အပိုင်း (၃၇၉) – ရှာဖွေခြင်းနှင့် ကယ်တယ်ခြင်း
Vol. 004 Ch. 379
ရှီမာယူလင်း ဒုက္ခရောက်နေပြီဆိုသည်ကို သိသည်နှင့် ရှီမာယူယူ ထိုင်မနေနိုင်တော့ပေ။ ယွန်ဂျင်ဝေ သည် ပြောစကားထပ်မရှိတော့ပေ။ သူမ မတ်တတ်ရပ်ကာ ပြောလိုက်သည် “သွားရအောင် ကျွန်တော့် ဖေဖေနဲ့ တခြားသူတွေ သွားပြောလိုက်ဦးမယ် ခဏစောင့်ပေးပါ”
နာရီဝက်အကြာတွင် ရှီမာမျိုးနွယ်သည် ဂေါင်မျိုးနွယ်နှင့်အတူ ထွက်သွားလေသည်။ သူတို့ထွက်သွား ချိန်တွင် ဂေါင်ရှိမင်သည် သူတို့ကို ရသည့်နည်းဖြင့် ပြန်ခေါ်လာမည်ဖြစ်ကြောင်းကို ပြောလေသည်။
ယွန်မျိုးနွယ်ဝင်များသ် မြို့တော်တွင် စောင့်နေလေသည်။ ရှီမာယူယူ၏ လမ်းညွှန်မှုဖြင့် သူတို့ သည် တောင်ဘက်သို့ သွားကြလေသည်။ ဖြတ်လမ်းတည်ဆောက်မှုအနည်းငယ် ဖြတ်ပြီးနောက်တွင် သူတို့သည် ရှီမာယူလင်းနှင့် ယွန်ဖန်တို့ ရှိရာနေရာနှင့် သိပ်မဝေးတော့ပေ။
သို့သော် သူတို့သည် လက်ရှိတွင် စွန့်ပစ်ထားသော နေရာတွင်ရောက်နေသည်ဟု ယွန်ဂျင်ဖေ ပြော သဖြင့် သူတို့သည် သားရဲပျံစီးကာ သွားလေသည်။
“ယူယူ ယူလင်း အဆင်ပြေမှာပါနော်” ရှီမာယူရှင်းသည် စိုးရိမ်စွာ ပြောလိုက်သည်။
သူတို့သည် ရှီမာယူလင်းနှင့် ငယ်စဉ်ပင် အတူနေခဲ့သည်။ သူ့အတွင် တစ်ခုခုဖြစ်သွားမည်ကို အလွန် စိတ်ပူကြသည်။
ရှီမာယူယူသည် လက်ထဲရှီ ကျောက်စိမ်းတုံးအား ကြည့်လိုက်သည်။ ကျောက်တုံးတွင် အနီစက်လေး သည် လှုပ်ရှားနေသည်။ သူမ ပြောလိုက်သည် “အဆင်ပြေမှာပါ၊ ယူလင်း ဘယ်လောက် သန်မာလဲဆိုတာ မသိတာလည်းမဟုတ်ဘူး၊ သူ သေချာပေါက် အန္တရာယ်ကို ရှောင်ရှားနိုင်မှာပါ”
“အင်း” ရှီမာယူရှင်း ခေါင်းညိတ်သည်။ သူမသည် ရှီမာယူယူပြောသည့်စကား အမှန်ဖြစ်ပါစေ ဆုတောင်း မိသည်။
“တောင်ကြားသခင်လေး ကျွန်တော်တို့် ဘယ်လောက်ထပ်သွားရမှာလဲ” ယွန်ဂျင်ဝေ မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ နှုန်းနဲ့ဆိုရင် နှစ်ရက်ရက်လောက် ထပ်သွားရမယ်” ရှီမာယူယူ ပြောလိုက်သည် “ယွန်မျိုးနွယ်ခေါင်းဆောင် အဲနေရာက ဘယ်နေရာလဲ၊ အဲလောက်ဝေးတာတောင် ဘာလို့ ဖြတ်လမ်း တည်ဆောက်မှုမရှိတာလဲ”
“အဲနေရာက အန္တရာယ်တွေနဲ့ ပြည့်နေတဲ့နေရာပဲ၊ အဲပတ်ဝန်းကျင်က နေထိုင်ဖို့ မကောင်းတော့ အံ့ဖွယ်အဆင့်အထက် လူတောင်မှ တစ်လ လောက်ပဲနေနိုင်မယ်၊ အဲဒါကြောင့် အဲမှာ မြို့တည်ထောင်လို့ လည်းမရဘူး” ယွန်ဂျင်ဝေ ပြောလိုက်သည်။
“ဒါဆို အဲအထဲမှာ ဘာရှိတာလဲ” ရှီမာယူယန် မေးလိုက်သည်။
“ရွှံ့မြေတွေနဲ့ တောင်တွေရှီတယ်၊ ပြီးတော့ အဲနေရာက နှစ်တစ်သောင်းလောက် ဟန့်တားထားတဲ့ ကန့်သတ်နယ်မြေဖြစ်ပြီး အဆိပ်ရှိတဲ့ သူတော်စင်သားရဲတွေ အများကြီးရှိတယ်” ယွန်ဂျင်ဝေ ပြောလိုက်သည် “အဲမှာ အထွတ်အထိပ်သားရဲတွေရော အံ့ဖွယ်သားရဲတွေရော များတယ်”
ရှီမာယူယူသည် သူမ ခေါ်လာသော လူများကို စစ်ဆေးလိုက်သည်။ အများစုသည် အံ့ဖွယ်အဆင့် အထက်ဖြစ်သော်လည်း လုံလောက်မှု ရှိပါ့မလားဟု တွေးမိသည်။
“ယူလင်းနဲ့ ယွန်ဖန်က ဖြတ်လမ်းတည်ဆောက်မှုကနေ အဲဒီကို ဘယ်လိုလုပ်ရောက်သွားတာလဲ” ရှီမာယူရန် မေးလိုက်သည်။
“သူတို့က ငါတို့်ထက် နည်းနည်းပိုစောပြီး ထွက်သွားတာ၊ ဒါပေမဲ့ သတ်မှတ် နေရာနဲ့အဝေးကို ရောက် သွားတယ်၊ သူတို့ အဲမှာ ကျသွားတာနေမှာ” ဖက်တီးကျူ ပြောလိုက်သည်။
သူတို့သည် တစ်ညလုံး အမြန်သွားကြသည်။ နှစ်ရက်အကြာတွင် သူတို့သည် ရှီမာယူလင်းနှင့် ယွန်ဖန် တို့ ရှိရာနှင့် အနီးသို့ ရောက်လာသည်။
သို့သော် ကန့်သတ်နယ်မြေ၏ အဆိပ်နံရံမှာ ထူလွန်းသဖြင့် သားရဲပျံစီးလို့မရတော့ပေ။
“ယူလင်း မင်းအဆင်ပြေလား” ရှီမာယူယူသည် မိခင်ကျောက်တုံးထုတ်ကာ ရှီမာယူလင်းနှင့် ဆက်သွယ် လိုက်သည်။
“ယူယူလား” ရှီမာယူလင်း၏ အားနည်းနေသော အသံသည် ထွက်ပေါ်လာသည်။ အခြေအနေသည် လုံးဝ ကောင်းသည်မဟုတ်သော်လည်း အနည်းဆုံးတော့ အသက်ရှိနေသေးသည်။
ရှီမာမျိုးနွယ်များ ပြုံးမိကြသည်။
“ယူလင်း မင်းတို့်ဘယ်လိုနေလဲ ယွန်ဖန်က မင်းနဲ့ရှိနေလား” ရှီမာယူယူ မေးလိုက်သည်။
“ယွန်ဖန်က ငါနဲ့ရှိတယ်၊ ဒါပေမဲ့ သူ့အခြေအနေက င့ါထက်ဆိုးတယ်” ရှီမာယူလင်းသည် လက်ရှိတွင် ရှီမာယူယူနှင့် တခြားသူများ ဘာလို့ဒီနေရာတွင် ရှိနေခြင်း မေးခွန်းကို မေးရန်မဖြစ်နိုင်သေးသော်လည်း ယွန်ဖန် အခြေအနေကို ရှင်းပြလေသည်။
“မင်းတို့ အဲမှာစောင့်နေ ငါတို့လာခဲ့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းတို့်အားလုံး ဂရုစိုက်ကြ၊ ဒီက အဆိပ်က အရမ်းထူတယ် မင်းတို့ဝင်လာရင် ဘာမှ မြင်ရမှာ မဟုတ်ဘူး၊ အဆိပ်ရှိတဲ့ သားရဲတွေလည်း ရှိနေတယ်” ရှီမာယူလင်း ပြောလိုက်သည်။
“အင်း သိပြီ ကိုင်ထား” ရှီမာယူယူသည် ပြောပြီးသည်နှင့် ရှီမာယူယန်အား မိခင်ကျောက်တုံး ပေးပြီး ရှီမာယူလင်းအား အပြင်မှ စကားဆက်ပြောနေကာ သူတို့အခြေအနေအား စူးစမ်းကြည့်နေသည်။
သူမသည် အဆိပ်ဖြေဆေးထုတ်ကာ စားလိုက်သည်။ ထို့နောက် သူမ ကြိုးစားပြီး လမ်းလျှောက်သွား ကာ ထိုအဆိပ်အမျိုးအစားကို စမ်းစစ်ကြည့်လေသည်။ သို့သော် သူမ ခြေလှမ်းနှစ်လှမ်းမျှသာ လျှောက်ပြီး အချိန်တွင် အခြေအနေမကောင်းသည်ကို ခံစားမိသဖြင့် နောက်ပြန်လျှောက်လေသည်။
“အားသန်လိုက်တဲ့ အဆိပ် ယွန်မျိုးနွယ်ခေါင်းဆောင် စမ်းကြည့်ပါဦး”
သူတော်စင်အဆင့်သည် ပိုကြာကြာတောင့်ခံနိုင်လောက်သည်။
သို့သော် ယွန်ဂျင်ဝေသည် သိပ်မလျှောက်လိုက်နိုင်ပဲ ပြန်ထွက်လာသည်။
“သာမန် လူဝင်လို့မရဘူးထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ဘာလုပ်ကြမလဲ၊ ဒီလောက် သန်တဲ့အဆိပ်… ယူလင်းနဲ့ ယွန်ဖန် အချိန်မရွေး တစ်ခုခုဖြစ် သွားနိုင် တယ်” ရှီမာယူရှင်းသည် စိုးရိမ်စွာ ပြောလေသည်။
ရှီမာယူယူ စဉ်းစားပြီးနောက် ပြောလိုက်သည် “ငါအကြံရပြီ မင်းတို့အားလုံး ဒီမှာ ငါ့ကိုစောင့်နေကြ”
သူမ ပြောပြီးသည်နှင့် အဆိပ်နံရံဆီသို့ လျှောက်သွားလေသည်။ သူမ ဝင်သွားသည်နှင့် သူမ ခန္ဓာကိုယ် အား ကြက်သွေးရောင်မီးတောက်ဖြင့် ဖုံးလွှမ်းလိုက်သည်။ ပတ်ပတ်လည်မှ အဆိပ်များသည် လုံးဝ လောင်ကျွမ်း သွားကာ လမ်းပေါက်သွားလေသည်။
“အရှိန်ပြင်းလိုက်တဲ့ အပူချိန်ပဲ” ယွန်ဂျင်းဝေသည် မီးတောက်၏ ကြောက်စရာကောင်းသော အပူချိန်ကို ခံစားမိသည်နှင့် မှတ်ချက်ပေးလိုက်သည်။
ထိုကဲ့သို့ မီးတောက်အမျိုးအစားမှပင် ထိုထူထဲသော အဆိပ်များကြားသို့ ဝင်ရောက်ရန် လမ်းဖောက်နိုင် မည်။
ရှီမာယူယူ ၄မီတာလောက် ဝင်ပြီးနောက်တွင် အပြင်မှလူများသည် သူမ အရိပ်ကိုပင် မမြင်ရတော့ပေ။ အထဲတွင် အဆိပ်မှာ ပိုထူသည်မှာ ရှင်းနေသည်။
အကွာအဝေးမှာ ဝေးသွားလျှင် ကျောက်စိမ်းတုံးမှာ အသုံးမဝင်တော့ပေ။ သိုပသော် ဒီနေရာတွင် ဒီလောက် နီးကပ်နေသော်လည်း ရှီမာယူလင်း၏ နေရာအတိအကျကို မသိရပေ။
“မိုရှား ဒီမှာ လမ်းပြပေးလို့ရလား” သူမ မိုရှားအားခေါ်ကာ အကူအညီတောင်းလိုက်သည်။
မိုရှား သူမအား ကြည့်ပြီး ပြောလိုက်သည် “င့ါနောက်လိုက်ခဲ့”
မိုရှားသည် သူမအား တိကျသော ဦးတည်ရာဘက်သို့ ခေါ်သွားကာ ထိုနေရာတွင် သေးငယ်သော စိမ့်မြေ ရှိလေသည်။ မီတာအနည်းငယ် လျှောက်ပြီးနောက်တွင် သူ ပြောလိုက်သည် “ရောက်ပြီ”
တစ်ဦးမှာ ထိုင်နေပြီး တစ်ဦးမှာ လှဲနေသော ရှီမာယူလင်းနှင့် ယွန်ဖန်အား ရှီမာယူယူ မြင်လိုက်သည်။ အဖြူရောင် အတားအဆီးသည် သူတို့အား အဆိပ်များမှ တားဆီးထားသည်။
ရှီမာယူလင်းသည် တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေသော်လည်း အနည်းဆုံးတော့ ထိုင်ရန် အားရှိသေးသည်။ ထိုသည်မှာ သူသတိရှိနေသေးသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယွန်ဖန်သည် သတိ မေ့မြောလုဖြစ်နေသည်။
“ယူလင်း” သူမလျှောက်သွားကာ ရှီမာယူလင်းအား ခေါ်လိုက်သည်။
ရှီမာယူလင်း မျက်လုံးပွင့်လာသည်။ မီးတောက်လုံး လွှမ်းခြုံထားသော သူမအား မြင်သည်နှင့် ရှီမာယူလင်း မျက်လုံးတွင် မျှော်လင့်ချက်များ ပြည့်လာသည်။
မိုရှားသည် အဆိပ်နံရံနှင့် ကွယ်နေသဖြင့် သူ့အား မမြင်ရပေ။
“ယူယူ ယွန်ဖန်ကို မြန်မြန်ကယ်ပါဦး” ရှီမာယူလင်း ပြောလိုက်သည်။
“ငါ မင်းတို့နှစ်ယောက်လုံးကို အရင်ခေါ်သွားမယ်” ရှီမာယူယူ ပြောလိုက်သည် “မင်း တည်ဆောက်မှုကို ဖျက်လိုက် မင်းတို့ကို ဝိညာဉ်စေတီထဲ ခေါ်သွားမယ်”
ယွန်ဖန်သည် သတိမေ့သွားပြီ။ သူ့အား ထိုနေရာသို့ ထည့်လိုက်သော်လည်း သူ ဘာမှ မသိပေ။
“ကောင်းပြီ” ရှီမာယူလင်းသည် တွေဝေခြင်းမရှိပဲ ချက်ချင်းပင် သူတို့အား ကာကွယ်ထားသော တည်ဆောက်မှုအား ဖျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှီမာယူယူသည် သူတို့အား ဝိညာဉ်စေတီသို့ ခေါ်သွားလေသည်။
“အပြင်မှာ ယွန်မျိုးနွယ်ဝင်တွေလည်း စောင့်နေကြတယ်၊ ငါ အခုတော့ မင်းတို့ အဆိပ်ကို ကုမပေးနိုင် သေးဘူး၊ ခဏလောက် တောင့်ထားကြဦး”
ရှီမာယူယူ ပြောပြီးသည်နှင့် မိုရှားဦးဆောင်မှုဖြင့် ထွက်လာလေသည်။
သူတို့ အဆိပ်မှ ထွက်ခါနီးတွင် မိုရှားသည် နတ်ဆိုးညွှတ်လက်ကောက်သို့ ပြန်ဝင်သွားလေသည်။ သူမသည် ရှီမာယူလင်းနှင့် ယွန်ဖန်အား ခေါ်ထုတ်ပြီး သူတို့နှစ်ယောက်အား တွဲကာ ထွက်လာသည်။
“သူတို့ထွက်လာပြီ”
“ယူယူ အဆင်ပြေကြလား”
“ဖန်”
သူတို့ထွက်လာသည်ကို မြင်သည်နှင့် အားလုံးဝမ်းသာကြသည်။
ရှီမာယူယူသည် ရှီမာယူလင်းနှင့် ယွန်ဖန်ကို ခွဲထားလိုက်သည်။ သူမသည် ဆေးပေးပြီးနောက် ယွန်ဖန်အား မြေပေါ်သို့ ချကာ သူ့ကိုလည်း ဆေးပေးလိုက်သည်။ ထို့နောက် သူမ အဝတ်အားဖွင့်ကာ အပ်တချို့ ထုတ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ထုတ်လိုက်သည်။
အဆိပ်များထွက်သွားပြီး ဆေးလည်ပတ်သည်နှင့် ယွန်ဖန် သတိရလာသည်။
ရှီမာယူယူ အပ်များကို သိမ်းလိုက်သည်။ ထို့နောက်တွင် သူမ နောက် တစ်စုံထုတ်ကာ ရှီမာယူလင်းအား သွားကုသလေသည်။
“ဖန်လေး ဘယ်လိုလုပ်အဲဒီကို အပို့ခံလိုက်ရတာလဲ” ယွန်ဂျင်ဝေသည် ယွန်ဖန် သတိပြန်ရသည်ကို မြင်ပြီးနောက်မှပင် စိတ်အေးနိုင်တော့သည်။
ယွန်ဖန်သည် ကြည်လင်နေသော ပတ်ဝန်းကျင်အား မြင်သည်နှင့် သူဘေးကင်းသွားပြီး ဖြစ်ကြောင်းကို သိလိုက်ရသည်။ သူတည်ငြိမ်စွာ ပြောလိုက်သည် “အဖေ ကျွန်တော်တို့ ဖြတ်လမ်းတည်ဆောက်မှုကြောင့် ရောက်သွားတာမဟုတ်ဘူး သူများတွေက အတင်းပို့လိုက်တာ”