← Chapters

ကြယ်စင်ကချေသည်၏အခန်း

Vol. 76 Ch. 1064

ကြယ်စင်ကချေသည်၏အခန်း

Vol. 76 Ch. 1064

လန်ရှောင်နီမှာ အန်လင်းအားကြည့်ကာ နားမလည်နိုင် ဖြစ်နေသည်။

အန်လင်းသည် အချိန်ဖြုန်းမနေတော့ပေ။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.....

သူ၏စိတ်ထဲသို့ သတင်းအချက်အလက်များ စီးဝင်လာသည်။

(ရွှေသော့ : မာလိန်မှူး၏ အခန်းအား ဖွင့်နိုင်သည်။)

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

မာလိန်မှူးရဲ့ အခန်းကို ဖွင့်နိုင်တာလား..... ကြယ်စင်ကချေသည်က မာလိန်မှူး မဟုတ်ဘူးလား.....

ရတနာအခန်းသော့ဟု ထင်ထားခဲ့ပါသော်လည်း ကြယ်စင်ကချေသည်၏ အခန်းသော့ ဖြစ်နေသည်။

စိတ်ကူးများ ကြေမွသွားသလို ခံစားရသောကြောင့် အန်လင်း စိတ်တိုသွားရသည်။

ကြယ်စင်ကချေသည်၏ အခန်းသည် သူ့အတွက် ဘာမှအသုံးမဝင်နိုင်ပေ။

ထိုသော့မှာ တန်ဖိုးမဲ့လွန်းလှသည်။

အန်လင်း မတ်တပ်ရပ်ကာ လှည့်ထွက်လာလိုက်သည်။

“ဆရာကြီးအန်လင်း ဘယ်သွားမလို့လဲ။”

လန်ရှောင်နီ နောက်မှလိုက်ပါလာသည်။

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

“မာလိန်မှူးအခန်း....”

စစ်သင်္ဘောတွင် မာလိန်မှူးအခန်းနှင့် စက်ခန်းတို့မှာ ဝေးကွာလှမည် မဟုတ်ပေ။

၎င်းတို့သည် အတူတကွ သင်္ဘောထဲ ဝင်လာခဲ့ကြသည်။

အခန်းအများစုမှာ ပိတ်နေပါသော်လည်း လန်ရှောင်နီ၏ သွေးမျိုးဆက် အစွမ်းကြောင့် ဖွင့်နိုင်ခဲ့သည်။

မာလိန်မှူး မရှိတော့သဖြင့် စစ်သင်္ဘောသည် ဆက်ခံသူအသစ်အား လက်ခံရန် အသင့်ဖြစ်နေလေပြီ။

ဆရာကြီးအန်လင်းသည်ပင် သူမ အကူအညီအား လိုအပ်နေသောကြောင့် လန်ရှောင်နီမှာ ပြုံးပြုံးကြီး ဖြစ်နေမိသည်။

တံခါးတစ်ရာကျော်မျှ ဖြတ်သန်းလာပြီးနောက် ၎င်းတို့မှာ ဂိတ်ဝတစ်ခုရှေ့ ရောက်ရှိလာသည်။ ဂိတ်ဝသည် စက်ဝိုင်းခြမ်းသဏ္ဍာန်ရှိကာ ကြယ်စင်ကောင်းကင်တစ်ခုနှင့် ဆင်တူသည်။

ဂိတ်ဝအပေါ်တွင် ရှေးဟောင်းစာတစ်ကြောင်း ရေးသားထားကာ ယပ်တောင်နှစ်လက်ကိုလည်း တွေ့မြင်နိုင်သည်။

ရှေးဟောင်းစာအား အန်လင်း နားမလည်နိုင်ပါသော်လည်း ယပ်တောင်များသည် ကြယ်စင်ကချေသည်၏ ပစ္စည်းများ ဖြစ်သည်။

“ဒါကြယ်စင်ကချေသည် အခန်းလား။”

အန်လင်း စိတ်လှုပ်ရှားသွားသည်။

လန်ရှောင်နီမှာ ရှေးဟောင်းစာအားဖတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဝိဥာဥ်ငါးကလန်ရဲ့ ရှေးဟောင်းစာအရတော့ ကြယ်စင်ကချေသည် အခန်းပဲ။”

သူမသည် တံခါးအားထိကာ သွေးမျိုးဆက် အစွမ်းကို နိုးထစေလိုက်သည်။

သို့သော် မည်သည့်တုံ့ပြန်မှုမှ ဖြစ်မလာခဲ့ပေ။

လန်ရှောင်နီ ကြောင်တောင်တောင် ဖြစ်သွားရသည်။

အန်လင်း ပြုံးကာပြောလာသည်။

“မင်းတောင် မဖွင့်နိုင်မှတော့ တကယ်ပဲ ကြယ်စင်ကချေသည် အခန်းဖြစ်မယ်။”

သူရွှေသော့အားထုတ်ကာ ဖွင့်လိုက်သည်နှင့် ကြယ်စင်ကောင်းကင်ယံမှာ ၎င်းတို့အား ဆွဲခေါ်သွားတော့သည်။

အန်လင်း အံ့အားသင့်ကာ လန်ရှောင်နီမှာ အော်ဟစ်နေသည်။

မကြာမီပင် မြေပြင်တစ်ခုပေါ် ရောက်ရှိလာ၏။

ထိုသည်မှာ တင့်တယ်လှပသော အခန်းတစ်ခန်း ဖြစ်သည်။

ကြမ်းပြင်သည် ကျောက်သားပြာဖြစ်ကာ စားပွဲများအား အနီရောင်သစ်သားဖြင့် ပြုလုပ်ထားသည်။ လက်ရေးလှပန်းချီကားများကိုလည်း နံရံတွင် ချိတ်ဆွဲထားသည်။

ပြတင်းပေါက်မှတဆင့် ကြယ်စင်ကောင်းကင်ယံအား တွေ့မြင်နိုင်သည်။

အပြာရောင်ဇာများ လွှမ်းခြုံနေသော အိပ်ရာထက်တွင် ပုံရိပ်တစ်ခု ရှိနေလေသည်။

“ငါအရင်သွားကြည့်မယ်။”

အန်လင်း စကားဆိုလိုက်သည်။

သူသည် မိစ္ဆာရှင်းဓားဖြင့် အပြာရောင်ဇာအား ပိုင်းဖြတ်လိုက်သည်။

အသက်စွမ်းအင် ကင်းမဲ့နေသော လှပသည့် အမျိုးသမီး တစ်ဦးအား တွေ့လိုက်ရသည်။

သူမသည် သေဆုံးနေသူနှင့် အနည်းငယ်မျှ မတူပေ။

“ဒါက ကြယ်စင်ကချေသည် အစစ်လား။ တော်တော်လေးကို လှတာပဲ။”

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

လန်ရှောင်နီ သတိပေးလိုက်သည်။

“ဆရာကြီးအန်လင်း အလောင်းကိုပဲ ငေးမနေနဲ့ဦး။”

“ငါက အရေးကြီးတာ လုပ်နေတာပါဟ။ သူမ မသေခင်မှာ တော်တော်အေးအေးဆေးဆေး ရှိခဲ့ပုံပဲ။ မထူးဆန်းဘူးလား။”

အန်လင်း သုံးသပ်ပြလိုက်သည်။

လန်ရှောင်နီသည် အန်လင်းနှင့် စကားအပြိုင် မပြောနိုင်ပေ။

အန်လင်းသည် ကြယ်စင်ကချေသည်၏ပါးအား ထိကြည့်သောအခါ အနည်းငယ် အေးစက်နေပါသော်လည်း မာမနေပေ။

“သူမက တော်တော်အားကောင်းတဲ့ ကျိန်စာထိထားသလိုပဲ။”

အန်လင်း စကားဆိုလိုက်သည်။

အဆင့်နိမ့် ကျိန်စာများသည် ခန္ဓာအား ထိခိုက်စေကာ အဆင့်မြင့် ကျိန်စာများသည် အသိစိတ်အပေါ် သက်ရောက်နိုင်သည်။ ထိပ်တန်းအဆင့် ကျိန်စာများမှာမူ ကံကြမ္မာကိုပင် လွှမ်းမိုးနိုင်သည်။ ဥပမာအားဖြင့် ဘဝတလျှောက်လုံး ကံဆိုးစေသော ကျိန်စာမျိုး ဖြစ်သည်။

အန်လင်းသည် ကြယ်စင်ကချေသည်၏ သေဆုံးပုံအား မသိပါသော်လည်း ကျိန်စာထိခြင်းနှင့် ဆင်တူမည်ဟု ခန့်မှန်းမိသည်။

“ဟင်းလင်းပြင်သို့အပြန် အဆင့်ကို ကျိန်စာတိုက်နိုင်တာ တာအိုပေါင်းစည်းခြင်း အဆင့်ပဲ ရှိမှာပေါ့။”

လန်ရှောင်နီ မေးမြန်းလာသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“စစ်သင်္ဘော ရှိနေတော့ ကြယ်စင်ကချေသည်ကို ကျိန်စာတိုက်တဲ့သူက အရမ်းကြမ်းတဲ့ တာအိုပေါင်းစည်းခြင်း အဆင့်ဖြစ်မယ်။ ဒါပေမယ့် အဲ့အဆင့်သာဆိုရင် ဒီတိုင်းသတ်လိုက်တာ ပိုမလွယ်ဘူးလား။”

“အခြေအနေက ကျိန်စာတောင် မပြည့်စုံနေဘူး။ ကြယ်စင်ကချေသည်က စွမ်းအင်အကြွင်းအကျန် ထားခဲ့နိုင်သေးတယ်လေ။”

ကြယ်စင်ကချေသည်အား သတ်သွားသူမှာ အသုံးမကျပေ။

လန်ရှောင်နီ အတွေးတစ်ခု ပေါ်လာသည်။

“ကြယ်စင်ကချေသည်ကို မတန်ဘူးထင်လို့ ကျိန်စာလောက်ပဲ တိုက်ခဲ့တာများလား။”

အန်လင်း စကားဆိုလိုက်သည်။

“အဲ့ဒါဆို ကျိန်စာတိုက်တဲ့သူက ဘယ်လောက်တောင် ကြမ်းနေတာလဲ။”

“ဆရာကြီးအန်လင်းလိုမျိုးကိုမှ ဟင်းလင်းပြင်သို့အပြန် အဆင့်များလား။”

လန်ရှောင်နီ လေးလေးနက်နက် ပြောလာသည်။

“တော်ပါတော့။”

အန်လင်းမှာ လက်အောက်ငယ်သား လန်ရှောင်နီအားကြည့်ကာ ပြုံးမိသွားသည်။

ကြယ်စင်ကချေသည်အား သတ်သွားသူမှာ ရှေးဟောင်းကောင်းကင်နတ်ဘီလူး မဖြစ်နိုင်ပေ။ ရှေးဟောင်းကောင်းကင်နတ်ဘီလူးသာ ထိုမျှကြမ်းနေပါက နတ်ဆရာခေါင်းဆောင်များ မသတ်ပစ်နိုင်လောက်ပေ။

အန်လင်းသည် ရတနာ တွေ့လိုတွေ့ငြား ကြယ်စင်ကချေသည်အား လိုက်ကိုင်ကြည့်ပါသော်လည်း နူးညံ့သော အထိအတွေ့ကိုသာ ခံစားမိလိုက်သည်။

အဆုံးတွင်မူ လန်ရှောင်နီသည် ကြယ်စင်ကချေသည် ခန္ဓာအား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကြယ်စင်ကချေသည်သည် ဝိဥာဥ်ငါးကလန်၏ အကြီးအကဲ ဖြစ်သောကြောင့် ပင်လယ်နှလုံးသားနန်းတော်တွင် သေသေချာချာ မြှုပ်နှံပေးသင့်သည်။

၎င်းတို့သည် ရတနာတစ်ခုခု တွေ့ကိုတွေ့မည်ဟု ခံစားရသောကြောင့် အခန်းအား လှည့်ပတ်ကြည့်နေမိသည်။

ရေသူမ အလောင်းမျှဖြင့် ၎င်းတို့မကျေနပ်နိုင်ပေ။

ပင်ပန်းသည်အထိ ရှာဖွေပြီးနောက် ကြယ်စင်ကချေသည်၏ ချိပ်ပိတ်ထားသောမှတ်တမ်းအား ရှာတွေ့လိုက်ကြသည်။

All Chapters