အပိုင်း (၃၇၄) – မင်းကိုတိုက်ဖို့လာတယ်လို့ ဘယ်သူပြောလဲ
Vol. 004 Ch. 374
ရှီမာယူယူ ထိုကဲ့သို့ ပြောသဖြင့် ကျန်သောသူများ ဘာမှမပြောပဲ ရှီမာယူယူနှင့် နီရဲပျားကိုသာ အာရုံ စိုက်နေကြသည်။
“သခင်လေး ပြီးခဲ့တဲ့တစ်ခေါက် ဒုတိယသခင်လာတုန်းက အတွင်းပိုင်းအဖွဲ့ဝင်တွေက နီရဲပျားတွေ အများကြီးရလာတယ်ဆိုပြီး ကြွားနေကြတာ တခြားနေရာတွေကိုလည်း ပေးလိုက်ကြသေးတယ်၊ အဲဒါတွေ အကုန်လုံး သခင်လေးဆီကရတာလား” ရှန်ရောင် ပြုံးပြီးပြောလိုက်သည်။
“ငါ့ဆရာက အဲဒီကလူတွေကို ကြွားတာလား” ရှီမာယူယူ၏ နှုတ်ခမ်းတွန့်သွားကာ ထိုအဘိုးကြီးသည် ထိုမျှလောက် ပျော်သွားမည်ဟု ထင်မထားခဲ့ပေ။
“မလုပ်ရဘူးလား ဟိုတစ်ခါက တခြားသူ နီရဲပျားရတာကို မြင်ပြီး သူအရမ်းအားကျခဲ့တာ၊ အခု သူ့မှာ အများကြီးရှီတော့ တခြားသူတွေကို ကြွားမှာပဲလေ” ယွန်ရိ ရယ်မောကာ ပြောလေသည်။
“ရှက်စရာကောင်းလိုက်တာ” ရှီမာယူယူသည် သူမ နဖူးကို ရိုက်လိုက်သည်။
“ဒါပေမဲ့ တခြားသူတွေက သူတို့ရဲ့ နီရဲပျားတွေကို သူတို့ရဲ့ ရတနာလိုကို စောင့်ရှောက်နေကြတာ နင်က ဘယ်လိုလုပ် ချောင်းနားထောင်တဲ့နေရာမှာ သုံးရတာလဲ” ရှောင်ရာ ရယ်ကာ ပြောလိုက်သည်။ ရှီမာယူယူနှင့် အချိန်တစ်ခု တွဲသွားပြီးနောက်တွင် အားလုံးသည် ရင်းနှီးလာကာ တစ်ယောက်နှင့်တစ်ယောက် ရင်းရင်း နှီးနှီးပင် ပြောကြလေသည်။
“ဟုတ်ပြီ သူတို့မြန်ချင်မှတော့ သူတို့ ဆန္ဒအတိုင်းဖြစ်ရမှာပေါ့ သွားနားကြတော့ သူတို့လာရှာတာ ကို စောင့်ကြမယ်” ရှီမာယူယူ ပျင်းရိစွာ အညောင်းဆန့်ကာ ဖြစ်လာမည့် တိုက်ပွဲကြီးကို လုံးဝ စိုးရိမ်မှုမရှိပေ။
“ယူယူ ငါတို့မလှုပ်ရှားပဲ သူတို့လူစုတာကို စောင့်မယ်ဆိုရင် သူတို့လူ တစ်သောင်းလောက် ဖြစ်သွားမယ် ငါတို့က အားမနည်းပေမယ့် အရေအတွက်အရဆိုရင်… ဟာစွန်နဲ့ ရဲယုဖန်ရဲ့ သားရဲတို့ ရင်ဆိုင်တွေ့မယ်ဆိုရင် ငါတို့ မနိုင်နိုင်ဘူး၊ အထူးသဖြင့် လူအရေအတွက်က အရမ်းကွာနေတယ်”
“အေးဆေးထားပါ ငါတို့လည်း လူမနည်းပါဘူး” ရှီမာယူယူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောပြီးနောက် နားရန်ထွက်သွားလေသည်။ သူမ ထိုကဲ့သို့ ပြုမူသည်ကို မြင်သည်နှင့် အားလုံးသည် ဘာမှပြန်မပြောတော့ပေ။
နောက်ရက်များတွင် အားလုံးသည် ဖက်တီးကျူ၏ ဦးဆောင်မှုဖြင့် စားခြင်း၊ သောက်ခြင်း၊ အိပ်ခြင်း များနှင့် လည်ပတ်ကာ တိုက်ပွဲကြီးအကြာင်းကို စိုးရိမ်ခြင်း ဖြစ်မနေကြပေ။ သို့သော် အံ့ဖွယ်နတ်ဆိုး တောင်ကြား မှ အဖွဲ့ဝင်များသည် စားသောက်ပြီးချိန်တွင်လည်း အလဟသတ် ထိုင်မနေပဲ အဂ္ဂိရတ်ပညာရပ်အား အဆက် မပြတ်လေ့ကျင့်ကာ ဒဏ်ရာများကုသန်ရန် ဆေးနှင့် ဝိညာဉ်စွမ်းအင်များ ပြန်နလန်ထူလာနိုင်သည့် ဆေးများ ကို ဖော်လေသည်။ သည်လိုနှင့် လကွေးမျိုးနွယ်၊ ယွန်မိသားစုနှင့် ဂေါင်မိသားစုတွင် ဆေးများ အများအပြား ရှိ လေသည်။ အားလုံးသည်လည်း ကိုယ့်တာဝန်ကို ထမ်းဆောင်ကြကာ နားလည်မှုရှိကြသည်။
သူတို့သည် ဆေးဖော်ပြီးသော်လည်း တစ်ဖက်မှ ရောက်မလာသေးပေ။ ထို့ကြောင့် ရှီမာယူယူ စိတ်မရှည်သဖြင့် လူတစ်စုနှင့် ရတနာရှာရာ သူမ မှော်ဝင်လက်စွပ်အတွင်းတွင် ဆေးဖက်ဝင်အပင်များ စုဆောင်း ရမိလေသည်။
သူမသည် ကျောက်တုံးပင် မချန်သည်ကို ရှီမာယူလင်းနှင့် ကျန်သောသူများ တွေ့သောအခါ အားလုံး သည် သြချမိလေသည်။ သူတို့သည် သူမ ဝိညာဉ်စေတီတွင် ဆေးဖက်ဝင်အပင်များ ရှိသည်ကို မသိသဖြင့် သူမ တွင် ဆေးဖက်ဝင်ပစ္စည်းများ မရှိသည့် ဆင်းရဲသားဟု ထင်ကြမည်။
သူမ တစ်နေရာလုံး အပြောင်ရှင်းပြီးနောက် ရှီမာယူယူသည် ပညာရှိစံအိမ်တော်မှ လူအရိပ်အယောင် ကို တွေ့လိုက်လေသည်။ ရဲယုဖန်သည် သူနှင့်အတူ လူတစ်သောင်းခေါ်လာကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများကို ရှာရန် နေရာ အတိအကျကိုလာလေသည်။
ရှီမာယူယူသည် နီရဲပျား၏ သတင်းပေးမှုဖြင့် ထိုလူများ၏ အစီအစဉ်၊ အင်အားများနှင့် အချက်အလက် များကို သိပြီးဖြစ်လေသည်။ သူတို့အစီအစဉ်အရ သူမသည် သူတို့အားတိုက်ခိုက်ရန် အဖွဲ့လိုက်တိုက်ရန် ဆုံးဖြတ် ထားသည်။
သူတို့ရန်သူများ နီးကပ်လာသည့် သတင်းမှာ လျင်မြန်စွာပင် သူတို့ဆီရောက်လာပြီး အားလုံးသည် တိုက်ရန် ပြင်ဆင်ကြလေသည်။ လီရွှီသည် ရဲယုဖန်ဘေးရပ်ကာ ကွင်းပြင်တွင် ရပ်နေကြသော လူတစ်စုအား ကြည့်ကာ မျက်မှောင်ကြုတ်ကာ ပြောလေသည် “ယုဖန် တစ်ခုခုလွဲနေတယ်လို့ ဘာလို့ ခံစားမိတာလဲ၊ သူတို့က ငါတို့ကို တစ်ချိန်လုံးစောင့်နေသလိုပဲ”
“သူတို့က လုံးဝမကြောက်ပဲ ကျွန်တော်တို့ တစ်ဖွဲ့လုံးလာတာကို မြင်တာကိုမှ ထွက်ပြေးဖို့ မကြိုးစားတာ က ထူးဆန်းတယ်လို့ ထင်တယ်” တိမ်တိုက်ဂူ၏ သခင်လေးတစ်ယောက်က ပြောလိုက်သည်။
“ငါလည်း ထူးဆန်းတယ်လို့ ခံစားမိတယ်” ရဲယုဖန်သည် တူညီစွာပင် ခံစားရသည်။ သို့သော် ထိုကဲ့သို့ ကိစ္စမျိုးကို စဉ်းစားရန်အချိန် မရှိပေ။ သူတို့သည် လူအများအပြားကို ခေါ်လာသဖြင့် နောက်ပြန်လှည့်၍ မရတော့ ပေ။ ကြည့်ရုံနှင့်ပင် သူတို့သည် အင်အား အရေအတွက်များကာ တစ်ဖက်မှာ လူတစ်ရာသာရှိကာ သူတို့အင်အား နှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။
“စီနီယာအစ်ကို သူတို့မှာ လူတွေအများကြီးပဲ ကျွန်တော်တို့ တိုက်နိုင်ပါ့မလား” အံ့ဖွယ် နတ်ဆိုးတောင်ကြား အဖွဲ့ဝင်များသည် တိမ်တိုက်ဂူနှင့် ပညာရှိစံအိမ်တော်မှ လူများ တိုက်သည်ကို ကြောက် ဟန်မပြသော်လည်း စိတ်ထဲတွင်တော့ ကြောက်သည့်ပုံပေါ်သည်။ ရှီမာယူယူတွင်လည်း အထွတ်အထိပ်သားရဲ ရှိသော်လည်း သူတို့အထွတ်အထိပ်သားရဲနှင့် တိုက်လျှင် ဘယ်သူနိုင်မှာလဲ။ ထို့အပြင် သူတို့လူတစ်ရာလောက် က လူတစ်ထောင်ကို နိုင်အောင် တိုက်နိုင်ပါ့မလား။
“ဘာကြောကဖို့လိုလဲ သခင်လေးက အဆင်ပြေတယ်ပြောရင် တကယ် အဆင်ပြေလို့ပဲ” ရှန်ရောင်သည် ရှီမာယူယူအား အကြွင်းမဲ့ယုံကြည်လေသည်။ ထိုအချိန်အတွင်း အကဲခတ်မှုအရ ရှီမာယူယူသည် ကိုယ့်လူကိုယ် စောင့်ရှောက်ကာ တခြားသူများသည် သူ့အား လေးစားကြသည်ကို သတိထားမိသည်။ ထို့ကြောင့် သူမ ပြောသည့်အဆင်ပြေမည့် အရာအားလုံးကို သူယုံသည်။ သူသည် ထိုစကားများကို ယုံထား သည်။ သူ ဘယ်တုန်းက ဒီသခင်လေးကို ဒီလောက်ယုံသွားရတာလဲ။ ဒီယုံကြည်မှုက ပိုပြီး ရိုးသား၍ စိတ်အတွင်း ထဲမှ ထွက်လာသလား…
“သူတို့ပဲ” ရဲယုဖန်တို့နှင့် အတူလာသော ကျန်မိသားစုဝင်သည် ရှီမာယူယူနှင့် တခြားသော သူများကို တွေ့သည်နှင့် ပြောလိုက်သည်။
“သူတို့ကို သိလား” လီရွှီမေးလိုက်သည်။
“ငါတို့ အရင်ကတွေ့ဖူးတယ်” ကျန်မိသားစုဝင်ပြောလိုက်သည် “အတွင်းခံအင်္ကျိအပြာနဲ့က အထွတ် အထိပ်သားရဲပဲ၊ ပြီးတော့ အဲကောင်က ယွန်ရိက သခင်လေးလို့ ခေါ်တဲ့တစ်ယောက်ပဲ”
“သူလား” ရဲယုဖန်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူသည် အထွတ်အထိပ်သားရဲရှိသော နောက် တစ်ယောက်ကို တွေ့ရမည်ဟု ထင်မထားပေ။
“သူတို့ ဒီလောက်မျက်နှာပြောင်တိုက်မယ်လို့ ထင်မထားဘူး” လီရွှီ ပြောလိုက်သည်။
“အထွတ်အထိပ်သားရဲရှိလည်း ဒီနေ့တော့ သူတို့ကို ဖျက်ဆီးပစ်မယ်” ရဲယုဖန် ပြောလိုက်သည် “ခဏနေ ရင် င့ါအထွတ်အထိပ်သားရဲက သူတို့ အထွတ်အထိပ်သားရဲကို တာဝန်ယူလိမ့်မယ် မင်းတို့က အဲအခွင့်အရေးမှာ သုတ်သင်ရမယ်” ရဲယုဖန်သည် အပြင်အား နူးညံ့စွာ ကြည့်နေသော်လည်း သူ့အကြည့်နှင့် ပြောသော စကားလုံး များသည် ပညာရှိစံအိမ်တော်မှ လူများနှင့် ကွဲပြားလေသည်။
နှစ်ဖက်အဖွဲ့သည် မိုးေ့ါ်တွင်တွေ့သောအခါ စကားပြောရန် အနီးကပ်လာလိုက်ကြသည်။ အချိန်တစ်ခု အကြာတွင် ရဲယုဖန် အရင် ပြောလေသည်။
“မင်းတို့မှာလည်း အထွတ်အထိပ်သားရဲရှိတယ်လို့ ကြားတယ် မင်းတို့ ငါတို့ကို စောင့်နေမယ်လို့ ထင်မထား ဘူး” ရဲယုဖန်သည် ရှီမာယူယူအား ကြည့်ကာ ထိုကောင်လေးသည် သူ့ထက်ငယ်သည်ကို သတိထား မိလိုက်သည်။
“အင်း” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။ “ခင်ဗျားတို့မှာလည်း အထွတ်အထိပ် သားရဲရှိတယ်လို့ ကြားတယ်၊ အဲဒါကြောင့် ငါတို့စောင့်နေတာ သိတာတောင် ခင်ဗျားက လာရဲတာမလား”
“ဒါဆို ဘယ်သူနိုင်မလဲကြည့်ကြတာပေါ့” ရဲယုဖန် ပြောလိုက်သည် “ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ငါတို့က မင်းတို့ကို ဖျက်ဆီးပစ်ဖို့ စွမ်းအင်နဲ့ အားတွေရှိတယ်ဆိုတာ သိသင့်တယ်”
“မြင့်မြတ်သော သားတော်လာမှတော့ မင်းတို့်အားလုံး ကိုယ့်နေရာကိုယ်သိပြီး ကျေးဇူးတင်သင့်တယ်၊ ငါတို့ မင်းတို့ကို မနာကျင်အောင် သတ်ပေးမှာပါ” တိမ်တိုက်ဂူမှ သခင်လေးသည် ရဲယုဖန်အား မြောက်ပင့် ကာပြောလေသည်။
“ငါတို့လည်း ပြန်ပြောသင့်တယ်ထင်တယ်၊ မင်းတို့ အစိတ်စိတ်အမွှာမွှာ မဖြစ်ချင်ရင် အခု အညံ့ခံတာ ကောင်းလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ရီစရာကောင်းလိုက်တာ၊ မင်းတို့က လူတစ်ရာတောင်မပြည့်ပဲ ငါတို့လူတစ်သောင်းကို နိုင်မယ်ထင် လား” ပညာရှိစံအိမ်တော်မှ လူသည် သူတို့အားလှောင်လေသည်။
“ကျွန်တော်တို့ ကိုယ်တိုင်တိုက်မယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ” ရှီမာယူယူ တိုးတိုးလေး ပြောလိုက် သည်။