← Chapters

စစ်သင်္ဘောနှင့်ပေါင်းစည်းနေသော ရေသူမ

Vol. 76 Ch. 1061

စစ်သင်္ဘောနှင့်ပေါင်းစည်းနေသော ရေသူမ

Vol. 76 Ch. 1061

တိုက်ခိုက်မှုသည် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသောကြောင့် အန်လင်း၏ စစ်နတ်ဘုရား ခန္ဓာကိုပါ ထိခိုက်စေသည်။

ဝုန်း.... ဝုန်း..... ဝုန်း....

ကြယ်စင်ပေါက်ကွဲမှုများနှင့်အတူ ပင်လယ်ကြမ်းပြင်တွင် အပြာရောင် အလင်းများ အုန်းအုန်းထနေသည်။

ကြယ်စင်ကချေသည် အေးစက်စက် ပြုံးလိုက်သည်။

“မောက်မာနေတဲ့ ကောင်လေး..... မင်းအခက်ခဲဆုံး ငရဲအကြောင်း မသိဘူးလား။ ငါအသက်ရှင်နေတုန်းက စွမ်းအင်တွေကိုတောင် အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သေးတယ်။ ငါ့ကို အထင်သေးတဲ့ဟာတွေ သေဖို့သာ ပြင်ထားတော့။”

ဝုန်း......

ကြယ်စင်ပေါက်ကွဲမှုများကြားတွင် သွေးစွန်းနေသော ပုံရိပ်တစ်ခုမှာ လျင်မြန်စွာ လှုပ်ရှားနေသည်။

ကြယ်စင်ကချေသည်မှာ မျက်မှောင်ကျုံ့လိုက်လေသည်။

“ကြယ်စင်ခုန်ကျော်ခြင်း.....”

အန်လင်းသည် မိစ္ဆာရှင်းဓားအားကိုင်ကာ အရှိန်အဟုန်ပြင်းစွာ ခုတ်ချပစ်လိုက်သည်။

ကြယ်စင်ကချေသည်၏ ပုံရိပ်မှာ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားရသည်။

အန်လင်းသည် ယခုကဲ့သို့ ပစ်မှတ်မလွဲချော်ခဲ့သည်မှာ ကြာမြင့်နေပြီပင်။

ထိုအချိန်တွင် ပန်းရောင်အလင်းအစက်အပြောက်များပါသော အပြာရောင် ယပ်တောင်တစ်ခုမှာ အန်လင်းထံ ပျံဝဲလာသည်။

ကြယ်စင်ကချေသည်သည် အန်လင်းအနားတွင် ပေါ်ထွက်လာကာ ထိုယပ်တောင်ဖြင့် ရိုက်ချလိုက်သည်။

ဘန်း......

အန်လင်းမှာ ဆိုးရွားသော နာကျင်မှုနှင့်အတူ အဝေးသို့ လွင့်ထွက်သွားရသည်။

“မီးတောက်ကြယ်ကြွေ....”

ကြယ်စင်ကချေသည်သည် ခန္ဓာကိုယ်အားလှည့်ကာ ယပ်တောင်ထဲ အံ့ဖွယ်တာအို အစွမ်းများ ပေါင်းထည့်လိုက်ပြီးနောက် မီးတောက်ကြယ်စင်တစ်ခုအား အန်လင်းထံ ပစ်လွှတ်လိုက်သည်။

ပြင်းထန်လှသော အပူချိန်ကြောင့် ဆယ်ကီလိုမီတာ အတွင်းရှိ ပင်လယ်ရေများသည်ပင် ပွက်ပွက်ဆူသွားရသည်။

အန်လင်းမှာ ပျံဝဲလာနေသော မီးတောက်ကြယ်စင်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

“ပင်လယ်ထဲမှာ ရေစွမ်းအင် မသုံးသင့်ဘူးလား။ ဒင်းက ရူးနေတာလား။”

ကြယ်စင်ကချေသည် ခပ်ဖွဖွ ပြုံးလာသည်။

“နင့်ဆန္ဒအတိုင်းပဲ။”

သူမ ယပ်တောင်အား ဝေ့ယမ်းလိုက်သည်။

“နှင်းခဲကြယ်စင်....”

တောက်ပသော အပြာရောင် ကြယ်စင်တစ်ခု လျင်မြန်စွာ ဖြတ်ပျံလာသောကြောင့် ပင်လယ်ရေများပါ အေးခဲကုန်သည်။

အန်လင်းသည်ပင် သူ၏လှုပ်ရှားမှုများ နှေးကွေးလာသည်ကို ခံစားမိသည်။

ကြယ်စင်ကချေသည်သည် ထိုကြယ်နှစ်စင်းအား ဟန်ချက်ညီအောင် ပြုလုပ်ထားသောကြောင့် တစ်စင်းနှင့်တစ်စင်း အဆင်မပြေ မဖြစ်ပေ။

ထိုကြယ်နှစ်စင်း၏ဒဏ်အား ခံနိုင်ရည် ရှိမည်မဟုတ်ကြောင်း အန်လင်း သိရှိနေသည်။

နောက်ဆုတ်ရန်လည်း မဖြစ်နိုင်တော့သဖြင့် မီးတောက်ခုနစ်သွယ် ချပ်ဝတ်နှင့်အတူ အုတ်ခဲနက်အား ထုတ်ကာလိုက်ရသည်။

ဝုန်း.....

ဆယ်ကီလိုမီတာ အတွင်းရှိ ပင်လယ်ရေများ ကမောက်ကမ ဖြစ်ကုန်လေသည်။

ကြယ်စင်နှစ်စင်းမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားသောကြောင့် အုတ်ခဲနက်သည်ပင် အပြည့်အဝ မကာထားပေးနိုင်ပေ။

ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်များမှာ အန်လင်း၏ မိးတောက်ချပ်ဝတ်ကိုပါ အက်ကွဲသွားစေသည်။

အပူနှင့်အအေး စွမ်းအင်များသည် အန်လင်း၏ ကိုယ်တွင်းအင်္ဂါများအား ထိခိုက်စေသောကြောင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာရသည်။

“ဒီလောက်ထိ ခံနိုင်မယ်လို့ မထင်ထားမိဘူး။”

ကြယ်စင်ကချေသည်မှာ အံ့သြနေမိသည်။

အန်လင်းမှာ အသက်ရှူသံများ ပြင်းထန်နေသည်။

သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း အချို့သည် မည်းတူးကာ အချို့မှာ အေးခဲနေသည်။ ဆံပင်များသည်လည်း ကောက်သည်ကကောက်၊ တောင့်သည်ကတောင့် ဖြစ်နေ၏။ ကြယ်စင်ကချေသည်၏ တိုက်ခိုက်မှုမှာ အကျိုးသက်ရောက်မှု ပြင်းထန်ကြောင်း သိသာလှသည်။

ကြယ်စင်ကချေသည်သည် အန်လင်းအားကြည့်ကာ ပြုံးလိုက်ပြီးနောက် လက်စသတ်ရန်အတွက် ယပ်တောင်များကိုယမ်းကာ အံ့ဖွယ်တာအို အစွမ်းများ ထုတ်လွှတ်လိုက်ပြန်သည်။

“သေလိုက်တော့။”

သူမ အေးစက်စွာ ပြောလိုက်သည်။

အန်လင်းသည် စွမ်းအင်များ ကုန်ခမ်းနေပြီဖြစ်ကြောင်း သူမ ခန့်မှန်းမိသည်။

ကြယ်စင်ကချေသည်၏ လှုပ်ရှားမှုများမှာ ယပ်တောင်နှစ်လက်နှင့်အတူ တင့်တင့်တယ်တယ် ကခုန်နေသလိုပင်။

သူမ၏ ယပ်တောင်မှ သွေးနီရောင် မရဏစွမ်းအင်များနှင့်အတူ အံ့ဖွယ်တာအို အစွမ်းများ ပေါ်ထွက်လာကာ တံစဥ်းများအဖြစ် ပြောင်းလဲသွားပြီးနောက် အန်လင်း ခန္ဓာကိုယ်မှာ သုံးပိုင်းပြတ်သွားရသည်။

သို့သော် ကြယ်စင်ကချေသည် မပြုံးနိုင်သေးခင်မှာပင်ထိုခန္ဓာကိုယ် အပိုင်းအစများမှာ အရည်များ ဖြစ်သွားကာ ပင်လယ်နှင့် ပေါင်းစည်းသွားလေသည်။

“ရေကိုယ်ပွားလား....”

ကြယ်စင်ကချေသည် အနီးတဝိုက်မှာ ရုတ်ချည်းအမှောင်ကျသွားသည်။

မြေအောက်ကမ္ဘာရဲ့ မူလစွမ်းအင်.....

အရိပ်ကျား......

အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် ကြယ်စင်ကချေသည်အား ခုတ်ချလိုက်သည်။

ကြယ်စင်ကချေသည်မှာ ခုခံရန် ကြိုးစားပါသော်လည်း အချိန်မမှီတော့ပေ။

ဝှစ်.......

မိစ္ဆာရှင်းဓားသည် သူမ၏ ညှပ်ရိုးမှတဆင့် တင်ပဆုံးနားထိတိုင် ရောက်ရှိသွားသည်။

သူမသာ အံ့ဖွယ်တာအို အစွမ်းအား မထုတ်ထားပါက နှစ်ပိုင်းပင် ပြတ်ကျသွားလောက်သည်။

ကြယ်စင်ကချေသည်မှာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ဆုတ်ခွာလိုက်သည်။

ပတ်ဝန်းကျင်မှာ ပြန်လည်တောက်ပလာသည်။

အန်လင်းသည် အသာစီး ရနေသည်ကို လက်လွှတ်မခံပေ။

စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်..... ဓားတစ်ရာ.....

အဖြူရောင် ဓားကိုးဆယ့်ကိုးလက် ရုပ်လုံးပေါ်လာသည်။

ဓားစိတ်ဆန္ဒများမှာ ပင်လယ်ကြမ်းပြင်အား ကြီးစိုးထား၏။

ဝှစ်....

ဝှစ်.....

ဝှစ်.....

ဓားကိုးဆယ့်ကိုးလက်မှာ ကြယ်စင်ကချေသည်ထံ ပျံဝဲသွားသည်။

ကြယ်စင်ကချေသည်သည် ယပ်တောင်များအားယမ်းကာ သူမကိုယ်သူမ ကာကွယ်လိုက်ရသည်။

ဓားနှင့်ယပ်တောင် ထိပ်တိုက်တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များမှာလည်း ကြောက်မက်ဖွယ်ပင်။

ကြယ်စင်ကချေသည်မှာ ခုခံနိုင်ခဲ့ပြီးနောက် ဓားတစ်ရာမြောက် မိစ္ဆာရှင်းဓားမှာ သူမ၏ ယပ်တောင်အား ဖောက်ဝင်လာတော့သည်။

ဓားပုံရိပ်မှာ တားဆီးမရနိုင်သော မိုးကြိုးတစ်ခုလိုပင်။

ကြယ်စင်ကချေသည်မှာ ဓားဖိအားကြောင့် သင်္ဘောနှင့်ပင် ရိုက်မိသွားရသည်။

အန်လင်း စိတ်သက်သာရာ ရနေစဥ်မှာပင် ကြယ်စင်ကချေသည်မှာ သင်္ဘောနံရံထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ရုတ်ချည်းဆိုသလို သင်္ဘောကြီးမှာ အပြာရောင်ဖျော့ဖျော့ တောက်ပလာသည်။

“နင်က တကယ်မလွယ်ကြောပဲ။ ဒါပေမယ့် ငါက သင်္ဘောနဲ့ ပေါင်းစည်းနေပြီးသားပဲ။”

ကြယ်စင်ကချေသည်၏ စကားသံ ထွက်ပေါ်လာသည်။

အန်လင်း အံ့အားသင့်သွားရသည်။

“ခင်ဗျားက အဲ့လိုလုပ်နိုင်တယ်လား။”

ထိုအချိန်မှာပင် သင်္ဘောပေါ်ရှိ အမြှောက်များအားလုံး အန်လင်းအား ချိန်ရွယ်လာသည်။

“ငါက ခြင်တွေကို အမြှောက်နဲ့ဆော်ရတာ ကျွမ်းမှကျွမ်းပဲ။”

အန်လင်း : “.....”

All Chapters