ပိတ်မိနေတော့မှာလား
Vol. 76 Ch. 1063
ကြယ်စင်ကောင်းကင်ဝင်္ကပါမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထိုတိုက်ခိုက်မှုသည် စစ်သင်္ဘောမှ မာလိန်မှူး၏ စွမ်းအင်နှင့်လည်း ဆက်နွယ်မှု ရှိသည်။
ကြယ်စင်ကချေသည်သည် အန်လင်းအား သတ်ဖြတ်နိုင်ရန်အတွက် သူမ၏ စွမ်းအင်အား ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ထိ တိုးမြှင့်ထားခဲ့သည်။
သို့သော် သူမ မျှော်လင့်ထားခဲ့သော တိုက်ခိုက်မှုမှာ ဦးတည်ရာ ပြောင်းသွားလေပြီ။
တိုက်ခိုက်မှုသည် သူမထံသို့သာ တည့်တည့်ဦးတည်လာသည်။
ကြယ်စင်ကချေသည် မျက်လုံးပြူးသွားရသည်။
“သူက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတာလေ။ ဘာလို့ ငါ့တည်နေရာကို အာရုံခံနိုင်ရတာလဲ။”
သူမ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပဲ စွမ်းအက်အကာအရံတစ်ခုအား ဖန်ဆင်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် တစ်ဦးတည်းသော မာလိန်မှူးဖြစ်ကာ ကူညီပေးမည့်သူလည်း မရှိသောကြောင့် ကြယ်စင်ကောင်းကင်ဝင်္ကပါအား မခုခံနိုင်လောက်ပေ။
စွမ်းအင်အကာအရံမှာ ချက်ချင်းဆိုသလို ပေါက်ကွဲသွားသည်။
ကြယ်စင်မြစ်သည် ရွှေရောင်စွမ်းအင် သလင်းကျောက်ထဲ အတင်းအကြပ် တိုးဝင်လာ၏။
ဝုန်း......
ပေါက်ကွဲမှုနှင့်အတူ စစ်သင်္ဘော၏ အရောင်အဝါများ မှေးမှိန်သွားသည်။
လန်ရှောင်နီသည် လွင့်ထွက်လာမည့် အန်လင်းအတွက် အသင့်ပြင်ထားပါသော်လည်း အန်လင်းမှာ အေးအေးဆေးဆေးသာ ရှိနေလေသည်။
“နင်က ဒါမျိုးကိုတောင် တန်ပြန်နိုင်တာလား။ အရမ်းကြမ်းတာပဲ။”
လန်ရှောင်နီ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
အန်လင်း ပြုံးကာပြောလာသည်။
“နေရာတစ်ခုရှာပြီး ပုန်းနေလိုက်။ ငါချက်ချင်း ပြန်လာခဲ့မယ်။”
အန်လင်းသည် လေတောင်ပံအားဖြန့်ကာ စစ်သင်္ဘောထံ ပျံဝဲသွားလိုက်သည်။
သူသည် မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်နှင့် အနီးရှိ ရေများဖယ်ခွာသွားရသည်။
အက်ကွဲသွားသော ရွှေရောင်သလင်းကျောက်အားကြည့်ကာ သူသက်ပြင်းချမိသည်။
“ငါဆုံးဖြတ်တာ မှန်သားပဲ။ ဒါက စစ်သင်္ဘော ဗဟိုချက်ပဲ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
ဗဟိုချက်သည်သာ ရှာရခက်ပါက သူသေနေလောက်ပြီပင်။
“ကြယ်စင်ကချေသည်ရော ဘယ်ရောက်သွားတာလဲ။”
အန်လင်းမှာ ဟိုဟိုသည်သည် ကြည့်လိုက်ပါသော်လည်း ငါးကြေးခွံမျှပင် မမြင်မိပေ။
သူသည် သိပ်သည်းဆ မြင့်မားလွန်းသော ရွှေရောင်သလင်းကျောက် အပိုင်းအစများအား ကောက်ယူလိုက်သည်။
အန်လင်းသည် ပတ်ဝန်းကျင်အား ဂရုတစိုက် ရှာဖွေပြီးနောက် ပင်လယ်နက်၏ အပြာရောင် အဆီအနှစ် သစ်သားဖြင့် ထုလုပ်ထားသော ပန်းပုရုပ်တစ်ခုကို တွေ့လိုက်ရသည်။
ပန်းပုရုပ်သည် လက်တစ်ဝါး အရွယ်ခန့်ရှိပြီး ကြယ်စင်ကချေသည်နှင့် တထေရာတည်း တူညီနေသည်။
အန်လင်း : “.....”
ငါက သစ်သားပန်းပုတစ်ခုကြောင့် သေမလို ဖြစ်ခဲ့ရတာလား.....
“လန်ရှောင်နီ ဒီကိုလာခဲ့။”
အန်လင်း လှမ်းအော်လိုက်သည်။
လန်ရှောင်နီ ချက်ချင်းပင် ရောက်ရှိလာသည်။
“ဆရာကြီးအန်လင်း ဘာဖြစ်လို့လဲ။”
“ဒါကဘာလဲ။”
အန်လင်းမှာ သစ်သားပန်းပုအား ပစ်ပေးလိုက်သည်။
လန်ရှောင်နီမှာ ကြောင်တောင်တောင်ဖြင့် ကြည့်နေမိလေသည်။
“တော်တော်လှတဲ့ ပန်းပုပဲ။ ကြယ်စင်ကချေသည်နဲ့လည်းတူတယ်။ ငါ့အတွက် လက်ဆောင်လား။”
သူမ ဝမ်းသာနေသည်။
အန်လင်း : “......”
“အဲ့ဒါက ကြယ်စင်ကချေသည်နဲ့ ဘယ်လိုဆက်စပ်နေလဲ ကြည့်ခိုင်းတာ။”
လန်ရှောင်နီ ရှက်ရွံ့သွားကာ ပန်းပုရုပ်အား ဂရုတစိုက် ကြည့်လိုက်သည်။
ခေတ္တမျှ ကြာပြီးနောက် သူမ စကားဆိုလာသည်။
“ဒါကို ဝိဥာဥ်ငါးကလန်ရဲ့ ဟုန်မန်နတ်စင်မြင့်က အံ့ဖွယ်သစ်သားနဲ့ လုပ်ထားတာ။ ကြယ်စင်ကချေသည်ရဲ့ စွမ်းအင်အကြွင်းအကျန်တွေ သိမ်းဖို့ဖြစ်မယ်။ အခု အဲ့စွမ်းအင်တွေ ပျက်စီးသွားပြီဆိုတော့ ဒါက ရိုးရိုးသစ်သားပန်းပုတစ်ခုပဲ။”
အန်လင်း မယုံကြည်နိုင် ဖြစ်သွားရသည်။
“ငါက ဝိဥာဥ်ငါးကလန် အကြီးအကဲ တစ်ယောက်ကို ဆော်လိုက်နိုင်ပြီပေါ့။”
“အင်းပေါ့။”
လန်ရှောင်နီ ခေါင်းညိတ်ပြလိုက်သည်။
အနိုင်ရခဲ့သည်မှာ ရိုးရှင်းလွန်းသောကြောင့် အန်လင်းမှာ လက်ခံနိုင်ရန် လက်ခံနေသည်။
သူသည် ကြယ်စင်ကချေသည်နှင့် ထပ်မံတိုက်ခိုက်ရဦးမည်ဟု ထင်မှတ်ထားခဲ့သည်။
အန်လင်းမှာ သွေးသစ်လောင်းဆေးတစ်လုံးအား သောက်သုံးလိုက်သည်။
“နေဦး..... ငါမေးစရာ ရှိသေးတယ်။”
အတွေးအချို့ကြောင့် သူအနည်းငယ် ထိတ်လန့်သွားသည်။
“အင်း...”
လန်ရှောင်နီ အန်လင်းအား ကြည့်ရှုလာသည်။
“ကြယ်စင်ကချေသည်က အသက်ရှင်တုန်းက အရမ်းကြမ်းပြီးတော့ စစ်သင်္ဘောရဲ့ မာလိန်မှူးတစ်ယောက်ဆိုတော့ ဒီကမ္ဘာရဲ့ သခင်မကြီး ဖြစ်မှာပေါ့။”
အန်လင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒါပေါ့။”
လန်ရှောင်နီမှာ အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသည်။
“နင်ကဘာပြောချင်တာလဲ။”
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
“တကယ်ဆို သူမရှိတော့ရင် ငါတို့ အပြင်ရောက်သင့်ပြီလေ။”
လန်ရှောင်နီ ထိတ်ခန့်သွားရသည်။
“ငါ.... ငါတို့ ပြန်လို့မရတော့ဘူးလား။”
အန်လင်း သက်ပြင်းချလိုက်သည်။
“ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက တကယ့်သခင်ကြီးကို ငါတို့မတွေ့သေးဘူး။ ဒုတိယ တစ်ခုက ရှီးဟိုင်ဇယ်နဲ့ ထျန်းချန်ကျီက အရှက်မရှိပဲ ငါတို့ကို ပိတ်ထားဖို့ စည်းကမ်းတွေ ပြောင်းပစ်လိုက်တာ။”
ပထမတစ်ခုသည် ဖြစ်နိုင်ခြေ နည်းပါးလွန်းလှသည်။
ကြယ်စင်ကချေသည်သည်သာ ဤစစ်သင်္ဘော၏ သခင်မ ဖြစ်လိမ့်မည်။
ထျန်းချန်ကျီသည် ၎င်းတို့အား ဤနေရာတွင် ထာဝရ ပိတ်လှောင်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
အန်လင်းနှင့် လန်ရှောင်နီမှာ စိတ်အဆင်မပြေတော့ပေ။
လန်ရှောင်နီ အော်ဟစ်တော့သည်။
“ဟမ့်.... သူတို့က အရမ်းတရားလွန်တာပဲ။ အရှက်မဲ့လွန်းတယ်။ နတ်ဆရာခေါင်းဆောင်ဘွဲ့နဲ့ မတန်ကြဘူး။”
“အဆင့်အတန်းလည်း ခွဲခြားလိုက်တာလွန်ရော.... အရှက်မရှိ သရက်စေ့ လိပ်မ..... ငါးညှီနံ့နံတဲ့ ငါးပုတ်ကောင်....”
သူမသည် စိတ်တိုလွန်းသဖြင့် ဘိုးဘေးများအား ကျိန်ဆဲနေပြီပင်။
ထိုစကားများနှင့်အတူ ပန်းပုရုပ်ကိုပါ အားပြင်းပြင်း ဆောင့်ချလိုက်သည်။
ဘန်း......
သစ်သားပန်းပုမှာ တစ်စစီ ဖြစ်သွားပြီးနောက် ရွှေသော့တစ်လက် ထွက်လာသည်။
အန်လင်း အံ့သြသွားရသည်။
လန်ရှောင်နီမှာ ကြောင်တောင်တောင်ဖြင့် သော့အားကိုင်လိုက်သည်။
“ဘာကြီးလဲ။”
အန်လင်း စိတ်လှုပ်ရှားစွာဖြင့် သော့အားလှမ်းယူလိုက်သည်။
“ရတနာအတွက် သော့ဖြစ်မယ်။”
“one pieceက ငါ့အတွက်ပဲဟေ့။”
လန်ရှောင်နီ : “.....”