← Chapters

အတင့်ရဲခြင်း

Vol. 76 Ch. 1067

အတင့်ရဲခြင်း

Vol. 76 Ch. 1067

ထိုသည်မှာ ဖြစ်နိုင်ခြေများပြီး နတ်ဆရာခေါင်းဆောင်များ၏ လုပ်ရပ်အတွက် တစ်ခုတည်းသော ဖြေရှင်းချက်လည်း ဖြစ်သည်။

“မျိုးနွယ်စု လျှို့ဝှက်ချက်က နတ်ဆရာခေါင်းဆောင်တွေရယ်၊ နတ်ဘုရားရယ်နဲ့ ပက်သတ်နေလောက်တယ်။”

အန်လင်း ခန့်မှန်းလိုက်သည်။

ထို့နောက် အတွေးတစ်ခုနှင့်အတူ မှတ်တမ်းတင် သလင်းကျောက်အား ထုတ်လိုက်သည်။

“လန်ရှောင်နီ ဒါထျန်းချန်ကျီ ကျောပေါ်က စာတွေပဲ။ ဘာတွေရေးထားတာလဲ။”

လန်ရှောင်နီ တစ်ချက်မျှကြည့်ကာ ခေါင်းခါပြလိုက်သည်။

“ဒီလို ထူးခြားတဲ့ ရှေးဟောင်းစာကို မြင်ဖူးတယ်။ အနောက်ပင်လယ်က ကြယ်စင်ကောင်းကင်နဲ့မှ ဝှက်စာဖော်လို့ရမှာ။ အခုတော့ ဘာမှမတတ်နိုင်ဘူး။”

အန်လင်း မျက်နှာပျက်သွားသည်။

“မင်းတို့တွေက တော်တော်ရှုပ်ကြတာပဲ။ စာနဲ့ကြယ် ဘာဆိုင်လို့လဲ။”

“ငါတို့ကို လုံးဝသောက်ကြမ်းကြီးတွေလို့ ထင်ရစေတယ်လေ။”

လန်ရှောင်နီ ရိုးသားစွာ ပြောလာသည်။

အန်လင်းမှာ ဘာမှမပြောနိုင်တော့ပေ။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားရပြန်သည်။

နတ်ဘုရားကဲ့သို့ ရန်သူတစ်ဦး ရှိနေသည်မှလွဲ၍ ၎င်းတို့အတွက် ဆုလာဘ်များလည်း ရှိနေပုံ မပေါ်ပေ။ အရေးကြီးသည်မှာ ဤကမ္ဘာမှ ထွက်ခွင့်ရရန်ပင် မသေချာပေ။

အန်လင်းတို့မှာ ကြယ်စင်ကချေသည် အခန်းအား ထပ်မံရှာဖွေလိုက်ကြသည်။

ရလဒ်မှာ စိတ်ပျက်စရာ ကောင်းလှသည်။

အသုံးဝင်လောက်သော ပစ္စည်းများကိုပင် မတွေ့ရပေ။

“ဘယ်လိုလုပ်ကြမလဲ ဆရာကြီးအန်လင်း....”

လန်ရှောင်နီ ထိတ်လန့်နေပြီပင်။

အန်လင်း အနည်းငယ်တွေးကာ ပြောလာသည်။

“နတ်ဆရာခေါင်းဆောင်တွေက ပြန်မထုတ်ပေးတာ သေချာနေပြီဆိုတော့ တစ်နည်းပဲ ရှိတော့တယ်။”

“ဘာနည်းလဲ။”

လန်ရှောင်နီ မေးမြန်းလိုက်သည်။

“အဲ့နတ်ဘုရားကိုရှာပြီး လမ်းဖွင့်ခိုင်းရမှာပေါ့။”

အန်လင်း လေးနက်စွာ တုံ့ပြန်လာသည်။

လန်ရှောင်နီ : “.....”

သူမ မျက်ရည်အဝဲသားဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

အန်လင်းသည် ငိုကြွေးရသည်ကို စွဲလမ်းနှစ်သက်နေသော လက်အောက်ငယ်သားအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။

“ဝါး...... ဒီလိုအခြေအနေမှာတော့ ဆရာကြီးအန်လင်းကို အားကိုးလို့ရမယ် ထင်ထားတာ။ နင်ကငါ့ထက် အရင်ရူးသွားပြီလား။ ငါတို့ ကံကြမ္မာကိုတောင် ထည့်မတွက်ပဲ ကိုယ့်သေတွင်း ကိုယ်တူးတော့မလို့လား။”

လန်ရှောင်နီ အသည်းအသန် ငိုကြွေးတော့သည်။

အန်လင်း မဲ့ရွဲ့သွားရသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားတမျှ စွမ်းလွန်းနေသူအား ကြောက်ရွံ့မိခြင်းမှာ အထူးအဆန်း မဟုတ်ပေ။

သို့သော် အန်လင်းသည်လည်း ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်သည်။

နတ်ဘုရားသည် နတ်ဆရာခေါင်းဆောင်များနှင့်ပင် အပေးအယူ လုပ်ထားပါက ညှိနှိုင်းရခက်မည့်သူမျိုး မဟုတ်လောက်ပေ။

အန်လင်းသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပါသော်လည်း ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားသည်။

ဗာမီလီယမ်ငှက်ကြေးမုံ၊ ဖရိုဖရဲ သတ္ထုအုတ်ခဲ၊ လက်စွပ်ထဲမှ နဂါးမျိုးနွယ်ဝင်၊ သက်ရှိစွမ်းအင် ပင်လယ်ထဲမှ ဗာမီလီယမ်ငှက်၊ စစ်နတ်ဘုရားစနစ် စသည်ဖြင့် ဝှက်ဖဲများစွာ ရှိနေသည်။

ထိုအရာများသည် သူ့အတွက် အကူအညီ ဖြစ်လာနိုင်သည်။

၎င်းတို့အား မသုံးရလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

“မငိုနဲ့တော့။ ဘာတွေသိရဦးမလဲ ဆက်ရှာရအောင်။”

အန်လင်း သက်ပြင်းချလိုက်သည်။

လန်ရှောင်နီသည် ငြင်းပယ်ခြင်း မရှိပဲ ကြယ်စင်ကချေသည် အခန်းမှထွက်ကာ စစ်သင်္ဘောတလျှောက် ဆက်လက်ဖွေရှာခဲ့ကြသည်။

စစ်သင်္ဘောသည် ကြီးမားလွန်းလှပြီး အခန်းတိုင်းသာ ပတ်ရှာပါက တစ်နှစ်ခန့် ကြာလောက်သည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် စစ်သင်္ဘော မြေပုံအား တွေ့ရှိခဲ့သည်။

ထို့ကြောင့် အရေးကြီးသော နေရာများကိုသာ ရွေးချယ်ရှာဖွေခဲ့ကြသည်။

ထိုသည်ကိုပင် ရက်အနည်းငယ်ခန့် အချိန်ပေးလိုက်ရသည်။

ပစ္စည်းအချို့နှင့် လှေအချို့မှလွဲ၍ ထူးထူးခြားခြား မတွေ့ခဲ့ရပေ။

ယခုအချိန်တွင် စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာခန့် တွေ့မည်ဆိုလျှင်ပင် အန်လင်း ပျော်ရွှင်နိုင်မည် မဟုတ်ပေ။

တသက်လုံးသာ ပိတ်မိနေပါက စည်းစိမ်ရတနာများလည်း အဓိပ္ပါယ် မရှိတော့ပေ။

စစ်သင်္ဘော၏ မာလိန်မှူးဖြစ်သူ ကြယ်စင်ကချေသည်သည်ပင် အိမ်မပြန်နိုင်ခဲ့ပေ။

အန်လင်းတို့မှာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ကြသည်။

“တစ်နည်းပဲ ရှိတော့တယ်။”

အန်လင်း အံကြိတ်လိုက်သည်။

“မဟုတ်ပါဘူး။ တခြားနည်းလမ်း ရှိမှာပါ။”

လန်ရှောင်နီမှာ မျှော်လင့်ချက် ရှိနေသေးသည်။

“ဘာနည်းလဲ။”

“ဟင်းလင်းပြင်သို့အပြန် အဆင့်ထိ ကျင့်ကြံလိုက်ရင် အနောက်ပင်လယ်ကို အာရုံခံကောင်း ခံနိုင်မှာပါ။”

လန်ရှောင်နီ အကြံပြုလိုက်သည်။

အန်လင်း စကားဆိုလိုက်သည်။

“နတ်ဘုရားကိုပါ သမနိုင်အောင် တာအိုပေါင်းစည်းခြင်းအဆင့် ဒါမှမဟုတ် ဖန်ဆင်းရှင် နတ်ဘုရား အဆင့်ရောက်အောင်ပါ ကျင့်လိုက်ကြမလား။”

လန်ရှောင်နီ မျက်ဝန်းများ တောက်ပသွားသည်။

“အဲ့အကြံကောင်းသားပဲ။”

“ယီးကိုကောင်းပါလား။”

အန်လင်းမှာ လန်ရှောင်နီအား နဖူးတောက်လိုက်သည်။

သူအချိန်မဖြုန်းလိုတော့ပေ။

“ငါတို့အခြေအနေနဲ့ဆိုရင် လေဟာနယ် ဝဲဂယက်လည်း ဖွင့်နိုင်မှာ မဟုတ်ဘူး။ ဖွင့်နိုင်ရင်တောင် အရင်နေရာပြန်ဖို့ မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲ့နတ်ဘုရားကို သွားရှာတော့မယ်။”

အန်လင်းမှာ ထိုစကားနှင့်အတူ တစ်ဖက်သို့ လှည့်သွားသည်။

လန်ရှောင်နီ လက်သီးတင်းတင်းဆုပ်ကာ အန်လင်းနောက် လိုက်လာလိုက်သည်။

“သေချင်လည်း သေပေါ့။”

“ဆရာကြီးအန်လင်း ငါ့ကိုစောင့်ပါဦး။”

သူမသည် အန်လင်း၏ ဆုံးဖြတ်ချက်အား မနှစ်သက်ပါသော်လည်း အတူတကွ လိုက်ပါသွားရန် တွေးလိုက်သည်။

“ငါ့နောက်ကပဲ တကောက်ကောက် လိုက်မနေနဲ့လေ။”

“ငါ.... ငါကြောက်လို့။”

အန်လင်း မျက်ဆံလှန်ကာ မြန်မြန်ဆန်ဆန် ပျံသန်းသွားလိုက်သည်။

၎င်းတို့သည် ထိုပုံရိပ် ပေါ်လာခဲ့သည်ဟူသော နေရာသို့ ဦးစွာသွားလိုက်ကြသည်။

ထိုနန်းတော်ကြီးသည် နတ်ဘုရား၏ နေရာဖြစ်နေမလားဟု အန်လင်း တွေးမိသည်။ ထိုသို့ဆိုလျှင် ဖြစ်ပျက်ခဲ့သော အရာအားလုံး အဓိပ္ပါယ် ရှိသွားပြီပင်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရား တစ်ပါးအနေဖြင့် အမှိုက်သာသာ သက်ရှိများအား တိုက်ခိုက်ရန် မသင့်တော်သဖြင့် ဤကမ္ဘာနှင့် မသက်ဆိုင်ဟူ၍သာ ပြောခဲ့ခြင်းဖြစ်မည်။

အန်လင်းမှာ နတ်ဘုရားနှင့် ညှိနှိုင်းရန် အမှန်တကယ် မျှော်လင့်ထားသည်။

အချိန်တစ်ရက်ခန့် ကြာပြီးနောက် သူသည် တိုက်ခိုက်မှုကြောင့် စုတ်ပြတ်နေသော နေရာအား ရှာတွေ့ခဲ့သည်။

သို့သော် တိုက်ခိုက်မှု အလယ်ဗဟိုတွင် နန်းတော်သစ်ကြီးတစ်ခု ရှိနေလေသည်။

All Chapters