← Chapters

အပိုင်း (၃၇၃) – ပြန်တိုက်ရန် အခွင့်အရေးအား စောင့်ဆိုင်းခြင်း

Vol. 004 Ch. 373

အပိုင်း (၃၇၃) – ပြန်တိုက်ရန် အခွင့်အရေးအား စောင့်ဆိုင်းခြင်း

Vol. 004 Ch. 373

အငြင်းခံရသော ခံစားချက်မှာ ခံရခက်သော်လည်း ထိုလူသည် ထွက်သွားရန် စိတ်ကူးရှိသည့် ပုံမပေါ်ပေ။

“မြင့်မြတ်သော သားတော်ထွက်လာဖို့ ဘယ်လောက်ကြာဦးမယ်ထင်လဲ” လူတစ်ယောက်သည် အလော တကြီး မေးလေသည်။

“ဒီတစ်ခါတော့ မြင့်မြတ်သောသားတော်က အခွင့်အရေးကောင်းရထားလို့ သူ့စွမ်းအင် ကြီးလာမှ ဖြစ်မယ်၊ အခု သူက အဆင့်၉ စံတင်ဝိညာဉ်ကျော်ဖြတ်နိုင်အောင် ကြိုးစားနေတယ်” အစောင့် ပြောလေသည် “သူ အောင်မြင်ရင် အံ့ဖွယ်အဆင့်ရောက်ဖို့ မကြာတော့ဘူး”

“မြင့်မြတ်သောသားတော်က အသက် ၈၀ပဲရှိသေးတာ အဆင့်၉ စံတင်ဝိညာဉ်ဖြစ်နေပြီ.. ဒါဆိုရင် သူ အသက် ၁၀၀ပြည့်တာနဲ့ သေချာပေါက် အံ့ဖွယ်အဆင့် ရောက်သွားမှာပဲ”

“အင်း အဲတော့ ဒီအချိန်က နှောင့်ယှက်လို့မရတဲ့အချိန်ပဲ၊ သူအဆင့်ကို ကျော်ဖြတ်နိုင်မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး အဲတော့ ဒီမှုာ ဆက်မစောင့်ပါနဲ့တော့” အစောင့်က ပြောလိုက်သည်။

“ဒါပေမဲ့…”

“မင်းတို့က တိမ်တိုက်ဂူ သခင်လေးရဲ့ နောက်လိုက်တွေထင်တယ်၊ ဒီမှာ ငါတို့ မြင့်မြတ်သော သားတော်ကို တစ်ချိန်လုံး လာစောင့်မနေပဲနဲ့ ကိုယ့်သခင်လေးကို ကောင်းကောင်းပြုစုပေးလိုက်ပါ” တခြား အစောင့် တစ်ယောက်သည် သူတို့ကို မြင်ဖူးသဖြင့် ပြောလေသည်။

“သခင်လေးက ဒီကိုလာခိုင်းတာပဲ” တစ်ယောက်က ပြောလေသည် “ငါတို့တော့ အံ့ဖွယ်န နတ်ဆိုးတောင်ကြားနဲ့ လကွေးမျိုးနွယ်ကလူတွေရဲ့ သတ်တာကို ခံရတော့မယ် ဒါပေမဲ့ ကျောင်ဟိုင် နဲ့ ကျောင်ကွမ်တို့ အသတ်ခံလိုက်ရတဲ့ သတင်းကလည်း အကုန် အသတ်ခံလိုက်ရလို့ တိတိကျကျမသိရဘူး၊ တစ်ယောက်မှ ပြန်မလာခဲ့ဘူး”

“အဲတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ လကွေးမျိုးနွယ်က မသေကြပဲ တခြားသူတွေကို သတ်လိုက် တယ်လို့ ပြောလိုက်တာလား” အစောင့်မေးလိုက်သည်။ ပြီးခဲ့သည့်လတွင် သူတို့သည် မြင့်မြတ်သော သားတော် ကို စောင့်ကြည့်နေရသဖြင့် ဖြစ်ပျက်သမျှကို မသိခဲ့ပေ။ သူတို့သည် အပြင်လောကတွင် အခြေအနေများ ပြောင်း သွားသည်ကို လုံးဝမသိခဲ့ရပေ။

“အဲဒါတင်မဟုတ်ဘူး ပညာရှိစံအိမ်တော်ကလူတွေ တော်တော်များများ အသတ်ခံလိုက်ရပြီ၊ အုပ်စု ငယ်က လူတွေတောင် မချန်ဘူး”

“ဘာ သူတို့က ပညာရှိစံအိမ်တော်က လူတွေကို သတ်ရဲတယ်” အစောင့်သည် ကျယ်လောင်စွာ အော် လိုက်သည်။ ထိုအသံကြောင့် မြင့်မြတ်သော သားတော်အား အနှောင့်အယှက်ဖြစ်နိုင်သည်ဟု တခြား အစောင့် တစ်ယောက်မှ သူ့အား ပြန်ကြည့်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ” အသံတစ်သံသည် အနောက်ဂူမှ ထွက်လာကာ အဖြူရောင် ဝတ်ထားသော ချောမောသော ယောကျ်ား တစ်ယောက်သည် သူတို့အား ကြည့်လေသည်။

“မြင့်မြတ်သောသားတော် ထွက်လာပြီလား” အစောင့်သည် ရဲယုဖန်အား တွေ့သည်နှင့် အရိုအသေပေး လိုက်သည်။

“အင်း” ရဲယုဖန် ခေါင်းညိတ်ကာ ပြန်မေးလေသည် “ပညာရှိစံအိမ်တော်က တပည့်တွေ အသတ်ခံလိုက်ရ တယ်လို့ မင်းပြောလိုက်တာမလား၊ ဘာတွေဖြစ်နေတာလဲ”

“အရှင် ဒီလိုပါ…” တိမ်တိုက်ဂူမှ လူနှစ်ယောက်သည် အခြေအနေများကို ရှင်းပြကာ ပညာရှိစံအိမ်တော် မှ တပည့်များ အသတ်ခံရပုံကို အလေးအနက်ထားပြောပြီးနောက် သူတို့လာသည့်အကြောင်းကို နောက်မှ ပြော လေသည်။ “အရှင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ယွန်ရိလို ကျွမ်းကျင်သူမျိုးကို အရှင်ကပဲ တိုက်နိုင်မယ် လို့ ကျွန်တော်တို့် သခင်လေးကပြောပါတယ်”

ရဲယုဖန်သည် သူတို့ ပြောသည်ကို ကြားပြီးနောက် တုန်လှုပ်ခြင်းမရှိသော်လည်း သူတို့နောက်ဆုံး ပြော လိုက်သော ပညာရှိစံအိတော်မှ လူများ အသတ်ခံရသည်ဆိုသော စကားကြောင့် ဒေါသထွက်လေသည်။ သူသည် အခုဒီနေရာတွင် ရာထူးအမြင့်ဆုံးဖြစ်ကာ အင်အားအကြီးဆုံးလည်းဖြစ်သည်။ သူသည် ပညာရှိ စံအိမ်တော်မှ လူများ သေရေးရှင်ရေးကို ဂရုမစိုက်ရင် ကျန်တဲ့သူတွေကို သူဘယ်လိုဦးဆောင်မလဲ။ ထို့အပြင် ဒီအခွင့်အရေးတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်များကို အပြတ်ရှင်းရန် အထက်မှ အမိန့်လက်ခံလာကာ ထိုအမိန့်အား လိုက်နာရန် သူ့တွင် တာဝန်အပြည့်ရှိသည်။ မဟုတ်လျှင် သူ့အား အထွတ်အထိပ်သားရဲကိုလည်ပေး လိုက်မည်မဟုတ်ပေ။ ပြောရမည်ဆိုလျှင် သူ့အား အထွတ်အထိပ်သားရဲပေး လိုက်ခြင်းမှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်အား အပြတ်ရှင်းရန်ဖြစ်သည်။

“သူတို့အခုဘယ်မှာလဲ” သူ ကြမ်းကြုတ်စွာ မေးလိုက်သည်။

“သူတို့ နေရာကို ကျွန်တော်တို့ သိပြီးပါပြီ” တိမ်တိုက်ဂူအဖွဲ့ဝင် ပြောလိုက်သည်။

“မင်းတို့ သခင်ရောဘယ်မှာလဲ”

“ဒီကနေ ကီလိုမီတာ တစ်သောင်းအကွာမှာပါ”

ကီလိုမီတာ တစ်သောင်းသည် သိပ်မဝေးပါ။ သို့သော် ရဲယုဖန်သည် သူတို့အား ပြန်လွှတ်လိုက်ကာ ထိုသခင်လေးအား အရင်သွားမရှာ ပဲ နေ့တစ်ဝက်လောက်သွားရသော ပညာရှိစံအိမ်တော် လူများရှိရာ နေရာသို့ သွားလိုက်သည်။

“မြင့်မြတ်သော သားတော် ထွက်လာပြီ”

“မြင့်မြတ်သော သားတော် ထွက်လာတာကို ဂုဏ်ပြုပါတယ်”

“ယုဖန် အဆင့်တက်သွားတာကို ဂုဏ်ပြုပါတယ်” တစ်စုံတစ်ယောက်သည် ရဲယုဖန်ဘေး လျှောက်လာ ကာ ပျော်ရွှင်စွာ ပြုံးပြီးပြောလေသည်။

“ဟုတ်တယ် လီရွှီ ပညာရှိစံအိမ်တော်မှာ ဘာဖြစ်တာလဲ” ရဲယုဖန် မေးလိုက်သည်။

လီရွှီသည် လွတ်နေသော များစွာသော တဲများကို ကြည့်ကာ ပြောလိုက်သည် “ကမ္ဘာဦးအစက လူတွေ သေသွားတဲ့သူတွေက လွဲပြီး အကုန်ဒီမှာပဲ”

“အများကြီးသေသွားတာလား” ရဲယုဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်ပါတယ် ၁၀၀ လောက်” လီရွှီသည် ဒုက္ခရောက်သည့်ပုံဖြစ်နေသည်။ “ပြီးခဲ့တဲ့ တစ်ခေါက်က လူတွေ အများကြီးသေထားတော့ ဒီတစ်ခါတော့ ကျန်တဲ့လူတွေ မလွှတ်တော့ဘူး”

“သူတို့မှာ လူများလား” ရဲယုဖန် မေးလိုက်သည်။

“မများဘူး အရင်က လူအတိုင်းပဲ ဒါပေမဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ လကွေးမျိုးနွယ်က အတူပေါင်း သွားတယ်၊ ပြီးတော့ တခြားတိုင်းပြည်အနိမ့်က လူတွေထင်တယ် အဲလူတွေလည်းရှိတယ်” လီရွှီ ပြန် ဖြေလိုက် သည်။

“တခြားတိုင်းပြည်က ဟုတ်လား ဘယ်နယောက်လဲ”

“ဆယ်ဂဏန်းပဲရှိတယ်”

“လူနည်းနည်းလေးပါပဲ”

“ဒါပေမဲ့ အဲလူနည်းနည်းလေးက အရမ်းအားကောင်းတယ်၊ သူတို့က ကမ္ဘာဦးနယ်မြေကလူတွေ ထက်တောင် အားကောင်းနေတယ်၊ အဲဒီလူနည်းနည်းကပဲ တိုက်ပွဲတစ်ခုလုံးကို တိုက်သွားတာ” လီရွှီ ပြောလိုက် သည် “ပြီးတော့…”

ရဲယုဖန်သည် လီရွှီ ပြောရန် တွေဝေနေသည်ကို ကြည့်ကာ ပြောရန် မသေချာ၍ တုန့်ဆိုင်းနေသည်ကို သိသောကြောင့် မေးလိုက်သည် “ပြီးတော့ရော”

“ပြီးတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေ သခင်လေးလို့ ခေါ်လိုက်တာကို ကြားခဲ့ရတယ်” လီရွှီ သည် သူ့ထင်မြင်ချက်ကို ထည့်ပြောလိုက်သည်။

“ဘာ မင်းပြောတာသေချာလား” ရဲယုဖန်သည် နူးညံ့ပုံပေါ်သော်လည်း သူလန့်သွားချိန်တွင် ကြည့်ရဆိုး သည်။

“ကျွန်တော် ကြားရတော့ ကိုယ်တိုင်လည်း လန့်သွားတာ၊ အထူးသဖြင့် ဒီအံ့ဖွယ်နတ်ဆိုးတောင်ကြား သခင်လေးက အမြဲတမ်းအလိုလိုက်ခံရတာလေ၊ ဘယ်လိုလုပ် အဆင့်အတန်းနိမ့်တဲ့ထဲက ဖြစ်သွားတာလဲ သိ ချင်နေတာ ကျွန်တော်စဉ်းစားကြည့်တော့ သူတို့အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ သခင်လေး နှစ်ယောက်ရှိတယ် လို့ ပြောတယ်၊ ဒါနောက် သခင်လေး တစ်ယောက်လား” လီရွှီ ခန့်မှန်းသည်။

“ဖြစ်နိုင်တယ်” ရဲယုဖန်သည် ထိုဖြစ်နိုင်ချေကို သိသော်လည်း သူ့စိတ်ထဲတွင် သံသယများ ရှိနေသည်။ “ဒါပေမဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက သခင်လေးနှစ်ယေက်ရှိတယ်ဆိုရင် တစ်ယောက်က အနိမ့်တိုင်းပြည် ကပေါ့”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေတော့သိမှာပဲ” လီရွှီ ပြောလိုက်သည်။

“အဲဒါ ထားလိုက်တော့ ငါတို့ထွက်သွားဖို့ ၂လပဲကျန်တော့တယ်၊ ငါတို့် ဒီနေရာကနေထွက် မသွားခင် သူတို့ တစ်ယောက်မှ မကျန်အောင် အမြစ်ဖြတ်ရမယ်၊ မဟုတ်ရင် ငါတို့် စံအိမ်တော်ရဲ့ အစီအစဉ်တွေ ပျက်သွား မယ်”

“ကျွန်တော် သူတို့ရဲ့ လက်ရှိနေရာကို သိထားပါတယ်၊ သူတို့မှာ စံတင်ဝိညာဉ်အမြင့်ရောက်နေတဲ့ ယွန်ရိ ရှိနေတော့ သူတို့ကို မယှဉ်နိုင်လို့ သခင်လေးကို စောင့်နေကြတာပါ” လီရွှီ ပြောလိုက်သည် “အခု ကျန်တဲ့သူတွေ ကို ဒီကို ခေါ်လိုက်ပါမယ်”

“ကောင်းပြီ”

သူတို့ရှိနေရာနှင့် သိပ်မဝေးသောနေရာတွင် ရှီမာယူယူ၊ ယွန်ရိနှင့် အဖွဲ့သည် လေအား မျက်နှာမူကာ ရပ်နေကြသည်။

အဝေးမှ ပျားတစ်ကောင်သည် သူတို့ဆီသို့ပျံလာကာ ရှီမာယူယူလက်ဖဝါးပေါ် ဆင်းသက်ပြီး သူမအား စကားပြောလေသည်။ အချိန်ခဏအကြာတွင် ရှီမာယူယူ လက်ဖဝါးမြှောက်လိုက်ရာ ပျားသည် ထပ်မံပျံသန်း သွားလေသည်။

“ယူယူ ဘာတဲ့လဲ” ဂေါင်ဖေးဖေး မေးလိုက်သည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ရဲယုဖန် ထွက်လာပြီ ပြီးတော့ ပညာရှိစံအိမ်တော်က လူတွေ ငါတို့်ကို တိုက်ဖို့ စုနေကြတယ်”

“သူတို့ မတိုက်ခင်ကို ငါတို့်အခွင့်အရေး ယူပြီး အားလုံးကို ဖျက်ဆီးပစ်မယ်” ဖက်တီးကျူ ပြောလိုက် သည်။

“လောဖို့ မလိုဘူး” ရှီမာယူယူသည် ဖက်တီးကျူ ပခုံးကို ပုတ်လိုက်သည် “ငါတို့စောင့်ရမယ် သူတို့ အားလုံး စုပြီးတဲ့အချိန်ကျရင် အားလုံးကို တိုက်ပြီး တစ်ယောက်မှ မလွတ်အောင် လုပ်ရမယ်”

All Chapters