ကြောက်မက်ဖွယ် ထင်မြင်ချက်
Vol. 54 Ch. 756
ဝမ်ဝေ့က သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်၏။
ငါက ဘယ်အချိန်တုန်းက ကံကြမ္မာမျိုးစေ့ရဲ့ ဂုဏ်ပုဒ် ဒါမှမဟုတ် အနေအထားကို ရခဲ့တာလဲ…
အကျိုးအကြောင်းသင့်သည့် အဖြေက မဟာတာအို သို့မဟုတ် ကံကြမ္မာမြစ်ကြောင်းက သူ ဤကမ္ဘာတွင် ပြန်လည်ဝင်စားပြီးသည့်နောက် သူ့အကျင့်စရိုက်နှင့် သဘောထားကို မြင်ကာ ဤဂုဏ်ပုဒ်ကို ပေးလိုက်ခြင်း ဖြစ်လိမ့်မည်။
သူက လေဟာနယ်ထဲ ရှိစဉ်အခါက ထိုခရမ်းရောင် အလင်းပြောက်များကို ဝါးမျိုပြီး အသက်ရှင်ဖို့ ကြိုးစားရင်း ကံကြမ္မာမျိုးစေ့ ဖြစ်ခဲ့နိုင်ချေလည်း ရှိပေသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက သူ့ဘဝနှင့် ကြမ္မာကို လွန်ခဲ့သည့် ခေတ်ကာလများစွာကတည်းက သတ်မှတ်ထားပေးပြီးသား ဖြစ်၏။
ဒါပေမဲ့ ကိစ္စတွေက ငါ ထင်ထားတာထက် ပိုဆိုးရွားနေခဲ့ရင် ဘယ်လိုလုပ်မလဲ…
ဝမ်ဝေ့က ကမ္ဘာကြီးကို မလိုလားစိတ်ဖြင့် ကြည့်လိုက်သည်။ ငါက ကမ္ဘာမြေမှာ သေမျိုးဖြစ်စဉ်အခါကတည်းက ကံကြမ္မာမျိုးစေ့ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေသာ အမှန်ဖြစ်မယ်ဆိုရင် ဒီအကြောင်းတရားရဲ့ နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေလိုက်မလဲ…
ထိုသီအိုရီက ကြောက်မက်ဖို့ကောင်းသော်လည်း ထိုဖြစ်နိုင်ချေ၏ နောက်ကွယ်မှ အရေးပါမှုကို စဉ်းစားကြည့်ပြီး စိတ်ငြိမ်သွားသည်။
အရင်ဦးဆုံး သမိုင်းမတိုင်မီကမ္ဘာက လုံးဝ စည်းပိတ်ခံထားရတာ မဟုတ်သလို မဟာတာအိုရဲ့ ထိန်းချုပ်မှုအောက်က ကင်းလွတ်နေတာလည်း မဟုတ်တာ ဖြစ်နေနိုင်တယ်။ အဲဒီအစား မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာကို အချိန်အတော်ကြာ ထိန်းချုပ်မှု ရယူဖို့ ကြံစည်နေတာ ဖြစ်နေနိုင်တယ်…
ဝမ်ဝေ့၏ စိတ်က လုံးဝတည်ငြိမ်သွားသည့်အနေအထားသို့ ဝင်ရောက်သွားကာ သူ့ဝိညာဉ်က ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ အပြောင်းအလဲများအလိုက် စတင် ဆင့်ကဲပြောင်းလဲသွားသည်။ ထိုဖြစ်စဉ်အတွင်း လောကကြီး၏ အပြောင်းအလဲနှင့် ပတ်သက်ပြီး ယင်ယန်တာအို၏ နားလည်နိုင်စွမ်းက မြင့်မားလာခဲ့သည်။
မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာမှာ ကံကြမ္မာမျိုးစေ့ အမြောက်အများထားရှိခဲ့ပြီးတော့ ငါက သူတို့ထဲက တစ်ယောက် ဖြစ်နေနိုင်တယ်။ ကံဆိုးတာက ငါက မတော်တဆဖြစ်ပြီးတော့ သေသွားသင့်တယ်။ ဒါပေမဲ့ ခိုင်မာတဲ့ စိတ်စွမ်းအားကြောင့် ဆန်းကြယ်မှုကို ဖန်တီးပြီး ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်…
မဟာတာအိုက ဒီလိုခြိမ်းခြောက်မှုရှိတဲ့ နယ်ရုပ်တစ်ရုပ်ကို အလွယ်တကူ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်သလို ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအတွက် ကံကြမ္မာမျိုးစေ့ ဂုဏ်ပုဒ်ကိုလည်း ပေးမှာမဟုတ်ဘူး…
ငါက အဖွဲ့ခွဲ(သာမန်ဟွင်းသွမ်းကမ္ဘာ)ရဲ့ အလားအလာရှိတဲ့ မန်နေဂျာတစ်ယောက်ကနေ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးရဲ့ အလားအလာရှိတဲ့ ခေါင်းဆောင် ဖြစ်လာနိုင်တာကိုပဲ ပြောရမှာလား…
ဝမ်ဝေ့က သူ့အကြည့်မှ လှောင်ပြောင်မှုကို ဖုံးကွယ်မထားပေ။ သို့သော် သိပ်မကြာခင် သူက တည်ငြိမ်သွား၏။ သူက ရာနှုန်းပြည့် မှန်ကန်ရဲ့လား မသိသော်လည်း သူ့ထင်မြင်ချက်များက အမှန်တရားနှင့် နီးစပ်နိုင်ချေရှိကြောင်း သိထားသည်။ ထို့ကြောင့် သူက ယခင် မှန်းဆချက်များအပေါ် မူတည်၍ ဆက်လက် ကောက်ချက်ချလိုက်သည်။
ငါ့ရဲ့ သေဆုံးမှုက မတော်တဆ မဟုတ်တာဘဲ သမိုင်းမတိုင်မီကမ္ဘာရဲ့ ကောင်းကင်တာအိုက အရှုပ်တွေ ရှင်းလင်းတဲ့ နည်းလမ်း ဖြစ်နေနိုင်တယ်…
မဟာတာအိုမှ ရွေးချယ်ခံထားရသည့် ကံကြမ္မာမျိုးစေ့များက သမိုင်းမတိုင်မီကမ္ဘာပေါ် ဗိုင်းရပ်များနှင့် ဆင်တူသည့် ထိခိုက်မှု ရှိလာစေနိုင်သည်။
တကယ်လို့ ဒီထင်မြင်ချက်ကသာ အမှန်ဖြစ်နေတယ်ဆိုရင် ဟုန်ကျွင်းက ငါ့ကို ဘာလို့ ကယ်ခဲ့တာလဲ။ ဒဏ္ဍာရီတွေအရဆိုရင် ဟုန်ကျွင်းက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်သွားပြီးတော့ တာအိုရဲ့ ပြယုဂ်ဖြစ်လာရမှာလေ။
ဝမ်ဝေ့က ထိုအကြောင်းကို တွေးမိရင်း သူ့သီအိုရီသဘောတရားများက စတင်ပြိုလဲသွားသလို ခံစားလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။
အဲဒါဆိုတော့ ငါက မှားတာလား ဒါမှမဟုတ် ဒဏ္ဍာရီတွေက မယုံရတာလား။ ဟုန်ကျွင်းက ကောင်းကင်တာအိုနဲ့ မပေါင်းစပ်ခဲ့ဘူးလား။ တတိယ ဖြစ်နိုင်ချေလည်းရှိနေနိုင်တယ်။ သူက ငါ့ကို နောက်ထပ် အကြောင်းအရင်းတစ်ခုကြောင့် အသက်ရှင်ခွင့်ပေးလိုက်တာ…
ဝမ်ဝေ့က တတိယအကြောင်းအရင်းကို ပိုမိုအရေးသာမိ၏။
ယခင် တွက်ထားသလောက် ဟုန်ကျွင်းက ကမ္ဘာမြေ ဒါမှမဟုတ် သမိုင်းမတိုင်မီကမ္ဘာက လူအများကြီးကို အကြောင်းအရင်းတချို့ကြောင့် ကွဲပြားတဲ့ ဟွင်သွမ်းကမ္ဘာတွေမှာ ပြန်လည်ဝင်စားခွင့်ပြုခဲ့တယ်။ အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် သူက ငါ့ကို အသက်ရှင်စေဖို့ ရွေးချယ်ခဲ့တာပဲ…
ဝမ်ဝေ့က ဆက်လက် ကောက်ချက်မချခင် အသက်ပြင်းပြင်းရှူလိုက်၏။
မဟာတာအိုရဲ့ ရည်ရွယ်ချက်က သမိုင်းမတိုင်မီကမ္ဘာမှာ ကံကြမ္မာမျိုးစေ့ပုံစံနဲ့ နယ်ရုပ်အများကြီးထားရှိဖို့က အဲဒီကမ္ဘာရဲ့ ကံကြမ္မာမြစ်လက်တက်ကို ထိန်းချုပ်ဖို့ ဖြစ်နေနိုင်တယ်။ အဲဒါမှ သမိုင်းမတိုင်မီကမ္ဘာကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်မှာလေ…
သို့သော်လည်း ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
သမိုင်းမတိုင်မီကမ္ဘာမှာ ကံကြမ္မာမြစ်ကြောင်း မရှိရင်ရော…
ဝမ်ဝေ့က ဤသို့မေးခွန်းမျိုး ပုံမှန်ဆိုလျှင် မေးလေ့မရှိပေ။ သို့သော် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် သူက သမိုင်းမတိုင်မီကမ္ဘာသည် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးနှင့် ကွဲပြားနေသည့် စည်းမျဉ်းများရှိသည့် နေရာတစ်ခု ဖြစ်နိုင်ကြောင်း နားလည်သွားသည်။ ထို့ကြောင့် ထိုအရာသည် ကံကြမ္မာမြစ်ကြောင်း မရှိသည်က ဖြစ်နိုင်ချေရှိ၏။
ကံကြမ္မာမြစ်ကြောင်းက ဒီဟွင်သွမ်းစကြဝဠာရဲ့ ပုံစံတစ်ခုပဲ ဖြစ်နေနိုင်တယ်…
ဝမ်ဝေ့က ဟွင်သွမ်းစကြဝဠာ ကျော်လွန်၍ တည်ရှိနေသည့် အရာပေါ်မူတည်၍ ကောက်ချက်ချမှုအပေါ် အမှတ်ရကာ တွေးလိုက်မိသည်။ သို့သော်လည်း ယခုအခါ ထိုအရာများကို အာရုံစိုက်ဖို့ အချိန်မဟုတ်သည့်အတွက် လက်ရှိကိစ္စကိုသာ အလေးထားလိုက်သည်။
ဒါပေမဲ့ ဒီသီအိုရီမှာ နောက်ထပ် ဟာကွက်တစ်ခုရှိနေတယ်။ မဟာတာအိုက ကံကြမ္မာမြစ်ကြောင်းကနေ သမိုင်းမတိုင်မီကမ္ဘာကို ဘယ်လိုထိန်းချုပ်မှာလဲ။ တကယ်လို့ ကံကြမ္မာမျိုးစေ့က မြစ်ကြောင်းကို အောင်အောင်မြင်မြင် ဖန်တီးခဲ့နိုင်တယ်ဆိုရင် သမိုင်းမတိုင်မီကမ္ဘာကို ကာကွယ်ထားတဲ့စွမ်းအားက မဟာတာအိုစွမ်းအားကို အပြည့်အဝ ပိုင်းခြားထားနိုင်သင့်တယ်။ ဆိုလိုတာက ကံကြမ္မာမြစ်ကြောင်းက ပင်မမြစ်ရဲ့ သီးသန့်ပိုင်းခြားခံထားရတဲ့ မြစ်လက်တက်တစ်ခုပဲ ဖြစ်နေလိမ့်မယ်…
နှစ်များစွာကြာတဲ့အထိ မဟာတာအိုက အဲဒီစွမ်းအားကို မဖယ်ရှားနိုင်ဘူး။ အဲဒါဆိုတော့ သမိုင်းမတိုင်မီကမ္ဘာကို အထဲကနေ ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ အဲဒီကံကြမ္မာမျိုးစေ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု မမှားယွင်းနေသရွေ့ပေါ့…
ဝမ်ဝေ့၏ စိတ်ထဲ အကြောက်တရားတချို့ဖြတ်ပြေးသွားသည်။ သို့သော် သူက ကြောက်မက်ဖွယ် စိတ်စွမ်းအားဖြင့် တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
စိတ်ငြိမ်ငြိမ်ထား ဒါက ဖြစ်နိုင်ချေတစ်ခုပဲ ရှိသေးတယ်…
သူ့စိတ်ထဲ တခြားဖြစ်နိုင်ချေများကို ဆက်လက် တွက်ချက်ကြည့်လိုက်သည်။
လည်ချောင်းမှာ စုနေတဲ့ ငါးရိုးလို ဖြစ်နေတာပဲ…
ဝမ်ဝေ့က ရုတ်ချည်း တွေးမိသွားသည်။
သမိုင်းမတိုင်မီကမ္ဘာကို ကာကွယ်ထားတဲ့ စွမ်းအားက ဘယ်လိုပဲဖြစ်ဖြစ် မဟာတာအိုနဲ့ ယှဉ်နိုင်တယ်။ အဲဒီစွမ်းအားက ဟုန်ကျွင်းဆီက ဖြစ်နိုင်သလို ကမ္ဘာကိုဖွင့်လှစ်ခဲ့တဲ့ ဒဏ္ဍာရီလာ ဖန်ဂူဆီကနေလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဇစ်မြစ်က အခုတော့ အရေးမပါသေးဘူး…
အဲဒီစွမ်းအားကြောင့် သမိုင်းမတိုင်မီကမ္ဘာက မဟာတာအိုရဲ့ လည်ချောင်းမှာ ကပ်နေတဲ့ ငါးရိုးလို ဖြစ်နေမှာပဲ။ မျိုလည်း မျိုချလို့မရသလို ဖယ်ရှားလို့လည်းမရတဲ့ အရိုးပေါ့။ ဒါပေမဲ့ မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာကို ကံကြမ္မာမြစ်ကြောင်းကို ထည့်သွင်းပြီးတော့ တူညီစွာ တုံ့ပြန်နိုင်တယ်…
ဝမ်ဝေ့၏ ဝိညာဉ်က ကျင့်ကြံရေးခရီးစဉ် စတင်လျှောက်လှမ်းကတည်းက ကြိုးကြိုးစားစား အလုပ်လုပ်နေရသည်။ သူက စိတ်ဝိညာဉ်အမှုန်များကို သူ့စိတ်အား ထရီလီယံ ခွဲခြားပြီး စတင်တွေးတောလိုက်သည်။ ထို့အပြင် သူက အနာဂတ်ဗုဒ္ဓကိုယ် ၃၆၅ ခုကိုပါ ဖန်တီးထားသည်။ ထို့ကြောင့် ဝမ်ဝေ့က အမှန်တရားနှင့် နီးကပ်လာသလို ခံစားလိုက်ရ၏။
သမိုင်းမတိုင်မီကမ္ဘာရဲ့ ကံကြမ္မာမြစ်ကြောင်းက မဟာတာအိုအစီအစဉ်အတွက် မျိုးစေ့တစ်ခုလိုပဲ။ ကံကြမ္မာမျိုးစေ့က မြစ်ကြောင်းကို ထိန်းချုပ်နိုင်တာနဲ့ မျိုးစေ့က အသက်ဝင်လာပြီးတော့ အစီအစဉ်က ပြီးမြောက်သွားလိမ့်မယ်။ အဲဒီအခါကျရင် သမိုင်းမတိုင်မီကမ္ဘာက ဒီစကြဝဠာထဲက သာမန်ဟွင်သွမ်းကမ္ဘာတွေထဲကတစ်ခု ဖြစ်လာပြီးတော့ တားမြစ်ချက် မဟုတ်လောက်တော့ဘူး။
အဲဒီအခါကျရင် ကမ္ဘာမြေရဲ့ ကံကြမ္မာက ဆုံးဖြတ်ခံရလိမ့်မယ်။ တကယ်လို့ သိပ္ပံနဲ့ နည်းပညာကမ္ဘာက သမိုင်းမတိုင်မီကမ္ဘာကနေ ပေါ်ထွက်လာလို့ တားမြစ်ချက် ဖြစ်နေတယ်ဆိုရင်တော့ အဆင်ပြေတယ်။ တကယ်လို့ တခြားတစ်ခုကြောင့် ဖြစ်နေမယ်ဆိုရင် မဟာတာအိုက တည်ရှိမှုကို သုတ်သင်ပစ်လိမ့်မယ်…
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက စကြဝဠာ၏ အမှန်တရားနှင့် နီးကပ်လာသလို ခံစားလိုက်ရ၏။
ဒီဖြစ်နိုင်ချေက အမှန်ဖြစ်နိုင်ချေ မြင့်မားပေမဲ့ ပထမတစ်ခု ဖြစ်နိုင်ချေလည်းရှိနိုင်သလို နှစ်ခု ပေါင်းစပ်ထားတာလည်း ဖြစ်နေနိုင်တယ်။ တကယ်လို့ အဲ့ဒါတွေသာ အမှန်ဖြစ်တယ်ဆိုရင် ဘယ်လိုဖြေရှင်းရမလဲ…
သူက မဟာတာအိုနှင့် တူညီသည့်အဆင့်သို့ မရောက်သရွေ့ ထိုသူသည် သူ့ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်အပေါ် တစ်စုံတစ်ခု ထားရှိမည်လား မခန့်မှန်းနိုင်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
ရွေးချယ်မှုနှစ်ခု ရှိတယ်။ အလင်းမဲ့အမှန်တရားလိုမျိုး ပြင်ပအကူအညီကို သုံးမလား ဒါပေမဲ့ အမည်မသိ စွမ်းအားကို အရာအားလုံးအတွက် မှီခိုထားလို့ မရဘူး…
သူ့စိတ်ထဲ ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
ဒုတိယရွေးချယ်မှုက ငါ့ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ တည်ရှိမှုအထိ ပစ်ပယ်ဖို့ပဲ။ နောက်ထပ် ခန္ဓာကိုယ်ကို ရှာဖွေပြီးတော့ ငါ့ရဲ့မှတ်ဉာဏ်၊ အတွေး၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နဲ့ သဘောတရားတွေ ထည့်သွင်း ဖန်တီးပြီး ငါ အဖြစ် ပြောင်းလဲလိုက်ဖို့ပဲ။
ဤနည်းလမ်းဖြင့် ဝမ်ဝေ့က သူ့တည်ရှိမှုသည် ကွဲပြားသွားသည် ဖြစ်၍ သေဆုံးသွားလိမ့်မည်။
ဒါပေမဲ့ ဒီကစားပွဲကို ချိုးဖျက်နိုင်မဲ့ နောက်ထပ် နည်းလမ်းတစ်ခုတော့ ရှိရမယ်…
ရွေးချယ်ခံ ခန္ဓာကိုယ်က သူ့မှတ်ဉာဏ်များနှင့် သဘောတရားများ၏ လွှမ်းမိုးမှုကို ခံရမည်ဖြစ်ကာ တခြားနည်းဖြင့် ပြောရလျှင် သူသာ ဖြစ်၏။ တစ်ခုတည်းသော ပြဿနာက မျက်နှာ ဖြစ်ပေသည်။ သို့သော်လည်း ထိုအရာက အလွယ်တကူ ပြောင်းလဲ၍ ရသည်။ ဝမ်ဝေ့က ကျရှုံးနိုင်ချေကို ကာကွယ်ဖို့အတွက် ကိုယ်ပွားကို အသုံးမပြုလိုပေ။ ထို့ကြောင့် လုံးဝကွဲပြားသည့် လူတစ်ယောက် ဖြစ်ဖို့ လိုအပ်၏။
ဝမ်ဝေ့က ထိုအစီအစဉ်ကို အကောင်အထည်မဖော်ခင် ခေတ္တမျှ စဉ်းစားလိုက်သည်။ သူက မဟာတာအိုဆီမှ ဖြစ်နိုင်ချေ အမှားအယွင်းများကို ကာကွယ်ဖို့ ခန္ဓာကိုယ်ကို သိပ္ပံနှင့် နည်းပညာကမ္ဘာမှ ရွေးချယ်ဖို့သာ ဆုံးဖြတ်လိုက်သည်။
“မဟာတာအိုက ရက်စက်ပြီးတော့ သူတို့အမြင်မှာ အားလုံးက အတူတူပဲ။ ပုရွက်ဆိတ်နဲ့ စံပြတွေကလည်း အတူတူပဲ။ အဲဒါကြောင့် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို စစ်တုရင်ခုံအဖြစ် အသုံးပြုနိုင်တာပဲ။ ထူးကဲသာလွန်မှုကို ရယူမှသာ ကစားသမားဖြစ်လာဖို့ အရည်အချင်း ပြည့်မှီလိမ့်မယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့တာအိုနှလုံးသားက ပြီးပြည့်စုံသွားပြီး သူ့စိတ်အခြေအနေက နောက်ဆုံး ကျင့်ကြံရေးခရီးလမ်း၏ သေမျိုးအဆင့် နောက်ဆုံးသော အသွင်ပြောင်းမှု ရောက်ရှိသွားသည်။
သူ့ခန္ဓာကိုယ်က ပေါ့ပါးလာသည်ကို ခံစားမိလိုက်၍ သက်ပြင်းချလိုက်သည်။
ဒါပေမဲ့ ငါက အတားအဆီးကို မကျော်လွှားနိုင်သေးဘူး။ ငါက တကယ်နောက်ဆုံး တိုက်ပွဲကို စောင့်ရမှာလား…
သူ့အလိုလိုသိစိတ်က နောက်ဆုံးတိုက်ပွဲအထိ စောင့်ဆိုင်းပြီး သူ လိုအပ်နေသည့်အရာကို ရှာဖွေနိုင်ကြောင်း ပြောပြနေသည်။
ထို့နောက် သူက ကံကြမ္မာကို ဖမ်းဆုပ်မိကာ ဂမ္ဘီရကို တွက်ချက်ကြည့်လိုက်သည်။
“တိုက်ပွဲ ၂ ပွဲ၊ အဆင့် ချိုးဖောက်မှု ၂ခု၊ တစ်ခုက အသုံးမဝင်ဘူး။ တစ်ခုက အောင်မြင်တယ်။ သံသရာစက်ဝန်းတစ်ခု ဖြစ်တည်နေတာပဲ။ နောက်ဆုံးတော့ သေခြင်းတရားအချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့ပြီ”
စိတ်ဝင်စားစရာပဲ…
ဝမ်ဝေ့က နောက်ဆုံးတိုက်ပွဲအတွက် သူ့နည်းဗျူဟာတချို့ကို ပြောင်းလဲရမည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
***