← Chapters

အခြားလောကမှနတ်ဘုရား

Vol. 76 Ch. 1065

အခြားလောကမှနတ်ဘုရား

Vol. 76 Ch. 1065

ထိုမှတ်တမ်းအား အနက်ရောင်အဖုံးဖြင့် ကာထားသည်။

အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် မှတ်တမ်းအား ဖွင့်လိုက်သည်။

“ဘာကြီးလဲဟ....”

တီကောင်ကဲ့သို့ တွန့်လိမ်နေသော စာသားများအား သူမဖတ်တတ်ပေ။

“ရှေးဟောင်း ဝိဥာဥ်ငါးကလန် စာပေလေ။”

လန်ရှောင်နီ စကားဆိုလာသည်။

သူမသည် ဝိဥာဥ်ငါးကလန်၏ သမိုင်းများအား ကောင်းစွာသိရှိကာ ရှေးဟောင်းစာပေကိုလည်း အခက်အခဲမရှိ ဖတ်နိုင်သည်။

ထိုစာများသည် ဂိတ်တံခါးဝမှ စာသားနှင့် ဆင်တူကြောင်း အန်လင်း သတိပြုမိသည်။

လန်ရှောင်နီသည် အန်လင်းအား ထိုက်ချူဘာသာစကားနှင့် ဘာသာပြန်ပေးနေသည်။

နေ့စဥ်မှတ်တမ်းဖြစ်ကာ ရက်စွဲနှင့်အတူ ထူးခြားသော အဖြစ်အပျက်များကိုသာ ရေးသားထားသည်။

အန်လင်းသည် အကြောင်းအရင်း အချို့ကြောင့် စားသောက်သမျှ မှတ်တမ်းတင်ထားတတ်သော ကျွေ့ရှန်ခုံးအား သတိရသွားမိသည်။

နှိုင်းယှဥ်ရပါက ကြယ်စင်ကချေသည်၏ မှတ်တမ်းမှာ ပိုမိုအသက်ဝင်သည်။

သူမသည် သတ်ဖြတ်ခဲ့သမျှ ရန်သူများနှင့် သိမ်းပိုက်ရသမျှ နယ်မြေများအား ရက်စွဲအလိုက် ရေးသားထားသည်။ ကြယ်စင်ကချေသည်သည် ဟင်းလင်းပြင်သို့အပြန် အဆင့်များအား သုတ်သင်ခဲ့ရုံမက တာအိုပေါင်းစည်းခြင်း အဆင့်များနှင့်ပင် ထိပ်တိုက်တွေ့ခဲ့သော အချိန်အချို့ ရှိသည်။

ကြယ်စင်မီးလျှံ စစ်သင်္ဘောသည် အင်အားကြီးလွန်းသလို လည်ပတ်ရန်အတွက် ငွေကြေးကုန်ကျ များလှသဖြင့် သာမန်လူများ မောင်းနှင်နိုင်မည် မဟုတ်ပေ။

မှတ်တမ်းထဲတွင် စစ်သင်္ဘောအကြောင်းများ ပါဝင်ပြီး လန်ရှောင်နီမှ စိတ်ရှည်လက်ရှည် ဘာသာပြန်ပေးနေသည်။

အချိန်အတော်ကြာပြီးနောက် ၎င်းတို့သိချင်နေကြသော ကိစ္စများထံ ရောက်ရှိလာလေပြီ။

ရှေးဟောင်းကောင်းကင်နတ်ဘီလူးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်ဟု သိရသည်။

မိစ္ဆာအများအပြားလည်း ရောက်ရှိလာကာ ၎င်းတို့မှာ ရှေးဟောင်းကောင်းကင်နတ်ဘီလူး၏ အမိန့်အား နာခံကြသည်ဟုဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး ရှေးဟောင်းကောင်းကင်နတ်ဘီလူးသည် ဝိဥာဥ်ငါးကလန်ထက် အင်အားကြီးနေသောကြောင့် တပ်ဆုတ်ခဲ့ကြရသည်။

ထို့နောက် ဝိဥာဥ်ငါးကလန်သည် ကြယ်စင်မီးလျှံ စစ်သင်္ဘောအား အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ကြယ်စင်မီးလျှံ စစ်သင်္ဘောအား ဝိဥာဥ်ငါးကလန်ခေါင်းဆောင်နှင့် နတ်ဆရာခေါင်းဆောင်တို့မှ ပူးပေါင်းကြီးကြပ်ကြသည်။

ကြယ်စင်ကချေသည်သည် ရှေးဟောင်းကောင်းကင်နတ်ဘီလူးအား ထိုကဲ့သို့ မှတ်တမ်းတင်ထားသည်။

(ရှေးဟောင်းကောင်းကင်နတ်ဘီလူးက ငါမြင်ဖူးသမျှထဲမှာ အကြမ်းဆုံးပဲ။ ဝန်မခံချင်ပေမယ့် သူ့ရဲ့ ရေထိန်းချုပ်နိုင်စွမ်းမျိုးကို တစ်ခါမှ မတွေ့ခဲ့ရဖူးဘူး။)

(နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်တောင် မယှဥ်နိုင်ဘူး။)

ဝိဥာဥ်ငါးကလန်၏ နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်သည်ပင် ရှေးဟောင်းကောင်းကင်နတ်ဘီလူးရှေ့တွင် ရေစွမ်းအင်သုံးရန် ကြောက်ရွံ့ခဲ့ရသည်ဟုဆိုသည်။

အန်လင်းမှာ ရှီးဟိုင်ဇယ် အတော်ခံစားရလောက်ကြောင်း တွေးမိသွားသည်။

ဝိဥာဥ်ငါးကလန်သည် အခြားစွမ်းအင်များနှင့်သာ ရှေးဟောင်းကောင်းကင်နတ်ဘီလူးအား တိုက်ခိုက်ခဲ့ရသည်။

ကြယ်စင်များ၏ အစွမ်းကို သုံးရသော ကြယ်စင်မီးလျှံ စစ်သင်္ဘောသည် ဝိဥာဥ်ငါးကလန်အတွက် အသုံးအဝင်ဆုံး ဖြစ်လာခဲ့သည်။

တိုက်ပွဲတစ်ခုတွင် ၎င်းတို့သည် ရှေးဟောင်းကောင်းကင်နတ်ဘီလူးအား ဆုတ်ခွာအောင် လုပ်နိုင်ခဲ့သည်။

ပင်လယ်ကြမ်းပြင်တွင် လေဟာနယ် စွမ်းအင်များ ထွက်နေသော အပြာရောင် အပေါက်တစ်ခုရှိကာ ရှေးဟောင်းကောင်းကင်နတ်ဘီလူးသည် ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ရှီးဟိုင်ဇယ် ရှေးဟောင်းကောင်းကင်နတ်ဘီလူးကို ထိန်းထားပေး..... သူ့အိမ်ကို ငါဖျက်စီးပစ်မယ်။”

ကြယ်စင်ကချေသည် ဆုံးဖြတ်လိုက်သည်။

“သတိထားဦးနော်။”

ရှီးဟိုင်ဇယ်သည် ကလန်ခေါင်းဆောင်နှင့်အတူ ရှေးဟောင်းကောင်းကင်နတ်ဘီလူးအား ထိန်းထားခဲ့သည်။

ကြယ်စင်ကချေသည်သည် တိုက်ပွဲများစွာ ဆင်နွှဲလာသောကြောင့် ရက်စက်သော စိတ်အခံရှိကာ ရန်သူများ၏ ပိုင်နက်အား ဖျက်စီးရသည်ကို နှစ်သက်တတ်လာသည်။

ထိုအပြာရောင်အပေါက်ကိုသာ ဖျက်စီးလိုက်ပါက ရှေးဟောင်းကောင်းကင်နတ်ဘီလူး မည်သို့ဖြစ်သွားမည်ကို သူမ သိချင်မိသည်။

ကြယ်စင်မီးလျှံ စစ်သင်္ဘောဖြင့် အပြာရောင်အပေါက်အား အမြှောက်စာ ကျွေးလိုက်သောအခါ အထဲမှ မိစ္ဆာများစွာ မာလကီးယားကုန်သည်။

သို့သော် အပေါက်ထဲ ဝင်လာပြီးနောက် ရှေးဟောင်းကောင်းကင်နတ်ဘီလူး၏ ရယ်သံအား ကြားလိုက်ရသည်။

“အဟက်..... မင်းအကောင်တွေက ငါ့ကိုတားနိုင်မယ် ထင်နေတာလား။ ဦးနှောက်မရှိတဲ့ငါးမ ဒီမှာပဲ တသက်လုံး နေလိုက်တော့။”

ကြယ်စင်ကချေသည်သည် ထိုစကားအား ကြားလိုက်ရပြီးနောက် ကြယ်စင်မီးလျှံ စစ်သင်္ဘောမှာလည်း ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်။

ထိုက်ချူကုန်းမြေနှင့် ဆက်သွယ်မှုများ ပျောက်ကွယ်သွားသောကြောင့် သင်္ဘောပေါ်ရှိ စစ်သည်တော်များမှာ ဆောက်တည်ရာမရ ဖြစ်ကုန်သည်။

ပြန်စရာ အိမ်မရှိသော ခံစားချက်မှာ ဆိုးရွားလွန်းလှသည်။

ထိုအချိန်တွင် ကြယ်စင်ကချေသည်သည် စစ်သည်တော်များအား စုစည်းကာ ရှေးဟောင်းကောင်းကင်နတ်ဘီလူး၏အိမ်အား ဦးစွာဖျက်စီးပစ်သင့်ကြောင်း ဆိုခဲ့သည်။

ကြယ်စင်မီးလျှံ စစ်သင်္ဘောပေါ်ရှိ စစ်သည်တော်များသည် ထူးချွန်ထက်မြက်ကာ ကြယ်စင်ကချေသည်မှာလည်း ၎င်းတို့အား ကောင်းစွာထိန်းချုပ်နိုင်သည်။ ၎င်းတို့အနေဖြင့် အိမ်ပြန်စရာ မရှိတော့သည့်အတွက် ရန်သူ၏အိမ်ကိုလည်း ဖျက်စီးပစ်သင့်ကြောင်း မိန့်ခွန်းပြောခဲ့သည်။

ထိုသို့ဖြင့် ကြယ်စင်မီးလျှံ စစ်သင်္ဘော၏ သတ်ဖြတ်ခြင်း စတင်ခဲ့ကာ အပြာရောင် ပင်လယ်ကြမ်းပြင်မှာ သွေးများဖြင့် ချင်းချင်းနီသွားရသည်။

စစ်သင်္ဘောသည် တာအိုပေါင်းစည်းခြင်း အဆင့်များကိုပင် ခြိမ်းခြောက်နိုင်သောကြောင့် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အရာအားလုံး အဆင်ပြေနေခဲ့သည်။

ထိုတစ်ရက်မတိုင်မီထိ.....

လန်ရှောင်နီသည် မှတ်တမ်းပေါ်ရှိ လက်ရေးမှာ ကွဲပြားနေသည်ကို သတိပြုမိလိုက်သည်။

(ဒီနေ့ နန်းတော်ကြီး တစ်ခုကို တွေ့ခဲ့တယ်။)

(ဒါက ရှေးဟောင်းကောင်းကင်နတ်ဘီလူးရဲ့ အိမ်ပဲ ဖြစ်ရမယ်။)

ကြယ်စင်ကချေသည်သည် ထိုအတွေးနှင့်အတူ နန်းတော်အား ဖျက်စီးပစ်ခဲ့ပြီး စစ်သည်တော်များမှာလည်း အော်ဟစ်အောင်ပွဲခံခဲ့ကြသည်။

သို့သော် ဘာမှန်းမသိသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျင့်ကြံရေးသာမက ၎င်းတို့ထက် အစစအရာရာ သာလွန်နေသူဖြစ်ကြောင်း ခံစားမိခဲ့ကြပြီး စစ်သင်္ဘော တစ်ခုလုံး ကူကယ်ရာမဲ့စွာ ဒူးထောက်ခဲ့ကြရသည်။

(နတ်ဘုရားတွေက တကယ်ရှိပုံပဲ။)

(ဒါပေမယ့် နတ်ဘုရားက ငါတို့ကို မကြိုဆိုဘူးထင်တယ်။)

(မင်းတို့က ဒီနေရာနဲ့ မသက်ဆိုင်ဘူး။ ပြန်သွားလို့ မရရင်လည်း ပျောက်ကွယ်သွားလိုက်လို့ပြောတယ်။)

ထို့နောက် စစ်သင်္ဘောပေါ်ရှိ စစ်သည်တော်များမှာ အမှန်တကယ်ပင် တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြသည်။ ၎င်းတို့သည် တည်ရှိမှုအားလုံး ပျက်စီးသွားခြင်းဖြစ်ကာ အော်ဟစ်အကူအညီတောင်းခြင်းပင် မလုပ်ခဲ့ကြပေ။

တစ်မိနစ်အတွင်း သောင်းနှင့်ချီသော စစ်သည်တော်များ ပျောက်ကွယ်သွားခဲ့သည်။

(ငါတစ်ယောက်ပဲ ကျန်ခဲ့တယ်။)

(စကားတစ်ခွန်းနဲ့တင် တည်ရှိမှုကို ဖျက်ပစ်နိုင်တာမျိုး မတွေ့ဖူးဘူး။ ဘယ်လိုအစွမ်းကမှ အဲ့လိုမလုပ်နိုင်ဘူး။)

(နတ်ဘုရားမှပဲ လုပ်နိုင်လိမ့်မယ်။ ငါ့ဘဝမှာ ဒီလိုအကြောက်တရားကို ပထမဆုံးအကြိမ် ခံစားဖူးတာပဲ။)

All Chapters