← Chapters

တာအိုအဆီအနှစ်မီးပြင်းဖို

Vol. 20 Ch. 271

တာအိုအဆီအနှစ်မီးပြင်းဖို

Vol. 20 Ch. 271

ဟန်မူယဲ့၏မျက်လုံးများက အေးစက်နေပြီး ဂရုမစိုက်စွာပြောသည်။

“မင်းတို့နားလည်လား”

နာမလည်သူများမှာ ရူးနေ၍ ဖြစ်မည်။

ခေါင်းမာနေသောလူများက မြည်းဖြစ်ပေလိမ့်မည်။

“နားလည်ပါတယ်။ နားလည်ပါတယ်။ ကျုပ်တို့ အခုပဲထွက်သွားပါ့မယ်”

“စိတ်မပူပါနဲ့အင်မော်တယ်ဟန်။ ဒီနေရာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့နယ်မြေပါ။ ကျုပ်တို့ ထပ်မလာတော့ပါဘူး”

လူတိုင်းက လျင်မြန်စွာနောက်ဆုတ်ပြီး ထွက်ပြေးသွားကြသည်။

မူလက ဟန်မူယဲ့သည် သူ့နာမည်ကို ပြောမပြလိုခဲ့ပါ။

သို့သော်လည်း ဤနေရာတွင်ရှိသောအာကာသလမ်းကြောင်းကို အနာဂတ်တွင် အသုံးပြုလိုလျှင် ဤနေရာကို အပိုင်သိမ်းရန်လိုသည်။

သူက သူ့နာမည်ကိုထုတ်ပြောလိုက်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လက်ထဲမှ လာလုမည့်လူများကို မြင်ချင်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဂိုဏ်းတချို့မှလွဲပြီး တခြားလူများ လာလုရဲမည် မဟုတ်ပေ။

သို့သော်လည်း သူက နာမည်ကိုထုတ်ပြောလိုက်သောကြောင့် အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်မည့်လမ်း၌ အတားအဆီးတချို့ ရှိလာပေတော့မည်။

သူ့ကိုသတ်လိုပါကလည်း ကြိုးစားကြည့်နိုင်သည်။ လူတချို့ကိုယ်တိုင်ရောက်မလာလျှင် သူ့ကို မည်သူမှမသတ်နိုင်ပေ။

ဟန်မူယဲ့က ချက်ချင်းထွက်မသွားဘဲ ကျိုးယွင်လုံကိုခေါ်၍ နေမင်းရောင်ဝါနန်းတော်ဟောင်းကို ပတ်ကြည့်နေသည်။

ကျိုးယွင်လုံသည် နေမင်းရောင်ဝါနန်းတော်၏ ရတနာဖြစ်ခဲ့သောကြောင့် အတိတ်ကို ပြန်ကြည့်သင့်သည်။

“သခင်က မီးပြင်းဖိုလိုနေတာလား”

ကျိုးယွင်လုံက ခန်းဆောင်အပျက်အစီးတစ်ခုရှေ့တွင် ရပ်ပြီး ပြောလိုက်သည်။

သူနှင့် တာအိုဆရာတယန်တို့သည် ဆေးလုံးသန့်စင်နေသောဟန်မူယဲ့ကို စောင့်ကြည့်ခဲ့ပြီး ပျက်စီးသွားသောမီးပြင်းဖိုကို မြင်တွေ့ခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဖျော့တော့စွာပြုံးသည်။

“ငါ့အာခီမီပညာရပ်က တခြားလူတွေနဲ့ မတူဘူး။ မီးပြင်းဖိုအတွက် လိုအပ်ချက်များတယ်”

မီးပြင်းဖိုအများအပြားက သူ့ဓားချီကို တောင့်မခံနိုင်ပေ။

“တကယ်တော့ နေမင်းရောင်ဝါနန်းတော်မှာ ဆေးမီးပြင်းဖိုတစ်ခု ရှိတယ်။ အဲဒါက ဒီမှာရှိနေလောက်တယ်”

ကျိုးယွင်လုံက ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးပြောသည်။

‘ဆေးမီးပြင်းဖိုလား’

ကျိုးယွင်လုံက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“အဲဒီမီးပြင်းဖိုရဲ့အရည်အသွေးက အရမ်းကောင်းတယ်။ အဲဒါက ခေါင်း‌ဆောင်ဟောင်းရဲ့ တာအိုအနှစ်သာရမီးပြင်းဖိုပဲ”

နေမင်းရောင်ဝါနန်းတော်၏ အာခီမီအမွေအနှစ်သည် အလွန်အားကောင်းပြီး ဂိုဏ်းအတွင်း၌ အာခီမီပညာရှင်အများအပြား ရှိခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်အချိန်အခါက နန်းတော်သခင်ကိုယ်တိုင်မှာလည်း အာခီမီပညာရှင်ဖြစ်သည်။

ထိုစဉ်က အဆင့်မြင့်ဆေးလုံးကိုသန့်စင်ပြီး ကမ္ဘာမြေမီးတောက်ကို ထွက်ပေါ်လာစေသောကြောင့် ဂိုဏ်းဝင်္ကပါက ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် သူတို့က ရွေးချယ်စရာမရှိဘဲ ပြင်ပဘုံသို့သွားသော အာကာသလမ်းကြောင်းကို ဖွင့်လျှက် ထွက်ပြေးကြရ၏။

ဟန်မူယဲ့၌ မီးပြင်းဖိုတစ်ခု လိုနေသည်။ သူက မီးပြင်းဖို မလိုလျှင်ပင် ကျိုးယွင်လုံပြောသော တာအိုအနှစ်သာရမီးပြင်းဖိုကို တွေ့မြင်ချင်သည်။

ကျိုးယွင်လုံက ပျက်စီးနေသောခန်းဆောင်တစ်ခုထဲသို့ ဟန်မူယဲ့ကို ခေါ်သွားပြီး နက်ရှိုင်းသောမီးတောက်အပေါက်ထဲသို့ ဆင်းသွားသည်။

သူတို့က အောက်သို့ရောက်လာသောအခါတွင် ပိုမိုထင်ရှားသော မီးလောင်ရာများကို မြင်လိုက်ရသည်။

ပတ်ဝန်းကျင်၌ ရှိသောလေထုသည် ပိုမိုပူလောင်လာသည်။

သူတို့က မြေအောက်ပေတစ်ထောင်အကွာသို့ ‌ရောက်လာသောအခါတွင် အပူလှိုင်းကို ခုခံရန်ခက်ခဲလာသည်။

တိမ်တိုက်နဂါးဓားသည် နဂါးအသွင်သို့ ပြောင်းလိုက်ပြီး ဟန်မူယဲ့ကိုကာကွယ်ထားသည်။ သူတို့က ရှေ့ဆက်သွားလိုက်ကြ၏။

ဤနေရာသို့ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ဦး ရောက်လာမည်ဆိုလျှင်ပင် လိမ်လိမ်မာမာနှင့် နောက်ဆုတ်သွားရပေမည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူမဟုတ်လျှင် ဤနေရာသို့ မဝင်ရောက်နိုင်ပေ။

ပေတစ်သောင်းကျော်နက်သောအမြင့်၌ နေရာတိုင်းတွင် မီးတောက်များရှိနေသည်။

ရှေ့တွင် ဆူပွက်နေသော အဆုံးမရှိသည့်ချော်ရည်အိုင်ကို မြင်ရသည်။

ဤနေရာတွင် မိုင်တစ်သောင်းပတ်လည်၌ ချော်ရည်များဖြင့် ပြည့်နေသည်။

“ကျိုးယွင်လုံ၊ ဒီနေရာမှာ တာအိုအဆီအနှစ်မီးပြင်းဖိုကို ရှာနိုင်လို့လား”

ဤချော်ရည်အိုင်ထဲတွင် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူသည်ပင် မီးပြင်းဖိုကိုရှာရန် မလွယ်ပါ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသောတိမ်တိုက်နဂါးက ပြောလိုက်သည်။

“သခင်၊ စိတ်မပူပါနဲ့။ တာအိုအဆီအနှစ်မီးပြင်းဖိုနဲ့ ကျွန်တော့်ကြားမှာ ဆက်သွယ်မှုတစ်ခု ရှိတယ်။ မီးပြင်းဖိုကို ဆင့်ခေါ်လိုက်ပါ့မယ်”

ထိုသို့ဖြင့် တိမ်တိုက်နဂါး၏ခန္ဓာကိုယ်က တုန်ခါသွားပြီး တိမ်တိုက်များကို ထုတ်ပေးလိုက်သည်။

တိမ်တိုက်ချီများသည် ချော်ရည်အိုင်၏မီးတောက်များကြောင့် ချက်ချင်းလောင်ကျွမ်းသွားသည်။

တိမ်တိုက်နဂါးက ဆက်တိုက်တုန်ခါနေပြီး တိမ်တိုက်ချီများကို ထပ်ထုတ်ပေးသည်။

နေ့တစ်ဝက်အကြာမှာ မိုးခြိမ်းသံနှင့်အတူ ချော်ရည်လှိုင်းများထလာသည်။

“ဒုန်း ....”

“ဒုန်း ....”

ဧရာမဗုံတစ်လုံး တုန်ခါနေသကဲ့သို့ ပေတစ်ထောင်မြင့်သော မီးပြင်းဖိုတစ်လုံးသည် ချော်ရည်များထဲမှ ဖြည်းဖြည်းချင်းထွက်လာသည်။

ထိုမီးပြင်းဖိုကြီးကို နီရဲနေသောချော်ရည်များက ဖုံးလွှမ်းထားသည်။ မီးပြင်းဖိုမှာ ခြေထောက်သုံးချောင်းရှိပြီး လက်ကိုင်နှစ်ခု ရှိသည်။ မီးပြင်းဖို၏ဝိညာဉ်အင်းကွက်များက ရွှေရောင်တောက်နေသည်။

မီးပြင်းဖိုကို မြင်လိုက်ရသောအခါတွင် တိမ်တိုက်နဂါးက ပျော်ရွှင်စွာအသံပေးသည်။

မီးပြင်းဖိုက ညင်သာစွာ တုံ့ပြန်လိုက်သည်။

ခဏအကြာမှာတော့ ကျိုးယွင်လုံ၏အသံ ပေါ်ထွက်လာသည်။

“သခင်၊ ဒီနေရာမှာ ကမ္ဘာမြေမီးတောက်ပေါ်ထွက်လာတုန်းက တာအိုအနှစ်သာရမီးပြင်းဖိုကိုသုံးပြီး ဖိနှိပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကမ္ဘာမြေမီး‌တောက်က ဆက်ပြီးပျံ့နှံ့လာခဲ့တယ်။ တာအိုအနှစ်သာရမီးပြင်းဖိုကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်”

“သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာတဲ့အထိ ကမ္ဘာမြေမီးတောက်ရဲ့စွမ်းအားကိုအသုံးချပြီး ဒီနေရာမှာ ကျင့်ကြံနေခဲ့တယ်”

ထို့နောက် သူက ရပ်လိုက်ပြီး ဆက်ပြောသည်။

“တာအိုအနှစ်သာရမီးပြင်းဖိုကို ဖန်တီးဖို့အတွက်သုံးခဲ့တဲ့ ဝိညာဉ်သတ္တုတွေက အရမ်းအဆင့်မြင့်လွန်းတဲ့အတွက် သူက အသွင်မပြောင်းနိုင်ဘူး”

‘အသွင်ပြောင်းဖို့ အဆင့်မြင့်လွန်းနေတာလား’ ဟန်မူယဲ့က တွေးမိသည်။

‘ဒါက ဘယ်လိုရတနာမျိုးလဲ’

ဓမ္မရတနာများ အသွင်ပြောင်းခြင်းက မိစ္ဆာများနှင့် တူညီသည်။ သွေးမျိုးဆက်နိမ့်လျှင် အသွင်ပြောင်းရန် လွယ်ကူသည်။ တစ်ဖက်တွင်တော့ အလွန်အဆင့်မြင့်သောရတနာများက လူသားအသွင်ပြောင်းရန် ခက်ခဲသည်။

“သခင်ရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းနေတယ်လို့ တာအိုအနှစ်သာရမီးပြင်းဖိုက ပြောတယ်။ သခင်က မီးပြင်းဖိုကို ယူသွားနိုင်ပါ့မလားမသိဘူး”

“ယူသွားနိုင်မလား ကြိုးစားကြည့်လို့ရတယ်”

“တကယ်လို့ မယူနိုင်ဘူးဆိုရင် သူက ဒီနေရာမှာပဲ အားဖြည့်နေလိမ့်မယ်။ သခင်သန်မာလာတဲ့အချိန်ကျရင် ပြန်လာလို့ရတယ်”

‘ကျင့်ကြံဆင့်က မလုံလောက်ဘူး’

‘မီးပြင်းဖိုကို မယူနိုင်ဘူး’

ဟန်မူယဲ့က ရှေ့တွင် ရှိနေသော ပေတစ်ထောင်မြင့်သည့်မီးပြင်းဖိုကို ကြည့်လိုက်ပြီး မျက်လုံးများတောက်ပလာသည်။

‘ငါ့ကို အထင်သေးနေတာလား’

“ကောင်းပြီ။ ငါ ကြိုးစားကြည့်မယ်”

ဟန်မူယဲ့က ရေရွတ်လိုက်ပြီး မီးပြင်းဖိုပေါ်သို့ ပျံတက်သွားသည်။

နီရဲနေသောမီးပြင်းဖိုသည် ညင်သာစွာတုန်ခါသွားပြီး တဖြည်းဖြည်းလည်ပတ်နေသည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး သူ့လက်ဝါးထဲမှ ချီစွမ်းအင်အလင်းတစ်ခု ထွက်လာသည်။

ထိုချီစွမ်းအင်အလင်းသည် မီးပြင်းဖိုနှင့် မထိတွေ့မီ မီးတောက်များကြောင့် လောင်ကျွမ်းသွားသည်။

ထိုချီစွမ်းအင်က မီးပြင်းဖိုထဲသို့ ဝင်ရောက်ရန် အဆင့်မမှီပေ။

ထိုဖြစ်ရပ်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ဒေါသမထွက်ဘဲ ပြုံးလိုက်သည်။

‘ဒါက တကယ့်ရတနာပဲ’ သူတွေးမိသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဒန်ထျန်ထဲမှာပြည့်နေသော ဝိညာဉ်စွမ်းအားများက အစိမ်းရောင်ရေလှိုင်းများအဖြစ်ပြောင်း၍ ထွက်ပေါ်လာသည်။

သူ့ချီပင်လယ်ထဲမှာ ဓားမာန်ဟုန်သုံးခုက မီးပြင်းဖိုနှင့် ဝင်တိုက်သွားသည်။

သူ့စိတ်နယ်ပယ်ထဲတွင် အစိမ်းရောင်ဝိညာဉ်လိပ်ပြာဓားက တုန်ခါလာသည်။ သမာဓိစွမ်းအားများနှင့် စုစည်းထားသော လူသားလောကမန္တန်က အလင်းလုံးတစ်ခုအသွင်ပြောင်းသွားပြီး ဆင်းသက်လာသည်။

ဝုန်း...

ဓားမာန်ဟုန်သုံးခုက တိုးဝင်သွားပြီး မီးပြင်းဖို၏ပတ်ပတ်လည်တွင်ရှိသော မီးတောက်များကို ဖျက်ဆီး၍ မီးပြင်းဖိုကို ချော်ရည်ထဲသို့ ပြန်တွန်းပို့လိုက်သည်။

မီးပြင်းဖိုမှာ ပြန်မပေါ်လာသေးခင် ချီစွမ်းအင်ရေစီး‌ကြောင်း၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။

မီးပြင်းဖိုမှာ တုန်ခါသွားပြီး အလင်းများတောက်ပလာသည်။ ရွှေရောင်မီးတောက်များက အစိမ်းရောင်ချီစွမ်းအင်နှင့် ထိတွေ့သွားပြီး မျက်စိကျိန်းလောက်သောမြင်ကွင်းကို ဖြစ်ပေါ်လာစေသည်။

“ရပ်စမ်း”

ဟန်မူယဲ့က တီးတိုးအော်ဟစ်လိုက်သည်။ သူက လက်မြှောက်လိုက်လျှင် လူသားလောကမန္တာန်၏အလင်းနှင့် ဝိညာဉ်လိပ်ပြာဓား၏အရိပ်က မီးပြင်းဖိုကို လွှမ်းခြုံသွားသည်။

“ဟမ် ....”

ပေတစ်ထောင်မြင့်သောမီးပြင်းဖိုက တုန်ခါသွားပြီး အက်ကွဲနေသောအသံ ထွက်ပေါ်လာသည်။

“ကောင်းပြီ။ မင်းက ငါ့ကို ၁၀%အထိ သန့်စင်နိုင်မယ်ဆိုရင် မင်းကို သခင်အဖြစ် အသိအမှတ်ပြုမယ်”

မီးပြင်းဖိုက စကားပြောပြီးသွားသောအခါတွင် ဟန်မူယဲ့၏ချီစွမ်းအားများကို အားကောင်းစွာစုပ်ယူလိုက်သည်။

ထိုချီစွမ်းအားကုန်ဆုံးမှုက ဟန်မူယဲ့ထက် ပိုမြန်နေသည်။

‘မင်းက ချီစွမ်းအင်လိုချင်တာလား’

‘ဒန်ထျန်ထဲမှာ ချီစွမ်းအင် မလုံလောက်ဘူးလား’

ဟန်မူယဲ့က ပြုံးလိုက်သည်။

ချက်ချင်းဆိုသလို သူ့ခေါင်းထက်တွင် အင်မော်တယ်အဆင့်ဆေးလုံးဆယ်လုံးက ကြယ်များကဲ့သို့ တောက်ပလာသည်။

မီးအဆီအနှစ်ကျောက်တုံးတစ်သိန်းက သူ့ကို ဝိုင်းရံထားသည်။

“မင်းက ချီစွမ်းအားလိုတယ်ဆိုရင် ငါ့မှာ အများကြီးရှိတယ်”

ဟန်မူယဲ့က စကားပြောပြီးသွားသောအခါတွင် သူ့ခေါင်းထက်မှာရှိသောကြယ်များက ပေါက်ကွဲသွားခဲ့သည်။

သူက စကားပြောနေရုံတင်မဟုတ်ပေ။

များပြားလှသောသဘာဝစွမ်းအားများက ချက်ချင်းပေါ်ထွက်လာပြီး ကြယ်လေပြင်းများကို ဖြစ်ပေါ်လာစေသည်။

နွေးထွေးသောအနီရောင်အလင်းက အောက်တွင် ရှိနေသော ပူလောင်နေသည့်ချော်ရည်အိုင်ကို ဖိနှိပ်လိုက်သည်။

သဘာဝစွမ်းအင်များသည် အင်မတန်ကြွယ်ဝပြီး သန်မာသောကြောင့် ချော်ရည်အိုင်ပေါ်မှာ ဖိအားတစ်ခုသက်ရောက်လာခြင်းဖြစ်သည်။

“သူက တကယ့်ကိုလုပ်နိုင်တာပဲ ....”

ကျိုးယွင်လုံက ဖိအားထုတ်ပေးနေသော သဘာဝစွမ်းအားများကိုကြည့်လိုက်ပြီး ညင်သာစွာရေရွတ်သည်။

ဟန်မူယဲ့က ကြွယ်ဝမှုများကို ထုတ်ပြလိုက်သည့်အပြင် ဆေးလုံးများကို တုံ့ဆိုင်းခြင်းမရှိဘဲ ဖောက်ခွဲရဲသောသတ္တိက တခြားလူများမှာ မရှိနိုင်ပေ။

“သူက ငယ်ရွယ်ပြီး ချမ်းသာတယ်။ ထူခြားတဲ့ နားလည်နိုင်စွမ်းလည်းရှိတယ်။ ယုနျန်းက ဒီလိုသခင်မျိုးကို ကြိုက်မှာပဲ ....”

တာအိုဆရာတယန်က လေထုထဲတွင်ပြည့်နေသော အလင်းများကိုကြည့်၍ ရေရွတ်သည်။

“ခင်ဗျားဘာပြောလိုက်တာလဲ”

ကျိုးယွင်လုံက သူ့ကိုလှည့်ကြည့်သည်။

တာအိုဆရာတယန်က ခေါင်းခါလိုက်ပြီး ဆက်မပြောတော့ပေ။

ဓားဆေးလုံး၄၈လုံးက ပြန့်ကျဲသွားခဲ့သည်။ သူတို့ရှိနေသောနေရာကို မည်သူမှမသိနိုင်ပေ။

ဓားဆေးလုံး၄၈လုံးကို ပြန်လည်စုစည်းရန်အတွက် အလွန်ခက်ခဲပေလိမ့်မည်။

မီးအဆီအနှစ်ကျောက်တုံးနှင့် အင်မော်တယ်အဆင့်ဆေးလုံးများကို အသုံးပြုထားသောဟန်မူယဲ့က ချီများအားလုံးကို မီးပြင်းဖိုထဲသို့ ချက်ချင်းထည့်သွင်းလိုက်သည်။

ချီအလင်းသည် ဧရာမလှိုင်းလုံးတစ်ခုသဖွယ် ပေါ်ထွက်လာပြီး မီးပြင်းဖိုကို ဝင်တိုက်လိုက်သည်။

မီးပြင်းဖိုက ချော်ရည်ပေါ်တွင် လွင့်မျောနေပြီး ချီအလင်းများဖြင့် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

ဟူး…

မီးပြင်းဖိုက စိုးရိမ်စိတ်များကို လွှတ်ချလိုက်သကဲ့သို့ တုန်ခါသွားပြီး ဟန်မူယဲ့လှုံ့ဆော်ထားသော သဘာဝစွမ်းအင်များကို စုပ်ယူနေသည်။

သဘာဝစွမ်းအင်လှိုင်းမှာ အဆုံးမရှိဖြစ်ပေါ်နေသည်။

နာရီဝက်ကြာသွားခဲ့သည်။

နှစ်နာရီ

နာရီနှစ်ဆယ်

ဟန်မူယဲ့၏ပတ်ဝန်းကျင်တွင် ရှိနေသော သဘာဝစွမ်းအင်များအားလုံး ပျောက်ကွယ်သွားသည်။

All Chapters