← Chapters

အပိုင်း (၃၈၃) – အစီအစဉ်အသစ်နှင့် ဆုပေးခြင်း

Vol. 004 Ch. 383

အပိုင်း (၃၈၃) – အစီအစဉ်အသစ်နှင့် ဆုပေးခြင်း

Vol. 004 Ch. 383

ရှီမာယူယူသည် ယွန်ဖန်နောက်လိုက်ကာ အဓိကခန်းမဆောင်သို့ လာလိုက်သည်။ သူတို့ဝင်သွားသည် နှင့် ထင်မှတ်မထားသော ဂေါင်ရှိဝူနှင့် ဂေါင်ဖေဖေတို့ ရှိနေကာ သူမ မသိသော တခြားလူများလည်း ရှိနေသည်။ ယွန်ဂျင်ဝေသည် ထိပ်ဦးနေရာတွင်ထိုင်ကာ ဂေါင်နှင့် ယွန်မျိုးနွယ်ဝင်များသည် တစ်ဖက်တစ်ချက်တွင် ထိုင်နေ ကြသည်။ သူမ ဝင်လာသောအခါ သူမသည် ခေါင်းဆောင်နေရာဘေးတွင် ထိုင်ရကာ အားလုံးသည် ထပြီး အရိုအသေပေးပြီးနောက် သူမ ထိုင်မှပင် လိုက်ထိုင်ကြသည်။ ရှီမာယူယူ နှုတ်ခမ်းကို မဲ့လိုက်သည်။ ထိုမျှလောက် အာရုံစိုက်ခံရသည်ကို နေရခက်သည်။ သို့သော် သူမ၏ ရာထူးမှာ တောင်ကြားသခင်လေးဖြစ်သည်ဟု စဉ်းစား လိုက်လျှင် ထိုအရာများသည် ကြုံတွေ့ရမည်သာ ဖြစ်သည်။ ဒါက သူများတွေပြောတဲ့ မြင်းဖြူစီးတာလား။

သူမ ထိုင်ခုံတွင်ထိုင်ကာ ပြောလိုက်သည် “အားလုံးထိုင်ကြပါ အကုန်လုံးက ကျွန်တော့်ထက် အကြီးတွေချည်းပဲ တလေးတစား မတ်တတ်ရပ်ဖို့မလိုပါဘူး”

“ကျေးဇူးပါ တောင်ကြားသခင်လေး” လူအုပ်ကြီးသည် သူမအား ကျေးဇူးတင်ပြီးနောက် ထိုင်လိုက်ကြ သည်။

“တောင်ကြားသခင်လေး ကျွန်တော်တို့က ကျန်မိသားစုနဲ့ ပညာရှိစံအိမ်တော်ကို ဘယ်လိုရှင်းပစ်ရမလဲ ဆိုတာ တိုင်ပင်နေကြတာ အဲဒါ သခင်လေးကို ဖိတ်ရမယ်ထင်လို့ပါ” ယွန်ဂျင်ဝေ ပြောလိုက်သည်။

“အဲဒါကြောင့်လား” ရှီမာယူယူသည် စိတ်ထဲမှပြုံးကာ ပြောလိုက်သည် “ကျွန်တော်က ကျန်မိသားစုနဲ့ ပညာရှိစံအိမ်တော်က အဖြစ်အပျက်တွေကို သေချာမသိဘူးဆိုတော့ လူကြီးမင်းတို့ပဲ ဆွေးနွေးကြပါ  ကျွန်တော် နားပဲထောင်ပါမယ်”

“ကောင်းပါပြီ”

ဂေါင်နှင့် ယွန်မိသားစုဝင်များသည် သူမ ဆွေးနွေးမှုတွင် ဝင်မပါသည်ကို ကျေနပ်မိကြသည်။ သူမသည် အခြေအနေတစ်ခုလုံးကို သေချာမသိသောကြောင့် သူမ ပေးလိုက်သော အကြံဉာဏ်မှာ အဆင်မပြေပါက သူတို့အတွက် ပိုဒုက္ခရောက်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် သူမအား ဖိတ်ကြားပြီး အစီအစဉ်များ ကို ပြောပြလေသည်။ သူမ အခြေအနေအား ကောင်းစွာ နားလည်စေရန် ယွန်ဂျင်ဝေသည် ကျန်မိသားစု၏ လူအင်အားနှင့် ပိုင်ဆိုင်မှု ပစ္စည်းများမည်မျှ ရှိသည်ကို သူမအား ရှင်းပြလေသည်။

ရှီမာယူယူ နားထောင်ရင်းနှင့် အတွေးတစ်ခုဝင်လာသည်။ ရှီမာမိသားစုသာ ကမ္ဘာဦးနယ်မြေသို့ သွားပါက သူတို့သည် ကောင်းမွန်စွာ နေနိုင်မည်။ အရင်က သူမသည် သူမဘာသာ အရင်သွားပြီးမှ သူတို့ကို ပြန်ခေါ်မည်ဟု တွေးထားခဲ့သည်။ သို့သော် ကမ္ဘာဦးနယ်မြေအကြောင်းများကို ရင်းနှီးလာသောအခါ အင်အား မရှိပဲ ထိုနေရာသို့သွားခြင်းမှာ ရူးမိုက်သောအလုပ်ဖြစ်သည်။ သို့သော် သူမသည် အခုလက်ရှိတွင် တည်ဆောက်မှုကို မသုံးပဲ ယိလင်းတိုင်းပြည်သို့ သွားနိုင်မည့်လမ်းကို ဘယ်လိုသွားရမည်ကို စိုးရိမ်နေခဲ့သည်။ သူတို့ ထိုနေရာတွင် ဆက်နေပါက သူတို့ကံမကောင်းမှုများနှင့် တွေ့ကာ သေသွားနိုင်သည်။ သူသည် အားလုံးကို သေချာစွာစဉ်းစားကြည့်လိုက်သောအခါ ဒီနေရာသို့ ပြောင်းလာခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ သူတို့သည် ဂေါင်နှင့် ယွန်မိသားစုကို အင်အားများ ငှားပေးလိုက်လျှင် ရှီမာမိသားစုသည် အင်အား ကြီးထွားလာနိုင်သည်။ ဒီပတ်ဝန်းကျင်တွင် လေ့ကျင့်ပါက ယိလင်းတိုင်းပြည်ထက်တော့ သာလွန်သည်။

သူမ ထိုအကြောင်းများကို စဉ်းစားမိသောအခါ ရှီမာမိသားစုအတွက် အစီအစဉ်ဆွဲတော့သည်။ ပထမ အနေနှင့် သူမသည် အစီအစဉ်ကို သေချာအောင် လုပ်ပြီးနောက် သူတို့အား ခေါ်ရမည့် နည်းလမ်းကို စဉ်းစားရ မည်။

“သခင်ကြီးယွန် ကျွန်တော်တို့ ကျန်မိသားစုကို ဖျက်ဆီးပြီးရင် ပိုင်ဆိုင်မှုတွေကို ဘယ်လိုလုပ်မှာလဲ” သူမ မေး လိုက်သည်။

“တောင်ကြားသခင်လေးမှာ ဘာအကြံရှိလဲ” ယွန်ဂျင်ဝေ ပြောလိုက်သည်။

“မိသားစု အဆင့်အလိုက် ခွဲဝေရင်ရော” ရှီမာယူယူ အကြံပေးသည်။ “ဒါပေမဲ့ ရလာမယ့် အမြတ်တွေကို လေးခုခွဲလိုက်ရင် ကျွန်တော်တို့ရမယ့် ဝေစုကများတယ်ဆိုရင် ကျွန်တော် ပြန်ပေးမှာပါ”

ယွန်ဂျင်ဝေနှင့် ဂေါင်ရှိဝူတို့သည် အံ့သြသွားကြသည်။ သူက အရင်က စိတ်မဝင်စားဘူးလို့ ပြောထား တယ်လေ၊ ဘာလို့အခုမှ ရုတ်တရက် အဲလိုတောင်းဆိုတာလဲ။

“တောင်ကြားသခင်လေးက ဘာလို့အဲဒါမျိုးကို စိတ်ဝင်စားသွားတာလဲ” ယွန်မျိုးနွယ် လူကြီးတစ်ယောက်သည် မေးလိုက်သည်။

“ကျွန်တော် မှီခိုကင်းတိုင်းပြည်နဲ့ ယိလင်းတိုင်းပြည်ကြားက သွားလို့ရမယ့် လမ်းရှာပြီးသွားရင် ကျွန်တော့် မိသားစုကို ဒီလိုခေါ်လာမလို့” ရှီမာယူယူသည် အစပိုင်းတွင် ထိုအကြောင်းကို မပြောရန် တွေးထား သော်လည်း ရှီမာမိသားစုအား ခေါ်လာရန် ထိုမိသားစုနှစ်စု၏ အကူအညီမပါပဲ လုပ်ရန် မဖြစ်နိုင်သည်ကို သိသောကြောင့် ပြောလိုက်သည်။

“တောင်ကြားသခင်လေးက မျိုးနွယ်တစ်ခုလုံး ဒီမှာ ပြောင်းလာမလို့လား” ဂေါင်ရှိဝူမေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ “အရင်ကတော့ မသိခဲ့ဘူး၊ ဒါပေမဲ့ ယိလင်းတိုင်းပြည်က နေလို့မကောင်းမှန်း အခုသိသွားပြီ၊ ကျွန်တော် အဘိုးကို ကောင်းကောင်းနေနိုင်စေချင် တယ်”

“အဲလိုဆိုရင် ဂေါင်မျိုးနွယ်က ဆုတွေစွန့်လွတ်ပြီး အဲဒါတွေကို တောင်ကြား သခင်လေးကို ပေးပါမယ်”  ဂေါင်ရှိဝူ ပြောလိုက်သည်။

“ယွန်မိသားစုလည်း စွန့်လွတ်ပါမယ်” ယွန်ဂျင်ဝေ သဘောတူလိုက်သည်။ ကျန်မိသားစုတွင် ပိုင်ဆိုင်မှု များသော်လည်း ရှီမာမိသားစုနှင့် ဆက်ဆံရေး အဆင်ပြေသည်နှင့် ယှဉ်လျှင် မပြောပလောက်ပေ။ ဂေါင်နှင့် ယွန်မျိုးနွယ်များတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင်များရှိသဖြင့် သူတို့သည် ရှီမာယူယူနှင့် ဆက်ဆံရေး ကောင်းထားမှဖြစ်မည်။

ရှီမာယူယူသည် စားပွဲအား လက်ချောင်းဖြင့် ခေါက်နေကာ ပြောလိုက်သည် “အဲလောက်တော့ မလိုပါ ဘူး ကျွန်တော့် မျိုးနွယ်ကအဲလောက် မကြီးဘူး၊ ကျွန်တော်တို့်မှာ အဲလောက် ပစ္စည်း အများကြီးရှိလည်း အကုန်မသုံးနိုင်ဘူး၊ ကျွန်တော် တချို့ရွေးပြီးသွားရင် အကုန်လူကြီးမင်းတို့ ယူကြပါ၊ ပြီးတော့ လိုနေတာတွေကို လည်း ကျွန်တော်က ပြန်ပေးမှာပါ”

ဂေါင်နှင့် ယွန်မျိုးနွယ်တို့သည် ရှီမာယူယူဆီမှ ပေးသည်ကို မလိုအပ်ပါ။ ပြီးတော့ တစ်ခုတစ်လေမှ လက်ခံရန် အစီအစဉ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ယိလင်းတိုင်းပြည်မှလာကာ ထိုတိုင်းပြည် သည် ကောင်းမွန်သော ရတနာများမရှိသောကြောင့် သူမတွင်လည်း ပစ္စည်းကောင်းမရှိမည် မဟုတ်ဟု သူတို့ သိကြသည်။ အထူးသဖြင့် ကျန်မိသားစုတွင် ရတနာများစွာရှိကာ ထိုပစ္စည်းများအစား သာမန်ပစ္စည်းများကို အစားမထိုးနိုင်ပေ။ သို့သော် ရှီမာယူယူသည် သူမပစ္စည်းအားထုတ်ကာ နာမည် ပြောလိုက်သည်နှင့် အားလုံးသည် ပတ်ဝန်းကျင်အားမေ့သွားကာ သူတို့မျက်လုံးများသည် သူမလက်ထဲမှ မခွဲနိုင်ဖြစ်နေကြသည်။

“တောင်ကြားသခင်လေး ဒါက တကယ်ပဲ နတ်ဘုရားဆေးလား” ယွန်မိသားစု၏ အကြီးအကဲသည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချပြီး ဆေးပုလင်းမှ မျက်စိမခွာနိုင်ဖြစ်နေလေသည်။

“ဟုတ်တယ်” ရှီမာယူယူသည် ဆေးနှစ်လုံးထုတ်ကာ တစ်လုံးကို ယွန်ဂျင်ဝေနှင့် နောက်တစ်လုံး ကို ဂေါင်ရှိဝူဆီသို့ ပေးလိုက်လေသည်။ “လွန်ခဲ့တဲ့၂ရက်က လုပ်ထားတာ၊ ပြီးတော့ ဒီဆေးသောက်ပြီး ကျွန်တော့် ရဲ့ ဝိညာဉ်သားရဲတွေလည်း အထွတ်အထိပ်သားရဲဖြစ်သွားတယ်၊ အဲတော့ ဒီဆေးရဲ့ သက်ရောက်မှုကို စိတ်ချလို့ရတယ်”

“နတ်ဘုရားဆေးက ဖော်ဖို့ခက်တယ်မလား” ဂေါင်ဖေဖေ မေးလိုက်သည် “အဆင့် ၇ ၈ အဂ္ဂိရတ် ပညာရှင်တွေတောင် ဒီဆေးဖော်ဖို့ မအောင်မြင်တတ်ဘူး ပြီးတော့ ပါဝင်ပစ္စည်းတွေကိုလည်း သေချာ စစ်ဆေးဖို့ လိုသေးတာ နတ်ဘုရားဆေးက တကယ့်ကို တန်ဖိုးကြီးပစ္စည်းပဲ”

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “လူကြီးမင်းတို့ဆီမှာ စံတင်ဝိညာဉ်အဆင့်အမြင့်ဆုံး ရောက်နေပြီး အဆင့်မတက်နိုင်တဲ့သူတွေ ရှိတယ်မလား ဒီဆေးက သူတို့အဆင့်တက်ဖို့ အတွက် အထောက်အကူဖြစ်မှာပါ”

“ဒီနတ်ဘုရားဆေးက တကယ်ငါတို့အတွက်လား” အကြီးအကဲတစ်ဦးသည် ဆေးအား ကောက်ကိုင် လိုက်လေသည်။

“ဟုတ်ပါတယ်” ရှီမာယူယူသည် နောက်ထပ် ဆေးပုလင်းနှစ်ခုထုတ်ကာ ပြောလိုက်သည် “ဆေးပုလင်း တစ်ခုစီကို ဆေးကိုးလုံးပါတယ်၊ လူကြီးမင်းရဲ့ လက်ထဲကဆေးနဲ့ပေါင်းရင် ၁၀လုံးပါ ဒါတွေက ကျန်မိသားစုကို ဖျက်ဆီးတဲ့နေရာမှာ အသုံးဝင်မှာပါနော်”

“ဝင်တာပေါ့ အသေအချာပဲ ဒီဟာက တခြားပစ္စည်းတွေထက် အများကြီးကောင်းတယ်” ဂေါင်ရှိဝူ ပြော လိုက်သည်။ ဆယ်လုံး…. ဆေး၂လုံးဆိုရင်ကို တန်ဖိုးရှိနေပြီ.. သူတို့သာ အံ့ဖွယ်အဆင့်ကို ကျော်ဖြတ်နိုင်ရင် မိသားစုတစ်ခုလုံးကို သက်ရောက်မှုဖြစ်လိမ့်မယ် ပြီးတော့ ထိုပစ္စည်းများသည် ထိုအရာနှင့် ညီမျှသည်။ သူတို့တွင် အံ့ဖွယ်အဆင့် မိသားစုဝင် ၁၀ယောက်အထက်ရှိပါက မိသားစုတစ်ခုလုံး မားမားမတ်မတ် ရပ်တည်နိုင် မည်း။ ဒီ ပြန်ပေးမှုက တကယ့်ကို တန်ဖိုးရှိတာပဲ။

ရှီမာယူယူသည် စိတ်လှုပ်ရှားသွားသော သူတို့ကို ကြည့်ကာ ပြောလိုက်သည် “ကျွန်တော် အရင်ဆုံး မိသားစုတစ်ခုကို ၅လုံးစီပေးမယ် ကျွန်တော် အိမ်ပြန်ဖို့ လမ်းတွေ့လို့ ကျွန်တော့် မိသားစု တစ်ခုလုံး ဒီရောက်ပြီ ဆိုတာနဲ့ နောက် ၅လုံးပေးမယ်လို့ ကတိပေးတယ် တကယ်လို့ ကျွန်တော် မအောင်မြင်ရင် ကျန်မိသားစု ပိုင်ဆိုင်မှုတွေထဲက ကျွန်တော့်ဝေစုကို လက်လျော့မယ် အဆင်ပြေလား”

“မစိုးရိမ်ပါနဲ့ တောင်ကြားသခင်လေး လမ်းရှာဖို့ ကျွန်တော်တို့ ကူညီပေးမှာပါ” ယွန်ဂျင်ဝေသည် အာမခံပြီး ပြောလေသည်။ ကျန်မိသားစု၏ ပိုင်ဆိုင်မှုနှင့် ယှဉ်လျှင် သူတို့သည် နတ်ဘုရားဆေးကို ပိုလိုချင်သည် ထို့ကြောင့် သူတို့သည် ရှီမာယူယူအား ကူညီပေးရမည်။

သူတို့အပြုအမူများကို ကြည့်ပြီး ရှီမာယူယူ ပြုံးမိသည်။ အရင်က သူတို့ သူမကို ကူညီခြင်းသည် သူမအတွက်ဟု ပြောခဲ့သည်။ အခုတော့ သူတို့အတွက် သူတို့ကြည့်ကာ တာဝန်ခွဲဝေနေကြသည်။

“ကောင်းပြီ ကျန်မိသားစုကို ဘယ်လိုရှင်းပစ်မလဲဆိုတာ သေချာလေး ဆွေးနွေးရအောင်…”

All Chapters