← Chapters

အပိုင်း (၃၇၇) – ဓားဆွဲယူခြင်းနှင့် လေးကွေးခြင်း

Vol. 004 Ch. 377

အပိုင်း (၃၇၇) – ဓားဆွဲယူခြင်းနှင့် လေးကွေးခြင်း

Vol. 004 Ch. 377

တိမ်တိုက်ဂူက လူတွေပြောသလိုပလား။ အားလုံးအထဲမှာ တကယ်သေသွားကြပြီလား။

တိမ်တိုက်ဂူမှ လူများ ထိုကဲ့သို့ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ ထိုလူများသည် အမှန်တကယ် ပင် သူတို့လူများ ပေါ်ထွက်လာသည်မှာ အမှန်ဖြစ်သည့်ပုံပင်။

“ကျန်ချန် အဲလူတွေမှာ ကိစ္စတစ်ခုခုများဖြစ်နေကြပြီလား၊ ငါသိသလောက်ဆိုရင် သူတို့လူတော်တော် များများလည်း ဝင်သွားကြတာပဲ” လကွေးမျိုးနွယ်မှ တစ်ယောက်သည် ကျန်ချန်အား ပြောလိုက်သည်။

ကျန်ချန် သူတို့အား ကြည့်လိုက်ချိန်တွင် သူ၏ မျက်နှာမှာ မည်းသွားကာ ပြောလိုက်သည် “သူတို့ လုပ်ကြံတာကို ဝန်ခံရဲ့ရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားက သူတို့ကိုဒီအတိုင်းထားမှာမဟုတ်ဘူး”

“အပေါက်ကပိတ်တော့မယ်” လကွေးမျိုးနွယ်မှ လူများသည် ဝင်ပေါက် ပျောက်ကွယ်တော့မည်ကို ကြည့်ရင်း စိုးရိမ်စွာ ပြောလိုက်သည်။

“ထွက်လာတဲ့သူတွေက အကုန်ပျော်နေကြပြီ ကျွန်တော်တို့ကလွဲပြီးလေ.. တိမ်တိုက်ဂူနဲ့ ပညာရှိ စံအိမ်တော်ကလူတွေလည်း ထွက်လာပြီးပြီ” ကျန်ချန် ပြောလိုက်သည်။

“ဒီတစ်ခါ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်” လကွေးမျိုးနွယ်မှ လူများသည် အနည်းငယ် စိုးရိမ်နေလေသည်။

“မဟုတ်ဖို့ မျှော်လင့်ပါတယ်…”

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်မှ လူများတင် စိုးရိမ်သည် မဟုတ်ပေ။ ပညာရှိ စံအိမ်တော်နှင့် တိမ်တိုက်ဂူမှလူများသည်လည်း သူတို့လူ အကုန်ထွက်မလာသေးသဖြင့် စိုးရိမ်လျက် ရှိသည်။

တကယ်ပဲ တစ်ခုခုဖြစ်နေတာလား။ အဲဒါဆိုရင်တော့ မဟုတ်သေးဘူး။ သူတို့နှစ်ဖွဲ့ပေါင်းလိုက်လျှင် အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်မှ လူများထက် အရေအတွက်များသည်။ ရဲယုဖန်သည် အထွတ်အထိပ်သားရဲရှိသောကြောင့် ချောမွေ့ခဲ့သည်။

သို့သော် သူတို့သည် ကံဆိုးစွာပင် ထိုအဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသည်။

“အပေါက်က ပျောက်တော့မယ်..”

“တစ်ယောက်ယောက် ထွက်လာနေတယ်”

ဘယ်သူအော်လိုက်သည်ကို မသိသော်လည်း အားလုံးသည် အပေါက်ကိုကြည့်လိုက်ကြသည်။ အထူးသဖြင့် သူတို့လူများကို စောင့်နေကြသော အံ့ဖွယ်နတ်ဆိုးတောင်ကြား၊ လကွေးမျိုးနွယ်၊ တိမ်တိုက်ဂူနှင့် ပညာရှိစံအိမ်တော်မှ လူများ ကြည့်လိုက်ကြသည်။ သူတို့သည် အပေါက်ဝအား မျက်လုံးကျွတ်ထွက်မတတ် ကြည့်နေကြလေသည်။

ယွန်ရိ ဦးဆောင်သော အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်များသည် အပေါက်ပိတ်ခါနီး တွင် ထွက်လာကြသည်။ သူတို့ထွက်လာသည်နှင့် အပေါက်ပိတ်သွားလေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်မျးသည် အလွန်ဝမ်းသာကြသည်။ သို့သော် ပညာရှိ စံအိမ်တော်နှင့် တိမ်တိုက်ဂူများမှ လူများသည် အလွန်တုန်လှုပ်ကြသည်။

သူတို့သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများကို ရှင်းမည်ဟု ပြောထားသော်လည်း သူတို့ထွက်လာ ကြသည်။ ထို့အပြင် သူတို့လူများ ထွက်မလာနိုင်ကြပေ။ ထိုသည်မှာ သူတို့လူများ အသတ်ခံလိုက်ရပြီမှာ ထင်ရှား နေသည်။

“မင်းတို့တွေ အခုမှ ထွက်လာကြတယ်၊ အဲဒီက ထွက်မရတဲ့လူတွေရှိတယ်၊ ငါတို့လူတွေ မဟုတ်လို့ တော်သေးတယ်” ကျန်ချန် အားရပါးရပြုံးလိုက်သည်။

“အပြင်ပိုင်းလမ်းကြားက လူကြီးမင်း ၁၀ကို နှုတ်ဆက်ပါတယ်” ယွန်ရိသည် အဖွဲ့ကိုဦးဆောင်သွားကာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ အကြီးအကဲအား နှုတ်ဆက်လိုက်သည်။

“မင်းတို့ နောက်ကျမှထွက်လာတာ ငါတို့စိုးရိမ်လို့သေတော့မယ်” ကျန်ချန်သည် သူတို့ပခုံးအား ပုတ်ပြီး  ပြောလိုက်သည်။

“အဘွားတိမ်တိုက်” ရှောင်ရာသည် လကွေးမျိုးနွယ်မှ သူမလူများအား ဦးဆောင်လေသည်။

“သမီးတို့ အဆင်ပြေကြလား ဘာလို့နောက်ကျမှထွက်လာကြတာလဲ” အဘွားတိမ်တိုက်သည် ရှောင်ရာ နှင့် တခြားသူများအား ကြည့်လိုက်သည်။

“အင်း သမီးတို့ တစ်ခုခုနဲ့ ကြုံခဲ့လို့ပါ” ရှောင်ရာ ပြောလိုက်သည်။

“ဒီအပေါက် စောစောပွင့်မယ်ဆိုတာ မသိလို့ အချိန်မှီမထွက်လာနိုင်တာမလား” အဘွားတိမ်တိုက် ပြော လိုက်သည်။

“မဟုတ်ဘူး တခြားတစ်ခုဖြစ်ခဲ့တာ” ရှောင်ရာ ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါတို့လူတွေ တစ်ယောက်မှ ထွက်မလာနိုင်ဘူးလား” တိမ်တိုက်ဂူမှ လူများ သည် မယုံကြည်စွာ ပြောလိုက်သည်။ သူတို့သည် ဘေးကင်းစွာ ပြန်လာသော အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများအား ကြည့်ကာ ဒေါသထွက်ကာ အော်လိုက်သည် “သူတို့အားလုံး အသတ်ခံလိုက်ရတာလား၊ အဲဒါဆိုရင် မင်းတို့သတ်တာပဲဖြစ်ရမယ်”

ယွန်ရိသည် သူ့အား နွမ်းလျစွာ ကြည့်ကာ ပြောလိုက်သည် “ဒီကမ္ဘာကအကြီးကြီး အဲမှာလူတွေလည်း အများကြီးရှိတာ၊ ခင်ဗျားတို့လူတွေကို ကျွန်တော်တို့်သတ်တယ်ဆိုတာ သေချာလို့လား၊ ခင်ဗျားတို့လူတွေ ပုန်းပြီး ထွက်လာတာလည်း ဖြစ်နိုင်တာပဲ ခင်ဗျားတို့ တိမ်တိုက်ဂူက လွှတ်လိုက်တဲ့လူတွေက သူများထက် သုံးဆ များတယ်လို့ကြားတယ်”

“ဘာ သူတို့က မင်းတို့ကို အထဲမှာ ပြဿနာရှာတာလား” ကျန်တိုင်သည် တိမ်တိုက်ဂူမှ လူများအား ကြည့်ကာ ပြောလိုက်သည်။

“လုပ်လားမလုပ်လားဆိုတာကတော့ ခင်ဗျားတို့ တိမ်တိုက်ဂူက လူတွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်” ယွန်ရိ ပြန်ဖြေသည်။

“မင်း ဟင်း ပြန်ကြမယ်” တိမ်တိုက်ဂူမှ လူများသည် အော်ပြီးနောက် လှည့်ပြန်ကြလေသည်။

ပညာရှိစံအိမ်တော်မှလူများသည် ဘာမှမပြောသော်လည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ လူများ အမူအရာ လေးနက်သွားသည်ကို ကြည့်ကာ သူတို့အား အကြိမ်အနည်းငယ်ကြည့်ပြီးသည်နှင့် ပြန်သွား ကြလေ သည်။

တခြားသော အင်အားကြီးအဖွဲ့များသည်လည်း သူတို့လူများကို ခေါ်ပြီး သွားကြလေသည်။ အပေါက် သည် ပိတ်သွားသဖြင့် အထဲတွင် ရှိနေသော လူများသည်ထွက်လာရန် မဖြစ်နိုင်တော့ပေ။ သည်လိုနှင့် အားလုံး ထွက်ခွာကြလေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်များသာ ကျန်သည်နှင့် ကျန်ချန်သည် ရပ်ပြီး ဂုဏ်ယူစွာ ပြုံးကာ မေးလိုက်သည် “ဘာဖြစ်ခဲ့တာလဲ”

“ကျွန်တော်တို့ အထဲမှာ ရှိတုန်းက တိမ်တိုက်ဂူနဲ့ ပညာရှိစံအိမ်တော်ကလူတွေက ကျွန်တော်တို့ကို လိုက် သတ်ခဲ့တယ်၊ ကျွန်တော်တို့လူတော်တော်များများလည်း ဆုံးရှုံးလိုက်ရတယ်” ယွန်ရိ ပြန်ဖြေသည်။

“ပြီးတော့ ပညာရှိစံအိမ်တော်က ရဲယုဖန်ကို သူ့ကို ကူဖို့အထွတ်အထိပ်သားရဲပေးလိုက်တယ်၊ သမီးတို့ တစ်ဖွဲ့လုံး ပြောင်တော့မလို့” ရှောင်ရာသည် ဖြစ်ပျက်သမျှကို ပြောပြလေသည်။

“အထွတ်အထိပ်သားရဲလား”

အားလုံး အံ့သြသွားသည်။ ထိုအထဲတွင် အံ့ဖွယ်ဆင့်ထက်နိမ့်သော သူများသာ ဝင်လို့ရသည်။ အထွတ်အထိပ်သားရဲသာ ရှိရင် သူတို့ဘယ်လို အသက်ရှင်မလဲ။

“ပညာရှိစံအိမ်တော်က အဲလိုကိစ္စမျိုးလုပ်မယ်လို့ ထင်မထားမိဘူး” အဘွားတိမ်တိုက်သည်  ဒေါသဖြင့် ပြောလေသည်။ “သူတို့က လူများတာနဲ့ သန်မာမယ်လို့ တကယ်ထင်နေတာလား၊ အဲဒီတိမ်တိုက်ဂူလည်း အတူတူပဲ၊ သူတို့က ငါတို့်နဲ့ တကယ်ပဲတိုက်ချင်တယ်ဆိုရင် ငါတို့ လကွေးမျိုးနွယ်က အလွယ်တကူ မခံဘူးလေ”

အဘွားတိမ်တိုက် ဒေါသထွက်သကဲ့သို့ ကျန်ချန်သည်လည်း ဒေါသထွက်နေသည်။ သူ မေးလိုက်သည် “သူတို့မှာ လူလည်းများပြီး အထွတ်အထိတ်သားရဲလည်းရှိနေတာ မင်းတို့အားလုံး ဘယ်လိုလွတ်လာတာလဲ၊ သူတို့ကရော ဘာလို့ တစ်ယောက်မှ မထွက်နိုင်ကြတာလဲ”

“တောင်ကြားသခင်လေး ကျေးဇူးကြောင့်ပါ၊ သူ့ကြောင့်သာမဟုတ်ရင် ထွက်လာမယ့်သူတွေက တိမ်တိုက်ဂူနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေ ဖြစ်မှာပဲ” ယွန်ရိ ရှင်းပြသည်။

“တောင်ကြားသခင်လေး ဟုတ်လား”

“ယင်ဘိုင်ချွန်းလား သူက ဝင်လို့မရဘူးလေ”

“အဘွားတိမ်တိုက် ယင်ဘိုင်ချွန်းမဟုတ်ဘူး၊ တခြား တောင်ကြားသခင်လေးပါ” ရှောင်ရာ ပြောလိုက် သည်။

“အဲဒါက…ဒုတိယတောင်ကြားသခင်ရဲ့ တပည့်လေးလား” ကျန်ချန် ခန့်မှန်းလိုက်သည်။

“ဟုတ်တယ်၊ သူက ကျွန်တော်တို့ကို ပထမဆုံးကယ်ပေးတဲ့သူပဲ ပြီးတော့ ပညာရှိစံအိမ်တော်က လူတွေကို အမြစ်ဖြတ်ပြီး သူတို့နဲ့ ပေါင်းတဲ့ တိမ်တိုက်ဂူရော တခြားအဖွဲ့တွေကိုရောပါ ရှင်းလိုက်တယ်”

“သူနဲ့ ဘယ်လိုတွေ့တာလဲ ငါတို့ကို အသေးစိတ်ရှင်းပြပါဦး” ကျန်ချန်သည် အနည်းငယ် ရှုပ်ထွေးသွား ကာ ပြောလိုက်သည်။

သူတို့သည် အလိုက်ခံရပုံနှင့် ရှီမာယူယူ သူတို့အား ကယ်တင်ပုံနှင့် လကွေးမျိုးနွယ်များအား ကယ်တင် ကာ သူတို့အား သတ်လိုက်ပုံများကို ပြန်ပြောပြလေသည်။

“ဟားဟား ဒီတောင်ကြားသခင်လေးက လေးစားစရာပဲ” ကျန်ချိန်သည် အဖြစ်အပျက်တစ်ခုလုံးကို သိပြီးနောက် အော်လိုက်သည်။

တစ်ဖက်လူသည် သူတို့ လူငယ်မျိုးဆက်များကို သတ်ချင်သော်လည်း အသတ်ခံလိုက်ရသူမှာ သူတို့ လွှတ်လိုက်သော သူများ ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ ဒေါသများပြည့်သွားကြသည်။ ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူက တကယ်ပဲ သူတို့နှင့် တိုက်ခိုက်ချင်တဲ့ပုံပဲ။

“အထဲမှာ အထွတ်အထိပ်သားရဲ၂ကောင်တိုက်တာ နေရာကို သက်ရောက်မှု ဖြစ်သွားတာပဲ အဲဒါကြောင့် အပေါက်က စောစောပွင့်သွားတာ” အဘွားတိမ်တိုက်ပြောလိုက်သည် “မင်းတို့်ကို ဒီတစ်ခါတော့ တကယ် ကျေးဇူးတင်ရမယ်၊ မင်းတို့တောင်ကြားသခင်လေးကြောင့်သာ မဟုတ်ရင် ငါတို့်လူတွေ အန္တရာယ်များ နေပြီ”

“ဟားဟား အဲလိုထားပါတော့” ကျန်ချန် ပြောလိုက်သည် “အဘွားတိမ်တိုက်၊ ကျွန်တော်တို့် အံ့ဖွယ် နတ်ဆိုးတောင်ကြားက ဒီကိစ္စကို ကျော်မသွားနိုင်ဘူး လကွေးမျိုးနွယ်ကရော ဘယ်လိုလဲ”

“ဟင်း ငါတို့လူတွေ အသတ်ခံရလို့ သူတို့ ပြန်သတ်ရမှာလား” အဘွားတိမ်တိုက် သက်ပြင်းချလိုက်သည် “ငါတို့ ပြန်သွားတဲ့အထိစောင့်ပြီး ခေါင်းဆောင်ကို သတင်းပို့ရမယ်၊ ဆုံးဖြတ်ပြီးတာနဲ့ မင်းတို့်နဲ့ လာဆွေးနွေးမယ်”

“ကောင်းပါပြီ ကျွန်တော်တို့်လည်း ကျွန်တော်တို့် တောင်ကြားသခင်တွေကို သတင်းပို့ရဦးမယ်” ကျန်ချန် ပြောလိုက်သည်။

“နောက်မှ တွေ့တာပေါ့”

အဘွားတိမ်တိုက်သည် ရှောင်ရာအားခေါ်ပြီး ကျန်ချန်သည် ယွန်ရိတို့အား ဦးောဆင်အား ပြန်ကြလေ သည်။ သူသည် ချက်ချင်းပင် တောင်ကြားသခင်ကို သတင်းပို့လေသည်။

အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တခြားသော တပည့်များသည် လောကအသေးတွင် ဖြစ်ပျက်သမှကို ကြားသောအခါ ဒေါသများထွက်ကြသည်။ သို့သော် ရှီမာယူယူအကြောင်းကိုလည်း သိချင်ကြသည်။ သူတို့သည် အမှန်တကယ်ပင် ဒီတောင်ကြားသခင်လေးကို တွေ့ဖို့ မျှော်လင့်ထားကြသည်။

All Chapters