← Chapters

အပိုင်း (၃၈၀) – မင်းတို့အားလုံးကို အခုသတ်မယ်

Vol. 004 Ch. 380

အပိုင်း (၃၈၀) – မင်းတို့အားလုံးကို အခုသတ်မယ်

Vol. 004 Ch. 380

“ဘာ” အားလုံး အံ့သြသွားကြသည်။

“ဒီအထိ ဘယ်သူလိုက်လာတာလဲ” ယွန်ဂျင်ဝေသည် မှုန်သုန်ကာ မေးလေသည်။

ယွန်ရိနှင့် ယွန်ဖန်သည် သူချစ်သော သားများဖြစ်ကြသည်။ အခုတော့ သူတို့ကို တစ်စုံတစ်ယောက် က လုပ်ကြံရဲသည်။ သူကိုယ်တိုင် မီးဖုံးလွှမ်းကာ သူတို့အားခေါ်ထုတ်လာသော ရှီမာယူယူကြောင့်သာမဟုတ်လျှင် သူ့သားအား နောက်ထပ်တွေ့ရတော့မည် မဟုတ်ပေ။

“ကျန်မျိုးနွယ်တွေ” ယွန်ဖန်သည် သူ့လက်မောင်းမှ ဒဏ်ရာအား ကိုင်ကာ ပြောလေသည် “ကျွန်တော်တို့ ထွက်လာပြီးတော့ ဒီနေရာနဲ့ ဝေးတဲ့နေရာမှာ သွားကျတယ်၊ ပြန်ဖို့ ဖြတ်လမ်းတည်ဆောက်မှုကို ရှာနေုတုန်း မြို့ အရှေ့ဘက်က ကျန်မျိုးနွယ်ဝင်တွေနဲ့ သွားတွေ့တယ် တစ်ဖက်လူက အံ့ဖွယ်အဆင့် ကျွမ်းကျင်သူလေ ကျွန်တော်တို့ ထွက်ပြေးရုံအပြင်မရှိဘူး၊ ယူလင်းက ဖြတ်လမ်းတည်ဆောက်မှုလုပ်နိုင်လို့ သူတို့ လက်ထဲက လွတ်ခဲ့တာ၊ ဒါပေမဲ့ ဒီနေရာကို အတင်းအကြပ် ဝင်လိုက်ရတယ်”

ယွန်ဖန်သည် ရိုးရှင်းစွာ ပြောလေသည်။ သို့သော် သူတို့သည် မည်မျှလောက်ခက်ခဲသော တိုက်ပွဲနှင့် မျှော်လင့်ချက်မဲ့သော အခြေအနေအား ရင်ဆိုင်ခဲ့ရသည်ကို အားလုံး တွေးမိကြသည်။

ရှီမာယူယူသည် အပ်စိုက်ရာမှ ရပ်တန့်သွားသည်။

“ကျန်မျိုးနွယ် ကောင်းတယ် အရမ်းကောင်းတယ်”

သူမ အေးစက်စွာ ပြောပြီး ရှီမာယူလင်းအား ဆက်လက် အပ်စိုက်ပေးနေလိုက်သည်။

“အဆိပ်မြူခိုးတွေအထဲ ဝင်ပြီးနောက် နောက်ကလိုက်သေးတယ်၊ ပြီးတော့ အပြင်မှာ၂ရက်လောက်  စောင့်နေသေးတယ်၊ ကျွန်တော်တို့ အထဲမှာ သေပြီထင်တော့မှ ထွက်သွားတာ” ယွန်ဖန်သည် ဆက်ရှင်းပြ လေသည် “ယူလင်းက အဆိပ်ဖြေဆေးနည်းနည်းယူလာပြီး ကာကွယ်ရေးတည်ဆောက်မှု လုပ်နိုင် လို့တော်သေးတယ်၊ အဆိပ်ကို နည်းနည်းခံနိုင်ရည်ရှိသွားတာပေါ့၊ မဟုတ်ရင် ကျွန်တော်တို့ အခုချိန်မရှိ လောက်တော့ဘူး”

“ကျန်မျိုးနွယ်တွေက တကယ် ရဲတင်းတာပဲ” ယွန်ဂျင်ဝေသည် အံကြိတ်လေသည်။ “ငါတို့ ယွန်မျိုးနွယ် လဲကျရုံပဲရှိသေးတယ် သူတို့ကို ငါတို့်တကယ် ကြောက်တယ်လို့ ကျန်မျိုးနွယ်က ထင်နေတာလားမသိဘူး၊ ပြန် သွားရင်တော့ လှုပ်ရှားတာကို စောင့်နေပေတော့ တိုင်းပြည်တစ်ခုလုံးက ကျန်မျိုးနွယ်တွေကို ရှင်းပစ်မယ်”

အစပိုင်းတွင် လောကအသေးတွင် ဖြစ်ပျက်သမျှကို တပည့်တစ်ယောက်သည် ယွန်မျိုးနွယ်အား ပြောပြ ချိန်တွင် ဒေါသထွက်ရသည်။ သို့သော် သူတို့သည် ကျန်မျိုးနွယ်ကို ဖိနှိပ်ရန် မဆုံးဖြတ်ခင်တွင် ယွန်ဖန် အကြောင်းကို သိခဲ့ရသည်။ တစ်ဖွဲ့လုံး ဒေသထွက်ကြသည်။

အခု ကျန်မျိုးနွယ်ဝင်ကြောင့် သူ့သားသည် အဆိပ်မြူခိုးအကြားတွင် ပိတ်မိနေသည်မှာ သူ့ ရင်ထဲမှ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးရန် သူဆုံးဖြတ်လိုက်သည်။

“အဲဒါကျွန်တော်တို့တာဝန်ထား” ရှီမာယူယူ အသံထွက်လာသောအခါ သူမ အပ်စိုက်ခြင်း ပြီးစီး သွားပြီကို အားလုံးတွေ့လိုက်ရသည်။ ရှီမာယူလင်းသည် အားနည်းနေပုံပေါက်သေးသော်လည်း အသက်အန္တရာယ် မရှိတော့ပေ။

ယွန်ဂျင်ဝေသည် အစပိုင်းတွင် မလိုအပ်ဟု ပြောချင်သည်။ သို့သော် သူ့တွင် ဝိညာဉ်သားရဲ အကောင် တစ်သောင်းကျော်ရှိသည်ဟု တွေးလိုက်မိကာ သူ့လူများ အနိုင်ကျင့်ခံရသည်ကို မြင်ရသည်မှာ ဒေါသထွက် မည်ကို တွေးမိသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီလေ ကိစ္စမရှိဘူး”

“သူ့ကိုယ်ထဲက အဆိပ်တွေထွက်သွားပေမယ့် သူတို့အခြေအနေ လုံးဝ ကောင်းသေးတာ မဟုတ်ဘူး၊ အရင်ဆုံး သူတို့ ၂ရက်လောက်နားလို့ရမယ့် နေရာရှာရမယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်တော် တို့ ဒီမှာရှိတုန်း ကျန်မျိုးနွယ်ရဲ့ အခြေအနေကိုလည်း စုံစမ်းရမယ်”

“ကောင်းပြီ” ယွန်ရှင်ဝေသည် ရှီမာယူယူအား အလွန်အမင်း ကျေးဇူးတင်မိသည်။ သူမတွင် ဆေးပညာ ရှိနေလို့ တော်သေးသည်။ မဟုတ်လျှင် သူတို့သည် အဆိပ်မြူထဲမှ ကယ်တယ်နိုင်လျှင်တောင်မှ အဆိပ် မထုတ်ပေးနိုင်သည့်အတွက် သူတို့အား ကယ်ရန် မဖြစ်နိုင်ပေ။

ရှီမာယူယူသည် ငှက်လေးအား ခေါ်ကာ ရှီမာယူယန်အား ရှီမာယူလင်းကို တွဲစေလိုက်သည်။

ယွန်ဂျင်ဝေသည် ယွန်ဖန်အား သူ့သားရဲပျံပေါ်သို့ တွဲတင်လိုက်သည်။ ယွန်မျိုးနွယ်ဝင်များ တက်ပြီးသည် နှင့် သားရဲပျံနှစ်ကောင်သည် သူတို့လာရာလမ်းအတိုင်း ပြန်လေသည်။ သူတို့ အန္တရာယ်ရှိ နယ်မြေမှ ထွက်လာ ပြီးနောက်တွင် တောင်ခြေသို့လာလိုက်ကြသည်။ သူတို့သည် ဒဏ်ရာရထားသော သူနှစ်ယောက် နားနေရန် တဲထိုးလိုက်ကြသည်။

သူတို့ နေရာချပြီးနောက်တွင် ရှီမာယူယူသည် ယွန်ဂျင်ဝေအား သွားရှာလေသည်။

“ယွန်မျိုးနွယ်ခေါင်းဆောင် ကျန်မျိုးနွယ်ရဲ့ အခြေအနေကို ပြောပြီးပါဦး”

“ကောင်းပြီ”

အစပိုင်းတွင် ထိုမှီခိုကင်းတိုင်းပြည်သည် ယိလင်းတိုင်းပြည်ကဲ့သို့ အဆင့်အလိုက် သီးသန့်ခွဲထားသည်။ ကျန်မျိုးနွယ်၊ ဂေါင်မျိုးနွယ်နှင့် ယွန်မျိုးနွယ်တို့သည် အဓိက ဂိုဏ်းများဖြစ်ကြသည်။ ဂေါင်မျိုးနွယ်နှင့် ယွန်မျိုးနွယ် တို့ ဆက်ဆံရေးမှာ အဆင်ပြေသည်။ ကျန်မျိုးနွယ်တွင် ခေါင်းဆောင်အသစ် ရောက်လာပြီးသည့်အချိန်မှစ၍ သူတို့ မျိုးနွယ်၂ခုနှင့် ဆက်ဆံရေးမှာ ပိုဆိုးသွားပြီး သူတို့သည် ထိုမျိုးနွယ်၂ခုကိုပါ ထိန်းချုပ်ချင်လာသည်။

အစပိုင်းတွင် ကျန်မျိုးနွယ်သည် ဂေါင်မျိုးနွယ်နှင့် ယွန်မျိုးနွယ်တို့ထက် အနည်းငယ်သာ ပိုအားကောင်း သည်။ နောက်ပိုင်းတွင် သူတို့ထဲမှ လူကြီးတစ်ယောက်သည် ပညာရှိစံအိမ်တော်တွင် စံအိမ်တော်သခင် ရာထူးရ ပြီးနောက် သူတို့အများစုမှာ ပညာရှိစံအိမ်တော်သို့ ဝင်ပြီးချိန်တွင် ပိုကြီးထွားလာခဲ့သည်။ အခုအချိန် တွင် သူတို့သည် ပညာရှိစံအိမ်တော်နှင့် ဆက်သွယ်ကာ မှီခိုကင်းတိုင်းပြည်မှ ပညာရှိစံအိမ်တော်သည် ဂေါင် မျိုးနွယ်နှင့် ယွန်မျိုးနွယ်ကို တိုက်ခိုက်လာသည်။

“ဒါဆိုရင် ကျွန်တော်တို့ လှုပ်ရှားချင်ရင် ကျန်မိသားစုကိုပဲ တိုက်ရမှာ မဟုတ်ပဲ ပညာရှိစံအိမ်တော် ကိုပါ တိုက်ရမယ်လို့ ပြောနေတာလား” ရှီမာယူယူ မေးလိုက်သည်။

“ပညာရှိစံအိမ်တော်က ကျန်မျိုးနွယ်ကို ကာကွယ်နိုင်တယ်လေ” ယွန်ဂျင်ဝေပြောလိုက်သည်။

“ပညာရှိစံအိမ်တော်ကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ကျန်မျိုးနွယ်က ယူလင်းကို သတ်ဖို့ကြိုးစားရဲ့တာ သူတို့လည်း ပြန်ခံရမယ်၊ ပညာရှိစံအိမ်တော်က ကြားဝင်ရင် ကျွန်တော်တို့လည်း ဂရုမစိုက်နိုင်ဘူး၊ ပြီးတော့  လောကအသေးမှာတုန်းကလည်း ပညာရှိစံအိမ်တော်ကလူတွေက ကျွန်တော့်ရဲ့ အံ့ဖွယ်နတ်ဆိုး တောင်ကြား က လူတွေကို သတ်ဖို့ကြိုးစားခဲ့တယ်၊ ကျွန်တော်တို့ ရန်ကြွေးက စနေတာကြာပြီ” ရှီမာယူယူ အေးစက်စွာ အသက်ရှုထုတ်လိုက်သည် “ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်က ဘယ်လောက်အားကောင်းလဲ”

“ငါတို့မျိုးနွယ် ၂ခုပေါင်းတာထက် ကျန်းမျိုးနွယ်မှာ အံ့ဖွယ်အဆင့်လူများတယ်၊ ပညာရှိစံအိမ်တော်ပါ ထပ် ပေါင်းလိုက်ရင် သူတို့အနည်းဆုံးတော့ လူ ၄၀လောက်ရှိမယ်” ယွန်ဂျင်ဝေ ပြောလိုက်သည်။

“ကျွန်တော်တို့ မျိုးနွယ် ၂ခုပေါင်းတာ အံ့ဖွယ်အဆင့် ဘယ်နယောက်ရှိလဲ”

“အကုန်ပေါင်းလိုက်ရင် လူ ၃၀လောက်ရှိတယ်၊ ကျော်ရင်လည်း ၅ယောက်ထပ်မပိုနိုင်ဘူး” ယွန်ဂျင်ဝေ ပြောလိုက်သည် “အဲဒါတင် မဟုတ်သေးဘူး၊ သူတို့မှာ ကျွန်တော်တို့ထက် စံတင်ဝိညာဉ်လည်း ပိုများ တယ်”

“ကွာခြားချက်ကြီးတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ပညာရှိစံအိမ်တော်သာ ဝင်မပါရင် ကျွန်တော်တို့် နိုင်ဖို့ ၁၀၀ရာခိုင်နှုန်းပဲ၊ သူတို့ ဝင်ပါမယ်ဆိုရင် ကျွန်တော်တို့ အပြတ်ပြုတ်သွားရင်တောင် သူတို့ကိုပါ ဆွဲခေါ်သွားမှာပဲ” ယွန်ဂျင်ဝေ ပြောလိုက်သည်။

ကျန်မျိုးနွယ်သည် ပို၍ အထက်စီးဆန်လာခဲ့သည်။ ယွန်မျိုးနွယ်သည် သူတို့အား တိုက်ရန် စဉ်းစားလာ သည်မှာ ကြာပြီဖြစ်သည်။

“ဖြစ်နိုင်မယ်ဆိုရင် သခင်လေးကို ဝင်ပါစေချင်ဘူး၊ ဒါက ကျွန်တော်တို့ကိစ္စဆိုတော့” ယွန်ဂျင်ဝေ ပြော လိုက်သည်။

“ကျန်မျိုးနွယ်က ကျွန်တော့်လူတွေကို ထိပြီးပြီလေ ဘယ်လိုလုပ် ဒီအတိုင်းနေမလဲ” ရှီမာယူယူ ပြော လိုက်သည် “အဲဒီအံ့ဖွယ်အဆင့်တွေကို ကိုင်တွယ်ဖို့ ကျွန်တော် နည်းလမ်းရှာကြည့်မယ် ယွန်မျိုးနွယ်  ခေါင်းဆောင် ကျွန်တော် လုပ်စရာရှိသေးလို့ အရင်သွားနှင့်ပါမယ်”

သူမသည် ယွန်ဂျင်ဝေ၏ တဲမှ ထွက်ခွာပြီးနောက် တိတ်ဆိတ်သော တောင်ကြားတွေ့လေသည်။ ထို့နောက် သူမ ရုန်နှင့် မီးတောက်ဘုရင်နှင့်အတူ သူတို့လူကြီးများကို ခေါ်ထုတ်လိုက်သည်။

“ဒါ အပြင်လောကလား”

ထိုလူကြီးများသည် လောကအသေးနှင့် အရောင်အသွေးမတူသော အပြင်လောကကို ခံစားမိလေ သည်။

“ဖိနှိပ်ထားတဲ့ ခံစားမှုမျိုးမရဘူး” လူကြီးတစ်ယောက်သည် ပျော်ရွှင်စွာ အော်လိုက်လေသည်။

“ဟုတ်တယ် ဒါဆို ငါတို့်အဆင့်တက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဟာဟား ငါ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ချီတွေ စီးနေတာတောင်ခံစားနေရပြီ”

“ငါရောပဲ ငါအဆင့်တောင် တက်ပြီးပြီလားမသိဘူး”

ရှီမာယူယူသည် ဟာစွန်အား ခေါ်ထုတ်လိုက်သည်။ ထိုအခါ သူတို့သည် ငြိမ်ကျသွားလေသည်။

“ကျွန်တော် ခင်ဗျားတို့နဲ့ ကတိပေးထားတဲ့အတိုင်း အပြင်ကိုခေါ်ထုတ်လာပြီးပြီ” သူမသည် သူတို့အား ကြည့်ကာ ဆက်ပြောလေသည် “ကျွန်တော့်ဆီက ထွက်မသွားအောင် သစ္စာဆိုပါ”

“သစ္စာဆိုရမယ်ဟုတ်လား” လူကြီးများသည် မှင်တက်သွားကြသည်။ သူတို့က ဘာလို့ သစ္စာဆိုရမှာလဲ။

“ငါတို့က ဘာလို့သစ္စာဆိုရမှာလဲ၊ ငါတို့ကို မယုံတဲ့သဘောလား” လူကြီးတချို့သည် မကျေနပ်ကြပေ။

“ဒါပေါ့ ဒါက ကြိုတင်ကာကွယ်ထားတာပဲလေ” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ ခင်ဗျားတို့ အဆင့် မတက်သေးပေမယ့် အဆင့်တက်ပြီး အထွတ်အထိပ်သားရဲဖြစ်သွားရင် ဟာစွန်ကလည်း ခင်ဗျားတို့ကို မဖိနှိပ်နိုင်တော့ဘူး၊ အဲအချိန်ကျရင် ကျွန်တော့်ကို လက်စားချေရင် ဘယ်လိုလုပ်မလဲ၊ အဲဒါကြောင့် မျှမျှတတ သစ္စာဆိုခိုင်းတာ”

“မဖြစ်နိုင်ဘူး အဲဒါ ငါတို့ကို မလေးစားရာရောက်တယ်” အစွယ်ကွေးကျားမျိုးနွယ်မှ အကြီးတစ်ကောင် က ပြောလိုက်သည်။

အစပိုင်းတွင် သူတို့် ထိုအတိုင်း စဉ်းစားထားကြသည်။ သူတို့ အထွတ်အထိပ်သားရဲဖြစ်တဲ့အထိ စောင့်ပြီး ရှီမာယူယူအား လက်စားချေကာ ထွက်သွားကြမည်။ သူတို့ သစ္စာဆိုလိုက်ရင် ဘယ်လိုလုပ် ထွက်သွားနိုင်တော့ မှာလဲ။

ရှီမာယူယူ အေးစက်စွာ ပြုံးကာ “သဘောမတူလည်း ရတယ်၊ အဲလိုဆိုရင် အထွတ်အထိပ်သားရဲအဖြစ် အဆင့် တက်မှာမဟုတ်ဘူး၊ အခုချက်ချင်း သတ်ပေးမယ်”

All Chapters