← Chapters

အပိုင်း (၃၈၁) – အဆင့် အတူတူတက်ကြခြင်း

Vol. 004 Ch. 381

အပိုင်း (၃၈၁) – အဆင့် အတူတူတက်ကြခြင်း

Vol. 004 Ch. 381

ထိုသို့ ပြောလိုက်သောအခါ လူကြီးများသည် အသက်ကိုဖြေးဖြေးသာ ရှုနိုင်တော့သည်။ ရှီမာယူယူ ကြည့်လိုက်သောအခါ ချက်ချင်းပင် ချွေးအေးများ ပြန်လာသည်။

သူမ မျက်လုံးမှ လူသတ်မည့် အရိပ်အယောင်ကို သူခံစားမိကာ သူမပြောသည်ကို ဆက် ခုခံပါကာ သူမသည် တွေဝေခြင်းမရှိ သတ်ပစ်နိုင်သည်။

သူတို့ မျိုးနွယ်နယ်မြေက အဖြစ်အပျက်အတိုင်းပင်။ ဟာစွန် လက်တစ်ဖက် မြောက်ရုံလိုက်နှင့်ပင် သူတို့ ဒဏ်ရာများရသွားနိုင်သည်။

“သဘောတူပါတယ်” ရုန် ပြောလိုက်သည်။

“ငါတို့်လည်း သဘောတူပါတယ်” မီးတောက်ဘုရင်သည် ခံရခက်နေသည်။ ထို့အပြင် သူ့မျိုးနွယ်ဝင်များ သည် ခြိမ်းခြောက်ခံနေရသည်။

ရှီမာယူယူသည် သူတို့အား ကြည့်ကာ ပြောလိုက်သည် “ဒါဆို သစ္စာဆိုပါ”

လူကြီးများသည် ရှီမာယူယူ နှစ်၁၀၀ နောက်လိုက်ကာ ထိုနှစ် ၁၀၀အတွင်းတွင် သူမအလိုရှိသည်ကို လုပ်ပေးရန် ခွင့်ပြုကြောင်းကို သစ္စာဆိုကြသည်။

သူတို့ ပြောပြီးနောက်တွင် အဖြူရောင်အလင်းတန်းသည် ကောင်းကင်မှ ကျရောက်လာကာ သူတို့ ခန္ဓာကိုယ် ထဲသို့ ဝင်သွားလေသည်။ ထိုသည်မှာ သစ္စာဆိုခြင်း၏ ပြယုဒ်ဖြစ်သည်။ သူတို့သည် သစ္စာဖောက် သွားပါက ကောင်းကင် ဥပဒေအရ သူတို့အသတ်ခံရမည်ဖြစ်သည်။

ထို့နောက်တွင် ရှီမာယူယူသည် သူတို့အား နှစ်၁၀၀ပြည့်လျှင် လွှတ်ပေးပါမည်ဟု သစ္စာဆိုသည်။ သူမ သစ္စာဆိုပြီးနောက်တွင် တူညီစွာပင် အလင်းတန်းသည် သူမ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။

ထိုမျှသာမကပေ။ သူမသည် အဆင့် ၅အထက် အံ့ဖွယ်သားရဲများကိုပါ ခေါ်ထုတ်ကာ သစ္စာဆိုခိုင်း လေသည်။ သူတို့အထက်လူကြီးများ သစ္စာဆိုပြီးသည်ကို သိပြီးနောက် သူတို့သည် တွေ့ဝေခြင်းမရှိပဲ သစ္စာ ဆိုလေသည်။

“ယူယူ ဒီ နှစ်၁၀၀မှာ နင့်ဘေးမှာ လိုက်နေရမှာလား”

သူတို့သည် ရှီမာယူယူပေးသော နေရာတွင် အသက်ရှုလို့ရသော်လည်း အရင်မူလနေရာမှာကဲ့သို့ ကျင့် ကြံ၍မရပေ။ ထိုအတွက်ကြောင့် နှစ်၁၀၀ကို အလဟသ မကုန်ဆုံးချင်ပေ။

“အေးဆေးပါ ကျွန်တော် မကြာခင်ကို ကမ္ဘာဦးနယ်မြေကို သွားနိုင်မယ်လို့ ယုံတယ်၊ ကျွန်တော် သွားတာ နဲ့ ခင်ဗျားတို့လည်း နေဖို့ နေရာရှာတွေ့မှာပါ” ရှီမာယူယူ ပြောလိုက်သည် “တကယ်လို့ လိုအပ်တယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့အတွက် နေရာရှာပေးမယ်”

ရုန်ခေါင်းညိတ်လိုက်သည်။ ဒါ သူတို့အတွက် အကောင်းဆုံးပင်။

“ကောင်းပြီ ခင်ဗျားတို့ အဆင့်တက်အောင် လုပ်တော့”

ရှီမာယူယူသည် အံ့ဖွယ်အဆင့် ရှိသောသူများကို ချန်ထားကာ ကျန်သောသူများကို ဝိညာဉ်စေတီအတွင်း ထည့်လိုက်လေသည်။

“သူတို့ အထွတ်အထိပ်သားရဲအဆင့်ရောက်ပြီဆိုတာ ခံစားလို့ရလား” သူမ မေးလိုက်သည်။

အဖြေကို ကြားသောအခါ သူမ အံ့သြသွားသည်။ သူတို့မျိုးနွယ် နှစ်ခုပေါင်းလျှင် အကောင် ၃၀လောက် ရှိသည်။ လူကြီးများမှလွဲပြီး သားရဲဘုရင်တို့သည် အထွတ်အထိပ်သားရဲအဖြစ်ရောက်ပြီးသည်မှာ ကြာပြီဖြစ်သည်။

“ဟိန်းသံထောင်ချီအပါအဝင် ၃၉ကောင်ရှိတယ်၊ ခင်ဗျားတို့ ဒီမှာကျင့်ကြံပြီး ထူးခြားတာကိုကြည့်ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပါပြီ”

ထိုဝိညာဉ်သားရဲများသည် ရှီမာယူယူ ဘာကြောင့် သူတို့ကို ထိုနေရာတွင် ထားရသည်ကို မသိသော်လည်း တောင်ဝန်းကျင်အား ကြည့်ပြီးနောက် ကမ္ဘာငယ်လေး၏ ကွာခြားမှုကို ခံစားမိလေသည်။

ရှီမာယူယူသည် ဆေးဖိုနှင့် ဆေးဖက်ဝင်ပစ္စည်းများထုတ်ကာ စတင်ဆေးဖော်တော့သည်။ ထိုနတ် ဘုရားဆေးသည် စံတင်ဝိညာဉ်အဆင့်ရောက်နေသော လူအတွက်သာ အသုံးဝင်သည်သာမက ဝိညာဉ်သားရဲ များအတွက်ပါ အသုံးဝင်သည်။

ပါဝင်ပစ္စည်းများသည် ရရန်ခက်ခဲကာ အဆင့်သိပ်မမြင့်သော်လည်း ဆေးဖော်သည့်နည်းမှာလည်း ခက်ခဲသည်။ ထိုဆေးသည်အဆင့် ၆သာရှိသည်။

သူမသည် ပထမတွင် ဘေဂုံထန်နှင့်တိုင်ပင်ပြီး ဒီနေရာတွင် ရက်အနည်းငယ်ထပ်နေချင်းကြောင်း ယွန်ဂျင်ဝေတို့အား ပြောခိုင်းလေသည်။

ထို့နောက်တွင် သူမ နတ်ဘုရားဆေး စတင်ဖော်တော့သည်။

သူမသည် အရင်က နတ်ဘုရားဆေးအား မဖော်ဘူးပေ။ သူမ ပထမဆုံးအကြိမ် စဖော်သောအခါ အကြိမ်ပေါင်းများစွာ ကျရှုံးပြီး ဆေးဖက်ဝင်ပစ္စည်းများ အလဟသဖြစ်ရသည်။ သို့သော် သူမတွင် ဆေးဖက်ဝင် ပစ္စည်းများ အများအပြားရှိသဖြင့် ဖြုန်းတီးသလောက်ပင်ဖြစ်သည်။

နတ်ဘုရားဆေးသည် ကောင်းကင်ဆန့်ကျင်သည့် ဆေးဖြစ်သည်။ ဆေးဖော်သည့် လုပ်ငန်းစဉ်မှာ လည်း ရှုပ်ထွေးသောကြောင့် သူမ သက်ပြင်းချရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမ အရင်က ဒီလောက် မကျရှုံးခဲ့ဖူးပေ။

အားသာချက်မှာ သူမ စိတ်အင်အားသည် သန်မာသည်။ သူမ ကျရှုံးသော်လည်း ဆေးဖိုတစ်ခု လုံးစာ ဆေးဖက်ဝင်ပစ္စည်းများကို ရလိုက်ရုံပင်ဖြစ်သည်။ သူမ ၄ရက်ကြာ ဆေးဖော်ပြီးနောက်တွင်မှ ဆေး ၃၉လုံး ရရှိ လေသည်။

သူမသည် ဆေးဖိုတစ်ခုလုံး ထုတ်ကာ ဝိညာဉ်သားရဲများအားလုံးကို ပေးလိုက်သည်။ သူတို့ကို စားစေ ပြီးနောက် ကျင့်ကြံခိုင်းလေသည်။ ထို့နောက်တွင် သူမ ဆေးဆက်လက် ဖော်လေသည်။ ၂ရက် အကြာတွင် နတ်ဘုရားဆေး ၃၀လုံး ရရှိလေသည်။

နတ်ဘုရားဆေး ၆၉လုံးရရှိကာ ၆၀ရာခိုင်နှုန်း အောင်မြင်ကာ ၄၀ရာခိုင်နှုန်းကျရှုံးသည်။ ထိုနေ့များတွင် သူမသည် ဆေးဖက်ဝင်ပစ္စည်းဆုံးရှုံးမှုမှာ ကြီးမားသည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်သားရဲများသည် အဆင့်တက်ကာ  အထွတ်အထိပ်သားရဲများဖြစ်ကြလေသည်။

အထွတ်အထိပ်သားရဲ ၃၈ကောင်… သူမ ကိုယ်ပိုင်အကောင်နှင့်ပေါင်းလျှင် ၄၀ကောင်ရှိသည်။ ထိုကဲ့သို့ အင်အားမျိုးသည် ကမ္ဘာဦးနယ်မြေမှာပင် တွေ့ရခဲသည်။

“သူတို့အားလုံး အဆင့်တက်သွားပြီလား” သူမ ဟာစွန်အား ပြောလိုက်သည်။

ဟာစွန်ခေါင်းညိတ်ကာ ပြောလိုက်သည် “သူတို့ အဆင့်တက်တာအောင်မြင်တယ်”

“မဆိုးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဟိန်းသံထောင်ချီကို ကြည့်လိုက် အထွတ်အထိပ်သားရဲအဆင့် တက်သွားပြီ” သူမ ပျော်ရွှင်စွာ ပြောလေသည် “ဟိန်းသံထောင်ချီ မင်း အမြီးရှစ်ချောင်းမြောက်ထွက်လာပြီလား မင်းပြောင်းလဲချင်တယ်ဆိုရင် ဒီအခြေအနေတွေ ပြီးသွားရင် မင်းအတွက် ဆေးဖော်ဖို့ ငါထပ်ပြောမယ်”

“ဟုတ်ကဲ့ သခင်” ဟိန်းသံထောင်ချီသည် သူ၏ ရှည်လျားသော အမြီးရှစ်ချောင်းကို လှုပ်ကာ ဝမ်းမြောက် စွာ ပြန်ဖြေလေသည်။

သူသည် အလွန်ဝမ်းမြောက်သည်။ သူမနောက်လိုက်ပြီးနောက်တွင် သူသည် နှစ်အနည်းငယ်အတွင်း တွင် အံ့ဖွယ်သားရဲမှ အထွတ် အထိပ်သားရဲအထိ အဆင့် လေးဆင့်တက်သွားသည်။ သူ့ခြေလက်များ၏ အားမှာ ရေသောက်သလို လွယ်ကူနေခဲ့သည်။

ရှီမာယူယူသည် တခြားသော အတွတ်အထိပ်သားရဲများကို ကြည့်လိုက်ရာ နှင်းဝံပုလွေဘုရင်ဖြစ်သော ရုန် သည် သူမဆီသို့လျှောက်လာကာ ပြောလိုက်သည် “ကျေးဇူးပါ”

သူတို့သည် အထွတ်အထိပ်အဆင့်ကို အိပ်မက်မက်ခဲ့ကာ ထိုအဆင့်တက်ခြင်းသည် သူတို့အတွက် ဘိုးဘေးစဉ်ဆက်ထားခဲ့သော မစ်ရှင်ဖြစ်သည်။ အခုတော့ သူတို့မျိုးဆက်အတွက် တာဝန်ကျေသွားသလိုပင်။

ထို့အပြင် သူမ၏ နတ်ဘုရားဆေးကြောင့်သာ မဟုတ်လျှင် သူတို့သည် အဆင့်တက်ခြင်း အောင်မြင် မည် မဟုတ်ပေ။

“ရပါတယ်၊ ပြီးတော့ အခု ငါတို့က တစ်ဖွဲ့တည်းပဲ၊ ငါ မင်းတို့ကို ကောင်းပေးရမယ်လို့ ထင်တယ်.. မင်းတို့ လုပ်ဆောင်ချက်က ကျေနပ်စရာကောင်းတယ်ဆိုရင် မင်းတို့မျိုးနွယ်က အဆင့်တက်ချင်လို့ ကူညီပေးပါဆိုရင် ငါ ကူညီပေးလို့ရတယ်၊ ဒါပေမဲ့ ငါ မကျေနပ်ဘူးဆိုရင် မင်းတို့ကိုပေးမယ့် ဆေးတွေ ဖျက်ဆီးပစ်မှာပဲ” ရှီမာယူယူ ပြောလိုက်သည်နှင့် အစွယ်ကွေးကျားကြည့်လိုက်သည်။

အစွယ်ကွေးကြားသည် သူမဆိုလိုသည်ကို နားလည်သည့် ပုံမပေါ်ပေ။ သူတို့သည် သူမအား စိတ်ရင်း နှင့် မကူညီလျှင် သူတို့အတွက် ဆေးပေးမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

သူမသည် သူမလူများအပေါ်တွင်သာ ကောင်းပေးသည်။

“ကောင်းပြီ အားလုံး ပြန်လိုက်တော့” သူမသည် ဝိညာဉ်သားရဲများအားလုံးကို ဝိညာဉ်စေတီသို့ သိမ်းလိုက် ပြီးနောက် ငှက်လေးကို စီးကာ စခန်းရှိရနေရာသို့ ပြန်လေသည်။

သူမ ပြန်လာသည်ကို မြင်သောအခါ ဘေဂုံထန် လျှောက်လာကာ ပြောလေသည် “ပြန်လာပြီပဲ နင် ကြာဦးမယ်ထင်လို့ လာရှာတော့မလို့ပဲ”

“ဘာလဲ” သူမသည် ငှက်လေးပေါ်မှ တွယ်ဆင်းရင်း ပြောလေသည်။

“ယွန်မျိုးနွယ်ခေါင်းဆောင်က ယူလင်းနဲ့ယွန်ဖန် နောက်ကို လိုက်တဲ့သူတွေကို တွေ့တယ်လို့ပြော တယ်” ဘေဂုံထန် ပြောလိုက်သည် “ဒါပေမဲ့ အဲလူတွေထွက်သွားတော့မယ့်ပုံပဲ အဲဒါကြောင့် ငါတို့အသင့် ပြင် ထားမလို့”

“သူတို့ကို ရှာတွေ့တယ် ဟုတ်လား ဘယ်မှာလဲ”

“ဒီအရှေ့က မြို့မှာပဲ” ဘေဂုံထန် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဖက်တီး ငါတို့ ထွက်သွားဖို့ အဆင်သင့်ပဲလို့ ယွန်မျိုးနွယ်ခေါင်းဆောင်ကို သွားပြောလိုက်” ရှီမာယူယူ ပြောလိုက်သည်။

ဘေးတွင်ရှိသော ဖက်တီးကျူသည် ရှီမာယူယူအား ကြည့်ကာ ယွန်မျိုးနွယ်ရှိရာသို့ သွားရင်း ပွစိပွစိ ပြော သွားလေသည်။

ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် သူမတဲသို့ ပြန်သွားလေသည်။ ဘေဂုံထန်သည် သူမ မျက်လုံးထဲမှ ငိုက်စင်းနေသည်ကို တွေ့သည်နှင့် မေးလိုက်သည် “ဒီရက်တွေမှာ ဘာလုပ်နေတာလဲ၊ အရမ်းပင်ပန်းနေတဲ့ပုံပဲ အဲဝိညာဉ်သားရဲတွေ အဆင့်တက်ဖို့အတွက်မလား”

“ဟုတ်တယ်” ရှီမာယူယူသည် ဝိညာဉ်ရည်သောက်ကာ ပြောလိုက်သည် “စိတ်ချရအောင် ငါ နတ်ဘုရား ဆေးဖော်လာတာ မဖော်တာကြာပြီဆိုတော့”

“ဘယ်လိုလဲ”

ရှီမာယူယူ အားရပါးရပြုံး ကာ ပြောလေသည် “အဲဆေးတွေက တကယ်ခက်တာပဲ ဒါပေမဲ့ ရလဒ်ကတော့ မဆိုးပါဘူး အစွယ်ကွေးကျားနဲ့ နှင်းဝံပုလွေကျားတွေပါ ထည်ပေါင်းလိုက်ရင် အကောင် ၃၀ကျော်တယ်၊ ဟိန်းသံထောင်ချီလည်း အထွတ်အထိပ်သားရဲအဖြစ် အဆင့်တက်တယ်၊ ဟာစွန်နဲ့ဆိုရင် အထွတ်အထိပ်သားရဲ အကောင်၄၀ ရှိသွားပြီ၊ အံ့ဖွယ်သားရဲတွေနဲ့ပေါင်းလိုက်ရင် ငါတို့ ပညာရှိစံအိမ်တော်နဲ့ ကျန်မျိုးနွယ်တွေနဲ့ တိုက်ရင် တောင် နောက်ကောက်မကျဘူး”

All Chapters