← Chapters

ရှေးဟောင်းစစ်သင်္ဘော

Vol. 76 Ch. 1059

ရှေးဟောင်းစစ်သင်္ဘော

Vol. 76 Ch. 1059

အန်လင်းမှာ မူးနောက်နောက် ဖြစ်သွားပြီးနောက် အပြာရောင် မြင်ကွင်းတစ်ခုအား တွေ့လိုက်ရသည်။

အကန့်အသတ်မဲ့သော ရေဖိအားများအား လန်ရှောင်နီမှ အကာအရံတစ်ခု ပြုလုပ်ကာ ကာကွယ်ပေးထားသည်။

ပတ်ဝန်းကျင်တွင် တောက်ပသော အပင်မျိုးစုံ ရှိနေပြီး ပင်လယ်ကြမ်းပြင် တခွင်ကို အလင်းပေးနေသည်။

ထူးဆန်းသော သန္ဓေပြောင်းသားရဲများစွာကိုလည်း တွေ့မြင်နိုင်သေးသည်။

ထိုသားရဲများသည် အန်လင်းတို့အား သတိထားမိသွားသည်နှင့် ရုတ်ချည်းဆိုသလို ၎င်းတို့ထံ ကူးခတ်လာသည်။

“အမှိုက်ကောင်တွေကများ ငါ့ကိုတိုက်ရဲတယ်ပေါ့။”

အန်လင်းသည် မိစ္ဆာရှင်းဓားအားထုတ်ကာ ထိုသားရဲများအား ဆာရှီမီ လုပ်ပေးလိုက်သည်။

သမုဒ္ဒရာ တစ်ခုလုံး သွေးရောင်လွှမ်းကာ အခြားသားရဲများကိုပါ ဆွဲဆောင်သလို ဖြစ်သွားလေသည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်များ အပါအဝင် သားရဲများစွာမှာ အန်လင်းထံ ပြုံတိုးလာကြသည်။

အန်လင်းနှင့် လန်ရှောင်နီမှာ အနားရောက်လာသမျှ သတ္တဝါ အားလုံးကို စိစိညက်ညက် ချေပေးနေ၏။

၎င်းတို့သည် ပင်လယ်ကြမ်းပြင် အလယ်ဗဟိုသို့ ဦးတည်ခဲ့ကြသည်။

အန်လင်းသည် များပြားလှသော သားရဲများကြောင့် အမှန်တကယ် စိတ်ရှုပ်နေပြီပင်။ မည်သူမဆို ဓားအားတစ်ချိန်လုံး ဝေ့ရမ်းနေပါက စိတ်ဆင်းရဲရမည် မဟုတ်လော။

လန်ရှောင်နီမှာမူ ကြောက်စိတ်ကြောင့် ဖြူဖျော့နေသည်။ အန်လင်းသာ ရှိမနေပါက သူမသည်ပင် ထိုသားရဲများ၏ အစာဖြစ်သွားလောက်သည်။

“ဝေါင်း.....”

သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ချီတက်လာနေပြီး အချို့ဆိုလျှင် ရေဓားများ၊ ဝဲဂယက်များနှင့် အဆိပ်များကိုပင် ထုတ်လွှတ်နေကြသည်။

အန်လင်းမှာလည်း အနည်းငယ်မျှပင် အနားမရနိုင်ပေ။

“ငါတို့ ရတနာတွေအားလုံး သိမ်းခဲ့ပြီးပြီမလား။ ဒီနေရာက ရတနာ ရှိနေသေးတဲ့ မှော်နယ်မြေ နောက်တစ်ခုလား။”

အန်လင်း ရေရွတ်လိုက်သည်။

“မျိုးနွယ်စု လျှို့ဝှက်ချက်ကြောင့်ထင်တယ်။ လျှို့ဝှက်ချက်ကို ရလိုက်ပေမယ့် ထိုက်တန်မတန် သိရဖို့ စမ်းသပ်ခံရတာမျိုးလေ။ တစ်ခုဝယ် တစ်ခုလက်ဆောင်လိုပေါ့။”

လန်ရှောင်နီ စကားဆိုလာသည်။

အန်လင်းမှာ နဖူးကြောများပင် ထောင်ထသွားရလေသည်။

မင်းမေကြီးကို တစ်ခုဝယ်၊ တစ်ခုလက်ဆောင်ပါလား....

“ထျန်းချန်ကျီက ငါတို့ကို သတ်ချင်နေတာမလား။ ဒါပေမယ့် ဒီသန္ဓေပြောင်းသားရဲတွေက ငါ့ကို ထိနိုင်မှာတောင် မဟုတ်ဘူး။”

အန်လင်း အေးစက်စွာ ပြုံးလိုက်သည်။

သန္ဓေပြောင်းသားရဲများသည် ကြောက်မက်ဖွယ် ကောင်းပါသော်လည်း လန်ရှောင်နီအတွက်သာ အန္တရာယ် ဖြစ်စေလိမ့်မည်။ အန်လင်းအတွက်မူ ၎င်းတို့အား ရှင်းလင်းရသည်မှာ ထမင်းစား၊ ရေသောက်သလောက်ပင် မခက်ခဲပေ။

“ဆရာကြီးအန်လင်းက အတော်ဆုံးပဲ။ ထျန်းချန်ကျီက ဆရာကြီး အရမ်းတော်တာ ဘယ်သိပါ့မလဲ။ ဒီကောင်တွေကတော့ ဓားသွေးနေသလောက်ပဲရှိမှာ။”

လန်ရှောင်နီ ချီးကျူးမြှောက်ပင့်လိုက်သည်။

လက်အောက်ငယ်သားလေး၏ အဖားစကေးအား အန်လင်း စိတ်ကျေနပ်မိပေသည်။

“အား.....”

ပေသောင်းချီသော နဂါးအဆိပ်ဝေလငါးမှာ အန်လင်းဓားကြောင့် နှစ်ပိုင်းပြတ်သွားရသည်။

မြင်ကွင်းရှင်းသွားပြီးနောက် အန်လင်းမှာ သင်္ဘောတစ်စင်းအား မြင်လိုက်ရသည်။

သင်္ဘောကြီးမှာ အလွန့်အလွန် ကြီးမားလှပေသည်။

၎င်း၏အရှိန်အဝါမှာလည်း ခန့်ထည်လွန်းသောကြောင့် ဖိအားကိုပင် ခံစားရစေသည်။

သင်္ဘောကြီးအား ကြေးနီရောင် သတ္ထုဖြင့် ဆောက်လုပ်ထားကာ လက်နက်များလည်း တက်ဆင်ထားသည်။

မှားစရာ မရှိလောက်အောင် စစ်သင်္ဘောမှန်း သိသာလှ၏။

သို့သော် အပေါက်များနှင့် အက်ကြောင်းများအား နေရာအနှံ့ တွေ့မြင်နိုင်ပြီး အတော်ပင် ထိခိုက်ထားပုံ ရသည်။

သင်္ဘောပေါ်တွင် တောက်ပသော အပင်များ ပေါက်ရောက်နေသောကြောင့် အိပ်မက်ဆန်သော ခံစားချက်ကိုပင် ရရှိစေသည်။

“သင်္ဘောကြီးက လှလိုက်တာ....”

လန်ရှောင်နီ စိတ်လှုပ်ရှားသွားသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“လှလေ သတိထားသင့်လေပဲ။”

“သွားကြည့်ကြမလား။”

လန်ရှောင်နီ စကားဆိုလာသည်။

“ဒါပေါ့။ အဓိက မိစ္ဆာကိုသတ်မှ ဒီကထွက်နိုင်လောက်မှာ။”

အန်လင်း သက်ပြင်းချကာ ပြောလိုက်သည်။

လန်ရှောင်နီသည် အဖြူရောင်အလုံးကိုကိုင်ကာ အန်လင်းနောက်မှ လိုက်ပါလာသည်။

ငါးပြာလေးကိုမူ နတ်ဆရာခေါင်းဆောင် ယွီဖေးယွီ ပြန်လည်အသက်သွင်းပေးမှသာ သုံးနိုင်တော့မည် ဖြစ်သည်။

၎င်းတို့သည် သားရဲများအား သတ်ဖြတ်ရင်း သင်္ဘောနား ချည်းကပ်လာခဲ့ကြသည်။

သင်္ဘောနှင့် နီးလာလေ မည်မျှကြီးကျယ်ခမ်းနားမှန်း သဘောပေါက်လာရလေပင်။

“ဒီအမြှောက်က ကြီးလိုက်တာ။ ကျွန်းတစ်ခုလုံးကိုတောင် လက်စတုန်းပစ်လို့ရတယ်။”

အန်လင်း မှတ်ချက်ပြုလိုက်သည်။

“ဆရာကြီးအန်လင်း ငါတို့ကို ရုတ်တရတ် တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ။”

လန်ရှောင်နီ ထိတ်လန့်နေလေပြီ။

အမြှောက်တစ်ခုသည်ပင် တစ်ကီလိုမီတာကျော်မျှ ရှိသည်။

“အမြှောက်နဲ့ ပစ်တာလား။”

အန်လင်း ရယ်မောကာ လန်ရှောင်နီအား နဖူးတောက်လိုက်သည်။

“ဒီသင်္ဘောက ဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲတောင် မသိဘူး။ ဘယ်လိုလုပ် အလုပ်လုပ်တော့မှာလဲ။”

မည်သို့ပင်ဆိုစေကာမူ လန်ရှောင်နီမှာ မျက်နှာပျက်သွားသည်။

“ဆရာကြီးအန်လင်း ကြည့်လည်းကြည့်လိုက်ဦး။”

အန်လင်း လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် အမြှောက်ထဲမှ အလင်းရောင်များ တောက်ပလာ၏။

အန်လင်း : “......”

အုန်း....

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ရွှေရောင်စွမ်းအင်များမှာ အနီးနားရှိ ပင်လယ်မိစ္ဆာများအား အရည်ပျော်သွားစေသည်။

အမြှောက်ဆံမှာ တောက်ပလွန်းသောကြောင့် နေရောင်နှင့်ပင် ထင်မှတ်မှားရလောက်သည်။

မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်ကြီးတစ်ခုမှာလည်း ကောင်းကင်ထက် ပျံတက်သွားလေသည်။

All Chapters