အပိုင်း (၃၇၀) – ငါတို့မှာလည်း အထွတ်အထိပ်သားရဲရှိတယ်
Vol. 004 Ch. 370
“အဟွတ် အဟွတ်”
ယွန်ရိသည် ရှီမာယူယူ ပြုမူသည်ကို ကြည့်ပြီးနောက် အနည်းငယ်ရှက်သွားသည်။ သူ သူတို့ကို ကယ်စဉ် ကလည်း ထိုကဲ့သို့ပင်
သို့သော် သူခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ် သူက ဒုတိယတောင်ကြားသခင်က လက်ခံ လိုက်တဲ့ တပည့်ပဲ၊ သူက သွေးလက်စွပ်ရဲ့ အသိအမှတ်ပြုတာလည်း ခံပြီးပြီ အခုလောလောဆယ်တော့ သူက ကမ္ဘာဦးနယ်မြေကို မရောက်ဖူးသေးဘူး ဒါပေမဲ့ သူက တောင်ကြားသခင်လေးဖြစ်နေပြီ”
မိန်းမလှလေး၏ မျက်လုံးများ ပြူးသွားကာ ပြောလိုက်သည် “သူက ကမ္ဘာဦးနယ်မြေက လူမဟုတ်ဘူး လား”
“မဟုတ်ဘူး” ယွန်ရိသည် အမြင့်လောကမှမဟုတ်ပဲ ထိုထက်ပိုဆိုးသော နေရာမှလာသော ရှီမာယူယူ အား ကြည့်လိုက်သည်။
ထိုကဲ့သို့လူမျိုးဖြစ်သော်လည်း သူသည် သူ့စိတ်အတွင်းပိုင်းထဲမှ သူတို့ တောင်ကြားသခင်လေး အဖြစ် လိုလိုလားလား လက်ခံပြီးဖြစ်သည်။
မိန်းမလှလေးသည် ယွန်ရိ၏ အကျင့်ကို သိပြီးဖြစ်၍ ရှီမာယူယူသည် ရိုးရှင်းသောသူ မဟုတ်သည်ကို ခန့်မှန်းနိုင်သည်။
ယွန်ရိသည် အမည်မသိ တိုင်းပြည်မှလာသော်လည်း သူသည် လူကြီးများ၏ ချစ်ရသော တပည့်ဖြစ် သည်ကို အထက်လောကမှ လူတိုင်းသိကြသည်။ သူသည် တောင်ကြားသခင်နှစ်ယောက်လုံး တန်ဖိုးထား ရသော အရည်အချင်းရှိသူဖြစ်သည်။ သူသည် လွယ်ကူမည်ဟု ထင်ရသော်လည်း မသိမသာ ဘဝင်မြင့်သည်။
သူသည် ရှီမာယူယူအား ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်သည်။
သူမသာ သတိမထားတတ်သူဖြစ်ပါက ထိုအချက်ကို သူမ သတိပြုမိမည်မဟုတ်ပေ။
“ဒီဆိုဆိုမှာတော့ အဲကိုသွားပြီး ကျေးဇူးတင်ရမှာပေါ့ ရှင့်ကိုလည်း အကြွေးတင်သွားပါပြီ” မိန်းမလှလေး ပြုံးလိုက်သည်။
“ကောင်းပါပြီ ကျွန်တော်လည်း မိန်းမလှလေးတွေကို ကူညီရတာ ကြိုက်ပါတယ်” ယွန်ရိသည် ပျင်းရိစွာ ပြုံးကာ ရှီမာယူယူရှိသော နေရာသို့ ကြည့်လိုက်သည်။
“တောင်ကြားသခင်လေး ဒါက လကွေးမျိုးနွယ်က ရှောင်ရာပါ သူက အဘွားဝင်းရဲ့ အချစ်ဆုံးတပည့်ပဲ” ယွန်ရိသည် ရှီမာယူယူအား မိတ်ဆက်ပေးလေသည်။ ထို့နောက် သူ ရှီမာယူယူအား ညွှန်ပြကာ ပြောလေသည် “ဒါက ငါတို့ရဲ့ တောင်ကြားသခင်လေး ရှီမာယူယူပါ”
“ယွန်ရိ ကျွန်တော် အရင်ကပြောတယ်မလား တောင်ကြားသခင်လေးလို့ မခေါ်ပါနဲ့လို့၊ ပြောရမယ်ဆိုရင် ကျွန်တော်ကတောင် ပိုငယ်သေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုဆိုရင် ကျွန်တော့်ကို ဦးကြီးလို့ ခေါ်သလိုကြီးပဲ ယူယူလို့ပါခေါ်ပါ”
“ဟီးဟီး ဒီထုံးတမ်းစဉ်လာကို ဖျက်လို့မရဘူးလေ၊ မင်း အဲကိုသွားရင်လည်း မင်းထက် နှစ် တစ်ရာ တစ်ထောင်လောက် ကြီးတဲ့သူတွေက အဲလိုခေါ်ကြမှာပဲ ကျင့်သားရသွားမှာပါ” ယွန်ရိ ပြောလိုက်သည်။
သူသည် ရှီမာယူယူ မျက်မှောင်ကြုတ်သွားသည်ကို ကြည့်ရခြင်းကို ကြိုက်သည်ကိုတော့ မငြင်းနိုင်ပေ။
“ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် သခင်လေး ရှီမာကို ကျေးဇူးအများကြီးတင်ပါတယ်” ရှောင်ရာသည် လက်အုပ်ချီကာ ရှီမာယူယူအား အပြုံးဖြင့် ပြောလေသည်။
“မိန်းကလေးရှောင်ရာ ယဉ်ကျေးလွန်းနေပါပြီ မိန်းကလေးမမြင်လို့ပါ အဲလူတွေက မိန်းကလေးတွေကို ကယ်ဖို့ သူရဲကောင်းလုပ်ရတာကို ပျော်နေကြတာ၊ ဒီလိုအခြေအနေမျိုးမှာပဲ ဟန်ပြလို့ရတာလေ” ရှီမာယူယူ သည် လက်ကို ဝေ့ရမ်းကာ ပြောလေသည်။
ရှီမာယူယူပြောသော စကားကို အနီးအနားရှိလူများကြားသောအခါ ပြောလိုက်ကြသည် “တောင်ကြား သခင်လေး ကျွန်တော်တို့က အမြဲဖြောင့်မတ်ပါတယ်၊ အကုန်လုံးက သခင်လေး ပါးစပ်က ထွက်လာတာနော်”
သူတို့က မိန်းမလှလေးတွေကို ကယ်ပြီး သူရဲကောင်းလုပ်ရတာကို ကြိုက်တယ်ဆိုတာ ဘာကို ပြောတာ လဲ။ အဲလိုပြောတာလည်း သူပဲလေ။ သူတို့သည် အစမှအဆုံး ဖြောင့်မတ်ခဲ့သည်။ သူတို့မလုပ်ချင်ရင်တောင် လုပ်ရမှာပဲမလား။
ရှောင်ရာသည် မဲ့ပြုံးပြုံးကာ ရယ်မောလိုက်သည်။ သူတို့ လကွေးမျိုးနွယ်သည် အံ့ဖွယ် နတ်ဆိုးတောင်ကြားနှင့် အနည်းငယ် ရင်းနှီးသည်။ ထို့ကြောင့် တွေ့လျှင်တော့ အတူ တွဲသွားတွဲလာလုပ်ကြ သည်။ အရင်က အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ထိုကဲ့သို့မှန်း သူမ မသိခဲ့ပါ။ သူတို့သည် အချိန်တိုင်း မဖြောင့် မတ်ခဲ့သော်လည်း ရှီမာယူယူ ပြောသကဲ့သို့ ချဲ့ကားမပြောခဲ့ပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ရှင်တို့ကို ဒီမှာသာမတွေ့ရရင် ကျွန်မတို့တော့…” သူမ ထို အကြောင်းကို ပြောလိုက်သောအခါတွင် ရှောင်ရာသည် ဒေါသထွက်လေသည် “တိမ်တိုက်ဂူရဲ့ လူတွေက ကျွန်မတို့ကို အမြဲတမ်းအပြတ်ရှင်းချင်နေတာ၊ အခုကျောင်ကွမ်လုပ်တာ ကြည့်လေ သူက လူကြီးတွေ သိ မှာတောင် မကြောက်ဘူး၊ သူ့အတွက် အာမခံချက်ရှိနေတဲ့အတိုင်းပဲ၊ ဟုတ်သားပဲ ကျောင်ဟိုင်တို့အဖွဲ့ကို ရှင်တို့ အပြတ်ရှင်းလိုက်တယ်လို့ ကျောင်ကွမ်ပြောသလားလို့ ဘယ်လိုလုပ် အကုန်လုံး…”
“အဲတုန်းက ငါတို့လည်း မင်းတို့လို ဒီလိုအခြေအနေဖြစ်နေခဲ့တာပဲ ဒီထက်ပိုပြီးတောင် ခက်ခဲ သေးတယ်၊ ဒါပေမဲ့ တောင်ကြားသခင်လေးက သူ့စာချုပ်သားရဲကိုခေါ်ပြီး ငါတို့်ကို လာကယ်ခဲ့တယ်” ယွန်ရိသည် ရှီမာယူယူ အား ကျေးဇူးတင်စွာကြည့်ပြီး ပြောလေသည်။
တစ်ယောက်တည်းကနေ သူတို့အားလုံးကို ကယ်လိုက်တယ်ဟုတ်လား။ ရှောင်ရာသည် အနည်းငယ် အံ့သြသွားသော်လည်း မျက်နှာတွင် အမူအရာမပြပေ။
“လကွေးမျိုးနွယ်က အထက်လောကမှာ အင်အားကြီးလား” ရှီမာယူယူ မေးလိုက်သည်။
သူမသည် အထက်တွင် အင်အားများကို မည်ကဲ့သို့ ခွဲခြားထားသည်ကို မသိသောကြောင့် မေးလိုက် သည်။
အရင်ကဆိုလျှင် ပညာရှိစံအိမ်တော်သည် အလွန်ကောင်းကြောင်းကို သိခဲ့သည်။ နောက်တွင် အံ့ဖွယ် နတ်ဆိုးတောင်ကြားသည်လည်း အင်အားကြီးကြောင်းသိခဲ့ရသည်။ သို့သော် အခုတွင်လည်း အင်အားကြီး အဖွဲ့များ ရှိနေသေးသည့်ပုံပင်။
“လကွေးမျိုးနွယ်နဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့က အဆင့်အတူတူလောက်ပဲ” ယွန်ရိ ရှင်းပြသည်
“ဒါဆိုရင် တိမ်တိုက်ဂူကရော”
“တိမ်တိုက်ဂူက ကျွန်မတို့်နဲ့ အဆင့်တူပေမယ့် တစ်ဆင့် နိမ့်တဲ့အထဲပါတယ်၊ ပုံမှန်ဆိုရင် ကျွန်မတို့ကို မဆန့်ကျင်ရဲဘူး ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့အတွက် အာမခံချက်ရှိတဲ့ပုံပဲ” ရှောင်ရာ ပြောလိုက်သည် “ကျွန်မ သိသလောက်ဆိုရင် ရှင်တို့အပြင် သူတို့ရဲ့ ပစ်မှတ်က တခြားသူတွေလည်း ရှိသေးတယ်၊ သူတော်စင်စံအိမ်တော် က သူတော်စင်တွေလည်း ဆင်းလာခဲ့တယ်၊ အခုလောလောဆယ် ကျွန်မတို့ ပုန်းပြီးမှ ဝင်ပေါက်ပွင့်လာတာနဲ့ ထွက်ကြမလားလို့”
“ပုန်းစရာမလိုဘူး” ယွန်ရိ ပြောလိုက်သည်
“ယွန်ရိ တစ်ဖက်မှာ အထွတ်အထိပ်သားရဲရှိတယ် ငါတို့ လူထပ်ရှိရင်တောင် သူတို့ပြိုင်ဘက် မဖြစ်နိုင် ဘူး”ရှောင်ရာ ပြောလိုက်သည်။
“သူတို့မှာ အထွတ်အထိပ်သားရဲရှိရင် ငါတို့မှာလည်း ရှိတာပဲ” ယွန်ရိ ပြောလိုက်သည်။ “အဲအချိန်ကျရင် ဘယ်သူက ပိုသန်မာလဲကြည့်ကြတာပေါ့”
“ရှင်တို့မှာ တကယ်ပဲ အထွတ်အထိပ်သားရဲရှိတာလား” ရှောင်ရာသည် ယွန်ရိနှင့်တခြားသူများဆီတွင် အထွတ်အထိပ်သားရဲရှိမည်ဟု ထင်မထားသဖြင့် အံ့သြသွားသည်။
“သူက တောင်ကြားသခင်လေးရဲ့ စာချုပ်သားရဲပဲ” ယွန်ရိ ပြန်ဖြေသည် “ငါတို့ကို ကယ်တုန်းကလဲ သူ့ အထွတ်အထိပ်သားရဲလည်းပါတယ်”
“သူ..” ရှောင်ရာသည် ပိုအံ့သြသွားရသည်။ အနိမ့်လောကမှလာသော သူက အထွတ်အထိပ်သားရဲ နှင့် စာချုပ်ချုပ်ထားတယ် ဟုတ်လား။ အဲဒါကြောင့် အဘိုးနတ်ဆိုးက သူ့ကို ခေါ်လိုက်တာလား။
သို့သော် မဖြစ်နိုင်ပေ။ အထက်လောကမှ လူများသည် သူ့တပည့်ကို သူ့ထက်ပို အားကောင်းသော စာချုပ် သားရဲမပေးတတ်ပေ။ သူတို့သည် သူတို့၏ စာချုပ်သားရဲအပေါ်တွင် အလွယ်တူ မှီခိုကြမည်ကို စိုးရိမ်လို့ပင် ဖြစ်ကြသည်။
သူတို့သည် ထိုကိစ္စတွင် အာရုံစိုက်နေကြသော်လည်း ရှီမာယူယူ၏ အာရုံမှာ ခေါက်တုံ့ခေါက်ပြန် သွားနေသော လူနှစ်ယောက်အပေါ်တွင်ရှိနေသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်နှင့် နေရကြပ်နေသည် ကို တွေ့သောအခါ မေးလိုက်သည် “တောင်ကြားသခင်လေး ဘာဖြစ်လို့လဲ”
ရှီမာယူယူ၏ အကြည့်သည် ဂေါင်ဖေးဖေးထံတွင် လှည့်လာသည်။ သူမ ပြောလိုက်သည် “ဘာမှ မဟုတ်ပါဘူး ငါ သိချင်လို့ပါ အထက်လောက ကလူတွေက အားကောင်းတယ်လို့ ပြောကြတယ်မလား ဘာလို့ တော်တော်များများက အံ့ဖွယ်အဆင့် အောက်မှာပဲရှိသေးတာလဲ သူတို့ဆင်းလာရင် တခြားသူတွေရဲ့ အကြောင်းတွေ ဘာပြောကြလဲ”
“ကျွန်မတို့က လူများတယ်ဆိုပေမယ့် တကယ်တော့ နည်းနေသေးတယ်” ရှောင်ရာ ရှင်းပြသည် “ဥပမာ အနေနဲ့ဆိုရင် အဖွဲ့သေးတစ်ခုမှာဆိုရင် ၁ထောင် ၂ထောင်လောက်ရှိကြတယ်၊ အဲထဲမှာ ၁ရာလောက်ပဲ အံ့ဖွယ် အဆင့် အောက်ရှိကြတာ၊ အဲတော့ ၁၀ရာခိုင်နှုန်းထက် နည်းတယ်ပေါ့၊ ကျွန်တို့လို အင်အားကြီးတွေကျ အလား အလာရှိတဲ့ လူတွေကို အာရုံစိုက်ပြီး ဆွဲဆောင်တယ်၊ အဲဒါကြောင့် ကျွန်မတို့မှာ အံ့ဖွယ်အဆင့်လူများနေတာ”
“ပြီးတော့ လူများလေပိုကောင်းလေပဲ၊ လူနည်းပေမယ့်လည်း ထပ်ပြီးတော့ အားကောင်းလာနိုင်သေး တယ်” ယွန်ရိ ထပ်ဖြည့်ပြောလေသည်။
“သြော် အဲလိုလား” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ အရင်ဘဝက တရုတ် ပြည်တွင် လူဦးရေ အဆက်မပြတ်တိုးလာသည့် အကြောင်းကို တွေးလိုက်မိသည်။ သူတို့၏ လူဦးရေ တိုးပွားမှုမှာ တခြားတိုင်းပြည်များနှင့် ယှဉ်လျှင် နည်းသည်။ သူတို့တွင် လူဦးရေ ၁၃သန်းသာရှိသည်။ လူဦးရေနည်းပါး သော်လည်း စွမ်းအားရှိလူများမှာ တခြားတိုင်းပြည်များထက် များပြားသည်။
ဝိသေသကတော့ အတူတူပင်။
ထိုအချိန်တွင် ဖက်တီးလျှောက်လာကာ ပြောလိုက်သည် “ယူယူ ငါတို့ အကုန်ယူပြီးပြီ နောက် ဘာ လုပ်ရမလဲ”