အပိုင်း (၃၆၉) – မိန်းမလှလေးအား ကယ်တင်ခြင်း
Vol. 004 Ch. 369
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် အိပ်မက်သဖွယ်ခံစားရဆဲဖြစ်သည်။ သို့သော် ကျောင်ဟိုင် ၏ အိပ်မက်ဆိုးထက်သာသေးသည်။ ထိုသည်မှာ လှပသော အိပ်မက်ဖြစ်ခဲ့သည်။
အမှန်တကယ်တော့ အဘိုးနတ်ဆိုးက သူ့တပည့်အဖြစ် လက်ခံလိုက်သည့်အကြောင်းအပြင် သွေး လက်စွပ်မှ အသိအမှတ်ပြုလိုက်သည့်အကြောင်း ကြေညာစဉ်တွင် အကုန်လုံး တုန်လှုပ်ရသည်။ ဆန့်ကျင်သူများ ပင်ရှိကြသည်။
သူတို့မြင်ကြသည်မှာ အနိမ့်ပိုင်းတိုင်းပြည်မှ ထည့်တွက်ရန်မလိုပေ။ ထိုကဲ့သို့လူမျိုးသည် တောင်ကြား သခင်လေးဖြစ်ရန် မထိုက်တန်ပေ။ အများစုသည် အဘိုးနတ်ဆိုး၏ အရိုက်အရာဆက်ခံလိုသော်လည်း ဘယ်သူ မှ မအောင်မြင်ပဲ သူတို့ အိပ်မက်များကို အနိမ့်လောကမှာ လူတစ်ယောက်ကို ပေးလိုက်ရသည်။
သို့သော် ထိုသည်မှာ အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် သူတို့သည် အပြစ် မတင်ရဲပေ။ ထို့ကြောင့်ပင် ယွန်ရိသည် ရှီမာယူယူအား တွေ့သောအခါ စိတ်ထဲမှ မပါပဲ အရိုအသေပေးခဲ့သည်။
သို့သော် တောင်ကြားသခင်လေးသည် မိုးပေါ်မှာ ကျလာကာ သူတို့အားကယ်တင်ပြီး ငရဲပြည်ဝမှ ဆွဲတင်မည်ကို ထင်မထားခဲ့ကြပေ။
ထို့အပြင် သူမသည် သူတို့ထက်ပင် အရည်အချင်းရှိကာ ပြတ်သားစွာပင် သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ပင် သူတို့စိတ်ထဲမှ သူမကို အသိအမှတ်ပြုခဲ့ကြသည်။
“တောင်ကြားသခင်လေး ငါတို့ ကွဲသွားတာ ၉လပဲရှိသေးတယ် မင်းက သူတော်စင်ဝိညာဉ်ကနေ စံတင် ဝိညာဉ်ဖြစ်သွားမယ်လို့ ထင်မထားမိဘူး” ယွန်ရိ သက်ပြင်းချသည်။
“ကံကောင်းလို့ ကောင်းတဲ့အခွင့်အရေးရလိုက်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
“၉လအတွင်း သူတော်စင်ဝိညာဉ်ကနေ စံတင်ဝိညာဉ်အဖြစ် တက်သွားတယ် ဟုတ်လား” ရှန်ရောင် သည် ရှီမာယူယူအား အံ့သြစွာ ကြည့်လိုက်လေသည် “အရင်က တောင်ကြားသခင်လေးက သူတော်စင်အဆင့် အမြင့် ဆုံးလား”
“မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင်”
“ယူယူက အဆင့် ၅သူတော်စင်ဝိညာဉ်ပဲ ၉လအတွင်းကို… ၅ဆင့် တက်လာတာပေါ့” ဖက်တီးကျူ ပြောလိုက်သည်။
“၉လအတွင်း ၅ဆင့်တက်လာတာလား၊ ပြီးတော့ အဆင့်တောင် ပြောင်းသွားသေးတယ်” ရှန်ရောင် အော်လိုက်ရာ အားလုံး၏ အာရုံသည် သူ့ဆီသို့ ရောက်သွားလေသည်။
ရှီမာယူယူ၏ အဆင့်တကမှုကို သိသောအခါ အားလုံးသည် မျက်လုံးများ ပြူးသွားကြသည်။ သူတို့သည် ထိုကဲ့သို့ အဆင့်တက်မှုမျိုးကို မမြင်ဖူးကြပေ။
အထက်လောကတွင် အဆင့်တက်မှုမြန်သော်လည်း ထိုကဲ့သို့ တစ်ခါတည်း အဆင့်တက်ခြင်းကို တော့ မမြင်ဖူးကြပေ။
“သခင် တစ်ခုခုဖြစ်နေတယ်” ငှက်လေးသည် အားလုံး၏ အံ့သြမှု ကြားတွင် ကြားဖြတ်ပြောလေသည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“တိုက်ခိုက်နေကြတယ်”
“သွားကြည့်ကြမယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ပြောတဲ့ စွမ်းအားရှင်တွေဆိုရင် ဝင်ပါကြတာပေါ့”
“နားလည်ပါပြီ သခင်”
ငှက်လေးသည် သူတို့အား လျင်မြန်စွာ သယ်ဆောင်သွားရာ လူတစ်စုသည် ဒေါသတကြီး တိုက်ခိုက် နေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်တွင် မိန်းကလေးများသည်။ သူတို့သည် ရိုးရှင်းစွာ ဝတ်စားထားပြီး တစ်ဖွဲ့တည်းဖြစ်လောက်သည်။ တစ်ဖက်မှ အဖွဲ့၏ စွမ်းအားကိုတော့ မသိရပေ။
“သူတို့က လကွေးမျိုးနွယ်က လူတွေပဲ” ရှန်ရောင်သည် ထိုအမျိုးသမီးများဝတ်ထားသော အဝတ်အစား များကို မြင်သည်နှင့် မှတ်မိသည်။
“သူတို့ ငါတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလား” ရှီမာယူယူ မေးလိုက်သည်။
“မဆိုးဘူးလို့ ပြောလို့ရတယ်၊ ဒုတိယတောင်ကြားခသ်ငက သူတို့ ပထမသက်ကြီးပုဂ္ဂိုလ် အဘွားဝင်း နဲ့ အဆင်ပြေတယ်” ယွန်ရိ ပြောလိုက်သည်။
“အဲဒါ ကျောင်ကွမ်ပဲ” ရှန်ရောင်သည် ရုတ်တရက် အမျိုးသားတစ်ယောက်အား ညွှန်ပြကာ အော်လေ သည်။
ရှီမာယူယူ ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ယွန်ရိ ရှင်းပြသည် “ကျောင်ကွမ်က ကျောင်ဟိုင်ရဲ့ အစ်ကိုပဲ သူတို့က တိမ်တိုက်ဂူကပဲ”
“ဒါဆိုရင် ကျောင်ကွမ်က လကွေးမျိုးနွယ်ဝင်တွေကို သတ်ဖို့ လူခေါ်လာတာပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဒီလိုဆိုရင် ဘာတွေစောင့်နေတာလဲ မိန်းမလှလေးတွေကို ကယ်ဖို့ သူရဲကောင်း မလုပ်ချင်ဘူးလား”
သူမ ခေါ်လိုက်သည်နှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် ချက်ချင်းပင် တိုက်ပွဲ တိုက်မည့် ပုံများ ပြင်ကာ လျင်မြန်စွာ ပျံသွားကြပြီး ထိုမိန်းမလှလေးများကို ကယ်တင်ရန် တိုက်ပွဲအား ဝင်ပါလေသည်။
“မိန်းမလှလေးတွေ ထပ်ပြီးခုခံစရာမလိုတော့ဘူး၊ ကျိုးကျိုးနွံနွံ လက်နက်ချပြီး အဖမ်းခံပြီး အစ်ကိုတို့နဲ့ ပျော်လိုက်ပါ၊ ဒီလိုဆိုရင် အသက်ချမ်းသာရာရမယ်” ယုတ်မာသော လူတစ်ယောက်သည် ပြုံးပြီး ပြောလိုက်သည်။
“ရှင်တို့ဆီလိုက်မယ့်အစား သေတာမှကောင်းသေးတယ်” အမျိုးသမီးတစ်ယောက်သည် အော်လိုက် သည်။
“ကျောင်ကွမ်၊ တကယ်ပဲ ငါတို့ မျိုးဆက်သစ်တွေကို သတ်ရဲလား၊ ငါတို့မျိုးနွယ်က ရှင်တို့ တိမ်တိုက်ဂူ ကို လက်စားချေမှာကို မကြောက်ဖူးလား”
ကျောင်ကွမ်နှင့် ကျောင်ဟိုင်တို့သည် အနည်းငယ် တူသည် သို့သော် ကျောင်ကွမ်သည် ပို၍ ယုတ်မာ သည့်ပုံပေါက်သည်။
တစ်ဖက်မှ ပြောသည်ကို ကြားသောအခါ သူ အေးစက်စွာ ရယ်လိုက်သည် “ငါတို့ ဒါမျိုးကို လုပ်ရဲမှာတော့ ဒါကို စဉ်းစားပြီးသားပဲ၊ ဒီလိုမျိုးလုပ်နိုင်စွမ်းရှိလို့ လုပ်ကြတာလေ”
“မင်းမှာ အစွမ်းအစရှိတယ်ပေါ့” ရှီမာယူယူ အသံထွက်လာသောကြောင့် တိုက်ပွဲတွင် ဒေါသဖြစ်နေသော သူများအား အံ့သြသွားစေသည်။
“မင်းတို့တွေ..” ကျောင်ကွမ်သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများကို တွေ့သောအခါ ပိုတည်သွား ကာ မေးလိုက်သည် “ငါ့ညီ ဘယ်မှာလဲ”
“သူ့လမ်းသူ ပို့လိုက်ပြီလေ” ရှီမာယူယူ ပြောလိုက်သည် “မင်းကိုလည်း တစ်လမ်းတည်း ပို့ပေးဖို့ လာတာ”
“ယွန်ရိ” ကျောင်ကွမ်နှင့် တခြားသူများနှင့် ယှဉ်လျှင် လကွေးမျိုးနွယ်ဝင်များသည် ပို၍ စိတ်လှုပ်ရှား ကြသည်။
“ဘာတွေစောင့်နေကြတာလဲ မိန်းမလှလေးတွေကို ကယ်မယ်လို့ပြောပြီးပြီလေ၊ မစကြသေးဘူးလား” ရှီမာယူယူသည် သူမလက်အား ရမ်းလိုက်သည်။
“အင်း”
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် တိုက်ပွဲတွင် ဝင်ပါကာ ကျောင်ကွမ်၏ လူများကို တိုက်ခိုက် လေသည်။
အင်အား များစေရန် ရှီမာယူယူလည်း တိုက်ပွဲတွင် ဝင်ပါသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည် ရှီမာယူယူ အဆင့် ၃စံတင်ဝိညာဉ်ကို သူမကိုယ်သူမ တစ်ချက်မှ မထိပဲ တိုက်ခိုက်နိုင်သည်ကို ကြည့်ကာ သူတို့ ပါးစပ်များသည် မြေပေါ်ထိလောက်သည်အထိ အံ့သြသွားလေသည်။
“အားကောင်းလိုက်တာ”
“သူ့လို အားကောင်းတဲ့သူက ဒီလိုတိုက်ပွဲမှာ ပင်တောင် မပင်ပန်းနိုင်ဘူး”
“တောင်ကြားသခင်လေးက အားကောင်းလိုက်တာ”
“သူ့လှုပ်ရှားချက်တွေက ချေလိုက်တာ”
အားလုံး သက်ပြင်းချကြသည်။
ယွန်ရိသည် ရှီမာယူယူ၏ တိုက်ပွဲစွမ်းရည်ကောင်းပုံကို မြင်သောအခါ အံ့သြလေသည်။ ဒီလူရဲ့ အင်အား က တကယ့်ကို ပြိုင်ဘက်မရှိပဲ၊ အဲဒါကြောင့် တောင်ကြားသခင်လေး ဖြစ်လာတာကိုး။ ဒီလိုအရည်အချင်းမျိုးနဲ့ ဆိုရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူဆိုလျှင်တောင် သူ့ပြိုင်ဘက်ဖြစ်နိုင်သည့် လူငယ်မျိုးဆက်မရှိပေ။
ယွန်ရိသည် စံတင်ဝိညာဉ်အမြင်ဆုံး အဆင့်ဖြစ်သော်လည်း ထိုလူများနှင့် တိုက်ရန် ခက်ခဲသည်။ သည်လိုနှင့် ထိုလူများသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများနှင့် ပြောင်းပြန်ဖြစ်ကာ အရှုံးနှင့် ရင်ဆိုင်ရ လေသည်။
လကွေးမှ လူများသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများလာသည်ကို မြင်သောအခါ ကျေးဇူးတင် ကြသည်။ တိုက်ပွဲပြီးသောအခါ မိန်းမလှလေးတစ်ယောကသည် ယွန်ရိအား ကျေးဇူးတင်စကား လာပြောလေ သည်။
“ယွန်ရိ အားလုံးကို ကျေးဇူးတင်ပါတယ် ရှင်တို့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ လူတွေ ဒီနေ့ အကုန် ရှုံးတော့မလို့” မိန်းမလှလေးသည် ပြုံးလိုက်ရာ ဖက်တီးကျူသည် သားရည်ကျလုနီးပါးပင်။
“မင်းတို့ ကျေးဇူးတင်ချင်ရင် ငါတို့် တောင်ကြားသခင်လေးကို တင်ပါ” ယွန်ရိ ပြောလိုက်သည်။
“တောင်ကြားသခင်လေး ဟုတ်လား၊ ယင်ဘိုင်ချွန်းက လောကအသေးကို ဝင်လို့မရဘူးမလား” မိန်းမ လှလေးသည် မျက်မှောင်ကြုတ်လိုက်သည်။ အဲလိုဆိုရင် သူဘယ်လိုလာကယ်နိုင်မှာလဲ။
“တခြား တောင်ကြားသခင်လေးကို ပြောတာပါ” ယွန်ရိသည် တိုက်ပွဲ၏ အဓိကလူဖြစ်သော ရှီမာယူယူအား ညွှန်ပြလေသည်။
“သူက တောင်ကြားသခင်လေးလား” မိန်းမလှလေးသည် အံ့သြလွန်းသဖြင့် ပါးစပ်အနည်းငယ် ဟ သွားလေသည်။
သူမသည် သူ၏ တိုက်ပွဲစွမ်းရည်အား မြင်ပြီးဖြစ်ကာ ထိုလူ၏ သန်မာပုံကို သိပြီးလေသည်။ သို့သော် အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဘယ်တုန်းက နောက်ထပ် တောင်ကြားသခင်လေး ရှိသွားတာလဲ။
ထို့အပြင် ဒီလူသည် မေးခွန်းများစွာ မေးရဦးမည့် လူမျိုး….
“ဟေး ဟေး မင်းတို့ မြန်မြန်လုပ်ကြ၊ သူတို့ရဲ့ မှော်ဝင်လက်စွပ်ထဲက ရှိတာတွေ အကုန်ယူကြ၊ အဲဒါက တိုက်ပွဲရဲ့ အဓိကတွေပဲ ဒီအတိုင်းမထားနိုင်ဘူး”
“ဒီလူက တကယ့်လူချမ်းသာပဲ သူ့မှာ ရတနာတွေအများကြီးပဲ”
“ဖက်တီး မင်း အဲမှာ ဘာလို့ကျောက်ရုပ်လုပ်နေတာလဲ မင်းဘာမှ မယူရင် ငါ့ကို မှီမှာမဟုတ်ဘူး…”
“ဟူး ငါ ထပ်ပြီး နူးညံ့ဖို့လိုနေပြီ၊ ဒီဝိညာဉ်လက်နက်က ကောင်းပေမယ့် အခုတော့ ကျိုးသွားပြီ.. ဒီလူက သက်သက်သာသာမလုပ်ဘူး ဟူး ငါ့ရဲ့ ရတနာလေး..”
မိန်းမလှလေးသည် ရှီမာယူယူ လုယက်သူကဲ့သို့ ပြုမူနေသည်ကို မြင်သည်နှင့် ယွန်ရိအား သံသယဖြင့် ကြည့်လိုက်သည်။ သူမ မျက်လုံးက ကြည်လင်နေတာ.. တကယ်ပဲ သူက သူတို့ရဲ့ တောင်ကြားသခင်လေးလား….