← Chapters

ချန်မထားရက်သူ

Vol. 76 Ch. 1054

ချန်မထားရက်သူ

Vol. 76 Ch. 1054

ဒီလှံက ရတနာလား......

ဒါက အံ့ဖွယ်တာအိုနဲ့ ရုပ်လုံးဖော်ထားတာလေ.....

မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ လန်ရှောင်နီအား မပြောပြဖြစ်ပေ။

စင်စစ်တွင်မူ သူသည် စကားပြောရန်လည်း အားမရှိတော့ပေ။

သူသည် စစ်နတ်ဘုရားခန္ဓာနှင့် အမြဲစိမ်းနည်းစနစ် ရှိနေပါသော်လည်း စွမ်းအင်ဝင်ပေါက်များမှာ ချိပ်ပိတ်ခံထားရသည်။

လန်ရှောင်နီမှာ အန်လင်းထံ ပျံဝဲလာနေသည်။

စင်မြင့်၏ အပြင်ဘက်သည် မီးတောက်မီးလျှံများ ဝန်းရံနေပြီး အတွင်းဘက်တွင် အဆိပ်မြူများ ရှိနေသည်။

လန်ရှောင်နီ ရေအကာအရံနှင့်အတူ မီးတောက်များကြား ဝင်ရောက်လာသည်။

သူမသည် အပူချိန်ကြောင့် အော်ဟစ်ရင်း ငါးပြာလေးအား ဖော်ထုတ်လိုက်သည်။

“ငါးပြာရဲ့ ယစ်ပုလ္လင်.....”

ဘန်း....

သူမ အနားတွင် ရှိနေခဲ့သော ငါးပြာလေးမှာ မျက်စိကျိန်းလောက်အောင် တောက်ပလာပြီးနောက် ရေအကာအရံအား စွမ်းအင်မြင့်တက်သွားစေသည်။

ထို့နောက် ငါးပြာလေးမှာ သုံးစားမရသော ကျောက်စိမ်းအပိုင်းအစတစ်ခု ဖြစ်သွားလေသည်။

လန်ရှောင်နီမှာ မီးတောက်များအား လျင်မြန်စွာ ဖြတ်သန်းလာနေသည်။

“ပြန်သွားစမ်း....”

ရှီးဟိုင်ဇယ်၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်ထက်မှ စွမ်းအင်များ ကျဆင်းလာသည်။

ပြင်းထန်လှသော မီးတောက်များကြောင့် လန်ရှောင်နီ၏ အသားအရေမှာ နီရဲနေလေပြီ။

“အား......”

သူမ နာကျင်စွာ အော်ဟစ်နေရသည်။

ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် နေခဲ့ရသော မင်းသမီးလေးမှာ ယခုကဲ့သို့ ဆင်းရဲဒုက္ခများအား မကြုံရဖူးပေ။

အန်လင်းမှာ လန်ရှောင်နီအားကြည့်ကာ ဆီပူအိုးထဲ လူးလှိမ့်နေသော ငါးတစ်ကောင်ကို မြင်ယောင်လာမိသည်။ သူသည် ပါးစပ်ဟလိုက်ပါသော်လည်း ဘာပြောရမည်လဲပင် မသိတော့ပေ။

လန်ရှောင်နီသည် သူ့အား ထားရစ်ခဲ့မည်ဟု ထင်ထားခဲ့ပါသော်လည်း လိုလိုလားလားပင် အန္တရာယ်တောထဲ တိုးဝင်လာသည်။

သူမသည် မျက်ရည်အရွှဲသားနှင့်ပင် သူ့ထံရှေ့ဆက်လာနေသည်။

အမြဲတမ်း ကြောက်နေတတ်တဲ့ လက်အောက်ငယ်သားရော ဟုတ်သေးရဲ့လား......

ဖေဖေကယ်ပါလို့ ပြောခဲ့တဲ့ မင်းသမီးကရော သူမပဲလား.....

လန်ရှောင်နီသည် သေခြင်းတရားအား မမှုသော စစ်သည်တော် တစ်ဦးလိုပင်။

အန်လင်းသည် အသက်စွမ်းအင်များ လျော့ပါးနေပါသော်လည်း မီးတောက်များကြားမှ ပုံရိပ်အားကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။

“လန်ရှောင်နီ မင်းတော့သေတော့မှာပဲ။”

သူကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

လန်ရှောင်နီသည် ထိုစကားကို မကြားသည့်အလား မီးတောက်များကြား အသည်းအသန် ရှေ့ဆက်နေသည်။

အဆိပ်မြူများမှာလည်း သူမ၏ အကာအရံအား ဝင်တိုးနေလေသည်။

လန်ရှောင်နီမှာ အဆိပ်မြူများကြောင့် အသားများပင် ပုတ်ကျကုန်သည်။

အဆိပ်များသည် သူမ၏ အရိုးအရေများထိပင် ရောက်ရှိလာ၏။

သူမသည် သွေးသံရဲရဲနှင့်ပင် ရှေ့ဆက်တိုးလာနေသည်။

မည်သို့ပင်ဆိုစေကာမူ နောက်ပြန်လှည့်ရန် အစီအစဥ် မရှိပေ။

အဆုံးတွင်မူ သူမ အောင်မြင်စွာနှင့် စင်မြင့်ထက် ရောက်လာခဲ့သည်။

“အောင်မြင်သွားပြီ။”

လန်ရှောင်နီမှာ စုတ်ပြတ်သတ်နေသော မျက်နှာနှင့် အားယူကာ ပြုံးလိုက်သည်။

သူမ ခံစားခဲ့ရသော နာကျင်မှုအား မည်သူမှ သိနိုင်မည် မဟုတ်ပေ။

အသက်ရှင်လျက် မီးမြှိုက်ခံရသည့်အပြင် အဆိပ်များမှာလည်း အရိုးထိတိုင် လှိုက်စားခဲ့သည်။

သူမ ယိုင်တိယိုင်တိုင်ဖြင့်ပင် အန်လင်းထံ ဒရွတ်ဆွဲလာသည်။

အန်လင်းသည်ပင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။

“မင်းရူးနေတာလား။”

“ငါမရူးရင် နင်သေသွားမှာပေါ့။”

လန်ရှောင်နီ၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက် ပြတ်သားကြောင်း သိသာလှသည်။

အန်လင်းမှာ လန်ရှောင်နီအားကြည့်ကာ မေးလိုက်သည်။

“မင်းမနာဘူးလား။”

လန်ရှောင်နီမှာ လှံအားကိုင်ကာ ဆွဲလိုက်ပါသော်လည်း ထိုအားကြောင့် အသားများ ဆုတ်ပြဲကုန်သည်။

သူမ မျက်ရည်များ စီးကျလာသည်။

“နာတော့ နာတာပေါ့ဟဲ့။”

“ဒါ... ဒါပေမယ့် နင်သေသွားရင် ငါပိုပြီးနာကျင်ရမှာ။”

လန်ရှောင်နီမှာ အားကုန်သုံးကာ ဆွဲထုတ်နေသည်။

သူမ၏လက်မှ သွေးများကျဆင်းလာသည်။

ဝိဥာဥ်ငါးကလန် မှော်သွေးစက်ကျင့်စဥ် : ငါးနဂါးရဲ့အက.....

ကျယ်လောင်လှသော နဂါးဟိန်းသံမှာ ပဲ့တင်ထပ်သွားသည်။

ဝုန်း.....

အပြာရောင်လှံမှာ အန်လင်း ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့လေပြီ။

လန်ရှောင်နီ အားနည်းစွာနှင့် မြေပြင်ပေါ် လဲကျသွားရသည်။

“နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ။”

ထို့နောက် သူမ ခါးမှပွေ့ချီခံလိုက်ရသည်။

အန်လင်းမှာ လန်ရှောင်နီအားကြည့်ကာ ပြုံးလိုက်သည်။

“မင်းလှံကို ဆက်မကိုင်နိုင်တော့ဘူးပဲ။”

လန်ရှောင်နီ ခပ်ဖွဖွ ပြုံးလာသည်။

“ငါ....”

သူမ စကားမဆိုရသေးခင်မှာပင် အန်လင်း ဖြတ်ပြောလိုက်သည်။

“မင်းအတွက် ငါပဲသိမ်းထားပေးမယ်။”

အန်လင်းသည် လန်ရှောင်နီထံမှ သိုလှောင်လက်စွပ်အား ပြန်ချွတ်ကာ လှံကိုပါ ထည့်သိမ်းလိုက်သည်။

လန်ရှောင်နီ : “......”

“ဘာလို့ ငါ့အသက်ကိုရင်းပြီး သုံးစားမရတာတွေပဲ ကယ်နေမိတာလဲ။”

လန်ရှောင်နီ ငိုကြွေးမိတော့သည်။

“ငါသေရတော့မှာလား။”

“ငါရှိနေတာပဲ။ စိတ်မပူပါနဲ့။”

အန်လင်း အာမခံလိုက်သည်။

လန်ရှောင်နီမှာ သေခြင်းတရားအား ကြောက်ရွံ့မိပါသော်လည်း အန်လင်းစကားကြောင့် အနည်းငယ် စိတ်ငြိမ်သွားသည်။

အန်လင်းသည် အင်မော်တယ်ဆေးလုံး တစ်လုံးသောက်ကာ လန်ရှောင်နီအတွက် ခေါင်းတလား ထုတ်ပေးလိုက်သည်။

လန်ရှောင်နီ ငိုမိလေပြီ။

“နင်က အခေါင်းတောင် ပြင်နေပြီပေါ့လေ။”

သို့သော် မကြာမီပင် အခြေအနေအား နားလည်သွားသည်။

ခေါင်းတလားသည် ပတ်ဝန်းကျင်မှ စွမ်းအင်များအား စုပ်ယူကာ အားကောင်းလှသော အသက်စွမ်းအင်ကို ပြန်လည်လွှဲပြောင်းပေးသည်။

“ပါးစပ်ဟ.....”

အန်လင်း စကားဆိုလိုက်သည်။

လန်ရှောင်နီမှာ နာခံစွာပင် ဟပေးလာသည်။

အန်လင်းသည် နောက်ဆုံးကျန်သော အင်မော်တယ်ဆေးလုံးအား တိုက်လိုက်သည်။

လန်ရှောင်နီ ရင်ထဲထိသွားရသည်။

“နင်ကမဆိုးဘူးပဲ။”

အန်လင်း နှုတ်ခမ်းမဲ့လိုက်သည်။

ဒီငါးမလေးက စိတ်ကျေနပ်ဖို့ လွယ်လိုက်တာ.....

“ငါအခု အရမ်းရုပ်ဆိုးနေတယ်။ ငါ့ကိုမကြည့်နဲ့။”

လန်ရှောင်နီမှာ သူမကိုယ်သူမ သတိထားမိသွားသည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

“သေခါနီး ဖြစ်နေတာတောင် အဲ့ဒါကို ပူနေသေးတာလား။”

ဒင်းဦးနှောက်ပါ မီးမြှိုက်ခံလိုက်ရတာလား......

မည်သို့ပင်ဆိုစေကာမူ လန်ရှောင်နီ၏ လက်ရှိအသွင်အပြင်မှာ အမှန်တကယ် ပုံပျက်ပန်းပျက် ဖြစ်နေသည်။

အန်လင်းမှာ သူမအား ကြည့်ရုံနှင့်ပင် ရင်နာမိလေသည်။

သူဘာဆက်လုပ်ရမည်လဲပင် မသိတော့ပေ။

“ငါ့ကိုမကြည့်ပါနဲ့ဆို....”

လန်ရှောင်နီ အော်ဟစ်လိုက်သည်။

“ကောင်းပါပြီ။”

အန်လင်း တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။

အရာအားလုံး တိတ်ဆိတ်နေပြီး မြစ်ရေစီးသံသာ ကြားနေရသည်။

“ဆရာကြီးအန်လင်း ငါတကယ် တုံးလွန်းတယ်မလား။”

လန်ရှောင်နီ ခပ်တိုးတိုး ပြောလာသည်။

“ဟုတ်တယ်။ မင်းရဲ့ သတို့သားလောင်းကို သေစေခဲ့တဲ့သူကို အသက်ရင်းပြီး ကယ်စရာလား။”

အန်လင်း မငြင်းဆိုပေ။

“သူက ငါ့သတို့သားလောင်း မဟုတ်ပါဘူး။”

လန်ရှောင်နီ အသည်းအသန် ငြင်းဆိုလိုက်သည်။

“သူ့ရုပ်ကို ကြွေသွားတော့ ပေးစားခံရလည်း မဆိုးဘူး တွေးခဲ့တာ။ သူ့အတွက် ငါ့ကိုယ်ငါ စတေးခဲ့ပေမယ့် သူကတော့ လှည့်တောင်မကြည့်ဘူးလေ။ ကံကောင်းတာက ငါ့ရဲ့ ပထမဆုံးအကြိမ်အဖြစ်ကို သူရမသွားတာပဲ။ မဟုတ်ရင် မြေခွေးနက်မျိုးနွယ်စု တစ်ခုလုံးကို ငါတကယ် အမြစ်ဖြုတ်ရတော့မှာ။”

လန်ရှောင်နီ စကားဆိုလိုက်သည်။

“ရုပ်ချောတဲ့ ယောက်ျားတွေက သုံးစားမရဘူး။ နင့်လိုယောက်ျားကမှ အားကိုးလို့ ရသေးတယ်။”

အန်လင်း : “......”

အဲ့ဒါက စော်ကားတာလား..... ချီးကျူးတာလား.....

All Chapters