← Chapters

ဒေါသနှင့်တောင်းပန်ခြင်း

Vol. 76 Ch. 1056

ဒေါသနှင့်တောင်းပန်ခြင်း

Vol. 76 Ch. 1056

ထိုလှံသည် ရှီးဟိုင်ဇယ်၏ တာအိုစိတ်ဆန္ဒများ ပါဝင်နေသောကြောင့် ဂရုတစိုက် လေ့လာပါက ရေတာအိုနှင့် ပက်သတ်ကာ ဉာဏ်အလင်းရနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ လှံပိုင်ရှင် ဖြစ်သင့်သူမှာ ဝိဥာဥ်ငါးကလန်၏ မင်းသမီး လန်ရှောင်နီသာ ဖြစ်သည်။ အန်လင်း အနည်းငယ်တွေးကာ သူမထံ လျှောက်သွားလိုက်သည်။

လန်ရှောင်နီမှာ ခေါင်းတလားထဲ အေးအေးဆေးဆေး နားနေလေသည်။

“ဒီလှံက.....”

အန်လင်းမှာ လန်ရှောင်နီလက်အား လှံပေါ်တင်ပေးလိုက်သည်။

“ဒီလှံက မင်းအတွက်ပဲ။ သေသေချာချာ လေ့လာရင် အကျိုးထူးလိမ့်မယ်။”

လန်ရှောင်နီမှာ အန်လင်း၏လက်နှင့် ထိတွေ့နေရသောကြောင့် ရှက်သွေးဖြာကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ယင်းလှံသည် ရှီးဟိုင်ဇယ်၏ အမွေအနှစ်မှန်း သတိထားမိကာ မျက်လုံးပြူးသွားရသည်။

“နင်.... နင်က ဒီလှံကို ငါ့ကိုပေးမလို့လား။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“မင်းကိုဆုချရမှာပေါ့။”

လန်ရှောင်နီ မျက်ရည်များ စီးကျလာကာ လှံအားဆုပ်ကိုင်လိုက်သည်။

“ဝါး..... ဆရာကြီးအန်လင်း နင်ကလူကောင်းပဲ။”

အန်လင်းမှာ ငိုနိုင်လွန်းသော မင်းသမီးလေးအား လျစ်လျူရှုလိုက်တော့သည်။

သူသည် ကောင်းကင်ထက်ရှိ လေဟာနယ် လမ်းကြောင်းအားကြည့်ကာ ပြုံးမိသည်။

“ဒီနေရာက တခြားမျိုးနွယ်စုတွေကို သဘောကျပုံ မရဘူး။ ဒီမှာ စွမ်းအင်ဘယ်လောက်တောင် ထားခဲ့တာလဲ။”

အန်လင်းသည် ရှီးဟိုင်ဇယ်၏ ရုပ်ထုအား သမရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

လန်ရှောင်နီသာ သိုလှောင်လက်စွပ်နှင့်အတူ ထွက်သွားပါက သူသေနေလောက်ပြီပင်။

သူသည် ထိုကိစ္စအား သည်အတိုင်း မထားလိုက်နိုင်ပေ။

ပတ်ဝန်းကျင်တွင် အခြားရတနာ ရှိလိုရှိငြား ရှာကြည့်ပါသော်လည်း ထွေထွေထူးထူး ဘာမှမရှိလှပေ။

အန်လင်းသည် စစ်နတ်ဘုရားခန္ဓာ ရှိသောကြောင့် မီးလျှံမြစ်အောက်ခြေထိ ဆင်းချသွားပါသော်လည်း မီးအဆီအနှစ် အချို့မှလွဲ၍ ရတနာများ မတွေ့ခဲ့ရပေ။

“ဟူး..... ပင်လယ်နှလုံးသားကျောက်က တစ်ခုတည်းသော ရတနာ ထင်ပါတယ်။”

အန်လင်း သက်ပြင်းချလိုက်သည်။

သူသည်လည်း လုပ်စရာ မရှိတော့သဖြင့် လန်ရှောင်နီအား ကူညီရန် အမြဲစိမ်းနည်းစနစ်ကို အသက်သွင်းလိုက်သည်။

လန်ရှောင်နီသည် စိမ်းစိုနေသော ရောင်စဥ်များအားကြည့်ကာ ပျော်ရွှင်သွားရသည်။

ဂရုစိုက်ခံရတယ်ဆိုတာ ဒါမျိုးလား.....

“အရမ်းလှတာပဲ။”

သူမ ကူကယ်ရာမဲ့စွာ ချီးကျူးလိုက်သည်။

အန်လင်း : “......”

အချိန်နှစ်နာရီခန့် ကုန်လွန်းပြီးနောက် လန်ရှောင်နီမှာ သက်သာသွားလေပြီ။

အင်မော်တယ်ဆေးလုံး၊ ခေါင်းတလားနှင့် အမြဲစိမ်းနည်းစနစ်သာ ရှိနေပါက သေရာမှပင် ပြန်ရှင်နိုင်လောက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီးအန်လင်း....”

လန်ရှောင်နီ ပြုံးကာပြောလာသည်။

အခြေအနေ အရပ်ရပ်ကြောင့် သူမသည် အန်လင်းအား အလွန်အမင်း ကြောက်ရွံ့မနေတော့ပေ။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းပြန်ကောင်းပြီဆို ပြန်ကြရအောင်။”

“အင်း....”

လန်ရှောင်နီ ခေါင်းညိတ်ပြလာသည်။

သူမသည် အချိုးမပြေပဲ တဲ့တိုးဆန်သည်မှလွဲ၍ ဆက်ဆံရ မခက်လှပေ။

“သွားရအောင်။”

အန်လင်းသည် လန်ရှောင်နီ၏ လက်အားကိုင်ကာ မီးတောက်ခုနစ်သွယ်နှင့် အကာအရံတစ်ခု ဖြစ်ပေါ်စေလိုက်ပြီးနောက် မီးတောက်များနှင့် အဆိပ်မြူများကြား အလွယ်တကူ ဖြတ်သန်းသွားလိုက်သည်။

လန်ရှောင်နီသည် သေမလို ဖြစ်ခဲ့ရသော လမ်းခရီးအား အန်လင်း အကူအညီကြောင့် သာသာယာယာ ကျော်ဖြတ်နိုင်ခဲ့သည်။

လန်ရှောင်နီသည် အလွန်သက်တောင့်သက်သာဖြစ်သော ခံစားချက်အား ရရှိနေမိသည်။

၎င်းတို့သည် ရှီးဟိုင်ဇယ် ဖွင့်ပေးခဲ့သော လမ်းကြောင်းမှတဆင့် ခန်းမထဲ ပြန်လည်ရောက်ရှိလာသည်။

အန်လင်းသည် မိစ္ဆာရှင်းဓားအားထုတ်ကာ ရှီးဟိုင်ဇယ် ရုပ်ထုအား သမတော့သည်။

“ငါးပုပ်ကောင်.... ငိုးမသား....”

ဓားပုံရိပ်ထံမှ ကြောက်မက်ဖွယ် ဖိအားများ ဖြာထွက်နေသည်။

ဝုန်း.....

အပြာရောင် အကာအရံတစ်ခု ပေါ်ထွက်လာလေသည်။

ရှီးဟိုင်ဇယ် စကားဆိုလာသည်။

“စမ်းသပ်မှု အောင်မြင်သွားတာ ဂုဏ်ယူပါတယ်။ မျိုးနွယ်စုအကျိုး သယ်ပိုးနိုင်ဖို့ မျှော်လင့်ပါတယ်။”

အန်လင်း ရုပ်ထုအား စူးစိုက်ကြည့်ရှုလိုက်သည်။

“ဘာလို့ ကျုပ်ကိုသတ်ဖို့ လုပ်ရတာလဲ။ ခင်ဗျားရဲ့ အသိစိတ်တွေ ခွေးစားသွားလို့လား။”

ရှီးဟိုင်ဇယ်မှာ ဘာမှပြန်မပြောပေ။

အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။

နားကန်းလုပ်နေတယ်ပေါ့လေ......

“သွားရအောင်လေ။ ငါတို့ ရတနာတွေ ရပြီးပြီပဲ။”

လန်ရှောင်နီ နှစ်သိမ့်လာသည်။

အန်လင်းသည်ပင် သေမလို ဖြစ်ခဲ့ရသောကြောင့် သူမသည် ရှီးဟိုင်ဇယ်အား ကြောက်ရွံ့မိသည်။

ရတနာများလည်း ရထားပြီ ဖြစ်သောကြောင့် ခါးသီးမှုများအား သည်းခံလိုက်သင့်သည်ပင်။

အန်လင်းသည် သူမနှင့် အတွေးမတူပဲ ဒေါသများ ထွက်နေရသည်။

“ရှီးဟိုင်ဇယ် ခွေးမသား....”

လန်ရှောင်နီ : “......”

ရုပ်ထုမှာ မတုံ့ပြန်ပေ။

အန်လင်း လက်မလျှော့သေးပေ။

“ရှီးဟိုင်ဇယ် ဂွေးမရှိတဲ့ကောင်....”

လန်ရှောင်နီ : “.....”

ရှီးဟိုင်ဇယ်မှာ အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။

“ယီးတဲ့မှ.... လစ်ပါတော့ဟ....”

သူသည် လန်ရှောင်နီကိုလည်း လှမ်းကြည့်လိုက်သေးသည်။

လန်ရှောင်နီ ထိတ်လန့်ကာ အန်လင်းနောက် ဝင်ပုန်းလိုက်သည်။

ရှီးဟိုင်ဇယ် : “...”

ထင်မှတ်ထားသည့်အတိုင်း အခြားမျိုးနွယ်စုမှ ရတနာများ ရသွားသည်ကို ရှီးဟိုင်ဇယ် မကျေနပ်ပေ။

“ရှီးဟိုင်ဇယ် ခင်ဗျား အလျော်မပေးသင့်ဘူးလား။”

အန်လင်း ဒဲ့မေးလိုက်သည်။

“မင်းကထပ်သေချင်နေတာလား။”

ရှီးဟိုင်ဇယ် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

အန်လင်း ရယ်မောကာ လက်နှစ်ဖက်အား ကားထားပေးလိုက်သည်။

“လာစမ်းပါ။ ခင်ဗျားက သုံးစားမရတဲ့ စွမ်းအင်အကြွင်းအကျန် တစ်ခုပဲ။ ဘယ်အချိန်ထိ ဖင်တောင်နိုင်မှာလဲ။”

သူသည် ဓားနှင့်ကြေးမုံအား တစ်ဖက်တစ်ချပ်စီတွင် ကိုင်ထားလိုက်သည်။

ရှီးဟိုင်ဇယ်မှာ ဒေါသထွက်နေပါသော်လည်း အသိစိတ်အရ မတိုက်ခိုက်သင့်ကြောင်း သိနေသည်။

“တောင်းပန်ပါတယ်။ ဒါပေမယ့် အဲ့ဒါကလည်း စမ်းသပ်ချက် တစ်ခုပဲလေ။ ရတနာတွေ အကုန်လည်း မင်းပဲယူသွားပြီမလား။ အလျော်ပေးစရာလည်း မကျန်တော့ဘူး။ သွားပါတော့။”

ရှီးဟိုင်ဇယ် ညင်သာစွာ ပြောလာသည်။

လန်ရှောင်နီသည်ပင် အံ့အားသင့်သွားရသည်။

အန်လင်းသည် နတ်ဆရာခေါင်းဆောင်ကိုပင် တောင်းပန်လာအောင် လုပ်နိုင်သည်။

အန်လင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

“လျော်ကြေးက အရေးမကြီးပါဘူး။ ခင်ဗျား သောက်ချိုးက အဓိကပဲ။ အမှားကနေ သင်ယူတတ်ဖို့က ပိုအရေးပါတယ်။ နောက်ဆို အခုလို မဖြစ်စေနဲ့ပေါ့။”

ရှီးဟိုင်ဇယ် ရုပ်ထုမှာ နဖူးကြောများပင် ထောင်ထလာတော့သည်။

All Chapters