ကြယ်စင်မီးလျှံစစ်သင်္ဘော၏ကြောက်မက်ဖွယ်အမြှောက်
Vol. 76 Ch. 1062
အန်လင်းမှာ အားကောင်းလှသော အန္တရာယ် အငွေ့အသက်အား ခံစားမိလိုက်သောကြောင့် အုတ်ခဲနက်အား ထုတ်၍ကာလိုက်သည်။
သင်္ဘောဦးမှ အမြှောက်များဖြင့်သာ ချိန်ရွယ်ထားပါသော်လည်း ထိုအမြှောက်ထားသည် ဘေးတစ်ဖက်တစ်ချပ်စီတွင်ရှိသော အမြှောက်ကြီးများထက် အဖျက်စွမ်းအင် မနည်းလှပေ။ သင်္ဘောဦးတွင် ရှိနေတတ်သည်မှာ အဓိက အမြှောက်များ မဟုတ်ပါလော။
ထိုသို့တွေးနေစဥ်မှာပင် အမြှောက်တစ်ခုထံမှ စွမ်းအင်လှိုင်းများ ထွက်လာကာ အန်လင်း ပတ်ပတ်လည်ကို ချိပ်ပိတ်သွားစေသည်။
အန်လင်း မျက်နှာပျက်သွားရသည်။
နယ်မြေထိုးဖောက်လက်သည်း......
အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။
ထိုအချိန်မှာပင် လျှပ်စစ်သံလိုက်လှိုင်းများ ထကြွတောက်ပလာသည်။
ဝုန်း....ဝုန်း....ဝုန်း....
အမြှောက်ကိုးခုထံမှ အားကောင်းလှသော လျှပ်စစ်သံလိုက်လှိုင်းများ တပြိုင်နက် ထွက်ပေါ်လာသည်။ ထိုလှိုင်းများသည် ဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ဦးကိုပင် စိစိညက်ညက် ကြေစေနိုင်လောက်သည်။
အန်လင်းမှာ ရှောင်ချိန်ပင် မရလိုက်ပဲ အုတ်ခဲနက်နှင့်အတူ လွင့်ထွက်သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ အစသာ ရှိသေးသည်။
ကြယ်စင်ကချေသည်သည် စစ်သင်္ဘော မထိခိုက်စေရန်အတွက် အန်လင်းအား အဝေးသို့ရောက်အောင် တွန်းထုတ်လိုက်ခြင်းသာ။
ကြက်သွေးရောင် အမြှောက်တစ်ခုမှ အလင်းများ ဖြာထွက်လာသည်။
ဝုန်း.....
ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ အနီရောင် စွမ်းအင်တစ်ခုမှာ အုတ်ခဲနက်ထံ ရောက်ရှိလာသည်။
ထိုသည်မှာ ကြယ်စင်မီးလျှံ စစ်သင်္ဘော၏ အဓိကအမြှောက် ကြယ်စင်မီးလျှံတိုက်စားခြင်း ဖြစ်သည်။
အနီရောင်စွမ်းအင်လှိုင်းမှာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်စီးပစ်လိုက်သည်။
“ဆရာကြီးအန်လင်း....”
လန်ရှောင်နီ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရသည်။
သူမသည် စစ်သင်္ဘောအကြောင်း အန်လင်းအား သတိပေးထားပါသော်လည်း ယခုအခြေအနေမှာ ပြင်းထန်လွန်းနေသည်။
ကြယ်စင်ကချေသည်သည် စစ်သင်္ဘောအား ထိန်းချုပ်နိုင်သေးသည့်အပြင် တာအိုပေါင်းစည်းခြင်း အဆင့်များကိုပင် ဒုက္ခပေးနိုင်သော အဓိကအမြှောက်မှာလည်း အလုပ်လုပ်နေသေးသည်။
ထိုအမြှောက်၏ ဆယ်ရာခိုင်နှုန်းမျှ စွမ်းအင်သည်ပင် တာအိုပေါင်းစည်းခြင်း အဆင့်များအား ခြိမ်းခြောက်နိုင်သောကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
လန်ရှောင်နီမှာ စိုးရိမ်နေပါသော်လည်း အန်လင်းအား ဝန်ပိုစေမည် စိုးသောကြောင့် တိုက်ပွဲနားသို့ မသွားရဲပေ။
သို့သော် စစ်သင်္ဘောသည် သူမအား အလွတ်ပေးမည် မဟုတ်ပေ။ သူမနှင့် အန်လင်း နှစ်ဦးလုံးသည် နတ်ဆရာခေါင်းဆောင်များ၏ ငရဲပို့ခြင်း ခံထားရသူများ ဖြစ်သည်။ သူမသည် အားနည်းလွန်းသောကြောင့်သာ အန်လင်းအား ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းပင်။
အမြှောက်ငယ်လေးတစ်ခုမှာ လန်ရှောင်နီဘက် လှည့်လာလေပြီ။
လန်ရှောင်နီမှာ ရှောင်ချိန်ပင် မရလိုက်ပေ။
ထိုအချိန်တွင် လခြမ်းနက်တစ်ခု ပေါက်ထွက်လာကာ ထိုစွမ်းအင်အား ပိုင်းဖြတ်ပစ်လိုက်သည်။
ရင်းနှီးနေသော ပုံရိပ်တစ်ခုလည်း သူမရှေ့ ရောက်ရှိလာသည်။
လန်ရှောင်နီ မျက်ရည်ဝဲသွားရသည်။
“ဆရာကြီးအန်လင်း နင်အဆင်ပြေလို့ တော်သေးတာပေါ့။”
အန်လင်းမှာ စစ်သင်္ဘောအား အထင်သေးစွာ ကြည့်လိုက်သည်။
“ခင်ဗျားက သုံးစားမရတဲ့ ငါးတစ်ကောင်ကိုတောင် အလွတ်မပေးပါလား။ ဝိဥာဥ်ငါးကလန်က အဲ့လောက်တောင် စုတ်ပဲ့တာလား။”
လန်ရှောင်နီ : “.....”
အန်လင်းမှာ ကာကွယ်ပေးနေခြင်း ဖြစ်ပါသော်လည်း စကားအပြောအဆိုကြောင့် လန်ရှောင်နီ သွေးတက်နေသည်။
သူမမှာ ရင်ထဲထိသလို နာလည်းနာကျင်ရလေသည်။
“နင်တို့က စည်းကမ်းဖောက်ခဲ့မှတော့ ကြမ္မာဆောင်သူတွေမှ မဟုတ်တာ။ သေသင့်တာပဲ။”
ကြယ်စင်ကချေသည် စကားဆိုလာသည်။
တစ်ချိန်တည်းမှာပင် အမြှောက်များဖြင့် ချိန်လာလေသည်။
“အဟက်..... မင်းသင်္ဘောရဲ့ အဓိကအမြှောက်တောင် ငါ့ကိုဘာမှမလုပ်နိုင်တာ။ ဘယ်လိုလုပ် ငါတို့ကို သတ်မှာလဲ။”
အန်လင်း ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
စင်စစ်တွင်မူ သူအတော်လေး ကြောက်ရွံ့မိနေသည်။
သူသည် ဖရိုဖရဲ အုတ်ခဲနက်ကြောင့် မဟုတ်ပဲ စွမ်းအင်ပြန်ဖြည့်ထားသော ဂမ်ဒမ်သုံးနှင့် ယောင်ကျီးတို့ကြောင့်သာ လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
လန်ရှောင်နီသည် ကြောက်လန့်တုန်လှုပ်စွာနှင့် အန်လင်းအနောက်တွင် နေရာယူလိုက်သည့်အပြင် ရင်သားဖိခံရခြင်းမှ ကာကွယ်ရန် မန္တာန်တစ်ခုပါ ရွတ်ဆိုထားလိုက်သည်။
သူမသည် ယခုကဲ့သို့ အခြေအနေအား ကောင်းစွာရင်ဆိုင်တတ်နေလေပြီ။
ကြယ်စင်ကချေသည် စကားဆိုလိုက်သည်။
“စိတ်မပူပါနဲ့။ ဟင်းလင်းပြင်သို့အပြန် အဆင့်ဆိုရင်တောင် ငါ့တိုက်ကွက်အောက်က မလွတ်စေရဘူး။”
အန်လင်း မထီမဲ့မြင် ရယ်မောလိုက်သည်
“ကျုပ်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်လေ။ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေ မလွတ်ပေမယ့် ကျုပ်လွတ်ရင်လွတ်မှာပေါ့။”
ကြယ်စင်မီးလျှံ စစ်သင်္ဘောမှာ တိတ်ဆိတ်သွားရသည်။
ထို့နောက် အဖြူရောင် အလင်းများ ဖြာထွက်လာတော့သည်။
“ကြယ်စင်ကောင်းကင်ဝင်္ကပါ..... သူမရဲ့ အံ့ဖွယ်တာအိုကို စစ်သင်္ဘောထဲထည့်ပြီး ကြယ်စင်ကောင်းကင်အမြှောက် သုံးတော့မှာပဲ။”
လန်ရှောင်နီ မျက်နှာပျက်သွားသည်။
ကြောက်မက်ဖွယ် စွမ်းအင်ဖိအားမှာလည်း ပတ်ဝန်းကျင်အား လွှမ်းခြုံလာလေပြီ။
စစ်သင်္ဘောကြီး၏ အလင်းရောင်များမှာ တောက်ပထိန်လင်းနေသည်။
အန်လင်းမှာ ဂရုပင်မစိုက်ပဲ ရယ်မောလာသည်။
“လာစမ်းပါ။ ငါ့ကိုစိတ်တော့မပျက်စေနဲ့ပေါ့။”
“ဆရာကြီးအန်လင်း ကြယ်စင်မီးလျှံ စစ်သင်္ဘောမှာ အဲ့ဒါက ကြောက်ဖို့အကောင်းဆုံးနော်။”
လန်ရှောင်နီ ဝင်ပြောလိုက်သည်။
အန်လင်း : “.....”
ဒီလိုအချိန်မှာ ဘာတွေလာပြောနေတာလဲ...... စိတ်ဓာတ်ကျရအောင်.....
အန်လင်း မကျေမနပ်ဖြင့် လန်ရှောင်နီအား လှည့်ကြည့်လိုက်သည်။
ဝုန်း......
ကြယ်စင်ကောင်းကင်ဝင်္ကပါ၏ စွမ်းအင်များ ပေါက်ကွဲသွားလေပြီ။
ကြယ်စင်များသည် အဖြူရောင် မြစ်တစ်စင်းအလား အန်လင်းတို့ထံ ဦးတည်လာသည်။
သို့သော် ရုတ်ချည်းဆိုသလို ထိုကြယ်စင်များမှာ တစ်စုံတစ်ခု၏ စုပ်ယူခြင်းအား ခံလိုက်ရသည်။
ထို့နောက် ကြယ်စင်များမှာ စစ်သင်္ဘောဘက်သို့ ဦးတည်ရာ လှည့်သွားတော့သည်။
အန်လင်းသည် ဗာမီလီယမ် ငှက်ကြေးမုံဖြင့် ဦးတည်ရာ ပြောင်းလိုက်ခြင်းပင်။
သူ၏ပစ်မှတ်သည် အမြှောက်မဟုတ်ပဲ စစ်သင်္ဘော၏ အသိစိတ် အားအကောင်းဆုံး နေရာ ဖြစ်သည်။
သူသည် စစ်သင်္ဘော၏ တိုက်ခိုက်မှုအား အသုံးချကာ စစ်သင်္ဘောကို ဖျက်စီးရန် ပြုလုပ်နေခြင်းပင် ဖြစ်တော့သည်။