အပိုင်း (၃၈၂) – စိတ်ဝင်စားလာခြင်း
Vol. 004 Ch. 382
ရှီမာယူယူမျက်နှာမှ အပြုံးကို မြင်သောအခါ ဘေဂုံထန် စိတ်မကောင်းဖြစ်သွားသည်။ “နင် ၆ရက် အတွင်းကို နတ်ဘုရားဆေးလုပ်ခဲ့တယ် ခက်မှာပဲ ငါ့အရည်အချင်းကလည်း လိုသေးတော့နင့်ကို မကူညီနိုင်ဘူး”
“ရပါတယ် ဘာလို့ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလဲ” ရှီမာယူယူ သူမအား ကြည့်ကာ ပြောလိုက်သည် “နောက်ဆိုရင် နင်လည်း လုပ်နိုင်မှာပါ၊ အဲအချိန်ကျရင် နင်ရှောင်ချင်ရင်တောင် ရှောင်လို့မရဘူး”
ထိုအချိန်တွင် ဖက်တီးကျူ လျှောက်လာကာ ပြောလိုက်သည် “ယွန်မိသားစုက တဲတွေသိမ်းနေပြီ၊ သူတို့ လည်း အဆင်သင့်ဖြစ်တော့မယ် ငါလည်းအခုပဲသွားသိမ်းတော့မယ်” သူသည် ပြောပြီးသည်နှင့် ချက်ချင်း ထွက် သွားတော့သည်
“ငါလည်း သွားတော့မယ်” ဘေဂုံထန်လည်း ပြောကာ ထွက်သွားတော့သည်။
တဲတွင် ရှီမာယူယူတစ်ယောက်သာ ကျန်ခဲ့ပြီး လက်တစ်ချက်ဝေ့လိုက်သည်နှင့် အားလုံး သိမ်းပြီး ဖြစ်လေသည်။ ထို့နောက် သူသည် တခြားသူများကို စောင့်နေလေသည်။ သိပ်မကြာခင်တွင် အားလုံး ပြီးစီး သွား လေသည်။ ယွန်ဖန်သည် လျှောက်လာကာ ရှီမာယူယူအား အရိုအသေပေးပြီး သူ့တို့အသက်ကယ်ခဲ့သည့် အတွက် ကျေးဇူးတင်စကား ပြောလေသည်။ သူသည် ထိုနေ့က သူတို့ကို ကယ်သူမှာ ရှီမာယူယူဖြစ်ကြောင်း ကို နောက်မှ ကြားခဲ့ရလေသည်။ ထိုရက်များတွင် သူသည်လည်း ပြန်ကောင်းရန် အားထုတ်နေကာ ရှီမာယူယူ လည်း မရှိသဖြင့် သူမအား ကျေးဇူးတင်စကား မပြောရသေးပေ။
သို့သော် ရှီမာယူယူသည် စိတ်ထဲတွင် မထားတတ်သဖြင့် ပြောလိုက်သည် “မင်းအတွက်တင် မဟုတ်ပါ ဘူး ယူလင်းလည်း အဲလူရဲ့ လက်ထဲကနေ ထွက်မပြေးနိုင်လို့လေ၊ ငါ မင်းကိုကယ်တာကတော့ နောက်မှ ပြန် ဆပ်ပေးပေါ့”
“သခင်လေးလိုမျိုး လူမျိုးနဲ့ အမျိုးတော်ရတာ ယူလင်းကံကောင်းတာပဲ” ယွန်ဖန် သက်ပြင်းချ လိုက် သည်။ ရှီမာယူလင်းသည် ရှီမာယူယူအား အဝေးမှ ကြည့်နေကာ နွေးထွေးသော အပြုံးကို ပြုံးလိုက်သည်။ သူ သည် ရက်အနည်းငယ်အတွင်း လက်စားချေနိုင်သော်လည်း သူ ဒဏ်ရာရသည်ကို သူမက သူ့အစား ဒေါသ ထွက်ပေးသည်ကို သူ ကျေနပ်ခဲ့သည်။
ယွန်ဂျင်ဝေသည် လျှောက်လာကာ သူတို့ ထွက်သွားမည်ကို ကြေညာပြီးနောက် မြို့လေးဆီသို့ ခေါ် သွားလေသည်။ မြို့အပြင်သည် လူမနေသောကြောင့်ဖြစ်မည်… လူအနည်းငယ်သူ ဖြတ်သွားသူရှိသည်။ မြို့ သည်လည်း သေးငယ်သည့်ပုံပေါ်သည်။
ကျန်ရှောင်ယွမ်သည် တည်းခိုဆောင်မှ ထွ်ကလာကာ ကျန်မိသားစု ပြန်ရန် ဖြတ်လမ်းတည်ဆောက် မှု တစ်ခုကို ပြင်ဆင်နေလေသည်။ ထို့နောက် သူသည် သူ့မိသားစုကို သတ်ခဲ့သော သခင်လေးယွန်အား မည်ကဲ့သို့ သတ်ခဲ့သည့်အကြောင်းကို ပြန်ပြောကာ သူပြန်ရောက်သည်နှင့် ဆုတောင်းရမည်ဖြစ်ကြောင်းကို ပြောလေ သည်။ ထို့ကြောင့် သူ ပြဿနာများဖြေရှင်းပြီးသည်ဟူ၍ အိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လေသည်။
သို့သော် သူ တည်းခိုဆောင်မှ ထွက်သည်နှင့် ဘယ်တော့မှ မတွေ့တော့ဘူးဟု ထင်ထား သူနှင့် တွေ့လေသည်။
“ယွန်ဖန်လား၊ မင်းက အဆိပ်မိနေတာ ၂ရက်ထပ် ကြာတယ်မလား၊ ဘယ်လိုလုပ် အသက်ရှင်နေသေး တာလဲ” ကျန်ရှောင်ယွမ်သည် အံ့သြသွားကာ သူ့မျက်နှာတွင် မယုံကြည်မှုများ ပြည့်နေလေသည်။
ယွန်ဖန်သည် ဘာမှမပြောသော်လည်း သူ့မျက်နှာတွင် အကြောက်တရားရှိနေကာ မြို့စွန်ဆီသို့ ပြေးလေသည်။
“မင်းက ပြေးနေတုန်းပဲလား၊ ပြီးခဲ့တဲ့တစ်ခေါက်က မသေမှတော့ ဒီတစ်ခါတော့ သေအောင် သတ်ပေး မယ်” ကျန်ရှောင်ယွမ်သည် လိုက်ရင်း ကြေညာလေသည်။
မြို့ထဲတွင် မတိုက်ခိုက်ရ စည်းကမ်းရှိသဖြင့် သူသည် ယွန်ဖန်အား မြို့အပြင်သို့ မျှားခေါ်သွားရန် လို သည်။ အခု သူ့မိသားစုသည် သူ့အတွက် ဆုပြင်ပေးထားသည်အတွက် ယွန်ဖန်အသက်ရှင်နေသေးသည်ကို သိသွားလို့မဖြစ်ပေ။ သူ လိမ်သည်ဟု ထင်သွားပါက ဆုမရသည့်အပြင် အပြစ်ဒဏ်ပေးသည်ကိုပါ ခံရနိုင်သည်။ သူသည် ဘယ်လိုပင်ဖြစ်ဖြစ် ယွန်ဖန်အား သတ်ရမည်။
သူသည် ယွန်ဖန်အား မြို့အပြင်ထိလိုက်လေသည်။ ထိုနေရာသို့ရောက်လျှင် သူတိုက်ခိုက်နိုင်သည်။ ယွန်ဖန်သည် တောင်အစွန်ရောက်သွားသည်ကို မြင်သောအခါ သူဆက်လိုက်လေသည်။
သို့သော် တောင်တွင် လူတစ်စုနှင့်မိသွားသောအခါ အလှည့်အပြောင်းဖြစ်သွားပြီး သူထွက်ပြေးရတော့ သည်။ ကံမကောင်းစွာပင် သူ သတိမထားမိလိုက်ချိန်တွင် လူတစ်စုသည် သူ့အား အနောက်မှ ဝိုင်းထားပြီး ဖြစ်လေသည်။
“ယူလင်း အဆိပ်တွေကြားထဲကို မင်းကို တွန်းပို့ခဲ့တာ သူလား” ရှီမာယူယူသည် ကျန်ရှောင်ကွမ်အား ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာယူလင်း ဖြေလိုက်သည်။ ဆိုတော့ ဒီကောင်က သူ သူမကို ဘယ်တော့မှ မမြင်ရ တော့ အောင်လုပ်လိုက်တဲ့သူပဲ။ သေစမ်း ဒီအရူးကောင်တော့။
စကားမပြောရသေးခင်မှာပင် ယွန်မိသားစု၏ အံ့ဖွယ်အဆင့် တိုက်ခိုက်သူများသည်လည်း တက်လာ သည်။ ကျန်ရှောင်ယွန်သည် အံ့ဖွယ်အဆင့်အဖြစ် အဆင့်တက်သည်မှာ မကြာသေးသဖြင့် သူလှုပ်ရှားလိုက်လျှင် တစ်စမှ မကျန်တော့ပေ။
“တောင်ကြားသခင်လေး ကျွန်တော်တို့ မျိုးနွယ်ဆီပြန်ပြီး ကျန်မိသားစုနဲ့ ပညာရှိစံအိမ်တော်ကို ရှင်းပစ် ဖို့ ဆွေးနွေးလို့” ယွန်ဂျင်ဝေသည် သေသွားသော ကျန်ရှောင်ယွမ်အား ကြည့်ပြီး ရှီမာယူယူအား ပြောလေသည်။
“ကောင်းပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုရမည်ဟု တွေးလိုက်ရုံနှင့်တင် နေထိုင်ရမကောင်းတော့ပေ။ မှီခိုကင်းတိုင်းပြည်က ကြီးတယ်ဆိုရင် သူမ သွားရမည့် ခရီး မှာ ဝေးသည်ဆိုလျှင် ဖြတ်လမ်းတည်ဆောက်မှုကို သုံးရသည်မှာ ပိုဆိုးမည်ထင်သည်။
“မဖြစ်သေးဘူး ငါ င့ါရဲ့ တည်ဆောက်မှု စွမ်းအားကို သန်မာအောင်လုပ်ရမယ်၊ င့ါ ကိုယ်ပိုင် တည်ဆောက်မှု သုံးရမှ သက်သာမယ်ဆိုရင် ငါ သွားချင်တဲ့အချိန်ကျရင် ဝိညာဉ်သခင်အသင်းကို သွားစရာမလို တော့ဘူး” သူမသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချထားလိုက်သည်။
ရှီမာမိသားစုဝင်ထားသည် ယွန်မိသားစုနောက်လိုက်သွားကြသည်။ သူတို့သည် ဂေါင်မိသားစုမှာ ကြုံတွေ့ရသကဲ့သို့ပင် နွေးထွေးစွာနှင့် လေးစားစွာ ကြိုဆိုကြသည်။
ရှီမာယူယူသည် နှစ်ရက်တာနားကာ ထိုနှစ်ရက်အတွင်းတွင် သူမအား ဘယ်သူမှ မနှောင့်ယှက်ပေ။ သူမ နေကောင်းသည်နှင့် ဝိညာဉ်စေတီအတွင်းဝင်ကာ တည်ဆောက်မှုများကို လေ့လာလေသည်။
“ဖြတ်လမ်းတည်ဆောက်မှု…. ငါ ဖြတ်လမ်းတည်ဆောက်မှုကို ပိုပြီးလေ့လာရတော့မယ်” ရှီမာယူယူ သည် ရွေရွတ်ပြီးနောက် စာအုပ်များမှ တစ်ဆင့် ရှာဖွေတော့သည်။ လောကအသေးမှာ ရှိစဉ်က သူမ ဖြတ်လမ်း တည်ဆောက်မှုသည် ကီလိုမီတာအနည်းငယ် ရောက်အောင်သာ ပို့ဆောင်ပေးနိုင်ပြီး သူမ တည်ဆောက်မှုသည် ဝိညာဉ်သခင်များအသင်း၏ တည်ဆောက်မှုနှင့် ယှဉ်လျှင် ပိုတည်ငြိမ်ကာ မူးဝေခြင်းမရှိပေ။ ထို့ကြောင့် သူမ သေချာ လေ့လာပါက ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုလျှင် အဆင်ပြေသွားမည်။
ဖြတ်လမ်းတည်ဆောက်မှုများထဲတွင် တိုက်ရိုက် ဖြတ်လမ်းတည်ဆောက်မှုနှင့် အလိုအလျောက် ဖြတ်လမ်း တည်ဆောက်မှုဟူ၍ ရှိသည်။ သူမသည် ထိုနှစ်ခုလုံးကို လေ့လာနိုင်ပါက သူမအတွက် ပိုလွယ်ကူ သွားမည်။
“ဝိဉာဥလေး ဒီနေရာက ပြီးခဲ့တဲ့တစ်ခေါက်နဲ့ ကွာသွားတယ်လို့ ခံစားနေရတယ်” ရှီမာယူယူ ကြည့်ကာ ရုတ်တရက် ပြောလေသည်။
“အခုမှပဲ ပြောင်းသွားတာကို သတိထားမိတော့တယ်၊ မင်း စံတင်ဝိညာဉ်ဖြစ်ပြီးတော့ ဒီမှာလည်း ပြောင်း သွားတာပဲ” ဝိညာဉ်လေးသည် လေထဲတွင်ပေါ်လာကာ ဆေးလုံးများကို မုန့်များသဖွယ်ကိုင်ထား လေသည်။
“ဘယ်လိုတွေ ပြောင်းသွားတာလဲ”
“အခုဆိုရင် အချိန်က ပိုကြာသွားပြီ၊ အရင်က အပြင်မှာ တစ်ရက်က ဒီမှာ သုံးရက်က အခု အပြင်မှာ တစ်ရက်ဆိုရင် ဒီမှာ ဆယ်ရက်ပဲ၊ ဝိညာဉ်စွမ်းအင်လည်း အခုဆို ပိုထူသွားပြီ” ဝိညာဉ်လေး ပြန်ဖြေလေသည်။
“ဒါဆို ဒုတိယအထပ်ပွင့်ပြီလား”
“မပွင့်သေးဘူး မင်းရဲ့ စွမ်းရည်ကို ကြည့်ပြီးမှပဲ.. ငါထင်တာတော့ မင်း အံ့ဖွယ်အဆင့် ရောက်တဲ့အချိန် ဆို ပွင့်လောက်တယ်ထင်တာပဲ”
“အံ့ဖွယ်အဆင့်…” ရှီမာယူယူ စိတ်အားငယ်သွားသည်။ “အဆင့်တစ်ဆင့် တက်ဖို့လွယ်တာ မဟုတ်ဘူး. ဒီတစ်ခုလုံး ပွင့်အောင်လုပ်ဖို့ဆို ငါဘယ်လောက်ထိ သန်မာမှရမှာလဲ”
“စိတ်ဓာတ်မကျနဲ့.. မင်းအဆင့် မမြင့်လို့ ပွင့်မရနိုင်တာ၊ အံ့ဖွယ်အဆင့် တက်သွားတာနဲ့ အဆင့်တစ်ခု လုံး မယှဉ်နိုင်ဘူး” ဝိညာဉ်လေး ပြောလိုက်သည်။
“တကယ်လား” ရှီမာယူယူ မျက်လုံးများ အရောင်တောက်လာသည်။ ဒါဆိုရင် နောက်ကို လွယ်လွယ်နဲ့ ပွင့်တော့မှာပေါ့။
“ဒါပေမဲ့ အခု အရမ်းစိတ်မလှုပ်ရှားနဲ့ဦး မင်းအဆင့် မြင့်လာလေ ပိုပြီး အားထုတ်ရလေပဲ၊ ဒီဟာ ပွင့်ဖို့က တော့မလွယ်ဘူး” ဝိညာဉ်လေးသည် သူမအား မျှော်လင့်ချက်ပေးလိုက် ရိုက်ချလိုက်လုပ်နေလေသည်။ သို့သော် ရှီမာယူယူ၏ ပျော်ရွှင်မှုတော့ မဖြိုဖျက်နိုင်ပေ။ အရင်က ကောင်းသည်ဟု ထင်ထားသည်နှင့် ယှဉ်လျှင် အခု ပိုကောင်းသည်။ အခု ဝိညာဉ်စေတီအတွင်းတွင် တစ်ရက်သည် အပြင် ဆယ်ရက်နှင့် ညီသည်။ သူမသည် တည်ဆောက်မှု၊ အဂ္ဂိရတ်ပညာရပ်များတွင် ပို၍ တိုးတက်အောင် လေ့လာလို့ရသည်။ ထို့အပြင် ဝိညာဉ်လေး ပြောသကဲ့သို့ပင် သူမ အင်အား ကြီးထွားလာသည်နှင့် ဆက်တိုးတက်ညမ်။ ထိုအချိန်တွင် အခုထက် ပိုကောင်းမည်။ စဉ်းစားရုံနှင့်တင် သူမ အတွက်ပျော်စရာ ကောင်းသည်။
“တစ်ယောက်ယောက်လာနေတယ်” ဝိညာဉ်လေး သတိပေးလိုက်ပြီး ချက်ချင်း ပျောက်သွားသည်။
ရှီမာယူယူ ဝိညာဉ်စေတီမှ ထွက်လိုက်သည်နှင့် တံခါးခေါက်သံကြားရလေသည်။
“ဝင်ခဲ့ပါ”
ဘေဂုံထန်သည် ယွန်ဖန်အား ခေါ်လာသည်။ သူ ရှီမာယူယူအား မြင်သောအခါ အရိုအသေပေး လိုက် ပြီး ပြောလေသည် “ဦးလေးဂေါင်နဲ့ ဖေဖေ တို့ရောက်နေပြီ ကျွန်တော့်အဖေကလည်း သခင်လေးကို ဖိတ်ခိုင်းလိုက်တယ်”
ရှီမာယူယူ မျက်ခုံးပင့်လိုက်သည်။ ဒါက ကျန်မိသားစုကို ဖျက်ဆီးဖို့အတွက် သူတို့ပြင်ထားတာလား။