အပိုင်း (၃၇၁) – ဝူလင်းယူ၏ ဆန်းကြယ်မှု
Vol. 004 Ch. 371
ရှီမာယူယူသည် လူများကို ဦးဆောင်ကာ တိုက်ခိုက်နေချိန်တွင် ရှီမာယူလင်းနှင့် တခြားသူများသည် တံခါးပိတ်ကျင့်ကြံနေကြသည်။
ရှီမာယူလင်းသည် ပထမဆံုံး ထွက်လာသူဖြစ်သည်။ သူသည် ကိုးလအတွင်းတွင် အဆင့် ၃ဆင့်တက် ကာ အဆင့်၄ သူတော်စင်အဆင့်ရောက်လေသည်။
ရှီမာယူလန်သည်လည်း ထိုအဆင့်ပတ်ချာလည်ပင်ဖြစ်သည်။ သူမသည် အဆင့် ၄မှ တက်ရန် ပိတ်ဆို့ ခံလိုက်ရသည်။
ရှီမာယူယန်သည် အဆင့်၃ သူတော်စင်ဝိညာဉ်ဖြစ်လာသည်။
တခြားသော ရှီမာမျိုးနွယ်ဝင်များသည်လည်း သူတော်စင်အဆင့် ရောက်ကြသည်။
သူတို့သည် ဂူထဲမှ ဝိညာဉ်ရွှီများကို စုပ်ယူပြီးနောက် မျက်လုံးများဖွင့်လာကြသည်။
“ဒီက ဝိညာဉ်ရွှီတွေ အကုန်လုံးကို ငါတို့စုပ်ယူနိုင်မယ်လို့ ထင်မထားဘူး” ရှီမာယူရှင်း ပြောလေသည်။
“မဆိုးဘူး အားလုံး သန်မာလာကြတယ်” ရှီမာယူယန်သည် ပြုံးပြီးပြောလေသည်။
“ငါတို့အားလုံး သူတော်စင်အဆင့်ဝင်နေကြပြီ” ရှီမာယူမင်နှင့် တခြားသူများသည်လည်း သဘောကျ နေကြသည်။ ဒီတစ်ခေါက် သူတို့ရသော အကျိုးအမြတ်မှာ ကြီးသည်။
သူတို့အတွက် စောင့်ပေးသော စာချုပ်သားရဲများကို မေးပြီးနောက် သူတို့သည် ၁၀လကျော်အကြာ ကျင့်ကြံ နေသည်ကို သိခဲ့ရသည်။
“၁၀လကျော်သွားပြီ” ရှီမာယူလင်း၏ မျက်ခုံးများပင့်သွားသည် “ငါတို့ ဒီလောက်အကြာကြီး တံခါးပိတ် ကျင့်ကြံဖြစ်သွားမယ်လို့ ထင်မထားဘူး အခုတော့ ငါတို့ထွက်သွားဖို့ ၂လပဲကျန်တော့တယ်၊ ငါတို့ ယူယူနဲ့ တခြား သူတွေကို ရှာရတော့မယ်”
“ဒီမှာ အရိုးစုတွေရှိနေတယ်” ရှီမာယူရွှီ အော်လိုက်သည်။
အားလုံးသည် သူကြည့်နေသော နေရာအားကြည့်လိုက်ကြသည်။ ဂူ၏ အနက်ဆုံးအပိုင်းတွင် အဖြူရောင် အရိုးစုများရှိနေသည်။ ထိုနေရာသည် ဝိညာဉ်ရွှီကန်ရှိသောနေရာ ဖြစ်သည်။ သူတို့သည် ကန်ကို ရေခန်းအောင် စုပ်ယူလိုက်သဖြင့် အရိုးများ ပေါ်လာခြင်းဖြစ်သည်။
“ဒါက အဲတုန်းက တည်ဆောက်မှုလုပ်ခဲ့တဲ့ သူများလား” သူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒီလူက လောကအသေး မပိတ်ခင် ထွက်မသွားနိုင်လို့ ဒီမှာ အိုမင်းပြီးသေသွားတာထင်တယ်” ရှီမာယူ ရှင်း ခန့်မှန်းသည်။
“ငါတော့ အဲလိုမထင်ဘူး” ရှီမာယူရန် ပြောလိုက်သည် “သူ အိုမင်းပြီးသေတယ်ဆိုရင် အဲလောက် ရှုပ်ထွေးတဲ့ တည်ဆောက်မှုကို လုပ်ခဲ့မှာမဟုတ်ဘူး”
“ဝိညာဉ်ရွှီတွေ လာနေတယ်ထင်တယ်” ရှီမာယူယန် ပြောလိုက်သည်။
အားလုံးသည် ပတ်ဝန်းကျင်အား အာရုံခံကြည့်ရာ သူပြောသည့်အတိုင်းပင်။ ဝိညာဉ်ရွှီများသည် ထိုနေရာ သို့ စီးဆင်းလာသည်။
“ဒီမှာ ဘာက ဝိညာဉ်ရွှီကို ဆွဲဆောင်နေတာလဲ” ရှီမာယူရှင်းသည် မယုံကြည်နိုင်သဖြင့် သိချင်သွားသည် “အဲဒီအရိုးစုက ဝိညာဉ်ရွှီတွေကို ဆွဲဆောင်နေတာတော့ မဟုတ်လောက်ပါဘူးနော်”
“တုံးလိုက်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယန်သည် သူမခေါင်းအား ပုတ်လိုက်သည်။
“ဒီတစ်ခါတော့ ငါတို့်ရတနာကို တွေ့ပြီထင်တယ်” ရှီမာယူလင်းသည် အရိုးစုရှိရာသို့ လျှောက်သွား လေသည်။ သူသည် ပြဲနေသော အဝတ်စကို သေချာစွာ ကိုင်လိုက်ရာ လက်သီးဆုပ်အရွယ် ပုလဲသည် အားလုံး ရှေ့တွင် ပေါ်လာသည်။
“အဲဒါ ဘာလဲ” ရှီမာယူမင်သည် အားလုံးစဉ်းစားနေသည့်အတိုင်းပင် မေးလိုက်သည်။
“မသိဘူး၊ ဒါပေမဲ့ ဒါကဝိညာဉ်ရေကန်နဲ့ တစ်ခုခုပတ်သတ်တာတော့ ရှိလိမ့်မယ်” ရှီမာယူလင်း ပြောလိုက် သည်။
“ဒီပုလဲက ဝိညာဉ်ရွှီတွေကို ဆွဲဆောင်ရာမှာ အသုံးဝင်တယ်ထင်တယ်၊ ငါတို့ ဒီပုလဲကို ကျင့်ကြံရာမှာ သုံးရင် ငါတို့ အားထုတ်မှုက အညီအမျှဖြစ်သွားမှာပဲ” ရှီမာယူရန် ပြောလိုက်သည်။
“ဟီးဟီး ငါတို့ ဒီကထွက်ရင် ငါတို့မျိုးနွယ်ဝင်တွေ ကျင့်ကြံတာကို ကူညီဖို့ ဒီပစ္စည်းကို လက်ဆောင် ပေးလို့ရသွားပြီ၊ ငါတို့ မျိုးနွယ်က တခြားမျိုးနွယ်တွေထက် သေချာပေါက် အင်အားကြီးမှာပဲ” ရှီမာယူယန် ပြောလိုက်သည်။
“အရင် သိမ်းထားလိုက်၊ ငါတို့ထွက်တာနဲ့ မျိုးနွယ်ခေါင်းဆောင်ကို ပေးရမယ်” ရှီမာယူလင်း ပြောလိုက် သည် “အခုတော့ ယူယူနဲ့ ကျန်တဲ့သူတွေကို ရှာရမယ်”
“အိုခေ”
“ယူလင်း ယူယူက ငါတို့နဲ့ ဘယ်လောက်အဝေးမှာ ရှိနေလဲဆိုတာ မြန်မြန်ကြည့်လိုက်” ရှီမာယူရှင်း အကြံပေးလိုက်သည်။
ရှီမာယူလင်း ကျောက်စိမ်းထုတ်လိုက်သည်။ အနီစက်နှစ်စက်သည် သေးငယ်ကာ သူတို့နှစ်ဖွဲ့သည် အလွန်ဝေးကွာနေကြောင်းကို ပြသနေသည်။
“ငါတို့ သူတို့ကို ရှာဖို့ ပျံသွားရမယ်ထင်တယ်” ရှီမာယူယန် ပြောလိုက်သည်။
“ငါတို့မှာ သားရဲပျံတွေအများကြီးရှိလို့တော်သေးတယ်၊ သူတို့လည်း မြန်ပါတယ်၊ ငါတို့ ညကိုပျံသွားရင် သိပ်မကြာပါဘူး” ရှီမာယူမင် ပြောလိုက်သည်။
“ဒါဆို သူတို့ကို အခုပဲသွားရှာကြမယ်”
“ခဏလေး” ရှီမာယူလင်းသည် သူတို့အား တားလိုက်သည်။
“ဘာဖြစ်လို့လဲ ယူလင်း”
အားလုံး သူ့အား ကြည့်လိုက်ကြသည်။ သူ လက်ယပ်ခေါ်ပြီး အရိုးစုဆီသို့ ပြန်ကာ အရိုအသေပေးပြီး ပြောလိုက်သည် “ကျွန်တော်တို့ကို ဒီအခွင့်အရေးပေးလို့ စီနီယာကြီးကို ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ တခြားပြန်လုပ်ပေးစရာတော့မရှိပါဘူး၊ အဲတော့ ကျွန်တော်တို့ စီနီယာကြီး ကောင်းကောင်းနားဖို့ သဂြိုဟ်ပေးပါမယ်”
သူထိုကဲ့သို့လုပ်သည်နှင့် အားလုံးသည် သူ့နောက်လိုက်ကာ အရိုအသေပေးလေသည်။
ရှီမာယူလင်း ထလာသည်နှင့် အားလုံးထွက်သွားကြသည်။ သို့သော် သူတို့သည် သဂြိုဟ်မပေးခဲ့ပေ။
“ယူလင်း” ရှီမာယူရှင်းသည် ရှီမာယူလင်းအား ကြည့်လိုက်သည်။
ရှီမာယူလင်းသည် ဘာမှမပြောပဲ အပြင်သို့ ဦးတည်သွားလေသည်။ သူသည် တည်ဆောက်မှုအား ပယ် ဖျက်ကာ အငှားဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်သည်။ တည်ဆောက်မှု ပျောက်သွားသည်နှင့် တောင်ထိပ် အား ဖုံးလွှမ်းထားသော မြူမှုန်အား ပျောက်သွားသည်ကို ခံစားလိုက်ရသည်။
တောင်ရှေ့တွင်ရပ်ကာ ရှီမာယူလင်း ထပ်ပြီးအရိုအသေပေးလိုက်သည်။ ထို့နောက်သူသည် ဝိညာဉ် စွမ်းအင်စုစည်းကာ တောင်ထိပ်အား ပစ်လိုက်သည်။ သူအနည်းငယ် တိုက်ခိုက်လိုက်သည်နှင့် တောင်သည် တစ်စစီဖြစ်သွားသည်။ တောင်ကြီးသည် မြေပုံကြီးဖြစ်သွားလေသည်။
“သွားရအောင်”
သူသည် ဝိညာဉ်သားရဲခေါ်ထုတ်ပြီး ရှီမာယူယူတို့ရှိရာ ဘက်သို့ အားလုံးအား ခေါ်သွားလေသည်။
ထိုနေရာနှင့် မိုင်အတော်အများ ကွာဝေးသောနေရာတွင် ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများကို ဦးဆောင်ကာ တိုက်ခိုက်နေသည်။ ထိုလူများသည် တိမ်တိုက်ဂူနှင့် ပညာရှိစံအိမ်တော်တို့၏ တွဲဘက် များဖြစ်ကာ သူတို့အရေအတွက်မှာ မများလှပေ။
တိုက်ပွဲသည် ထင်ထားသည့် ရလဒ် အတိုင်း ပြီးဆုံးခဲ့သည်။ သို့သော် တစ်ဖက်အဖွဲ့မှ ရှီမာယူယူနှင့် တခြားသူ များအတွက် ထင်မထားသော သတင်းရလိုက်သည်။
အံ့ဖွယ်နတ်ဆိုး တောင်ကြားမှ လူများ လက်တုန့်ပြန်နေသေည်ကို ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူမှ လူများ သိသောအခါ သန်မာသော လူများ ထပ်ခေါ်ထားသည်ကို သိလိုက်ရသည်။ သူတို့တွင် အနည်းဆုံး လူ တစ်သောင်းရှိကာ သူတို့အား တိုက်ခိုက်ရန် စောင့်နေကြသည်။
ရှီမာယူယူ ထိုအကြောင်းကြားသောအခါ နှုတ်ခမ်းတွန့်လိုက်ပြီး ညည်းညူလိုက်သည် “ရှေးစကားတွေက မှန်တာပဲ ဒီကမ္ဘာမှာ လူကလွဲပြီး ဘာမှမရှိဘူးဆိုတာလေ”
သူမ မှတ်ချက်အား ကြားပြီးနောက် ယွန်ရီနှင့် တခြားသူများ ပြုံးပြီး ပြောလိုက်သည် “ဒီတစ်ခါ တိုင်းပြည် တော်တော်များများ လာကြတယ်၊ တိုင်းပြည်တစ်ခုက တစ်ထောင်လောက်လာတယ်ဆိုရင် ဒီမှာ လူ ရှစ်သောင်းလောက်ရှိမယ်၊ သူတို့ လူ တစ်သောင်းဆိုတာ ချဲ့ကားပြောတာမဟုတ်ဘူး”
“ဒါဆို ငါတို့မှာ ဘာလို့လူမရှိတာလဲ” ရှီမာယူယူသည် သူမ အဖွဲ့အားကြည့်လိုက်သည်။ ယွန်မျိုးနွယ်၊ ဂေါင်မျိုးနွယ်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်များနှင့် သူတို့ ယိလင်းတိုင်းပြည်မှ သူများသာ ကျန်သည်။
“အကြောင်းအရင်းကတော့ အများကြီးရှိတယ်” ရှန်ရောင် ရှင်းပြသည် “ပညာရှိစံအိမ်တော်က တခြား စွမ်းအားရှိတွေနဲ့ မတူဘူး၊ သူတို့မှာ အောက်လောကမှာ စံအိမ်တော်တွေ အများကြီးရှိတယ်၊ လူအများစုက အဲဒီ တိုင်းပြည်တွေကနေ လာကြတာပဲ၊ ပညာရှိစံအိမ်တော်က လူတွေလိုက်စုနေတယ်ဆိုတော့ သူတို့က ပညာရှိစံ အိမ်တော်နောက် လိုက်မှာ အသေအချာပဲလေ”
“ပြီးတော့ ပညာရှိစံအိမ်တော်မှာ လောကအသေးတစ်ခုလုံးကို လှည့်လို့ရတဲ့ အထွတ်အထိပ်သားရဲ ရှိနေ တာ၊ အထွတ်အထိပ်သားရဲနဲ့ ဆိုရင် အားလုံးဖြေရှင်းပြီးသားဖြစ်တာ အကုန်သိနေတာပဲ၊ ပညာရှိစံအိမ်တော်နဲ့ တိမ်တိုက်ဂူက လူတွေအတွက်တော့ အလွယ်လေးပဲ သူတို့က အပျော်အနေနဲ့ ဝင်ပါကြတာ” ယွန်ဖန် ပြောလိုက် သည်။
“ဟူး အားလုံးက အောက်လောကမှာ သူတို့ရဲ့ အင်အားတွေကို သိပြီးသားပဲ ဒီနေရာထိ လာပြီးလုပ်ဖို့ လိုလား” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“ဒါကလည်း ကျင့်ကြံဖို့ နည်းလမ်းအတွက် တစ်ခုခုရှိလို့နေမှာပေါ့” ရှောင်ရာ ပြောလိုက်သည် “ပညာရှိစံ အိမ်တော်ရဲ့ အဆင့်တက်တဲ့နည်းလမ်းက ယုံကြည်မှုအပေါ်မှာ မူတည်တယ်လို့ ဆရာပြောတာကြားဖူးတယ်၊ သူတို့ကို ယုံကြည်တဲ့သူရှိလေ သန်မာလေပဲ၊ အဲဒါကြောင့် သူတို့က အောက်လောကကလူတွေကို စုဆောင်းတာ”
“ပညာရှိစံအိမ်တော်နဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဆက်ဆံရေးက သိပ်မကောင်းတာကို ငါ့ စီနီယာ အစ်ကိုက ဘယ်လိုလုပ် မြင့်မြတ်တဲ့သားတော် ဖြစ်သွားတာလဲ” ရှီမာယူယူ နားမလည်တော့ပေ။
ထို့အပြင် ထိုလူသည် သာမာန် မြင့်မြတ်သော သားတော်မဟုတ်ပေ။ ပညာရှိစံအိမ်တော်ရှိ သူ့ရာထူးမှာ မြင့်သည့်အထဲတွင်ပါသည်။
ယွန်ရိ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါတို့လည်း အဲဒါကို မသိဘူး၊ ပညာရှိစံအိမ်တော်က စံအိမ်တော် သခင်က သူ့ကို ခေါ်ဖို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားထိ လာတယ်လို့ ကြားတာပဲ”