← Chapters

အပိုင်း (၃၇၆) – မှီခိုကင်းတိုင်းပြည်

Vol. 004 Ch. 376

အပိုင်း (၃၇၆) – မှီခိုကင်းတိုင်းပြည်

Vol. 004 Ch. 376

ရှီမာယူယူသည် သူမ တစ်ကိုယ်လုံး လေဆင်နှာမောင်းထဲတွင် တစ်သီးတစ်ခြား ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဒီလမ်းသည် ကြံ့ခိုင်သည့်လမ်း မဟုတ်သည့်ပုံပင်။

ဗွမ်း

သူတို့ ရေထဲကျသည့် အသံနှင့်အတူ တစ်ဖွဲ့လုံးသည် ကန်ထဲသို့ ကျလေသည်။

“အဟွတ်” ရှီမာယူယူသည် ချောင်းဆိုးလိုက်ရာ ရေများထွက်လာ လေသည်။ သူမ ဘေးတွင် ရေများကို တွေ့သည်နှင့် ကျယ်လောင်စွာ ကျိန်ဆဲမိတော့သည်။ ဝင်တိုင်းထွက်တိုင်းမှာ သူမသည် ရေထဲတွင် ကျနေသည်။

“အားလုံး အဆင်ပြေကြလား” ဂေါင်ဖေးဖေးသည် အားလုံးအား မျက်နှာချင်းဆိုင်ကာ သူမ ပတ်လည်က လူတွေကို မေးလိုက်သည်။

“အကုန်အဆင်ပြေတယ်”

“ကမ်းစပ်ကို သွားရအောင်” ရှီမာယူယူ ပြောလိုက်သည်။ ကံကောင်းစွာပင် ကမ်းစပ်မှာ သိပ်မဝေးက လျင်မြန်စွာပင် ရောက်သွားလေသည်။

“ငါတို့လူနည်းနည်း ပျောက်နေသလိုပဲ” ဝေကျိရွှီသည် သူထင်ထားသည်ထက် လူနည်းနေသည်ကို မြင် မိလေသည်။ သူတို့အဖွဲ့မှာ လူ နှစ်ယောက် သုံးယောက်သာ ရှိလေသည်။

“ဝင်ပေါက်လှုပ်လိုက်တာရော ဝင်တဲ့အချိန်ကွာတာရောကြောင့် တခြားနေရာမှာ သွားကျလိမ့် မယ်” ဂေါင်ဖေးဖေးသည် အဝတ်များစိုသွားသောကြောင့် သူမ၏ လှပသော ကိုယ်လုံးမှာ အထင်းသားဖြစ်နေ သည်။ သူမ ကိုယ်ပေါ်မှ ရေများခြောက်သွားစေရန်လျင်မြန်စွာ အပူစွမ်းအင်သုံးလိုက်ရာ မူလအတိုင်းပြန် ဖြစ် သွားလေသည်။

“ယူလင်းနဲ့ ယုဖန်ဒီမှာ မရှိဘူး” ဖက်တီးကျူ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ ယူလင်း တခြားနေရာ အပို့ခံလိုက်ရတာကို ယွန်ဖန်သိရင် သူ့ကို သွားရှာလိမ့်မယ်၊ သူတို့ နှစ်ယောက်သွားတဲ့အချိန်က သိပ်မကွာတော့ တစ်ယောက်နဲ့တစ်ယောက် နီးနေလိမ့်မယ်” ဂေါင်ဖေးဖေး ပြော လိုက်သည်။

“ဒါက မှီခိုင်ကင်း ပြည်ပေါ့၊ ဒီက ဝိညာဉ်စွမ်းအင်က ငါတို့်လာတဲ့နေရာထက် ပိုထူတာပဲ” ရှီမာယူယူသည် ထိုနေရာအား ခဏတာ ခံစားကာ သူမ မျက်လုံးသည် အားကျမှုများ ပြည့်နေလေသည်။

“အဲဒါကြောင့် ဒီကလူတွေက ငါတို့်ထက် သန်မာတာ မဆန်းတော့ပါဘူး” ရှီမာယူယန် ပြောလိုက်သည်။

“ယူယူ ငါတို့ အိမ်ပြန်တော့မှာ ငါတို့နဲ့ လိုက်မလား” ဂေါင်ဖေးဖေး ကမ်းလှမ်းလိုက်သည် “မင်းက ငါတို့ကို ကယ်ထားတော့ အကြွေးပြန်ဆပ်ရမှာပေါ့”

“ဒီကနေ ယိလင်းတိုင်းပြည်ကို ဘယ်လိုသွားရမလဲ သိလား” ရှီမာယူယူ မေးလိုက်သည်။

“ငါတို့လည်း မသိဘူး လူကြီးတွေ သိလောက်တယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။

“ငါတို့ ဒီနေရာနဲ့ မရင်းနှီးတော့ မင်းတို့ကိုပဲ အားကိုးရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ယူလင်းရော ဘယ်လိုလုပ်မလဲ” ရှီမာယူလန် မေးလိုက်သည်။

“ယွန်မိသားစုရဲ့အိမ်တော်က ငါတို့်နဲ့ သိပ်မဝေးဘူး၊ ယွန်ဖန် သူ့အိမ်ကို ခေါ်မသွားပဲ ငါ့တို့အိမ်ကိုပဲ ခေါ်လာလောက်တယ်” ဂေါင်ဖေးဖေး ပြောလိုက်သည် “သူတို့အဲဒီကို သွားမှာကို သူလည်း မှန်းမိလောက် တယ် ပြီးတော့ အဲဒီကိုလာရှာလိမ့်မယ်”

“အချိန်ကြာလို့မှ ပေါ်မလာရင် သူ့ကိုသွားရှာကြတာပေါ့” ရှီမာယူယူသည် သူမ ကျောက်စိမ်းတုံးအား ထုတ်ကာ ကြည့်ပြီး ရှီမာယူလင်းသည် သူတို့နှင့်ဝေးရာတွင်ရှိနေသည်ကို တွေ့လိုက်ရသည် “ငါတို့ သူ့ကို စောင့်ရင်း အိမ်ပြန်လို့ရမယ့် နည်းလမ်းရှာထားကြတာပေါ့”

“အဲဒါဆိုလည်း သွားရအောင် ဒီနေရာက မြို့တော်နဲ့ ဝေးသေးတယ်” ဂေါင်ဖေးဖေး ပြောလိုက်သည်။

နှစ်ရက်တာ သားရဲပျံစီးပြီးနောက် သူတို့သည် မြို့တော်ကို မြင်ရလေသည်။ ထိုခရီးစဉ်တွင် မှီခိုကင်း တိုင်းပြည် မည်မျှကြီးသည်ကို သိလိုက်ရသည်။ သူတို့သည် ဝိညာဉ်သခင် အသင်းသွားကာ ဖြတ်လမ်း တည်ဆောက်မှု အကူအညီဖြင့် နောက်မြို့တစ်မြို့အား သွားပြီးနောက် ဂေါင်မိသားစုအိမ်တော်ရှိရာမြို့သို့ ရောက် လေသည်။

ဂေါင်ဖေးဖေး သူမအား စနောက်ကာ ပြောလိုက်သည် “မင်းလို သန်မာတဲ့ တည်ဆောက်မှုသခင်က မူးတတ်မယ်လို့ ထင်မထားဘူး”

ရှီမာယူယူ လက်ရမ်းပြကာ သူမ အမူအရာသည် ခါးသက်သော မျက်နှာဖြစ်နေလေသည်။

ထိုနေရာမှ ဖြတ်လမ်းတည်ဆောက်မှုများသည် ယိလင်းတိုင်းပြည်က တည်ဆောက်မှုများထက် ပို သန်မာသည်။ သို့သော အကွာအဝေးမှာလည်း ဝေးသဖြင့် သူမ ဗိုက်ထဲတွင် သက်တောင့် သက်သာ မဖြစ်သည် မှာတော့ အမှန်ပင်။ ရှီမာယူရှင်းသည် သူမ ကျောအား ပုတ်ပေးကာ ပြောလိုက်သည် “ငါ သူ့ကို ပထမဆုံး တွေ့ ဖူးတုန်းကလည်း တည်ဆောက်မှုသုံးခဲ့တာပဲ၊ ပြီးတော့ သူ နှစ်ရက်လောက် မေ့သွားလို့ အချိန်အတော်ကြာ ကြည့်ပေးခဲ့ရသေးတယ်”

“ငါတို့ ဒီမြို့မှာ တစ်ညနေရမယ်ထင်တယ်” ဂေါင်ဖေးဖေးသည် ရှီမာယူယူအား ကြည့်ကာ မြို့ ထဲရှိ ဂေါင်မိသားစု ပိုင်သော တည်းခိုဆောင်သို့ အားလုံးကို ခေါ်သွားလေသည်။

တည်းခိုဆောင်ပိုင်ရှင်သည် ဂေါင်ဖေးဖေးနှင့် တခြားသူများ ပြန်လာသည်ကို တွေ့သည်နှင့် ကောင်တာမှ ချက်ချင်းထကာ အရိုအသေပေးကာ ပြောလိုက်သည် “သခင်မလေး လောကအသေးကို သွားတာမဟုတ်ဘူး လား၊ အချိန်မတိုင်ခင် ဘယ်လိုလုပ်ရောက်လာတာလဲ”

“အကြောင်းရှိလို့ ကျွန်မတို့ စီစဉ်ထားတာထက် ပိုစောရောက်လာတာ” ဂေါင်ဖေးဖေး ပြောလိုက်သည် “အခန်းတချို့ပြင်ပေးပါ ကျွန်မတို့ ဒီမှာ နားသွားမယ်”

“ဟုတ်ကဲ့ပါ သခင်မလေး” ပိုင်ရှင်သည် အခန်းများကို လျင်မြန်စွာပင် ပြင်ပြီးကာ အကောင်းဆုံးအခန်း ကို ဂေါင်ဖေးဖေးအား ပေးလိုက်သော်လည်း သူမသည် သော့ကို ရှီမာယူယူ၊ ရှီမာယူရန်နှင့် တခြားသူများကို ပေးလိုက်သည်။

“သူ့ကို အရင်နားခိုင်းလိုက်ပါဦး” ဂေါင်ဖေးဖေး ပြောလိုက်သည်။

“ဟုတ်ပြီ” ရှီမာယူရန်သည် သော့များကို ယူကာ ရှီမာယူယူအား အခန်းသို့ ခေါ်သွားကာ နားခိုင်းလိုက် သည်။

“သခင်မလေး အဲဒါဘယ်သူလဲ” ပိုင်ရှင်သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူမ နေသော အခန်းမှာ ကောင်းကင်အခန်းဖြစ်ပြီး ဂေါင်မိသားစု၏ သခင်လေး၊ သခင်မလေးတွေအပြင် တခြားသူများကို မပေးသော အခန်းဖြစ်သည်။ သို့သော် ဂေါင်ဖေးဖေးသည် ထိုအခန်းကို သူစိမ်းများကို ပေးသုံး သဖြင့် သူ အလွန်အမင်းသိချင်သွားသည်။

“သူက ဂေါင်မိသားစုရဲ့ ကယ်တင်ရှင်ပဲ သူ့ကြောင့်သာမဟုတ်ရင် ကျွန်မတို့ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး” ဂေါင်ဖေးဖေး ရှင်းပြသည် “သူက အဆင့်အတန်းမြင့်တဲ့ နောက်ခံရှိတယ်၊ သူ အဲအခန်းမှာ နေဖို့ အဆင့်မှီတယ်မလား” ဂေါင်ဖေးဖေး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မလေး” ပိုင်ရှင် ပြန်ဖြေသည်။

ဂေါင်ဖေးဖေးသည် ဂေါင်ဖူးအား ခေါ်ကာ ပြောလိုက်သည် “မင်းတို့အရင်အိမ်ပြန်နှင့် လောကအသေးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြလိုက် ပြီးတော့ ကျန်မိသားစုကို သတိပေးခိုင်းလိုက်၊ ငါ ယူယူ သက်သာရင် ပြန်လာခဲ့မယ်”

“ဟုတ်ကဲ့ မမကြီး” ဂေါင်ဖူသည် တွေဝေခြင်းမရှိပဲ ဂေါင်လင်းနှင့် တခြားသူများကို ခေါ်ကာ ထွက်သွား လေသည်။ ဂေါင်မိသားစုသည် ထိုနေရာတွင် အကြီးဆုံးမျိုးနွယ်ဖြစ်သော်လည်း သူတို့သည် မြို့အစွန်အဖျား တွင်နေထိုင်ကြသည်။ သားရဲပျံစီးသွားလျှင် နေ့တစ်ဝက်အတွင်းရောက်သည်။

ရှီမာယူယူနှင့် တခြားသူများ မှီခိုကင်းတိုင်းပြည်သို့ ရောက်သည်နှင့် ကမ္ဘာဦးနယ်မြေသို့ သွားသော သူများလည်း ရောက်ရှိလေသည်။

တခြားတိုင်းပြည်သို့သွားသော လမ်းများမှာ ကွဲပြားနိုင်သော်လည်း ကမ္ဘာဦးနယ်မြေသို့ သွားသော လမ်းမှာ တိကျသည်။ သွားသည့်နေရာမှ ကွဲပြားသော်လည်း ထွက်ပေါက်မှာ တူညီသည်။ တချို့မျိုးနွယ်ဝင်များ သည် အထွက်ပေါက်တွင် စုပြီး သူတို့လူများကို ပြန်ခေါ်ရန် စောင့်နေလေသည်။ အံ့ဖွယ်အဆင့်အောက် လူများ သည် လာကစားရုံသာဖြစ်ကြသည်။

“ပွင့်ပြီပဲ” တောင်ထိပ်တွင် အပေါက်ပွင့်သည်ကို တွေ့သည်နှင့် လူတစ်ယောက်က အော်လိုက်သည်။ ထို့နောက်တွင် လူများသည် ကိုယ့်မျိုးနွယ်ဝင်လူများကို တွေ့ကာ သူတို့ကြုံတွေ့ခဲ့ရသမျှနှင့် တခြားမျိုးနွယ်မှ သူတို့အား လိုက်သတ်သည့်အကြောင်းများကိုလည်း ပြောနေကြသည်။

တိမ်တိုက်ဂူအဖွဲ့ဝင်များနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများသည်လည်း သိပ်မကွာပေ။ တိမ်တိုက်ဂူအဖွဲ့ဝင်များသည် သူတို့အား ကြည့်ပြီး တီးတိုးပြောလေသည် “အဲဒီ လောကအသေးကို ဝင်သွားတဲ့ လူတိုင်း သေတာပဲ ကျန်ချန် အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေ ဒီမှာသေသွားတယ်လို့ ထင်လား”

ကျန်ချန်သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ အပေါင်းအဖော်များကြားတွင် ရှိနေသည်။ တိမ်တိုက်ဂူမှ လူများ လှောင်ပြောင်သံကို ကြားသောအခါ မျက်ခုံးပင့်ကာ ပြောလိုက်သည် “မင်းပြောတာဟုတ်တယ်၊ တိမ်တိုက်ဂူကလူတွေလဲ အပြတ်သုတ်သင်ခံရတာပဲ၊ အဲလိုဖြစ်သွားတော့ ငါတို့ မင်းတို့အတွက် စိတ်မကောင်းဘူး”

“အင်း အဲမှာဘယ်သူတွေသေတာလဲ သေချာမသိနိုင်သေးဘူး” တိမ်တိုက်ဂူအဖွဲ့ဝင်များသည် ရိသဲ့သဲ့ဖြင့် ပြောလိုက်ပြီး တခြားအကြောင်းများကို ဆက်ပြောနေလေသည်။

အချိန်တဖြည်းဖြည်းကုန်ဆုံးပြီးနောက်တွင် လူထောင်ချီသည် အပေါက်မှ ထွက်သွားကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်မှ လူများ ရောက်လာခြင်းမရှိပေ။ မျိုးနွယ်နှစ်ခုသည် တိမ်တိုက်ဂူအဖွဲ့ဝင်များ မျက်နှာမှ ချေငံသော အပြုံးကိုမြင်သောအခါ သူတို့၏ အင်္ကျိလက်များတွင် တစ်ခုခု ရှိနေပြီဟု ခန့်မှန်းမိကြသည်။

All Chapters