာလံဒေသံကို ဖြတ်ကျော်၍ ကစားပွဲကို မြင်အောင် လုပ်ထားကြောင်း တွေးမိသွားသည်။

***

All Chapters