နတ်ဘုရားနှင့်တွေ့ဆုံခြင်း
Vol. 76 Ch. 1068
အပျက်အစီးများကြားတွင် နန်းတော်ကြီးတစ်ခု ရှိနေသည်။
အန်လင်းနှင့် လန်ရှောင်နီမှာ အနည်းငယ် သဘောပေါက်သွားကြသည်။
၎င်းတို့နှစ်ဦးလုံးမှာ နန်းတော်ကြီးအားကြည့်ကာ နှလုံးခုန်သံများ မြန်လာရသည်။
နန်းတော်ကြီးသည် အဖြူရောင်အား အဓိကထား တည်ဆောက်ထားကာ ပြတင်းပေါက်များမှာ အနီရောင် ဖြစ်သည်။ မှောင်မည်းနေသော ပင်လယ်ကြမ်းပြင်တွင်ပင် နန်းတော်ကြီးမှာ အလင်းရောင်ဖျော့ဖျော့ ထွန်းလင်းနေသည်။
အန်လင်းတို့သည် အပျက်အစီးများကြားတွင် နန်းတော်ကြီးအား တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ဒီနတ်ဘုရားက OCDရှိနေတာလား...... ဘာလို့ အဲ့နေရာ အတိအကျမှာ ပြန်ဆောက်ထားရတာလဲ.....
အန်လင်းမှာ တွေးရုံသာ တွေးရဲသည်။
“ဆရာကြီးအန်လင်း တ.... တကယ်လုပ်မှာလား။”
လန်ရှောင်နီ တုန်ယင်နေသည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ့မှာ ဝှက်ဖဲတွေ ရှိပါတယ်။”
လန်ရှောင်နီသည် အန်လင်း၏ ယုံကြည်ချက်အား အံ့အားသင့်မိပါသော်လည်း ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆရာကြီးအန်လင်းသည် ပြိုင်ဘက်ကင်းဖြစ်ကြောင်း သူမကိုယ်သူမ ဦးနှောက်ဆေးလိုက်သည်။
၎င်းတို့နှစ်ဦးမှာ ဂရုတစိုက်နှင့် နန်းတော်ထံ ချည်းကပ်ခဲ့ကြသည်။
အန်လင်းသည် အံ့ဖွယ်အာရုံအား တဆုံးတိုင် ဖြန့်ကျက်ကြည့်ပါသော်လည်း နန်းတော်ထဲသို့ ထိုးဖောက်မြင်နိုင်ခြင်း မရှိပေ။
ဒီနန်းတော်က လုံးဝသာမန် မဟုတ်ဘူး......
အန်လင်း အသက်ပြင်းပြင်း ရှူသွင်းကာ နန်းတော်တံခါးအား ဖွင့်ရန်ပြင်လိုက်ပြီးမှ ရပ်တန့်သွားသည်။
လန်ရှောင်နီ ဝမ်းသာသွားရသည်။
“ဆရာကြီးအန်လင်း တခြားနည်းလမ်း ရှိဦးမှာပါ။ ငါတို့ ပြန်ပြီးတွေးကြည့်ရအောင်နော်။”
အန်လင်းမှာ သူမအား ဂရုမစိုက်ပဲ ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်အား ထုတ်လိုက်သည်။
“တက်ကြ....”
လန်ရှောင်နီ : “......”
အန်လင်းသည် မစွန့်စားလိုသောကြောင့် ဂမ်ဒမ်များအား အမြှောက်စာအဖြစ် အသုံးချလိုက်ခြင်းပင်။
ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်သည် ပုံမှန်အခြေအနေများတွင်လည်း သုံးစားမရသော အရာများသာ မဟုတ်လော။
အန်လင်းနှင့် လန်ရှောင်နီမှာ အတူတကွ နောက်ဆုတ်ထားလိုက်ကြသည်။
ဂမ်ဒမ်နှစ်ကောင်မှာ နန်းတော်တံခါးအား ဖွင့်လိုက်ကြသည်။
ဂိတ်တံခါးမှာ ဖြည်းညင်းစွာ ပွင့်သွားလေသည်။
“ရန်သူတွေ...”
နန်းတော်အတွင်းမှ စကားသံ ထွက်ပေါ်လာသည်။
ဂမ်ဒမ်နှစ်ကောင် တုန်လှုပ်သွားရသည်။
ထို့နောက် ၎င်းတို့၏ ကိုယ်ထည်များ တစ်စစီ ဖြစ်သွားတော့သည်။
ခရက်..... ခရက်.... ခရက်.....
ဘန်း......
ဂမ်ဒမ်နှစ်ကောင် ပေါက်ကွဲသွားလေပြီ။
၎င်းတို့သည် အမှုန်များပင် မကျန်အောင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။
ထိုသည်ကိုကြည့်ကာ အန်လင်းတို့မှာ အသက်ရှူသံများ မြန်ကုန်ရသည်။
ဘာတွေဖြစ်သွားတာလဲ....
ဘာအစွမ်းမှလည်း မတွေ့လိုက်ပါလား......
ကြယ်စင်ကချေသည်၏ မှတ်တမ်းထဲတွင် ဖတ်ထားမိပါသော်လည်း ကိုယ်တိုင်ကြုံရသောအခါ ထိတ်လန့်စရာ ကောင်းလွန်းနေသည်။
အန်လင်း၏ ယုံကြည်ချက်များသည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေပြီ။
လန်ရှောင်နီမှာ အန်လင်းနောက်သို့ ဝင်ပုန်းလိုက်သည်။
ဒီနတ်ဘုရားက ဘယ်လောက်တောင် ကြမ်းတာလဲ.....
ပြီးတော့ ကြယ်စင်မီးလျှံ စစ်သင်္ဘောကိုတောင် ရန်သူလို့ မပြောခဲ့ပဲနဲ့ ဂမ်ဒမ်တွေကိုကြမှ ရန်သူတွေတဲ့လား.....
အန်လင်း ချွေးပျံလာသည်။
သူသည် ကြယ်စင်မီးလျှံ စစ်သင်္ဘောထက်ပင် အခြေအနေ ဆိုးတော့မည်ဟု ခံစားနေရသည်။
အန်လင်းမှာ အတော်ပင် စိတ်ဖိစီးနေလေပြီ။
တိုက်ခိုက်မှုဆိုလျှင်ပင် ဖရိုဖရဲ သတ္ထုအုတ်ခဲနှင့် ကာနိုင်ပေဦးမည်။ နတ်ဘုရားသည် စကားတစ်ခွန်းမျှဖြင့် အရာအားလုံး ဖြစ်ပျက်သွားစေနိုင်သောကြောင့် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
နေပါဦး.....
စကားတစ်ခွန်းလား....
အန်လင်း အနည်းငယ် တွေးမိသွားသည်။
နတ်ဘုရားရဲ့ တိုက်ခိုက်မှုက အသံနဲ့ ပက်သတ်နေတာလား......
နတ်ဘုရားသည် အခြေအနေ နှစ်ရပ်လုံးတွင် စကားဆိုခဲ့သည်ချည်းသာ ဖြစ်သည်။
ဂမ်ဒမ်နှစ်ကောင်အား လက်ဖြောက်တစ်ချက်ဖြင့် ရှင်းပစ်နိုင်လောက်ပါသော်လည်း အဘယ်ကြောင့် စကားဆိုခဲ့ရပါသနည်း။
စက်ရုပ်နှစ်ရုပ်အား စကားပြောခြင်းမှာ အဓိပ္ပါယ် မရှိလှပေ။
ဒီနတ်ဘုရားက စကားပြောရတာ ကြိုက်တာလား.....
ထိုသည်မှာလည်း ဖြစ်နိုင်ခြေ ရှိသည်။
“ဆရာကြီးအန်လင်း တံခါးက ပိတ်တော့မယ်နော်။”
အန်လင်း လှမ်းကြည့်လိုက်သောအခါ ဂိတ်တံခါးမှာ ဖြည်းညင်းစွာ ပိတ်နေလေပြီ။
ဘာဆက်လုပ်ရမလဲ......
မည်သို့ပင်ဆိုစေကာမူ ဆုတ်ခွာခြင်းမှာ အဖြေတစ်ခု မဟုတ်ပေ။
အန်လင်း ဆုံးဖြတ်ချက် ချလိုက်စဥ်မှာပင် သူ၏ရှေ့၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
အိပ်မက်ဆန်သော ထိုအပြာရောင် ပုံရိပ်သည် သမုဒ္ဒရာ တစ်ခုလုံးနှင့် ပေါင်းစည်းနေသည့်အလား ပုံသဏ္ဍာန်၊ အရွယ်အစား ကင်းမဲ့နေသည်။
အန်လင်းမှာ ဖော်ပြမရနိုင်သော ခံစားချက်နှင့်အတူ ကျောက်ရုပ်ကြီးအလား ရပ်နေမိသည်။
လန်ရှောင်နီမှာ ဒူးထောက်ကျသွားကာ ထိုပုံရိပ်အား မော်ပင်မကြည့်ရဲပေ။
ထိုပုံရိပ်သည် နတ်ဘုရားအဖြစ် ရည်ညွှန်းနေသူဖြစ်ကြောင်း အန်လင်း သိရှိလိုက်သည်။
နတ်ဘုရားကို ငါတို့ကိုယ်တိုင်တောင် သွားရှာစရာ မလိုဘူးပဲ.....
အန်လင်းမှာ ရွေးချယ်စရာ မရှိပဲ သတ္တိများအား စုဆောင်းလိုက့ရသည်။
“စီနီယာ ကျုပ်တို့က မကောင်းတဲ့စိတ် မရှိပါဘူး။ စကားပြောချင်လို့ လာခဲ့တာပါ။”
သူသည် အခြေအနေအား ဦးစွာရှင်းပြလိုက်သည်။
ထိုနတ်ဘုရားသည် သူ့အား အာရုံစိုက်နေသည်ကို အန်လင်း ခံစားမိသည်။
“ဂလု....”
အန်လင်း တံတွေးမြိုချလိုက်ရသည်။
တိုက်ပွဲ ရှုံးလျှင်ပင် ကိစ္စမရှိပါသော်လည်း ယခုပွဲတွင် ရှုံး၍မဖြစ်ပေ။
အပြာရောင်ပုံရိပ်သည် ပုံသဏ္ဍာန် တစ်ခုအဖြစ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။
အန်လင်းမှာ စိတ်လှုပ်ရှားနေပါသော်လည်း မြဲမြံစွာ ရပ်နေလေသည်။
အဆုံးတွင် ၎င်းသည် မျက်နှာမပါသော လူအသွင် ဖြစ်လာသည်။
အန်လင်းမှာ ၎င်း၏ရည်ရွယ်ချက်အား နားမလည်နိုင် ဖြစ်နေမိသည်။
ထို့နောက် အန်လင်းအား နှုတ်ဆက်လာတော့သည်။
“မင်္ဂလာပါ။”