အပိုင်း (၃၇၈) – မျိုးနွယ်ခေါင်းဆောင် လာရောက်ခြင်းနှင့် ယူလင်း ဒုက္ခရောက်ခြင်း
Vol. 004 Ch. 378
“ဟတ်ချိုး ဟတ်ချိုး ဟတ်ချိုး”
အားလုံးသိချင်နေကြသော ရှီမာယူယူသည် အိပ်ရာတွင် လှဲနေကာ နှာချေနေလေသည်။
“တစ်ခါဆို စဉ်းစားတာ နှစ်ခါဆို ကြိမ်းမောင်းတာ သုံးခါဆို ပြောနေကြတာပဲ တစ်ယောက်ယောက်က ငါ့အကြောင်းများ ပြောနေကြတာလားမသိဘူး” သူမသည် နှာခေါင်းအား ပွတ်ကာ ပြောလေသည်။
“ချပ်”
တံခါးပွင့်သွားကာ ဘေဂုံထန် လမ်းလျှောက်လာသည်။ နိုးနေသော သူမကို ကြည့်ကာ ပြောလိုက်သည် “မင်း နှစ်ရက်တောင် အိပ်ထားတာ အိမ်ရေးမဝသေးဘူးလား”
“အိပ်တာက တကယ်ကို လန်းဆန်းစေတယ်” ရှီမာယူယူသည် အိပ်ရာပေါ်တွင် အညောင်းဆန့် ကာ ခြေထောက်ချိတ်ပြီး လက်ကို ခေါင်းအနောက်တွင် ထောက်ပြီး ထိုင်လေသည်။
ဒီတစ်ကြိမ်တွင် သူမသည် နှစ်ရက်လောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားခဲ့သည်။ အမှန်တကယ်တော့ သူမသည် ဖြတ်လမ်းတည်ဆောက်မှုကြောင့် မေ့မြောသွားခြင်း မဟုတ်ပဲ လောကအသေးတွင် နားချိန် မရှိ သောကြောင့်ဖြစ်သည်။
အစွယ်ကွေးကျား၏ ကျင့်ကြံခြင်းနယ်မြေတွင် ရှိစဉ်က လများတွင် သူမသည် တစ်ခါမှ မနားခဲ့ပေ။ အချိန် တိုင်းတွင် ကျင့်ကြံနေခြင်းကြောင့် မဟုတ်ပဲ သူမ ရပ်လုပ်သည်နှင့် သူမ ခန္ဓာကိုယ်မှ မီးတောက်များ အန္တရာယ် ရှိလာသည်ကို ခံစားရခြင်းကြောင့်ဖြစ်သည်။
နောက်တွင် သူတို့အစွယ်ကွေးကျား၏ ကျင့်ကြံခြင်းနယ်မြေမှ ထွက်လာသောအချိန်မှ စ၍ လောက အသေးမှ ထွက်လာသည်အထိ မကျင့်ကြံသော်လည်း သူမတွင် နားရန်အချိန်မရှိခဲ့ပေ။
ဖြတ်လမ်းတည်ဆောက်မှုကြောင့် မူးပြီး ထိုနေရာရောက်မှပင် သူမ အမှန်အကန်နားရတော့သည်။
ရှီမာယူယူအကြောင်း ကောင်းကောင်းသိသော ဘေဂုံထန်သည် ရှီမာယူယူ ထိုမျှလောက် အချိန် ကြာအောင် အိပ်သည်ကို မမြင်ဖူးပေ။ ရှီမာယူယူ ပင်ပန်းခဲ့သည်ကို စဉ်းစားကြည့်လျှင် သူမ နားလည်သည်။
“ဟူး နင်ကတော့..” ဘေဂုံထန်သည် အိပ်ရာပေါ်တွင်ထိုင်လိုက်သည်။ ရှီမာယူယူ ယောကျ်ားလေးကဲ့သို့ ဝတ်ထားသည်ကို ကြည့်ကာ အနည်းငယ်ဝမ်းနည်းမိသည် “နင်ဘယ်တော့ မိန်းကလေးပုံကို ပြမှာလဲ လူတွေ တော်တော်များများတော့ ရှုပ်သွားကြမှာပဲ”
သူမသည် မိန်းကလေးတစ်ယောက်ကဲ့သို့ ဘယ်တော့မှ ဝတ်စားရမှာလဲ။
ရှီမာယူယူ အံ့သြသွားသည်။ သူမသည် အရင်က ထိုမေးခွန်းအား အမေးခံရဖူးသော်လည်း မစဉ်းစား ကြည့်ဖူးခဲ့ပေ။
ထိုအရာသည် သူမ အဖေမှ ညွှန်ကြားထားခြင်ဖြစ်သဖြင့် အလွန်အရေးကြီးသည်ဟုသာ အမြဲ တွေးထား ခဲ့သည်။ သို့သော် သူမ အဖေဘာကြောင့် ထိုကဲ့သို့ လုပ်ခိုင်းသည်ကိုတော့ မစဉ်းစားကြည့်မိပေ။ သူမ အဖေနှင့် တွေ့မှပင် အားလုံးကို နားလည်သွားမည်။
သို့သော်
သူမ အဖေသည် ဘာကြောင့် ယောကျ်ားလေးလို ဝတ်ခိုင်းခဲ့တာလဲ။ သူမ အသက်က မူတည်နေတာ လား။
ပြီးတော့ သူမ မိဘများ။ အခု သူတို့ဘယ်မှာလဲ။
“ယူယူ ဘာတွေစဉ်းစားနေတာလဲ” ဘေဂုံထန်၏ အသံကြောင့် သူမ အတွေးများ ပြန်ရုတ်သိမ်းလိုက် သည်။
“ဘာမှမဟုတ်ဘူး” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ဒီလိုလာတာ မေးစရာရှိလို့မလား”
“မဟုတ်ဘူး” ဘေဂုံထန် ပြောလိုက်သည် “ဂေါင်ဖေးဖေးက သူ့အဖေကို နင့်ကို ဂေါင်မျိုးနွယ်ရဲ့ ဧည့်သည် အနေနဲ့ အထူးတလည် လာခေါ်ဖို့ ပြောတာကို လာပြောတာ၊ သူက အိမ်ဦးစီးလေ၊ နင်အိပ်နေတယ်ဆိုတာ သိတော့ ဧည့်ခန်းမှာ စိတ်ရှည်ရှည်နဲ့စောင့်နေတယ်”
“ဂေါင်မျိုးနွယ်ခေါင်းဆောင်လာတယ် ဟုတ်လား၊ ငါ့ကို ဘာလို့မနှိုးတာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငါ သတင်းရရချင်းလာတာပဲလေ” ဘေဂုံထန် ပခုံးတွန့်လိုက်သည်။ သူမသည် အိမ်ထဲတွင်အမြဲ ရှိနေ ခြင်းကြောင့် မသိခဲ့ပေ။
ရှီမာယူယူ ထကာ ဝိညာဉ်စေတီအတွင်းဝင်ကာ ဆေးကြောပြီးနောက် ဘေဂုံထန်နှင့် ထွက်သွားလေ သည်။
သူတို့သည် ပင်မဆောင်ဆီလာရာ သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် ထိုင်နေလေ သည်။ ဂေါင်ဖေးဖေးသည် သူ့ဘေးတွင်ထိုင်ကာ စကားပြောနေလေသည်။
သူတို့လာသည်ကို မြင်သည်နှင့် ဂေါင်ဖေးဖေးနှင့် သူမအဖေ ဂေါင်ရှိမင်သည် မတ်တတ်ရပ်လိုက်သည်။
“ယူယူ ဒါငါ့အဖေလေ” ဂေါင်ဖေးဖေးသည် ပြုံးပြီး ပြောလေသည် “အဖေ ဒါယူယူပါ သူက အံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်လေး”
“ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်နှစ်ရက်လောက်အိပ်ပျော်သွားခဲ့တာ ဦးလေးဂေါင် ရောက်နေ တာ ကျွန်တော့်ကို မပြောကြလို့” ရှီမာယူယူ တောင်းပန်လေသည်။
“မင်းကို မနှောင့်ယှက်ဖို့ ငါပဲပြောခဲ့တာပါ” ဂေါင်ရှိမင် ပြောလိုက်သည် “ငါတို့ မိတ်ဆွေလေးက သိပ် နေမကောင်းဘူးလို့ကြားတယ်၊ နားနေတာကို မနှောင့်ယှက်တာကောင်းတယ်လေ”
“ဦးလေးဂေါင် ကျွန်တော့်ကို မိတ်ဆွေလေးလို့မခေါ်ပါနဲ့ နာမည်ပဲခေါ်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက် သည် “ဂေါင်ဖေးဖေးနဲ့ ကျွန်တော်နဲ့က သူငယ်ချင်းတွေဆိုတော့ ဦးလေးက ကျွန်တော့်ထက် အကြီးပဲ”
“ဟားဟား ဒီလိုဆိုရင် ငါက အရေထူတဲ့ လူကြီးပေါ့ကွာ” ဂေါင်ရှိမင် ပြောလိုက်သည်။
“ယူယူ ငါ လောကအသေးမှာ ဖြစ်ခဲ့တာတွေကို အဖေ့ကို ပြောထားတယ်၊ ယူလင်းပြန်ရောက်တာ ကို စောင့်ရင်း အဖေက နင့်ကို ဖိတ်ချင်နေတာ” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“ယိလင်းတိုင်းပြည်ကို ပြန်တဲ့လမ်းကို ဦးလေးဂေါင် ကျွန်တော်တို့ကို ပြောပြနိုင်မလား” ရှီမာယူယူ မေး လိုက်သည်။
“ငါ့မှာ နည်းလမ်းမရှိတာတော့ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ့မျိုးနွယ်က လူကြီးတွေတော့ သိလောက် တယ်၊ ပြီးတော့ ဒါကလည်း အချိန်လိုတယ် ငါကလည်း အဲလိုအစွမ်းအစမရှိဘူး” ဂေါင်ရှိမင် ပြောလေသည် “မင်း သူငယ်ချင်းကိုစောင့်ရင်း ငါတို့အိမ်တော်မှာ နေလို့ရပါတယ်”
“ဒါဆိုရင် ကျွန်တော် ဒုက္ခပေးရတော့မှာပဲ”
ခဏအကြာတွင် ရှီမာမျိုးနွယ်မှလူများ ဆင်းလာကာ ဂေါင်ရှိမင်တို့နောက်လိုက်ကာ မြို့စွန်ရှိ ဂေါင် အိမ်တော်သို့ သွားလေသည်။
ဂေါင်မျိုးနွယ်သည် ဂေါင်ဖေးဖေးတို့ လောကအသေးတွင် ကြုံခဲ့ရသမျှကို သိပြီးဖြစ်သည်။ သူတို့သည် ရှီမာယူယူ၏ သရုပ်မှန်ကို မသိသော်လည်း ကျေးဇူးတင်သောကြောင့် ယဉ်ကျေးစွာ ဆက်ဆံကြသည်။
ဂေါင်ရှိမင်သည် သူတို့အတွက် အိမ်အကြီးကို ပြင်ဆင်ထားသည်။ သူတို့ ၁၀ယောက်အတွက် လွတ်လပ် စွာနေနိုင်သည်။
အစပိုင်းတွင် ဂေါင်မျိုးနွယ်ဝင်များသည် သူတို့ကျေးဇူးတင်သဖြင့် ပွဲကျင်းပပေးရန် စီစဉ်ထားသည်။ ၂ရက် အကြာတွင် ရှီမာယူယူနှင့် တခြားသူများသည် တိတ်ဆိတ်နေသဖြင့် ဂေါင်ရှိမင်သည် ဂေါင်မျိုးနွယ်များကို ရှီမာယူယူတို့ကို အရေးကြီးကိစ္စမရှိလျှင် မနှောင့်ယှက်ရန် အမိန့်ပေးလိုက်လေသည်။ ထို့နောက်တွင် အိမ်ကိစ္စ သည် ရှင်းပြီးဖြစ်လေသည်။
ရက်အနည်းငယ်အကြာတွင် ယွန်မျိုးနွယ်ခေါင်းဆောင် လာကာ ရှီမာယူယူနှင့် တွေ့ရန် တောင်းဆိုလေ သည်။
ရှီမာယူယူသည် သူမအားတွေ့ရန် တောင်းဆိုသည်ဟု ကြားသည်နှင့် မဲ့ပြုံးပြုံးမိသည်။ ထိုအဆင့် အတန်းမှာ သူမအတွက် သက်တောင့်သက်သာမဖြစ်ပေ။ မျိုးနွယ်ခေါင်းဆောင် တစ်ယောက်ပင်လျှင် သူမအား တွေ့ခွင့်ပေးရန် တောင်းဆိုရသည်။
အမှန်တကယ်တော့ သူမ မသိတော့ပေ။ အနိမ့်တိုင်းပြည်မှလာသော သူများအတွက် အထက်တိုင်းပြည် မှလူများသည် သူမ အဆင့်အတန်းအားသိသည်နှင့် သူမသည် ရိုးရှင်းသော တပည့်ဖြစ်သော်လည်း သူမအား ဝမ်းသာအားရ ကြိုဆိုကြသည်။ သူမသည် ထိုကြီးမားသော အင်အား၏ ဆက်ခံသူဖြစ်သည်ကိုတော့ ပြောရန်ပင် မလိုတော့ပေ။
ယွန်မျိုးနွယ်ခေါင်းဆောင်သည် ကိုယ်ဟန်အနေအထားနှင့် ပုံစံအရ သူမထက် နှစ်အနည်းငယ်ပင် ကြီးသည့်ပုံပေါ်သည်။
“တောင်ကြားသခင်လေးကို နှုတ်ဆက်ပါတယ်” ယွန်ဂျင်ဝေသည် ရှီမာယူယူအား နှုတ်ဆက်လိုက် သည်။
ရှီမာယူယူသည် နန်းဆန်ရသည်ကို ပျင်းသဖြင့် လက်ဆန့်ပေးကာ ပြောလိုက်သည် “ယွန်မျိုးနွယ် ခေါင်းဆောင်က ယဉ်ကျေးလွန်းနေပါပြီ၊ ဒီနေ့ ကျွန်တော့်ကို ဘာလို့လာရှာလဲဆိုတာ သိပါရစေ”
သူမသည် ယွန်မျိုးနွယ်ခေါင်းဆောင်၏ မျက်နှာမှ စိုးရိမ်မှုကို တွေ့လိုက်ရသည်။ သူသည် အမှန်တကယ် ပင် တစ်ခုခုကို စိုးရိမ်ကာ စိတ်ပူနေသည့်ပုံပေါ်သည်။
ယွန်ဂျင်ဝေသည် ရှီမာယူယူအား ကြည့်ပြီးနောက် ပြောလေသည် “ကျွန်တော် တောင်ကြားသခင်လေး ကို ထိန်ချန်မထားတော့ပါဘူး ဒီတစ်ခါတော့ ကျွန်တော် တောင်းဆိုစရာရှိလို့ပါ၊ ပြီးတော့ သခင်လေးရဲ့ သူငယ်ချင်းနဲ့လည်း ဆက်စပ်နေပါတယ်”
“ယူလင်းနဲ့ ယွန်ဖန်လား” ရှီမာယူယူ မေးလိုက်သည်။
ယွန်ဂျင်ဝေခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ်၊ တောင်ကြားသခင်လေးက သူတို့လက်ရှိ နေရာကို ခြေရာခံနိုင်တယ်လို့ ကြားပါတယ်၊ အခုကြည့်လို့ရလားလို့ မေးချင်ပါတယ်”
ရှီမာယူယူ ကျောက်စိမ်းတုံးအား ထုတ်ကာ ကြည့်လိုက်သည်။ သူမ ခေါင်းညိတ်ကာ “ကြည့်လို့ရတယ်၊ ယူလင်းနဲ့ ယွန်ဖန်မှာ တစ်ခုခုဖြစ်လို့လား”
“ဒီလိုပါ ကျွန်တော့်သား ရိက ဖန်ကို ဝိညာဉ်မီးအိမ်ကူလုပ်ပေးခဲ့ပါတယ်၊ အဲမီးအိမ်က ဖန်ဘေးကင်းလား မကင်းလားကို ပြပေးတာပါ၊ ဒါပေမဲ့ အခုတလော့ သူ့ဝိညာဉ်မီးအိမ်က မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်၊ ပြီးတော့ သူက လောကအသေးကထွက်ပြီးကတည်းက ပြန်မလာသေးဘူး၊ သူတို့ထွက်လာတဲ့အချိန်မှာ တစ်ခုခုဖြစ်နေ မလားလို့ စိုးရိမ်နေကြတာပါ၊ သခင်လေးက သူတို့နေရာကို ခြေရာခံလို့ရတယ်ပြောလို့ သူတို့ကို ရှာဖို့ တောင် ကြားသခင်လေးကို ကျွန်တော် တောင်းဆိုဖို့်လာတာပါ”
ဝိညာဉ်မီးအိမ်… ထိုပစ္စည်းသည် လူတစ်ယောက်၏ ဝိညာဉ်ကို အလင်းအနေနှင့် အသုံးပြုသည့် ပစ္စည်း ဖြစ်သည်။ ထိုပစ္စည်းသည် မှိန်သွားပါက လူတစ်ယောက်အန္တရာယ်နှင့် တွေ့ကြုံလျှင်ဖြစ်စေ သူ့အသက် အန္တရာယ် ရှိသည်ကို ပြသသည်။