← Chapters

အပိုင်း (၃၇၅) – အကုန်ရှင်းပစ်

Vol. 004 Ch. 375

အပိုင်း (၃၇၅) – အကုန်ရှင်းပစ်

Vol. 004 Ch. 375

သူမ ပြောလိုက်သော စကားကြောင့် အားလုံးလန့်သွားကာ သူမဘက်မှ လူများပင် အံ့သြသွားလေ သည်။ သူတို့ မတိုက်ဘူးဆိုရင် ဘယ်သူ တိုက်မှာလဲ။ ပြီးတော့ ဘယ်သူမှ လာတာလည်း မမြင်ပါဘူး။

“ဟားဟားဟား” တိမ်တိုက်ဂူသခင်သည် ထိုကဲ့သို့ အရူးကို မတွေ့ဖူးတဲ့ပုံနှင့် ရယ်မောလေသည်။ “မင်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားက သခင်လေးလို့ ကြားတယ်… အဲသခင်လေးက အနည်းဆုံးတော့ ဉာဏ်ကောင်းမယ်လို့ ထင်ထားတာ အရူးဖြစ်လိမ့်မယ်လို့ ထင်မထားဘူး၊ မင်းတို့လူတွေ မတိုက်ဘူးဆိုရင် ဘယ်က လူတွေ လေထဲကရောက်လာပြီး ငါတို့ကို တိုက်မှာလဲ”

“ဟားဟားဟား” သူ့နောက်မှ လူများသည် ရယ်မောကြကာ သူမအား အရူးကဲ့သို့ လှောင်ပြောင် ကြလေသည်။

“မင်းတို့ကသာ ငတုံးတွေ” ရှီမာယူယူသည် သူတို့အား စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည် “ငါ့ ဘက်ကလူတွေကို မမြင်ဘူးလား၊ သားရဲဘုရင် နှစ်ကောင်ရှိတယ်”

“ဟင် မင်းမှာ သားရဲဘုရင်နှစ်ကောင်ရှိတော့ ဘာဖြစ်လဲ၊ သူတို့မျိုးနွယ်က ဒီကနေ အဝေးကြီးမှာ ရှိတယ် ဆိုတာ မသိဘူးထင်လား၊ မင်း သူတို့ကို အော်ခေါ်ရင်တောင် ကြားမှာမဟုတ်ဘူး” ကျန်မိသားစုဝင်များသည် နှင်းဝံပုလွေ၏ နယ်နိမိတ်မှာ အဝေးတွင် ရှိသည်ကို သိကြသည်။

“ငါတို့ လေအကုန်မခံတော့ဘူး၊ တိုက်ပွဲစကြမယ်” ရဲယုဖန်သည် ပြောပြီးသည်နှင့် သူ့အထွတ်အထိပ် သားရဲကို ခေါ်လေသည်။ ထိုသားရဲသည် ခေါင်းနှစ်လုံးမြွေဖြစ်ကာ အဆင့် ၂အထွတ်အထိပ်သားရဲဖြစ်သော်လည်း လူအသွင် မပြောင်းနိုင်သေးပေ။

“ဟာစွန် သူတို့နဲ့ ကစားပေးလိုက်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ” ဟာစွန် ခေါင်းညိတ်ကာ မိုးပေါ်သို့ ခုန်လိုက်ကာ အသွင်ပြောင်းပြီး နောက် ခေါင်းနှစ်လုံး မြွေဆီသို့ ဦးတည်သွားလေသည်။

“အသွင်ပြောင်း အထွတ်အထိပ်သားရဲပဲ” ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူမှ လူများ နောက်ဆုတ်သွား ကြသည်။ သူတို့သည် ဟာစွန်အား သူမဘေးတွင် မြင်ဖူးသော်လည်း အထွတ်အထိပ်သားရဲဖြစ်သည်ကို မသိကြ ပေ။

“သူက ခေါင်းနှစ်လုံးမြွေထက် ပိုသန်မာတယ်၊ ပြီးရင် နှစ်ကောင်က တကယ့်ရန်ဘက်တွေပဲ၊ တကယ် ကြမ်းမယ့် တိုက်ပွဲပဲ၊ ငါတို့ အဲလူကို ဖြစ်နိုင်သလောက် သတ်ရမယ် အတူတက်ကြ” ရဲယုဖန်သည် အမိန့်ပေး လိုက်သည်။

“ဟုတ်ကဲ့ အရှင် ကျွန်တော်တို့ မြန်မြန်အဆုံးသတ်လိုက်ပါမယ်” အားလုံးသည် ဆုံးဖြတ်ကာ အော်လိုက် သည်။ သူတို့ လူတစ်သောင်းသည် လူတစ်ရာကို တိုက်သော်လည်း သေချာပြင်ဆင်ထားခဲ့သည်။

“တောင်ကြားသခင်လေး ကျွန်တော်တို့ ဘာလုပ်ကြမလဲ” သူတို့ရန်သူ လှုပ်ရှားသည်ကို တွေ့သည်နှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ အဖွဲ့ဝင်များသည် ကြောက်လာသည်။

“ဘာတွေလောနေတာလဲ၊ ငါတို့ ရပ်ပြီးကြည့်ရုံပဲ ငါ့သူငယ်ချင်းတွေ ထွက်လာလိမ့်မယ်” ရှီမာယူယူ အတွေးတစ်ချက်နှင့်ပင် ဝိညာဉ်သားရဲများသည် တစ်ကောင်ချင်းစီ ထွက်လာကာ ပညာရှိစံအိမ်တော်မှ လူများကို ဝိုင်းလိုက်သည်။

“ဝိညာဉ်သားရဲတွေများလိုက်တာ”

“ဘာလဲ အကောင်တစ်သောင်းလောက်ရှိတယ်”

“ဘုရား ဒီလောက် ဝိညာဉ်သားရဲတွေအများကြီး ဘယ်ကရောက်လာတာလဲ”

“ပြီးရင် အများစုက အဆင့်၅ သားရဲတွေပဲ”

ရှီမာယူယူသည် ဘေးမှလာသော ဝေဖန်မှုများကို လျစ်လျူရှုကာ ပြောလိုက်သည် “ဒါက ငါလိုအပ်တာ တွေပဲ၊ အကြာကြီး တိုက်စရာမလိုဘူးလို့ ပြောတယ်မလား၊ သွားတော့ သူတို့ တစ်ယောက်မှ မကျန် စေနဲ့”

“အဝူး…..”

“ဝေါင်း….”

မိုးကောင်းကင်နှင့် မီးတောက်ဘုရင်တို့သည် ဟိန်းလိုက်ကာ သူတို့၏ မျိုးနွယ်ဝင်များကို တိုက်ရန် ခေါ်လိုက် ကြလေသည်။ ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူအဖွဲ့ဝင်များသည် သူတို့မျက်စိရှေ့တွင် ပေါ် လာသော ဝိညာဉ်သားရဲများကို တွေ့သည်နှင့် ကြောက်ရွံ့မှုကြောင့် နေရာမှ မရွေ့ရဲကြပေ။ သူတို့ မတုန့်ပြန်နိုင်ခင် ပင် သားရဲဘုရင်နှစ်ကောင်သည် ခုန်ကာ လူများစွာကို ကိုက်ဖြတ်လေသည်။ ကျန်သောသူများ ကြောင်နေချိန်တွင် ဝိညာဉ်သားရဲများသည် ခုန်အုပ်ကာ သူတို့၏ ချွန်ထက်သော လက်သည်းများဖြင့် ဆုပ်ကိုင်လိုက်ရာ သူတို့သည် ပြန် မတိုက်နိုင်တော့ပဲ ဒဏ်ရာများရသွားကြလေသည်။ နှင်းဝံပုလွေများသည် အစွယ်ကွေးကျားများကဲ့သို့ လေတွင် တိုက်ခြင်းတွင် မတော်သော်လည်း မြေပေါ်တွင် တိုက်ခြင်းတွင် သာလွန်သဖြင့် ထိုလူများကို အဆုံးသတ် ပေးလိုက်သည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်ဝင်များသည် ထိုမြင်ကွင်းအား မျက်လုံးပြူးများဖြင့် ကြည့် နေလေသည်။ သူတို့သည် တိုက်ပွဲကြီးတိုက်ရမည်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် တိုက်ပွဲကို ရပ်သာကြည့်ခဲ့ရသည်။ အဲဒါကြောင့် သူက ယုံကြည်ချင်အဲလောက် ရှိနေတာကိုး။ သူ့မှာ လျှို့ဝှက်ကတ် ရှိနေတာ ကြောင့်ကိုး။ တစ်ချိန်တည်းတွင် သူတို့သည် ရှီမာယူယူအား ခါးသီးစွာ ကြည့်လိုက်ကြသည်။ သူ့ရဲ့ မဟာအစီအစဉ်ကို သူတို့ကို ပြောမပြခဲ့တာတော့ လွန်တယ်။ သူတို့ အရမ်းစိုးရိမ်ခဲ့တာလေ။

နာရီဝက်အကြာတွင် လူတော်တော်များများ ကျလေသည်။ သူတို့၏ မြင့်မြတ်သော သခင်လေးပင် ကြာကြာတောင့်မခံနိုင်ပေ။ ဒါက အားစိုက်ရသည့် တိုက်ပွဲဖြစ်ခဲ့သည်။

“ယူယူ ငါတို့ အဆုံးသတ်ပေးလိုက်ပြီ” မီးတောက်ဘုရင်နှင့် မိုးကောင်းကင် ပြန်လာကာ ပြောလိုက် သည်။

ရှီမာယူယူ နှုတ်ခမ်းကွေးကာ ပြုံးလိုက်သည်။ ထိုလူများသည် အသတ်ခံရရုံသာမကပဲ လုံးဝပင် ဖျက်ဆီး ခံလိုက်ရသည်။ လူတစ်သောင်းသည် တပ်ပျက်လေသည်။ သူတို့သည် လေပွေကဲ့သို့ နှစ်ဖက်ခွဲသွားကာ လုံးဝ ပင် မမှတ်မိလောက်အောင်ပင်။ အလောင်းများစွာကို ကြည့်ရသည်မှာ…လုံးဝပင် စိတ်ညစ်ညူးစရာပင်။ သူမ လက်ဝေ့ရမ်းလိုက်ပြီး သားရဲဘုရင် နှစ်ကောင်အပါအဝင် အားလုံးကို ဝိညာဉ်စံအိမ်တော်ထဲပြန်ထည့်လိုက်သည်။

“ငါတို့…”

ဘုန်း… သူတို့ဘာမှမပြောခင်တွင် မိုးပေါ်မှ မိုးကြိုးပေါ်လာကာ သူတို့ဆီသို့ ကြောက်မက်ဖွယ် ရောင်ဝါ ကျလာလေသည်။

“ဘာဖြစ်တာလဲ” အားလုံး ကြည့်လိုက်ရာ မိုးပေါ်တွင် လေဆင်နှာမောင်း ဖြစ်ပေါ်ကာ အရှိန်လည်း ပြင်း သည်။ ထပ်ကြီးလာသောအခါ ဝင်ပေါက်ဖြစ်လာသည်။

“ဒီတိုက်ပွဲကြောင့် ဝင်ပေါက်ပွင့်လာတာလား” ယွန်ရိသည် အံ့သြစွာ ပြောလိုက်သည်။

“ဘာလို့ နှစ်လမ်းဖြစ်နေတာလဲ”

“ငါတို့လာတဲ့နေရာ ဝင်ပေါက်နောက်တစ်ဖက်လား” ဂေါင်ဖူ အော်လေသည်။

“တခြားအပေါက်က ကမ္ဘာဦးနယ်မြေဖြစ်လောက်တယ်” ရှန်ရောင် ပြောလိုက်သည်။

“ငါတို့လာခဲ့တဲ့ အပေါက်ပဲ ပြန်သွားရမယ်ထင်တယ်” ရှောင်ရာ ပြောလိုက်သည်။

“အင်း ယိလင်းတိုင်းပြည်ကို သွားတဲ့အပေါက် ဘာလို့မရှိတာလဲ” တစ်စုံတစ်ယောက် အော်လိုက်သည်။

ထိုစကားကြောင့် အားလုံးသည် ယိလင်းတိုင်းပြည်သို့ သွားရာ အပေါက်မရှိသည်ကို သတိထားမိပြီး ရှီမာယူယူနှင့် ကျန်သောသူများကို ကြည့်ကာ ရှုပ်ထွေးသွားလေသည်။

“ငါတို့က အစကတည်းက သာမာန် လမ်းကြောင်းကနေလာတာမှမဟုတ်တာ” ရှီမာယူယူ ပြောလိုက် သည်။ အိမ်မြှောင်ထုတ်ကာ သူမ ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ အိမ်မြှောင်လေထဲတွင် ပျံသွားကာ အပေါက် ဖြစ်သွားပြီးနောက် လျင်မြန်စွာပင် မြေပေါ်သို့ ပြန်ကျလာသည်။ အားလုံးသည် သူမအား အံ့သြစွာ ကြည့်နေ ကြသည်။

“ဘာဖြစ်လို့လဲ” သူမ အမူအရာအား ကြည့်ပြီးအားလုံး စိုးရိမ်လာသည်။

“တိုက်ပွဲမှာ ဟာစွန်နဲ့ တခြားဝိညာဉ်သားရဲတွေပါတဲ့အတွက်ကြောင့် ဒီနေရာကို အကျိုးသက်ရောက်မှု ရှိတယ်၊ အိမ်မြှောင်က အလုပ်မဖြစ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ယိလင်းတိုင်းပြည်ကို သွားတဲ့ ဝင်ပေါက် မပွင့်ဘူး”

“အခု ဘာလုပ်ကြမလဲ” ရှီမာယူရှင်း စိုးရိမ်စွာ ပြောလေသည်။ ရှီမာယူယူသည် သူမ အပေါ်ရှိ ဝင်ပေါက် များကို ကြည့်ကာ ပြောလိုက်သည် “ငါတို့ ဒီဝင်ပေါက်နှစ်ခုကို စမ်းကြည့်ရမှာပဲ ဖြတ်လို့ရမရတော့ မသေချာဘူး”

“စမ်းကြည့်တာပေါ့”

“အဲလိုဆိုရင် သခင်လေး ကျွန်တော်တို့နဲ့ တောင်ကြားကို ပြန်လိုက်ခဲ့ပါလား” ရှန်ရောင် ပြောလိုက် သည်။ သူမသည် ထိုနေရာသို့ မြန်မြန်ရောက်လိမ့်မည်ဟု ထင်မထားသော်လည်း ဒီလမ်းအပြင် ရွေးရန် မရှိ တော့ပေ။

သို့သော် သူတို့ ဝင်ပေါက်ရောက်သောအခါ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တခြားသူများသည် အလွယ် တကူ ဝင်သွားနိုင်သော်လည်း ရှီမာယူယူနှင့် အဖွဲ့မှာ ဝင်မရပေ။

“ငါတို့ ကမ္ဘာဦးနယ်မြေကို သွားလို့မရဘူးနဲ့တူတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့နဲ့ စမ်းလိုက်ကြည့်ပါလား” ဂေါင်ဖေးဖေး အကြံပေးသည်။

“ဖြစ်နိုင်ချေရှိတယ်” ရှီမာယူလင်းသည် အပေါ်သို့ ပျံသွားကာ ဝင်ပေါက်အား အလွယ်တကူ ဝင်သွား လေသည်။

“အဆင်ပြေတဲ့ပုံပဲ ငါသူ့နောက်လိုက်သွားမယ်” ယွန်ဖန်သည် သူ့နောက်လိုက်ကာ ပြောလိုက်သည်။

“ရှန်ရောင် မင်းတို့ပြန်ကြတော့ ပြန်ရောက်ရင် ယိလင်းတိုင်းပြည်ကို သွားနိုင်တဲ့ လူတစ်ယောက်လွှတ်ပြီး ငါ့အဘိုးကို ရှာပြီးငါတို့် ဘေးကင်းတယ်ဆိုတာ ပြောပေးခိုင်း၊ ငါတို့ ပြန်လာဖို့ နည်းလမ်းရှာလိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ သခင်လေး ကျွန်တော်တို့် နည်းလမ်းရှာပါမယ်” ရှန်ရောင် ကတိပေးလိုက်သည်။

“အားလုံး မြန်မြန်သွားရအောင် အပေါက်ပိတ်တော့မယ်” အာလုံးကြည့်လိုက်ရာ ဝင်ပေါက်မှာ စတင် ပြောင်းလဲလာသည်ကို မြင်လိုက်သောအခါ သူတို့အဖွဲ့သည် ဝင်ပေါက်ကို ပျံကြလေသည်။

ရှီမာယူယူသည် အားလုံးအားခေါ်ကာ ဂေါင်မိသားစုနှင့်အတူ မှီခိုကင်း တိုင်းပြည်သို့ ဦးတည်ကာ  နောက်တွင် ယွန်မိသားစု လိုက်လာလေသည်။

သူတို့အားလုံး ဝင်ပေါက်အား ဖြတ်ပြီး သိပ်မကြာခင်တွင် အားလုံး ပိတ်သွားလေသည်။

All Chapters